Tuesday, December 21, 2010

ဒီကေဘီအေနှင့် ၄ ရက်မြောက် တိုက်ပွဲ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်တွင် နယ်ခြားစောင့်တပ်ပြောင်းရေး လက်မခံသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ဒီကေဘီအေ နှင့် စစ်အစိုးရတပ်များ ၄ ရက်မြောက် တိုက်ပွဲ ဆက်ဖြစ်ပွားနေကြောင်း ဒီကေဘီအေ ဗဟို ဌာနချုပ်က ယနေ့မနက်ကပြောသည်။

ယနေ့မနက်ပိုင်း မြဝတီမြို့နယ် ဖလူးလေး ဘုရားကုန်းတွင် ဗိုလ်မှူးကြီးကျော်သက် ဦးစီးသည့် ဒီကေဘီအေ ကလို့ထူးဖော အမှတ် ၂ ဗျူဟာ တပ်ရင်းများနှင့် စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် ၁၂ လက်အောက်ခံ ခမရ ၅၄၇၊ ၃၅၆၊ ခလရ ၂၃ဝ တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဆိုသည်။

“ကျနော်တို့ ဘက်က ဗျူဟာမှူး ဗိုလ်ကျော်သက် လက်အောက်ခံ တပ်ရင်းတွေနဲ့ စစ်တပ်နဲ့ ဒီနေ့မနက်ပိုင်း ဘုရားကုန်း မှာ ပစ်နေကြပြီ။ အခုအချိန်ထိ တိုက်နေတုန်းပဲ ထိခိုက်၊ အသေအပျောက်ကတော့ ဘာစာရင်းမှ မရသေးဘူး” ဟု ဒီကေဘီအေ ဗဟိုဆက်သွယ်ရေးဌာနချုပ်မှ ဗိုလ်မှူး ချစ်စရာက မဇ္ဈိမကို ပြောသည်။

ယနေ့မနက် ၁၁ နာရီ ၂၅ မိနစ်က စတင်ပစ်ခတ်ခဲ့ပြီး မဇ္ဈိမက ဒီကေဘီအေ ဗဟို ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းချိန် ထိုင်းစံတော်ချိန် ၁ နာရီ ခွဲထိ တိုက်ခိုက်နေသေးကြောင်း သိရသည်။

မြဝတီမြို့နယ်တွင် တိုက်ပွဲဖြစ်နေချိန် ကော့ကရိတ်မြို့နယ်ေ ဝါလေဒေသ ကနဲလေးတွင်လည်း ၉ဝ၉ တပ်ရင်းနှင့် ကလို့ထူးဘော ဗဟို လုံခြုံရေး တပ်ခွဲတို့ ပူးပေါင်း၍ ဗိုလ်မှူး ဗညားဝင်း ဦးစီးသည့် ခလရ ၄ဝ၉ စစ်ကြောင်း ၂ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒီကေဘီအေဘက်က ပြောသည်။

“ဒီနေ့မနက် ၇ နာရီလောက်က ကနဲလေးဂွင်မှာ နှစ်ဖက်ပစ်ခတ်တုန်း ပြေးလွှားရင်းနဲ့ ကျနော်တို့ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒဏ်ရာရသွားတာ။ မနေ့ကလဲ အဲဒီမိုင်းဂွင်ထဲမှာပဲ ဗိုလ်မှူးဗညားဝင်းတပ်ကပဲ ၂ ယောက် မိုင်းနင်းမိပြီး ခြေထောက်တွေ ပြတ်ကုန်တယ်” ဟု ဗိုလ်မှူး ချစ်စရာက ပြောသည်။

စစ်အစိုးရက နယ်စပ်တွင် ပြန်လည်ပေါ်ပေါက်နေသောတိုက်ပွဲများနှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်နေဆဲ ဖြစ်သည်။

အဆိုပါ ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကြီး၊ ဖလူးလေးနှင့် ကော့ကရိတ် ဝေါလေဒေသတွင် ယခုလ ၁၈ ရက်ကစ၍ဖြစ်ပွားသော တိုက်ပွဲများကြောင့် လူ ၅ဝဝ ကျော် စစ်ဘေးတိမ်းရှောင်ကာ ထိုင်းနိုင်ငံဘက် ရောက်ရှိလာကြောင်း ထိုင်းနယ်စပ်မြို့ မဲဆောက်အခြစိုက် မယ်တော်ဆေးခန်း ကျန်းမာရေးမှူး ဦးသာဝင်းက ပြောသည်။

ဒုက္ခသည်များ ထိုင်းအာဏာပိုင်များထံ တရားဝင်ခိုလှုံခွင့် တောင်းဆိုပါက သေနတ်သံများ ငြိမ်သွားလျှင် ချက်ချင်းပြန်ပို့မည်ကို စိုးရိမ်ကြသဖြင့် မဲဆောက်မြို့၊ ဖုတ်ဖရာ့၊ မဲ့ကိုကင်းရွာရှိ အသိအိမ်များနှင့် လယ်တဲများ၊ စိုက်ပျိုးရေးခြံများ၊ သစ်ပင်များနှင့် သောင်ရင်း ချောင်းဘေးများတွင် မိုးကာစများခင်း၍ ပုန်းအောင်း ခိုလှုံနေကြသည်ဟု ဦးသာဝင်းက ပြောသည်။

အကယ်၍ နအဖ စစ်တပ်က အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ပါက အင်အား ၁ဝဝဝ ကျော်သာရှိသည့် ဒီကေဘီအေ အနေဖြင့် ပြန်လည် ခုခံနိုင်စွမ်းမရှိပေမည့် နိုင်ငံရေးအရ မဖြေရှင်းမချင်း ပြောက်ကျားစနစ်ဖြင့် စစ်အစိုးရကို လက်နက်ကိုင်တိုက်သွားမည်ဟု ဗိုလ်မှူးစောအေဝမ်းက ပြောသည်။

11ReadMore-2.jpg

ရှမ်းပြည်မြောက်ပိုင်း စစ်ရေး မငြိမ်သက်မှုတိုး

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ်မဟာ ၁ ဒေသနှင့် တပ်မဟာ ၇ ထိန်းချုပ် ထားသော ဒေသကြားတွင် မြန်မာ စစ်အစိုးရက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်တပ်အင်အား တိုးချဲ့ထားကြောင်း စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်နေသူများ က ပြောသည်။

SSA- N တပ်မဟာ (၁) တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - mongloi)
တပ်မဟာ ၇ က စစ်အစိုးရနှင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် သဘောတူထားပြီး ပြည်သူ့စစ်အသွင် ပြောင်းလဲခဲ့သော်လည်း တပ်မဟာ ၁ မှာမူ ယင်းအစီအစဉ်ကို ငြင်းဆန်ထားသဖြင့် တပ်မဟာနှစ်ခုကြား အဆက်အသွယ် ဖြတ်တောက်လိုက်ခြင်း ဖြစ် ကြောင်း ဆိုသည်။

သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ယခုရက်ပိုင်း တပ်မဟာ ၁နှင့် တပ်မဟာ ၇ အခြေစိုက်သည့် မိုင်း ရှုး နှင့် လဲချားမြို့နယ်များတွင် နအဖ တပ်အင်အား ၅၀၀ ခန့် တိုးချဲ့ထားကြောင်း ပြောသည်။



မရှိအောင်၊ နောက်ပြီးတော့ တပ်မဟာ ၁ ကို ကူးပြောင်း ဆက်ဆံတာ တွေ မရှိအောင်၊ အဲဒါကတော့ နံပါတ် ၁ ၊ နံပါတ် ၂ ဦးတည်ချက်ကတော့ SSA တောင်ပိုင်းနဲ့ SSA မြောက်ပိုင်း တပ်မဟာ ၁ အကြား ကူးပြောင်း ဆက်ဆံတာတွေ တပ်တိုးချဲ့တာတွေ စစ်ကူပို့တာတွေ မလုပ်နိုင်အောင် ဖြတ်တောက်လိုက်တာ ဖြစ်တယ်” ဟု ဦးစိန် ကြည်က ဆက်လက် ပြောဆိုသည်။

ပြီးခဲ့သည့် စနေနေ့က ရှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင်လည်း SSA တောင်ပိုင်းနှင့် စစ်အစိုးရတပ်များ ၁ နာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း SSA တောင်ပိုင်း ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက ပြောသည်။

“ပြောက်ကျား တိုက်ပွဲငယ်လေးတွေပါ၊ အကျအဆုံးတော့ ကြားရတယ်၊ သေချာတာကတော့ စစ်တပ်က စကခ မှူးက ပေါင်မှာ ဒဏ်ရာ ရသွားတယ်”ဟု ၎င်းက ဆိုသည်။ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင်လည်း SSA တောင်ပိုင်းနှင့် စစ်အစိုးရ တပ်များ စနေနေ့ညက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ဒေသများတွင် နအဖ စစ်အစိုးရ တပ်များက ပြည်သူ့စစ်များနှင့် ပူးပေါင်း၍ စစ်ရေးအရ ပို၍ လှုပ်ရှားလာကြောင်း၊ SSA တောင်ပိုင်းနှင့် စစ်အစိုးရ တပ်များ ရှမ်းပြည် အလယ်ပိုင်းနှင့် တောင်ပိုင်း များတွင်လည်း ယခု လ အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း စစ်ရေး စောင့်ကြည့်သူများက ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့သည် စစ်ရေးအရ ပူးပေါင်းမှုများ တိုးမြှင့်သွားရန် ရှမ်းပြည်အရှေ့ပိုင်း၊ အထူး ဒေသ (၄) အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော်(NDAA) ဌာနချုပ်တည်ရှိရာ မိုင်းလားမြို့တွင် အလွတ်သဘော ဆွေးနွေးခဲ့ ကြ သည်။ မိုင်းလားမြို့တွင် ပြုလုပ်သည့် ရှမ်းနှစ်သစ်ကူးပွဲတော်၌ ယင်းကဲ့သို့ ဆွေးနွေးကြခြင်း ဖြစ်သည်။

တချိန်တည်းတွင်ပင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ၀န်းထော၊ ကြာအင်း၊ ၀ါးခုတ်တော စသည့် ကျေးရွာမှ ဒေသခံများကို စစ်အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် လက်ခံထားသော DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်) ပူးပေါင်းတပ်များက မာနယ်ပလောဒေသသို့ ရိက္ခာ ပို့ရန် ပေါ်တာဆွဲနေကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဘားအံ ခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ပြောသည်။

ပေါ်တာဆွဲနေသော တပ်ရင်းမှာ နအဖ၏ ခြေမြန်တပ်ရင်း(ခမရ) ၆၁ နှင့် ဗိုလ်ဘိ ဦးဆောင်သော နယ်ခြားစောင့်တပ် လက်ခံ ထားသည့် DKBA တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

11ReadMore-2.jpg

တိုက်ပွဲ သတင်း (နအဖ ၈ယောက်သေ၊ ၂၆ယောက် ဒဏ်ရာရ)


အဲခေါင်သောင့်၊ ဒီဇင်ဘာလ ၂၁ရက်၊ ၂၀၁၀ခုနှစ်

မြ၀တီမြို့ တောင်ဘက် ဝေါ လေနဲ့ ကနဲလေး ကြားရှိ ဖမော ဘောထ မှာ မနေ့က ဒီကေဘီ အေနဲ့ နအဖ တိုက်ပွဲ အပြင်း အထန် ဖြစ် ပွားခဲ့ပြီး နအဖ စစ် သား ၈ယောက် သေ ဆုံးကာ ၂၆ ယောက် ဒဏ်ရာ ရရှိခဲ့ တယ် လို့ ဘီဘီစီ သတင်း ဌာနမှာ ဖော်ပြထား ပါတယ်။

ယမန်နေ့ ဒီဇင်ဘာလ ၂၀ရက်နေ့ မနက် ၉နာရီခွဲလောက်မှာ နအဖရိက္ခာ သယ်ဆောင်လာတဲ့ အဖွဲ့နဲ့ ဒီကေဘီအေတို့ ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။

တလကျော်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒီကေဘီအေနဲ့ နအဖတို့ တိုက်ပွဲတွေထဲမှာ ယခုတိုက်ပွဲဟာ အပြင်းထန်ဆုံးဖြစ်ပြီး နအဖတွေ ထိခိုက်ကျဆုံးမှု အများဆုံး တိုက်ပွဲလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ တိုက်ပွဲမှာတော့ နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နအဖဘက်မှ ၇ယောက်သေ ၁၃ယောက် ဒဏ်ရာရရှိကာ ဒီကေဘီအေဘက်မှ ၁ယောက်သေ တပ်မှူးအပါအ၀င် ၅ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

ထိခိုက်ကျဆုံးမှု များလာတဲ့ နအဖအနေနဲ့ ဒီကေဘီအေကို အပြင်းအထန် ထိုးစစ်ဆင်သွားနိုင်ဖို့ ရိက္ခာတွေ လက်နက်တွေကို စစ်ပွဲဖြစ်ပွားရာနေရာတွေမှာ ဆက်တိုက် ပို့ဆောင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒါ့အပြင် ကေအဲန်ယူ ထိန်းချုပ်ရာ နယ်မြေများတွင်လည်း တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။

ယခုလ ၁၉ရက်နေ့နဲ့ ၂၀ရက်နေ့မှာ ကေအဲန်ယူ တပ်မဟာ ၇တပ်ဖွဲ့ဝင်တွေနဲ့ နအဖတပ်တွေ မာနယ်ပလောဒေသမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နအဖဘက်မှ ထိခိုက်ကျဆုံးမှုရှိတယ်လို့ ကေအိုင်စီ သတင်းမှာ ဖော်ပြထားပါတယ်။

ဘိတ်ထားဝယ် တပ်မဟာ ၄ဘက်မှာလည်း ကေအဲန်ယူနဲ့ နအဖတပ်တွေ ယခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာတွင် နအဖတပ်ဘက်မှ  ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ ကွယ်ကလူသတင်းမှာ ဖော်ပြထားပါတယ်။

11ReadMore-2.jpg

ဘာကြောင့် မျက်ရည်ကျနေရသလဲ..ဆိုတာ.


မိန်းမတွေမှာ..
သူတို့ချစ်တဲ့သူအတွက်
ဘာမဆိုလုပ်ရဲတဲ့ သတ္တိရှိတယ်..ဆိုတာ
မမေ့နဲ့… မှတ်ထား.. ။

တစ်စုံတစ်ခု ကိုလိုချင်ရင်..
တစ်စုံတစ်ခုကို ပေးဆပ်ရတယ်တဲ့..။
လူဆိုတာ ကိုယ့်အလုပ်ကိုယ် တန်ဘိုးထားတတ်ရတယ်..
ကိုယ်ရေးကိုယ်တာကိစ္စတွေကို သိပ်ရှေ့တန်းမတင်ရဘူး..လို့
ကျွန်မထင်မြင်ယူဆချက် ကို..
တချို့သော သူများက မှန်တယ်လို့
ထောက်ခံကောင်းထောက်ခံပေမဲ့..
တချို့..တချို့သော သူများကျတော့
လက်ခံချင်မှ..လက်ခံလိမ့်မယ်..ဆိုတာ..
ကျွန်မ ကြိုတင်တွက်ဆပြီးသားပါ..။
ဘ၀မှာ……
ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို
ဦးစားပေးရမယ် ဆိုတာကို…
ငယ်သေးတဲ့အရွယ်တွေအနေနဲ့
နားလည်ချင်မှနားလည်ကျမယ်..
ဒါပေမဲ့……..ကျွန်မအတွက်တော့
နားလည်ရုံတင်မက …ဒါဟာ..အမှန်ကန်ဆုံးသဘောတရား
ဆိုတာကို သိနေပါတယ်။ ။
.............
တွေ့ဆုံမှုတိုင်းမှာ
ခွဲခွာမှု ရှိတယ်ဆိုတာ
ဘာကြောင့်လဲလို့ မေးစရာမလိုလောက်အောင်
ဘ၀ရဲ့ အတွေ့အကြုံ..လောကရဲ့ နိယာမသဘောတရား
ဆိုတာကို ..သိတတ်နားလည်နေရပြီလေ…။

ဖြစ်နိုင်ရင်
ကိုယ်ချစ်တဲ့..မြတ်နိုးတဲ့
သူနဲ့..
အတူတူ ပျော်ရွှင်ချင်ကျမှာပဲလေ။
..............
ဒါပေမဲ့…
ဘ၀ကို လူ့အသက်..အရွယ် အပိုင်းအခြားအလိုက်
ကိုယ် လက်ရှိဖြစ်တည်နေတဲ့
အသက်အရွယ်မှာ…ဘာကိုဦးစားပေး
လုပ်ရမလဲ.. လုပ်သင့်သလဲ ဆိုတာကို
သိလာတဲ့အခါ…
ဘ၀တစ်ခုလုံးကို နှစ်မြူပ်ပြီး..
အလုပ်လုပ်တဲ့သူသာလျှင်..
ကြီးကြီးကျယ်ကျယ်..အောင်မြင်တယ်ဆိုတာ..
ကျွန်မ ယုံတယ်..။
ကျွန်မရဲ့ အဖိုးတန်တဲ့ အချိန်တွေကို
ယောင်္ကျားတစ်ယောက်ကို ပုံပေးပြီး
ချစ်ဖို့ဆိုတာ…ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး..။

စိတ်ကူးနဲ့လက်တွေ့ဘ၀ဟာ..
တစ်ခါတစ်ရံမှာ အကြီးအကြယ် ကွာခြားတတ်ပါတယ်..
ဘ၀ဆိုတာ..ကိုယ်လုပ်ချင်တိုင်း..ဖြစ်ချင်တိုင်း..
ဖြစ်ခွင်..လုပ်ခွင့် ရတာမှ မဟုတ်တာပဲ..
သူ့အချိန်..အခါအလျှောက်
လုပ်သင့်လုပ်ထိုက်တာ..
ဖြစ်သင့်ဖြစ်ထိုက်တာကို..
လုပ်နေကျရတာပဲဆိုတာကို
ကျွန်မ နားလည်ထားပါတယ်..
ဒါပေမဲ့
ကျွန်မ…နားမလည်နိုင်တာ
ဘာကြောင့် ကျွန်မ မျက်ရည်ကျနေသလဲဆိုတာ။

ကျွန်မ…
အလုပ်မပျက်..ဘ၀မပျက်ပေမဲ့
နှလုံးသားကွဲကြေအက်သွားတဲ့..
ကျွန်မ အဖို့တော့..
ပျော်ရွင်မှုနဲ့ ဝေးခဲ့ရပါပြီ..။
ဘ၀ဟာ..ဘာအဓိပ္မါယ်လဲ ?
အချစ် နှင့် ဘ၀ ကို ခွဲခြားနားလည်..
ကိုယ့်ဘ၀ကိုယ်..
ကျေနပ်နေတဲ့ ကျွန်မ..
နားမလည်နိုင်တာ..
ဘာကြောင့် မျက်ရည်ကျနေရသလဲ..ဆိုတာ..။

ပေးပို့လာတဲ့ညီမလေး  ဖူးအားကျေးဇူးတင်ပါတယ်။

11ReadMore-2.jpg

Template by:

Free Blog Templates