Wednesday, March 9, 2011

သေ့ပေါပိုး တောင်နီနဲ့ ကွီးတာဟိုးမှာ ဒီကေဘီအေ ပြောက်ကျားတိုက်ခိုက်

နေ့သစ်


မတ်လ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်က ဝေါ်လေ၊ အုက္ကရေ့ထ၊ ချူကလိသွားတဲ့လမ်းပေါ်က ကွီးတာဟိုး နေ ရာမှာ ခမရ ၂၀၆ တပ်ရင်းကို ဒီကေဘီအေဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နအဖ ဘက်မှာ ၆ ဦးသေပြီး ၅ ဦး ဒဏ်ရာ ရ ရှိခဲ့တယ်။
အဲဒီနေ့ တနေ့ထဲမှာပဲ ညနေ ၃ နာရီလောက်မှာ သေပေါပိုး တောင်နီမှာ ခမရ ၂၀၃ တပ်ရင်းကို ဒီအေဘီအေဘက်မှာ ပြောက်ကျားတိုက်ခိုက်ခဲ့တဲအတွက် နအဖ ဘက်မှ ၃ ယောက်သေ ၆ ယောက် ဒဏ်ရာရတယ်လို့ သိရှိရပါတယ်။

မနေ့က ဒီကေဘီအေနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင်က ပြော ပြတာကတော့ …
“နေ့လယ်ကဖြစ်တဲ့ နေရာက ကွီးတာဟိုး မှာ ဖြစ်တာ၊ ဒီနေရာမှာ ကားလမ်းရှိတယ်။ ဒီကားလမ်းက ဖလူး ကချောဝါး လေးကနေ ဝေါ်လေနားက အုက္ကရေ့ထ ကိုရောက်တယ်၊ ပြီးတော့ ဆက်သွားရင် ကွီးတာဟိုး ချူကလိ ရောက်တယ်၊ ဒီ ရက်ပိုင်းတွေက ချူကလိမှာ မြို့သစ်တည်ဖို့ ပစ္စည်းတွေ ဝန်ထမ်းတွေ သယ်နေတော့ ကားလမ်းကို လုံးခြုံရေးတွေ အ တော်များများ ယူထားတယ်။ ကျနော်တို့က အဲဒီတပ်တွေကို ဝင်တိုက်တာ” လို့ ပြောပြသွားပါတယ်။

ဒီရက်ပိုင်းတွေထဲ မြဝတီမြို့နယ်ခွဲ့ တခုအဖြစ် ချူကလိနေရာမှာ မြို့သစ်စတည်နေပါတယ်။ အဲဒီအတွက် တာဝန်ကျတဲ့ ဝန်ထမ်းတွေကို မဲစနစ်နဲ့ မဲနှိုတ်ပြီး မဲပေါက်တဲ့သူက ချူကလိမှာ တာဝန်သွားထမ်းဆောင်းရမှာ ဖြစ်တယ်လို့ မြဝတီမြို့ သူ မြို့သားတွေက ပြောပြချက်အရ သိရှိရပါတယ်။

11ReadMore-2.jpg

Template by:

Free Blog Templates