Saturday, September 24, 2011

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ထိုးစစ် အရာရှိတဦး ပြင်းထန်စွာ ဒဏ်ရာရ


ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာပဲ ကရင်ပြည်နယ်တွင်းမှာ ကြံ့ဖွံ့စစ်အစိုးရက ကေအန်ယူနဲ့ ဒီကေဘီအေတပ်ဖွဲ့တွေ လှုပ်ရှားဒေ သတွေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ယမန်နေ့ (စက်တင်ဘာလ ၂၃ ရက်) က မြဝတီမြို့ တောင်ဘက် သေ့ ဘောပိုးရွာ အနောက်ဖက် တောင်နီတောင် မင်္ဂလာကုန်းမှာ ညနေ ၃ နာရီခန့်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး တိုက် ပွဲဖြစ်ပွားချိန် ၁ နာရီလောက် ကြာခဲ့ပါတယ်။
တောင်နီတောင်တန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ ကြံ့ဖွံ့အစိုးရ စစ်တပ် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၄တပ်ရင်း ကို ကေအန်ယူ ၁၀၃ တပ်ရင်း၊ ဒီကေဘီအေ ၉၀၉ တပ်ရင်း၊ ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်များ၊ ရခိုင်ကျောင်းသား လူငယ်တပ်ဖွဲ့ ပူးပေါင်းအင်းအားတွေနဲ့ မင်္ဂလာကုန်းကနေ ဆီကြိုတိုက်ခိုက်ခဲ့ကြတယ်။ ဒီတိုက်ပွဲမှာ ကြံ့ဖွံ့အစိုးရ စစ်တပ် ဘက်မှ တပ်သားအလောင်းတလောင်ကျန်ရစ်ခဲ့ပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်။ ဒဏ်ရာရသူတွေထဲမှာ ခမရ ၂၀၄ စစ်ကြောင်း (၂)မှူး၊ ဗိုလ်မှူးလစာစား ဗိုလ်ကြီး ဇော်ထက်ဦး ခြေထောက်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဒီကေဘီ အေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး သရီးတူး အတည်ပြုပြောပြချက်အရ သိရှိရပါတယ်။

11ReadMore-2.jpg

Template by:

Free Blog Templates