Tuesday, November 8, 2011

ဦးသိန်းစိန်နှင့်အင်တာဗျူးခြင်း

နိုင်ငံခြားသားနဲ့သတင်းသမားတစ်ချို့  ဦးသိန်းစိန်နဲ့
အင်တာဗျူးတစ်ခုမှာအောက်ပါမေးခွန်းကိုမေးခဲ့ကြပါသတဲ့။
မေး  ။        ။   သမတကြီးဦးသိန်းစိန်ခင်ဗျား အခုဗမာ့တပ်မတော်နဲ့  တိုင်းရင်းသား
လက်နက်ကိုင်တစ်ချို့ တို့အပစ်အခတ်ရပ်ဆဲနေမှုအပေါ်တကယ်ဘဲငြိမ်းချမ်းရေး
ကိုဖေါ်ဆောင်ပေးဘို့ရည်ရွယ်ထားပါသလား
ဖြေ....ဦးသိန်းစိန်။  ။         အ ဟ ဟ    သြ   အဲတာလား  ဒီလောက်တောင်မှ အပုပ်နှံ့တထောင်းထောင်း
နဲ့ နှံစော်နေတဲ့         ငါတို့လို မဲသူခိုး မုဒိန်းလူသတ်အစိုးရရဲ့ ဂတိစကား
ကိုယုံရဲတဲ့ကောင်တွေဟာ             ကလေးချေးမှန်းမသိ ပဲဟင်းမှန်းမသိ
နိုက်စားချင်ကြတဲ့ နာခေါင်းမျက်စိမပါတဲ့  ငကြောက်အကောင်တွေဘဲရှိကြတော့မှာပေါ့ လို့ပြန်ဖြေပါသတဲ့။

 

11ReadMore-2.jpg

ရှမ်း-ကချင်နယ်စပ်မှာ မြန်မာအစိုးရစစ်သား ၇ ဦးသေဆုံး

KNGnov8jphpyenla

ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် နယ်နိမိတ်တွင် နိုဝင်ဘာ (၆) ရက် တနင်္ဂနွေနေ့၌ မြန်မာအစိုးရ တပ်ကူစစ်ကြောင်းအား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)က ခြုံခိုတိုက်ခိုက်သဖြင့် မြန်မာတပ်သား ၇ ဦး ကျဆုံးသည်ဟု မျက်မြင်များပြောသည်။
ကျဆုံးသူများသည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)လက်အောက်ခံ နောင်ချို နယ်မြေခံ ခမရ (၅၀၄) နှင့် နမ့်လန် နယ်မြေခံ ခမရ (၅၀၅) မှ တပ်သားများဖြစ်သည်ဟု KIA အရာရှိများပြောသည်။

ယင်းစစ်ကြောင်းမှာ ကိုင်ထိပ်တွင် စခန်းချနေသည့် ဆားမှော်နယ်မြေခံ ခလရ (၁၀၅)တပ်သို့ တပ်ကူသွားစဉ် မန်ဝိန်းနှင့် ကိုင်ထိပ်ကြား လမ်းတွင် KIA တပ်ရင်း (၂၇) က ခြုံခိုတိုက်ခိုက် ခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ကိုင်ထိပ်စခန်းထဲ ၀င်ရောက်မည့်လမ်းကြောင်းများအား ဇွန်လကတည်းက ပိတ်ဆို့ထားကာ ရံဖန်ရံခါ ၎င်းစခန်းအား KIA က တိုက်ခိုက်သည်ဟု သိရသည်။

ထို့အပြင် တနင်္ဂနွေနေ့ကပင် တပ်ကူလာသော အခြား မြန်မာအစိုးရစစ်ကားတစ်စီးအား ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N)က နမ့်ခမ်းတွင် ဗုံးခွဲတိုက်ခိုက်လိုက်သည်။ သို့သော် သေကြေဒဏ်ရာရမှု ရှိမရှိ မသိရကြောင်း ဒေသခံများပြောသည်။

နောက်တစ်နေ့ နိုဝင်ဘာ (၇) ရက် ညနေပိုင်းအထိ ၎င်းတပ်ကူစစ်ကြောင်းနှင့် KIA တို့ ဆက်လက်ပစ်ခတ် နေကြသည်ဟု တိုက်ပွဲတွင်ပါဝင်သည့် တပ်ရင်း (၁) နှင့် (၂၇) မှ KIA အရာရှိများပြောသည်။

ပိတ်ဆို့ထားသည့် ကိုင်ထိပ်စခန်းသို့ ရောက်ရှိနိုင်ရန် မြန်မာအစိုးရတပ်က ကြိုးစားနေသည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟုလည်း KIA အရာရှိများ သုံးသပ်ကြသည်။

11ReadMore-2.jpg

Template by:

Free Blog Templates