Tuesday, November 23, 2010

ကရင်ပြည်နှင့် ထိုင်းနယ်စပ် ဝေါ်လေဒေသရှိ စစ်အစိုးရတပ်ဖွဲ့များ စားရေရိက္ခာပြတ်လပ်

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၁၀ ခုနှစ်။
ဗိုလ်မှူးချုပ်စောလားပွယ်ဦးဆောင်သည့် တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA တပ်ဖွဲ့များ ၀ိုင်းရံ ထားသည့် စစ်အစိုးရတပ်စခန်းတွင် စားရေရိက္ခာပြတ်လပ်လျှက်ရှိသည်ဟု သိရသည်။
မြ၀တီမြို့တောင်ဖက်၊ ဝေါ်လေဒေသရှိ စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ် စကခ(၈) နည်းဗျူဟာ(၃) လက်အောက်ခံ တပ်ရင်းအခြေစိုက် ဗျူဟာကုန်းအား  DKBA တပ်ဖွဲ့များက၀ိုင်းရံထားခြင်းဖြစ် သည်ဟု စစ်အစိုးရတပ်နှင့် နီးစပ် သူတဦးက ပြောသည်။
ဝေါ်လေဖက်တောင်ကုန်းတကုန်းမှာ ဗိုလ်နှုတ်ခမ်းမွှေးတို့၊ ဗိုလ်ကျော်သက်တို့ အဖွဲ့တွေက ၀ိုင်းထားDKBA ၀ိုင်းထားတဲ့ အပြင်မှာ မိုင်းတွေထပ်ထောင်ထားတာ။ သုံးဆင့်လောက်ရှိတယ်လို့ပြောတယ်။အဲဒီမှာ ဒီဖက်က စစ်ကူ တွေဘာတွေသွားလို့မရဘူးလို့သူတို့ပြောတယ်။ လမ်းမှာမိုင်းထိပြီးတော့ သူတို့နောက်ပြန်ဆုတ်လာတာ။ ပြီးခဲ့တဲ့စနေနေ့က နင်းမိုင်းထိလို့ (၇) ယောက်ကျသွား တယ်ပြောတယ်။”   တယ်တဲ့။ ၀ိုင်းထားတော့ အခုအစာငတ်၊ ရေငတ်ဖြစ်နေတယ်လို့ပြောတယ်။ အဲဒီ
DKBA မှ ဗိုလ်မှူးကြီးစောကျော်သက်က ယင်းကိစ္စမှန်ကန်ကြောင်းနှင့် ယခုလ(၈)ရက်နေ့က မြ၀တီနှင့် ဘုရား သုံးဆူမြို့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှစ၍ ယနေ့ထိ ၀ိုင်းရံထားဆဲ ဖြစ်ပြီး နိုင်ငံရေးပြဿနာအား နိုင်ငံရေး နည်းဖြင့်ဖြေရှင်းရန် လိုအပ်သည်ဟု ယခုလိုပြောသည်။
လွန်ခဲ့တဲ့စနေနေ့ကပဲ သူတို့ မိုင်းနင်းမိတယ်လေ။ စစ်ကူလာတဲ့ တပ်ရင်းတွေပေါ့။ ဘယ်တပ်ရင်း လည်းတော့ ကျနော်တို့လည်းကောင်းကောင်းမသိဘူးလေ။ ကျနော်တို့တော့ ဆက်ပြီးဝိုင်းထား မှာပေါ့။ သူတို့ကနိုင်ငံရေးနဲ့ မဖြေရှင်းရင် ဒီစခန်းကလည်း ကျနော်တို့က မလွတ်ဖူး။”  
ယင်းဒေသသည် DKBA တပ်မဟာ(၅)အခြေစိုက်ဒေသဖြစ်ပြီး ယခုလ(၁၀)ရက်နေ့က လက်ရှိ အ၀ိုင်းခံထားရ သည့် ဗျူဟာကုန်းမှ ကျေးရွာအတွင်း  လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့် အတွက် ဒေသခံလူထု (၄၀၀)ခန့် ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးခိုလှုံခဲ့ရသည်။
မကြာသေးမီအချိန်က DKBA တပ်ဖွဲ့များနှင့် ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တပ်ဖွဲ့များ ကြား ပူးတွဲစစ်ဆင်ရေးများပြုလုပ်သွားရန် သဘောတူညီမှုရရှိခဲ့သည်ဟု ဗိုလ်မှူးကြီး စောကျော်သက်က ပြော သည်။
လတ်တလောအခြေအနေအရ ဒေသတွင်းတိုက်ပွဲဖြစ်ပွားမှု မရှိသေးသော်လည်း စစ်အစိုးရ၏ စစ်ကူအင်အား တပ်ရင်း(၁၀)ရင်းခန့် ဘုရားသုံးဆူဒေသသို့ ရောက်ရှိနေသည်ဟု သတင်းရရှိ သည်။
ဒေသတွင်းတိုက်ပွဲများ ကြိုကြားဖြစ်ပေါ်နေသည့်အပေါ် ဒေသခံလူထုအား ငဲ့ညာသည့်အနေဖြင့် DKBA တပ်မ ဟာ(၅)မှူး ဗိုလ်မှူးချုပ်စောလားပွယ်က စစ်အစိုးရနှင့်သုံးရက်တာ တဖက်သတ် အပစ်ခတ်ရပ်စဲမည်ဟု ပြောဆို ခဲ့သော်လည်း စစ်အစိုးရတပ်ဖက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာပါက ခုခံကာကွယ်သွားရန်ရှိသည်ဟုပြောကြောင်း ယနေ့ထုတ်ဘီဘီစီသတင်းတစ်ပုဒ်တွင် ဖော်ပြပါရှိသည်။

11ReadMore-2.jpg

ကရင်နီက နအဖတပ်စခန်းအားတက်သိမ်း ရဲများအားအရှင်ဖမ်းမိKarenni army attack SPDC troops



ဆုံဆည်းရာမှကူးယူဖေါ်ပြသည်။

11ReadMore-2.jpg

တောင်၊ မြောက် ကိုရီးယား နှစ်နိုင်ငံ လက်နက်ကြီးများနှင့် အပြန်အလှန် ပစ်ခတ်



မြောက်ကိုရီးယားနိုင်ငံမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် တောင်ကိုရီးယားပိုင် ယုံပြောင်းကျွန်း။
မြောက်ကိုရီးယားနိုင်ငံမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် တောင်ကိုရီးယားပိုင် ယုံပြောင်းကျွန်း။
နိုဝင်ဘာ ၂၃၊ ၂၀၁၀။ဓာတ်ပုံ AP
VOA| မြောက်ကိုရီးယားနိုင်ငံကနေ တောင်ကိုရီးယားပိုင်နက် လူနေထူထပ်တဲ့ ကျွန်းပေါ်ကို အမြောက်နဲ့ တရစပ် ပစ်ခတ်ခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ်က ပြန်လည် ပစ်ခတ်နေကြသလို ဂျက်တိုက်လေယာဉ်တွေ ဝေဟင်မှာ ပျံသန်း ကာကွယ်နေကြပါပြီ။
နှစ်ဘက်အကြား ဒီတိုက်ခိုက်မှုဟာ အပြင်းထန်ဆုံးဖြစ်ပြီး တောင်ကိုရီးယား စစ်သား ၂ ယောက် သေဆုံး၊ ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ ဒါ့အပြင် အဲဒီ ယုံပြောင်းကျွန်း (Yeonpyeong) က လူနေအိမ် အတော်များများ မီးသင့်ပြီး အရပ်သား ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကိုရီးယားကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကျွန်းသူ ကျွန်းသား ၁,၀၀၀ ကျော်ကို အရေးပေါ် ခိုလှုံရေး စခန်းတွေကို ရွှေ့ပေးခဲ့ရပါတယ်။
တောင်ကိုရီးယား သမ္မတ အီမြောင်ဘက်ခ် (Lee Myeung-bak) က အရေးပေါ် အစည်းအဝေး ခေါ်ယူလိုက်ပြီး နှစ်ဘက် အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကို ဟန့်တားနိုင်ရေး လုံခြုံရေးရာ ၀န်ကြီးတွေ၊ တခြား တာဝန်ရှိသူတွေနဲ့ တိုင်ပင်နေပါတယ်။
မြောက်ကိုရီးယားရဲ့ အခုလို တိုက်ခိုက်မှုဟာ စစ်ရေးအရ ရန်လိုမှုကို ပြတ်ပြတ်သားသား ပြသလိုက်တာဖြစ်ပြီး ဆက်ပြီး တိုက်နေမယ်ဆိုရင် ဒီ့ထက်မက ပိုဆိုးနိုင်တဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း သတိပေး လိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ အခုလို ရန်လိုတဲ့ လုပ်ရပ်ကို ရပ်တန်းက ရပ်ပါလို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပြီး တောင်ကိုရီးယားနိုင်ငံကို ကာကွယ်ရေး အမေရိကန် ပြည်ထောင်စုက တာဝန်ယူထားတာကို ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ကမ်းခြေနဲ့ ၈ မိုင်အကွာ ပင်လယ်ဝါအတွင်းက ယုံပြောင်းကျွန်း (Yeonpyeong island) ပေါ်မှာ တောင်ကိုရီးယားက နှစ်စဉ်လုပ်နေကျ စစ်ရေး လေ့ကျင့်မှုတွေ လုပ်နေတဲ့အချိန်မှာ အခုလို တိုက်ခိုက် လိုက်တာ ဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ကန့်ကွက်နေပါတယ်။
တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုအတွင်းမှာ လေ့ကျင့် ပစ်ခတ်မှုတွေဟာ ပင်လယ်ဝါဘက်ကို ဦးတည် ပစ်ခတ်ခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားဘက်ကို မပစ်ခတ်ခဲ့ဘူးလို့လည်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

11ReadMore-2.jpg

ကမ္ဘောဒီးယား ရေသဘင်ပွဲတော် လူ ၃၈၇ ကျော်သေဆုံးမှု့ သတင်းပုံများ


(Braking news)




ယမန် နေ့ က နောက်ဆုံး နေ့ အဖြစ် ကျင်းပခဲ့သည့် ကမ္ဘောဒီးယား သင်္ကြန် ပွဲတော်တွင်
တံတားပြိုကျမှု ကြောင် လူ ၃၅၂ ဦး ထိ သေဆုံးရသည် ဟု
သတင်းရရှိသည်။ထိုသို
လူအမြောက် အမြား သေဆုံးရမှု သည် ကမ္ဘောဒီးယား နိုင်ငံ ကို ခမာနီ များ
အုပ်ချုပ် ချိန် နောက်
ပိုင်း အဆိုးရွား ဆုံး လူအစုံလိုက် အပြုံ လိုက်အမြောက် အမြား သေဆုံးရမှု
ဖြစ်သည်။


မြို့ တော်ဖနွမ်း ပင် တွင် ကျင်းပသည့် သင်္ကြန် ပွဲတော် သို့ 
လူလေးသန်း ခန့် ပါဝင်ဆင်နွှဲ ကြသည်။ ကြေကွဲ
ဖွယ်ရာ ထို သင်္ကြန် ကာလ သေဆုံးမှု သည် ည ၁၀
နာရီ ခန့် တွင် ဖြစ်ပွား ခြင်းဖြစ်ပြီး ၃၈၇ ကျော် သေဆုံးကာ
၄၀၀ ကျော် ဒဏ်ရရရှိခဲ့သည်။

ဒဏ်ရာရှိသည့် လူနာများ
ကို ကူညီကယ်ဆယ် ရန် ကမ္ဘောဒီးယား အစိုးရသည် အသင့်
မဖြစ် သောကြောင့် ဝေဖန် ခံရပြီး မြို့ တော် ဖနွမ်းပင် ရှိ
ဆေးရုံများ မှာ အခန်းများပြည့် လျှံ နေသောကြောင့်


လူနာများ မှာ တန်းစီ စောင့် ဆိုင်းရသည် ဟု သိရသည်။
တံတားကျိုး ကျသည့် နေရာ မှာ မဲခေါင်းမြစ်တွင်း သို့ စီးဝင်
သည့် တုံလေ ဘက်ဆက် မြစ်ဝရှိ ကျွန်းပေါ်သို့ သွားရာ
တံတား တွင် ဖြစ်သည်။သေဆုံးသူများ တွင် ရဲများ
လည်း ပါဝင်ပြီး အချို့ မှာ လုံခြုံရေးတပ်ဖွဲ့ ဝင်များ ၏ လျှပ်စစ်
လိုင်း များ ဖြတ်တောက်ရန် မေ့လျှော့ခြင်း ကြောင့်
ဓာတ်လိုက် ၍ သေဆုံးရ သည် များလည်း ရှိသည်
သေဆုံးသူ အများစု မှာ တံတား ကျိုးစဉ် လူအုပ်ပိပြီး သေဆုံးရခြင်း ဖြစ်ကာ အချို့ မှာ
လူအုပ် ပိမှာ စိုးရိမ် ၍ တံတား အောက် သို့  ခုန်ချရာမှ ရေနစ် သေဆုံး
ခြင်းဖြစ်သည်။

ဟွန်ဆန် အစိုးရ ကမူ သေဆုံးသူ နှင့် ဒဏ်ရာရ သူများ ကို ကူညီကယ် ဆယ်မှု များ ပိုမို
တိုးမြှင့် လုပ်ဆောင် သွား မည် ဟု သိရသည်။
ကမ္ဘောဒီးယား ဖနွမ်း ပင် မြို့ တွင် မြန်မာ လူမျိုး များ လည်း နေထိုင်ကြကာ ယခု သေဆုံးမှု
ထဲတွင် မြန်မာ လူမျိုး ပါဝင် မှု ရှိသည် ဟု သတင်း မရ ရှိသေး ဟု ဖနွမ်းပင်
ရှိ နိုင်ငံတကာ
အကူအညီ ပေးရေး ဧဂျင်စီ တစ် ခုတွင် တာဝန် ထမ်းဆောင် နေသည် မြန်မာ လူမျိုး
ကို
မြင့်သောင်းက ပြောသည်။
ထိုပွဲ တော် သို့  မြန်မာ လူမျိုး အချို့ လည်း ၀င်ရောက် နွှဲပျော်သည် ဟု သိရသည်။




11ReadMore-2.jpg

ရန်ကုန်လေဆိပ်မှာ ဒီမနက် ပျော်ရွှင်နေတဲ့ သားအမိ







ဧရာဝတီသတင်း

Reuters သတင်းဌာနက တင်ထားတဲ့ပုံ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်တို့ တယောက်ကို တယောက် လက်ချင်း ဆုတ်ကိုင်ထားကြတယ်။

Kim ရဲ့ လက်မောင်းမှာ NLD အလံပုံ တွေ့ရပါတယ်။ ဆေးမင်ကြောင် ထိုးထားတာ ဖြစ်နိုင်ပါတယ်။

သတင်းထောက်တွေကတော့ ၀ိုင်းအုံနေတာပဲ။

11ReadMore-2.jpg

Template by:

Free Blog Templates