Saturday, January 19, 2013

15th KNU congress 1

11ReadMore-2.jpg

15th KNU Congress 2

11ReadMore-2.jpg

15TH KNU Congress 3

11ReadMore-2.jpg

ဦးသိန်းစိန်အစိုးရက ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေး ရပ်ဆိုင်းမည့် ထုတ်ပြန်ချက်အပေါ် သုံးသပ်ချက်

ဦးသိန်းစိန်အစိုးရက ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေး ရပ်ဆိုင်းမည့် ထုတ်ပြန်ချက်အပေါ် သုံးသပ်ချက်
အောင်ထူး (ရှေ့နေ) (မဟာဝိဇ္ဇာ၊ လူ့အခွင့်အရေး)

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက် နံနက် ၆ နာရီမှ စတင်ပြီး နယ်မြေရှင်းလင်းစစ်ဆင်ရေးများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဦးသိန်းစိန်အစိုးရ၏ ထုတ်ပြန်ချက်နှင့် စပ်လျှဉ်း၍ အောက်ပါအတိုင်း သုံးသပ်ပါသည်။

(၁) စစ်အစိုးရ၏ တပ်များသည် ကေအိုင်အေ တပ်များအား ကြီးကြီးမားမား စတင်ထိုးစစ်ဆင်သည့် ၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ (၁၄) ရက်နေ့မှစ၍ ၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၁၈) ရက်နေ့အထိ ရက်ပေါင်း ၃၃ ရက်မျှတွင် ကျဆုံး၊ ဒဏ်ရာရ၊ ထိခိုက် ဘ၀နစ်နာ ပျက်စီးသွားကြရသော ရဲဘော်များ၏ အရေအတွက်မှာ ထောင်ဂဏန်းချီမျှ ရှိသည်ဟု သိရသည်။ တိုက်လေယာဉ်များ၊ စစ်ရဟတ်ယဉ်များ၊ ၁၂၀ နှင့် ၁၀၅ မီလီမီတာ အမြှောက်ကြီးများကိုပါ အသုံးပြု၍ ပြည်တွင်းစစ်သမိုင်း၌ အချိန်တိုအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့ရသဖြင့် ခန့်မှန်းတွက်ချက်မှုများအရ အမေရိကန်ဒေါ်လာ သန်းတရာကျော်မျှ ကုန်ကျခဲ့ရသည်။ ရရှိသည့် အကျိုးအမြတ်မှာ ပထ၀ီအရ ပွိုင့် (၇၇၁) အပါအ၀င် လဂျားယန်တ၀ိုက်ရှိ တောင်ကုန်းအချို့မျှသာ ဖြစ်သည်။

(၂) အဆမတန်ကြီးမားလှသော စစ်လက်နက်အင်အားနှင့် လူအင်အားများကို အသုံးပြု၍ တိုက်ခိုက်ခဲ့သော်လည်း ကေအိုင်အို၊ ကေအိုင်အိုတခုလုံးကို အပြုတ်တိုက်နိုင်ရန်ဝေးစွ၊ ကချင်ပြည်နယ် ဒေသကြီးတခုလုံးကို လုံးဝ ချုပ်ကိုင်နိုင်ရန် အိပ်မက်၍ပင်မရ၊ ပထ၀ီနယ်မြေအချို့မျှကိုသာ တိုးချဲ့သိမ်းပိုက်ထိမ်းချုပ်နိုင်ကြောင်း ထင်ရှားသည်။ စစ်ရေးသဘောသက်သက်အရ ကြည့်လျှင်ပင် စစ်အစိုးရအတွက် အရှုံးအမြတ် လုံးဝပင် မကာမိသော စစ်ပွဲဖြစ်သည်။ အရှုံးကြီး ရှုံးခဲ့သော စစ်ပွဲဖြစ်သည်။ တပြည်လုံးလူထုကြီးတရပ်လုံးအတွက် ပညာရေး၊ ကျမ္မာရေး အတွက်သုံးရမည့် ငွေများ အလဟသ ဖြစ်ခဲ့ရသည်။ မသေသင့်သော အောက်ခြေတပ်မတော်သားများ၊ ပေးသည့် အမိန့်အတိုင်း နာခံ တိုက်ပွဲဝင်ပေးခဲ့ရသည့် တပ်မတော်သားများ မလိုအပ်ဘဲ ဘ၀နစ်နာ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ယင်းအတွက် သမတ ဦးသိန်းစိန် နှင့် ကာချုပ် မင်းအောင်လှိုင်တို့ ထိပ်ဆုံးတွင် တာဝန်ရှိသည်။ ၄င်းတို့အနေဖြင့် လူထုအကျိုးစီးပွားကို ထောက်ထားလျှက် ပြည်တွင်းငြိမ်းချမ်းရေးကို မည်သို့တည်ဆောက်သင့်ကြောင်း ပြန်လည်သုံးသပ်သင့်ပြီဖြစ်သည်။

(၃) အစိုးရ၏ ထုတ်ပြန်ချက်တခုလုံးကို ခြုံကြည့်လျှင် အောက်ပါအတိုင်း သုံးသပ်မိသည်။

(က) စစ်ရေးနှင့်စပ်လျှဉ်း၍ ဖြစ်သမျှကိစ္စအားလုံးကို ကေအိုင်အို၊ ကေအိုင်အေအပေါ်သို့ အပြစ်ပုံချထားသည်။ သူခိုးက လူဟစ်သလို ဖြစ်နေသည်။ ပင်လုံစာချုပ်မတိုင်ခင်က သူ့ဖာသာ လွတ်လပ်စွာ ရပ်တည်ခဲ့သော ကချင်ပြည်၊ ပင်လုံစာချုပ်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ကချင်ပြည်ကို ကချင်လူထုသဘောဆန္ဒနှင့် ဆန့်ကျင်ကာ အတင်းဝင်ရောက် ကျူးကျော်တိုက်ခိုက်နေပါလျှက် ကိုယ့်ကိုယ်ကိုခုခံကာ ကွယ်သည်ဟု အကြောင်းပြခြင်းမှာ အဓိပ္ပါယ်မရှိ။ ဥပဒေအရ တရားမ၀င်။

(ခ) အပုဒ် (ရ) တွင် ဖေါ်ပြထားသော “နောင်တွေ့ဆုံ ဆွေးနွေးမှုများတွင် KIO/KIA လက်နက်ကိုင်အဖွဲ့မှ တပ်ပိုင်းဆိုင်ရာများကို အဆုံးအဖြတ်ပေးနိုင်သည့် ပုဂ္ဂိုလ်များက တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် လိုအပ်သည်။” ဟု ဖေါ်ပြထားခြင်းမှာ ခြိမ်းခြောက်သည့် သဘောဆောင်သည်။ လွတ်လပ်သောအဖွဲ့အစည်းဖြစ်သည့် ကေအိုင်အို၏ အဖွဲ့အစည်းအတွင်း ဆုံးဖြတ်ပိုင်ခွင့်ကို ၀င်ရောက်လွှမ်းမိုးရာရောက်သည်။ သမိုင်းကြောင်းအရကြည့်လျှင် ကချင်လူထုများ၏ သဘာဝသည် ခြိမ်းခြောက်၊ အနိုင်ကျင့်မှုများကို မကြိုက်လက်မခံကြ၊ ယခုလက်တွေ့တိုက်ပွဲဝင်ရာတွင်လည်း ရွတ်ရွတ်ချွန်ချွန်ပြန်လည်ခုခံကြသည်ကို ယနေ့ မြန်မာ့တပ်မတော်ခေါင်းဆောင်များ နားလည်သင့်၊ တန်ဘိုးထားသင့်သည်။ ပြည်ထောင်စု တည်ဆောက်မှုကို ခြိမ်းခြောက် အကြပ်ကိုင်သည့်နည်းဖြင့် မချဉ်းကပ်သင့်။

(၄) ကေအိုင်အိုက ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံသည့် နိုင်ငံရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရန် နိုင်ငံရေးအရ တောင်းဆိုသည့်အပေါ် မတန်တဆကြီးမားလှသော စစ်အင်အားကို အသုံးပြု၍ စစ်အစိုးရက စစ်ဆင်နွှဲခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ မတရားသောစစ်ဖြစ်သည်။ မတရားသော စစ်ကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ပေါ်လာခဲ့သည်။ စစ်လေယာဉ်များသုံး၍ တိုက်ခိုက်ခြင်း၊ အမြှောက်ကြီးများနှင့် ပစ်သဖြင့် အရပ်သားလူထုများ သေဆုံးဒဏ်ရာရခြင်းများ ဖြစ်ပေါ်လာသောအခါ နိုင်ငံတကာဖိအားများ ကျရောက်လာခဲ့သည်။ ကချင်လွတ်မြောက်ရေးတပ်မတော်သားများက ကြံ့ကြံ့ခံ ခုခံတိုက်ပွဲဝင်၊ စစ်အစိုးရဘက်မှ အဆုံးအရှုံးများများပြား၊ အစိုးရ၏ ထိုးစစ်ကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများ တစတစ အားကောင်းလာ၊ အပစ်အခတ်ရပ်စဲရေး လုပ်ထားခဲ့ကြသည့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကလည်း ကန့်ကွက်လာ၊ နိုင်ငံတကာဖိအားများလည်း သက်ရောက်လာ၊ သူ့နယ်မြေအတွင်း လက်နက်ကြီးများကျရောက်ခြင်းကြောင့် တရုတ်အစိုးရ၏ ဖိအားလည်း ကျရောက်လာ၊ စသည်တို့ ပေါင်းဆုံသွားခြင်းကြောင့် ထိုးစစ်ရပ်ရန် ဆုံးဖြတ်လိုက်ခြင်းဟု သုံးသပ်သည်။

(၅) မည်သို့ပင်ဖြစ်စေ၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက် နံက်ခြောက်နာရီမှ စတင်ပြီး နယ်မြေရှင်းလင်းစစ်ဆင်ရေးများကို ရပ်ဆိုင်းလိုက်ခြင်းမှာမူ အပြုသဘောဘက်ကို ဦးတည်စေနိုင်မည့် ခြေလှမ်းဟု မှတ်ယူနိုင်ပါမည်။ တကယ်တန်း အပြုသဘောဘက်ကို ဦးတည်မတည် ဆိုသည်မှာ ဦးသိန်းစိန် ဆက်လှမ်းမည့် နိုင်ငံရေးခြေလှမ်းနှင့် ဆိုင်ပါမည်။ ဘာမှန်းမသိသော နိုင်ငံရေးဆွေးနွေးပွဲ ဟူသည်များဖြင့် နှစ်ပေါင်းမြောက်များစွာ အချိန်ဆွဲထားသည့်အချိန်တွင် စစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံကို ဆက်လက်အသက်သွင်း ခိုင်မာအောင်လုပ်သွားနိုင်မည့် အနေအထားကို ကေအိုင်အိုက စိုးရိမ်ပုံရသည်။

(၆) ပြည်တွင်းငြိမ်းချမ်းရေးကို စစ်မှန်စွာတည်ဆောက်လိုပါက ဦးသိန်းစိန်အစိုး၇အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခွင့်ရစမည့် နိုင်ငံရေးလုပ်ငန်းစဉ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အတိအလင်းကြေငြာလျှက် နိုင်ငံရေးဆွေးနွေးပွဲများ တက်ရောက်လာရန် ဖိတ်ခေါ်သင့်သည်၊ ကေအိုင်အိုက တင်သွင်းလာမည့် နိုင်ငံရေးတောင်းဆိုချက်များကို လက်ခံစဉ်းစားသင့်သည်ဟု သုံးသပ်သည်။

(၇) အဓိကအားဖြင့် စစ်ဘေးဒုက္ခသည်များ၏ ဘ၀ကို ထိထိရောက်ရောက် ပြန်လည်ကုစားပေးရန်ဖြစ်သည်။ ၁၉၉၄ အပစ်အခတ်ရပ်စဲရေးကို စတင်ချိုးဖေါက် တိုက်ခိုက်သူမှာ အစိုးရဘက်မှဖြစ်သည်။ အစိုးရတပ်များက မီးတင်ရှို့ခဲ့သဖြင့် မီးလောင်ပျက်စီး ဆုံးရှုံးသွားခဲ့သည့် လူထု၏ နေအိမ်များကို ပြန်လည်ဆောက်လုပ်ပေးရန်၊ ဆုံးရှုံးသွားခဲ့သည့် ပစ္စည်းများအတွက် လျော်ကြေးပေးရန်၊ နေအိမ်များ၊ ဆေးပေးခန်းများ၊ ဘုရားရှိခိုးကျောင်းများအား မီးရှို့ဖျက်ဆီးခြင်းမှာ စစ်ရာဇ၀တ်မှု ကျူးလွန်ရာရောက်သဖြင့် ပြစ်မှုကျူးလွန်ခဲ့သူများကို ဖေါ်ထုတ်ပြီး အရပ်ဘက်ဆိုင်ရာ တရားရုံးတွင် ရုံးတင် တရားစွဲဆို အပြစ်ပေးရန် လိုအပ်သည်။

(၈) အစိုးရဆိုလျှင် လူထု၏ လုံခြုံမှုကို တာဝန်ယူရမြဲဖြစ်သည်။ ဤသည်မှာ တကမ္ဘာလုံးရှိ အစိုးရအားလုံး မည်သည့်အစိုးရမျှ မငြင်းနိင်သော အနိမ့်ဆုံးတာဝန် ဖြစ်သည်။ ဇန်န၀ါရီလ (၁၄) ရက်နေ့တွင် လိုင်ဇာမြို့ပေါ်သို့ လက်နက်ကြီးများ ကျရောက်ပြီး အရပ်သားလူထုများ သေကြေဒဏ်ရာရခဲ့ကြသည်။ ယင်းအတွက် ဦးသိန်းစိန် အစိုးရတွင် လုံးဝတာဝန်ရှိသည်။ ၄င်းတို့စစ်တပ်မှ ပစ်ခြင်းမဟုတ်ဟု ဘူးကွယ်ရုံမျှနှင့် မလုံလောက်။ အခြားမည်သည့် အဖွဲ့အစည်းက ပစ်ကြောင်းလည်း အစိုးရက မဖေါ်ထုတ်နိုင်။ စစ်လေယာဉ်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါလျှက် ရိက္ခာပို့တာပါ ငြင်းခဲ့ပြီး နောက်ပိုင်းကျမှ ထိုးစစ်ဆင်တိုက်ခိုက်တာပါ ဟူ၍ အစိုးရက ဗြောင်လိမ်ခဲ့သည့် သာဓက ရှိသည်။ လက်နက်ကြီးများဖြင့် ပစ်ခတ်သည်မှာ အစိုးရတပ်မှလွဲ၍ အခြားမရှိ။ သေဆုံးသွားခဲ့သူ လူတဦးလျှင် အနည်းဆုံး အမေရိကန် ဒေါ်လာငွေ တသိန်းထက် မနည်းသော လျော်ကြေးငွေ ပေးအပ်ရန် အစိုးရတွင် တာဝန်ရှိသည်။

(၉) ကချင်ပြည်နယ်အတွင်း ကေအိုင်အေ ထိမ်းချုပ်ထားရာနေရာများတွင် ရောက်ရှိခိုလှုံနေကြသော စစ်ဘေးဒုက္ခသည်ဦးရေမှာ ခုနှစ်သောင်းကျော်မျှ ရှိသည်ဟု သိရသည်။ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများက ၄င်းတို့အတွက် ရိက္ခာဆေးဝါးများ၊ အခြားလိုအပ်သော လူမှုရေးအကူအညီများ ပေးအပ်ရန်ကြိုးပမ်းသည်ကို ဦးသိန်းစိန်အစိုးရက လူသားချင်း စာနာစိတ်ကင်းမဲ့စွာ ပိတ်ဆို့ထားခဲ့သည်။ ဤသည်မှာ မြန်မာနိုင်ငံက လက်မှတ်ရေး ထိုးအတည်ပြုထားသော ၁၉၄၉ ခုနှစ် ဂျီနီဗာကွန်ဗင်းရှင်း (Geneva Convention relative to the Protection of Civilian Persons in Time of War) ပုဒ်မ ၂၃ ကို ချိုးဖေါက်၍ နိုင်ငံတကာပြစ်မှုကြီး ကျူးလွန်ခြင်းဖြစ်သည်။ နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး ရောမဥပဒေ (Rome Statue of the International Criminal Court) ၏ ပုဒ်မ (၈) စစ်ရာဇ၀တ်မှု ဆိုင်ရာ ပြဌာန်းချက် ပုဒ်မခွဲ (၂) အပုဒ် (၂၅) ကို ချိုးဖေါက်ကျူးလွန်ရာရောက်သည်။ ကချင်ပြည်နယ်တခုလုံးအတွင်းရှိ စစ်ဘေးဒုက္ခသည်များ အားလုံးအား ပေးအပ်မည့် လူသားချင်းစာနာထောက်ထားသည့် အကူအညီမှန်သမျှ ချက်ခြင်းရရှိကြစေရန် ဦးသိန်းစိန်အစိုးရက အမြန်ဆုံး ဆောင်ရွက်ရန် တောင်းဆိုသည်။

အောင်ထူး (ရှေ့နေ) (မဟာဝိဇ္ဇာ၊ လူ့အခွင့်အရေး)
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်

---------------------------------------------------------------------------------

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (၃/၂၀၁၃) ၁၃၇၄ ခုနှစ် ၊ ပြာသိုလဆန်း ၇ ရက် (၂၀၁၃ ခုနှစ် ၊ ဇန်နဝါရီလ ၁၈ ရက်)

၁။ ကချင်ပြည်နယ်၊ လဂျားယန်ဒေသတွင် KIO/KIA လက်နက်ကိုင်တပ်ဖွဲ့များက လဂျားယန် တပ်မတော်စခန်းအား ၂၀၁၂ ခုနှစ် မတ်လမှစတင်ပြီး ဝန်းရံပိတ်ဆို့ထားခြင်း၊ လဂျားယန်စခန်းသို့ ရိက္ခာပို့ဆောင်သည့် တပ်မတော်စစ်ကြောင်းများကို ချုံခိုတိုက်ခိုက်ခြင်း၊ မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စုလမ်းမကြီးကို အများပြည်သူများ အသုံးမပြုနိုင်အောင် ပိတ်ဆို့ထားခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းများအား ပြုလုပ်ခဲ့သည့်အတွက် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှ စတင်၍ ပွိုင့် ၇၇၁ တောင်ကုန်း အပါအဝင် လဂျားယန်ဒေသရှိ KIO/ KIA ခြေကုတ်စခန်းများအား တပ်မတော်စစ်ကြောင်းများမှ ရှင်းလင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရသည်။

၂။ ၂၀၁၁ ခုနှစ် ဇွန်လ၌ တပ်မတော်နှင့် KIO/KIA ကြား တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားချိန်မှစပြီး တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အတိုင်း မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရန်အတွက်သာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် KIO/KIA လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် လဂျားယန်စခန်းရှိ တပ်မတော်သားများထံသို့ ရိက္ခာပို့ဆောင်သည့် တပ်မတော် စစ်ကြောင်းများကို သုံးကြိမ် ချုံခိုတိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်သား(၃၅)ဦး ကျဆုံးကာ (၁၉ဝ)ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ လဂျားယန်စခန်းမှာ ၁၉၉၄ ခုနှစ် အပစ်အခတ် ရပ်စဲရေးမတိုင်မီ (KIO/KIA တို့၏ လိုင်ဇာစခန်းမရှိမီ) ကပင် တပ်မတော်က အခြေစိုက်၍ နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့သည့် စခန်းဖြစ်ပြီး ထိုစခန်းသို့ ရိက္ခာများ ပို့ဆောင်မည်ဖြစ်ကြောင်းကိုလည်း KIO/KIA အဖွဲ့သို့ ကြိုတင်အသိပေးပြီးမှ ဆောင်ရွက်ခဲ့သည့်တိုင် KIO/KIA အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ရိက္ခာပို့ဆောင်နိုင်ခြင်း မရှိသည့်အတွက် စခန်းအတွင်းရှိ တပ်မတော်သား စစ်သည်များအနေဖြင့် စားနပ်ရိက္ခာများ ပြတ်လပ်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေကို ရောက်ရှိလာသောကြောင့် စစ်သည်များ အသက်ဆုံးးမှုမှ ကာကွယ်နိုင်ရန်အတွက် အထက်ပါနယ်မြေ ရှင်းလင်းမှုများကို တပ်မတော်က မလွဲမရှောင်သာ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။

၃။ လေကြောင်းပစ်ကူ ရယူခဲ့ရခြင်းမှာလည်း KIO/KIA တပ်စခန်း ပစ်မှတ်များကိုသာ တိတိကျကျ ထိမှန် ချေမှုန်းနိုင်ရန်နှင့် စစ်ပွဲနှင့်မသက်ဆိုင်သော အရပ်သားပစ်မှတ်များကို ရှောင်လွဲလိုသောကြောင့်ဖြစ်သည်။ KIO/ KIA တပ်များသည် လဂျားယန်စခန်းအား အပြင်မှ သံဆူးကြိုးခတ်၍ အဆက်အသွယ် ဖြတ်တောက်ထားသောကြောင့် တပ်စခန်းအတွင်းရှိ တပ်မတော်သားစစ်သည်များအတွက် ရိက္ခာပို့ရန်၊ စစ်ရေးအရ တိုက်ခိုက်ရန်သာ ရှိသဖြင့် မလုပ်မဖြစ် လုပ်ခဲ့ရခြင်းဖြစ်သည်။ တပ်မတော်သည် ငြိမ်းချမ်းရေးစကားဝိုင်းမှတစ်ဆင့် မိမိတပ်စခန်းများကို ရွှေ့ပြောင်းပေးရန် ဆုံးဖြတ်ထားခဲ့သော်လည်း တစ်ဘက်လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် KIO/KIA မှ လာရောက်ခြင်းမရှိဘဲ နိုင်ငံတော်အစိုးရမှ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ခြင်းနှင့် ရွှေလီဆွေးနွေးပွဲကို ပျက်ပြားစေခဲ့ခြင်း စသည့် အကြောင်းအချက်များသည် ယခုတိုက်ပွဲများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်လာစေသည်။

၎။ ယခုအခါ တပ်မတော်အနေဖြင့် လဂျားယန်စခန်းရှိ စစ်သည်များ လုံခြုံရေးနှင့် မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးအတွက် လိုအပ်သည့် ကန့်သတ်ရည်မှန်းချက်များကို ရရှိပြီးဖြစ်သောကြောင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ၀၆း၀၀ နာရီမှ စတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရှိရသည်။

၅။ တပ်မတော်အနေဖြင့် နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်ဖြစ်သည့် မိမိကိုယ်မိမိ ခုခံကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန် ဆိုသည့်အချက်ကို တိကျစွာ လိုက်နာသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထပ်မံအတည်ပြု ပြောကြားသည်။ သို့သော် လက်နက်ကိုင် ပဋိပက္ခတစ်ခုတွင် တင်းမာမှု အရှိန်လျော့ကျစေရန်အတွက် နှစ်ဘက်လုံးက တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားရန် လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် KIO/KIA အနေဖြင့်လည်း တပ်မတော်တပ်ဖွဲ့များကို စတင်တိုက်ခိုက်မှုမပြုရေး လက်အောက်တပ်ဖွဲ့များကို ညွှန်ကြားကြပ်မတ်သွားရန် တိုက်တွန်းသည်။ ပြီးခဲ့သော ဖြစ်စဉ်များကို ပြန်လည် လေ့လာပါက မိမိကိုယ်ကို ခုခံကာကွယ်ရုံမှအပ ချီတက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်း မပြုရန် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ရရှိခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် အထိ KIO/KIA အဖွဲ့အနေဖြင့် လမ်းတံတား ဖောက်ခွဲဖျက်ဆီးမှု (၁၂၂)ကြိမ်၊ မိမိတပ်စခန်းများအား လာရောက်ငေ့်ယှက်ပစ်ခတ်ခြင်း (၆၄) ကြိမ်၊ အရပ်သားများ မိုင်းနင်းမိခြင်း (၃ဝ)ကြိမ်၊ လုယက် ဖျက်ဆီးခြင်း (၆ဝ)ကြိမ်၊ လူသစ် စုဆောင်းခြင်းနှင့် အဓမ္မဖမ်းဆီးခြင်း (၂၈) ကြိမ်ရှိခဲ့ပြီး မိမိတပ်များနှင့် ထိတွေ့မှုပေါင်း (၁ဝ၉၅) ကြိမ် ဖြစ်ပွားခဲ့ကာ ၎င်းဖြစ်စဉ်များတွင် အရာရှိစစ်သည် အများအပြား ကျဆုံးခြင်း၊ ဒဏ်ရာရခြင်းများ ရှိခဲ့သည်။

၆။ ထို့ပြင် ကချင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ဒုက္ခရောက်နေရသည့် ပြည်သူများကို စာနာထောက်ထားသောအားဖြင့် အများပြည်သူ အသုံးပြုနေသည့် ကားလမ်း၊ ရထားလမ်းများကို ပိတ်ဆို့ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်းများ မပြုလုပ်ရန်လည်း လိုအပ်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် KIO/KIA လက်နက်ကိုင်အဖွဲ့များက မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် မိုင်းခွဲတိုက်ခိုက်မှု (၅၆) ကြိမ်၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ် ပူတာအိုလမ်းတွင် မိုင်းခွဲ တိုက်ခိုက်မှု (၁၅) ကြိမ်၊ မြစ်ကြီးနား- ဗန်းမော် ကားလမ်းတွင် မိုင်းခွဲတိုက်ခိုက်မှု (၄၂) ကြိမ် ပြုလုပ်ခဲ့သည့်အတွက် ပြည်သူများ ထိခိုက်ဒဏ်ရာရ အသက်ဆုံးရှုံးမှုများရှိသကဲ့သို့ လမ်းပန်းဆက်သွယ်ရေးများလည်း ပြတ်တောက်ခဲ့ရသည်။ ထိုကဲ့သို့ တိုက်ခိုက်မှုများကြောင့် ကချင်ပြည်နယ်တွင် ကုန်ဈေးနှုန်းများ ကြီးမြင့်လာခဲ့ပြီး အထူးသဖြင့် ပူတာအိုဒေသရှိ ပြည်သူများ အနေဖြင့် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ရင်ဆိုင်နေရသဖြင့် တပ်မတော်လေယာဉ်များနှင့်ပါ ရိက္ခာများ ကူညီပို့ဆောင်ပေးလျက် ရှိသည်။ တပ်မတော်အနေဖြင့် အရပ်ဘက်ပစ်မှတ်များကို လုံးဝတိုက်ခိုက်ခြင်းမပြုရန် ညွှန်ကြားထားပြီးဖြစ်သဖြင့် KIO/KIA လက်နက်ကိုင်အဖွဲ့အနေဖြင့်လည်း အများပြည်သူ သွားလာနေသည့် ရထားလမ်း၊ ကားလမ်းများကို နှောင့်ယှက် တိုက်ခိုက်နေခြင်းများအား ရပ်ဆိုင်းရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာ လက်နက်ကိုင်တိုက်ခိုက်မှုများ အရှိန်လျော့ကျလာသည့်နှင့်အမျှ ဒေသခံပြည်သူများအတွက် စီးပွားရေး၊ လူမှုရေး အကူအညီများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

၇။ နိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် အပစ်အခတ်ရပ်စဲရေးမှတစ်ဆင့် ခိုင်မာသည့် နိုင်ငံရေးဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ KIO/KIA နှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။ နောင်တွေ့ဆုံ ဆွေးနွေးမှုများတွင် KIO/KIA လက်နက်ကိုင်အဖွဲ့မှ တပ်ပိုင်းဆိုင်ရာများကို အဆုံးအဖြတ်ပေးနိုင်သည့် ပုဂ္ဂိုလ်များက တပ်မတော်နှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းရန် လိုအပ်သည်။

၈။ နိုင်ငံတော်အစိုးရသည် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ရန်အတွက် KIO/KIA အပါအဝင် တိုင်းရင်းသားပြည်သူအားလုံးနှင့် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

11ReadMore-2.jpg

Friday, January 18, 2013

အစိုးရစစ်တပ်၏ ရိက္ခာပစ္စည်းများစွာကို ကေအဲန်ယူ မီးရှို့ဖျက်ဆီးခဲ့

Posted by KSNG MEDIA
ဇန်န၀ါရီလ ၁၇ရက်။ ၂၀၁၃ခုနှစ်
စောလားခတ်မူး (ကရင်ကျောင်းသားများကွန်ယက်)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်၏ ရိက္ခာပစ္စည်း မြောက် များစွာကို ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၅တပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးလိုက်သည်ဟု ထိုဒေသမှ လာသည့်သတင်း အရ သိရှိရသည်။


ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ရက်နေ့ မွန်းလွဲပိုင်းတွင် အစိုးရ စစ်တပ်၏ ရိက္ခာပစ္စည်းမျိုးစုံကို တင်ဆောင် လာသည့် မော်တော်ယာဉ်များသည် ကေအဲန်ယူ တပ်မဟာ (၅)သတ်မှတ်ထားသော နယ်မြေကို ကျော် လွန်၍ ၀င်ရောက် လာသဖြင့် ယခုလို ကေအဲန်ယူတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ(၅)၏ သတင်းရပ်ကွက်အရ သိရှိရသည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသော အစိုးရစစ်တပ်၏ ရိက္ခာပစ္စည်းများမှာ ဆန်အိတ် ၄၀၇အိတ်၊ ပဲ ၂၂အိတ်၊ ဆား ၂အိတ်၊ စားသုံးဆီ ၂၃ပုံး၊ စိမ်းစားငါးပိ ၂အိတ်၊ သကြား ၃အိတ်၊ လက်ဖက်ခြောက် ၁အိတ်၊ နို့ဆီ ၁၂ဖာ၊ အမဲဗူး ၂ဖာ၊ အရက် Armera အမျိုးအစား ၆ဖာ အပါအ၀င် ရိက္ခာပစ္စည်း အမျိုးပေါင်း (၁၂)မျိုး ပါဝင်သည်။ သို့သော် မော်တော်ယာဉ်များကိုမူ မီးရှို့ဖျက်ခြင်းမရှိကြောင်း သိရှိရသည်။


ကေအဲန်ယူနှင့်အစိုးရတို့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့သည့်နောက်ပိုင်း အစိုးရစစ် တပ်ဘက်မှ ရှေ့တန်းရှိ ရိက္ခာပစ္စည်းများ အဆက်မပြတ်ပို့ဆောင်လျှက်ရှိသလို ၎င်းတို့၏ တပ်စခန်း များကိုလည်း သွပ်ဖြင့်မိုးခြင်း၊ သစ်လုံးကြီး၊ အုတ်နှင့် ဘိလပ်မြေများဖြင့် အခိုင်အမာတည်ဆောက် ခြင်းအပြင် ဆက်သွယ်ရေးမြောင်းများကိုလည်း တူးဖော်မှုများလုပ်ဆောင်လျှက်ရှိ သည်ဟု ရှေ့ တန်းရှိ ကေအဲန်ယူတပ်ဖွဲ့ဝင်များက ပြောသည်။


ကေအဲန်ယူနှင့်မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပြီးခဲ့သည့် ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁၂ရက်နေ့တွင် ကရင်ပြည်နယ်၊ ဖားအံမြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။


ကေအဲန်ယူနှင့် အစိုးရတို့အကြား နှစ်ဘက် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးပြီးခဲ့ သည့်နောက်ပိုင်း အစိုးရစစ်တပ်မှ ကေအဲန်ယူတပ်မဟာ(၅)နယ်မြေအတွင်း ရိက္ခာပစ္စည်းများပို့ ဆောင်ခဲ့ ရာတွင် မြေမြှုပ်မိုင်းဟောင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိသော်လည်း ယခုလို ကေအဲန်ယူဘက်မှ ၎င်းတို့၏ ရိက္ခာပစ္စည်းများကို မီးရှို့ဖျက်ဆီးမှုသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။
http://ksngmedia.blogspot.com.au/2013/01/blog-post_6239.html

11ReadMore-2.jpg

Sunday, January 13, 2013

လိုင်ဇာသို့ မာနယ်ပလောသင်ခန်းစာ

၁၉၉၄ သြဂုတ်လထဲတွင် ကေအန်ယူတို့၏ ဌာနာချုပ်ဖြစ်သော မာနယ်ပလော၌ အနာဂတ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွက် ညီလာခံကြီး တခု ကျင်းပခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ စုံစုံညီညီ တက်ရောက် ကြသည်။ လက်နက်မကိုင်သည့် ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားနှင့် မြန်မာအဖွဲ့အစည်းများလည်း ပါဝင်ကြသည်။

ထိုင်းနိုင်ငံအခြေစိုက် ကျောင်းသားအဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်း အကြီးအသေးတွေလည်း ဖိတ်ကြားခံရ သည်။ တောတွင်း၌လည်း ထိုအချိန်က နှစ်ဖွဲ့ကွဲနေသည့် ကျောင်းသားတပ်မတော်ဟု လူသိများသည့် အေဘီအက်စ် ဒီအက်ဖ် နှစ်ဖွဲ့လုံးလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ကြသည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင် သည့် နိုင်ငံခြားသား ပညာရှင် တချို့လည်း ဖိတ်ကြားခံရ၍ ရှိနေခဲ့သည်။

ကျနော်၊ ကိုအောင်သူငြိမ်းနှင့် လုပ်ဖော်ကိုင်ဖက် တချို့လည်း ဤဖွဲ့စည်းပုံ အခြေခံဥပေဒ ညီလာခံတက်ရောက်ရန် "ကလလတ"ဒေသ (ကရင်နီပြည်နယ်တောင်ပိုင်း) မှ ရောက်ရှိလာခဲ့သည်။ ထိုအချိန်က ကိုအောင်သူငြိမ်းသည် ဥက္ကဋ္ဌ မိုးသီးဇွန် ဦးဆောင်သည့် “အေဘီအက်စ်ဒီအက်ဖ်” တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည်။ ထိုအချိန်က နှစ်ခြမ်း ကွဲနေသော ကျောင်းသားတပ်မတော် ပြန်လည်ပေါင်းစည်းရေးအတွက် လုံးပန်းနေသော ကာလလည်း ဖြစ် သည်။ ပေါင်းစည်းရေးအတွက် ကော်မရှင်ဖွဲ့သောအခါ ဒေါက်တာနိုင်အောင် ဦးဆောင်သော ဖက်မှ ကော်မရှင်နှစ်ဦး မှာ ဒေါက်တာမြင့်ချို (ယခုသြစတေးလျှ) နှင့် ကိုဝင်းနိုင် (ယခု အာအက်ဖ်အေရေဒီယို ဝါရှင်တန်ဒီစီ) တို့ဖြစ်၍ မိုးသီးဇွန် ဦးဆောင်သောဖက်မှ ကော်မရှင်နှစ်ဦးမှာ စာရေးသူကျနော်နှင့် ကိုလွမ်းဏီ (မင်းဘူးကျော်ကျော်) တို့ ဖြစ်သည်။ ကျနော်တို့ ကော်မရှင်နှစ်ဖွဲ့ သီးသန့််တွေ့ဆုံ ဆွေးနွေးသည့်အခါများ ရှိသလို၊ တပ်ပေါင်းစု ခေါင်းဆောင်များကို တရား သူကြီးများ သဖွယ် ရှေ့မှာထား၍ ဆွေးနွေးရသည့် အခါများလည်း အကြိမ်ကြိမ် ရှိခဲ့သည်။ ထိုအချိန်က တပ်ပေါင်းစု ခေါင်းဆောင်များ ထဲမှ ကျနော်တို့ ကော်မရှင်နှစ်ဖွဲ့ကို တွေ့ဆုံရသည့် ခေါင်းဆောင်များကတော့ ကေအန်ယူမှ ဗိုလ်ချုပ်တာမလာဘော၊ ရခိုင်အဖွဲ့မှ ခေါင်းဆောင် တဦးဖြစ်သည့် ခိုင်စိုးနိုင်အောင်၊ ရံဖန်ရံခါ မွန်အဖွဲ့မှ အတွင်းရေးမှူး နိုင်ဟံသာတို့လည်း ပါရှိသည်။ ဖဒိုမန်းရှာလည်း တခါတရံ ဆွေးနွေးပွဲ၌ လာထိုင်တတ်သည်။

အနာဂတ် မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ကျင်းပနေသည့် ရက်များအတွင်း ကျနော်တို့ အင်အားစု တချို့အကြား နောက်ထပ် ဆွေးနွေးဖြစ်သည့် ကိစ္စတခုကတော့ မာနယ်ပလော ဌာနချုပ် အစိုးရလက်တွင်း ကျနိုင်မကျနိုင် ဆိုသည့် ဆွေးနွေးချက်များ ဖြစ်သည်။ မာနယ်ပလောဌာနချုပ်ကို အစိုးရတပ်များ ဝိုင်းထားသည်မှာ ၁၉၉၁ နှစ်ကုန် ကတည်းက ဖြစ်သည်။ တိုက်ပွဲများ ပြင်းထန်သည်။ အစိုးရတပ်မှ တရုပ်လုပ် တိုက်လေယဉ်များနှင့် နေ့စဉ်ဆိုသလို တိုက်ခိုက်သည့် အထိ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ထိုတိုက်ပွဲများတွင် ထွီးပါးဝီကျိုးခေါ် ခွေးအိပ်တောင် တိုက်ပွဲသည် အပြင်းထန်ဆုံးဟု ဆိုနိုင်သည်။ ၁၉၉၂ ခုနှစ် မတ်လထဲတွင် ခွေးအိပ်တောင်ကို အစိုးရတပ်များ သိမ်းပိုက်နိုင်ခဲ့သည်။ အမြောက်ကြီးများဖြင့် တရက်ကို အလုံးတရာထက် မနည်း နှစ်လသုံးလခန့် ဆက်တိုက် ပစ်ခတ်ခဲ့သည်။ အစိုးရတပ်မှ ကျွံပြီးဝင်လာသော ဗိုလ်မှူး မင်းညဏ်ရှိန် ဦးစီးသည့် တပ်ခွဲတခုအား ကျောင်းသားတပ်များနှင့် ကေအန်ယူကွန်မင်ဒိုများ ဝိုင်းပတ်ချေမှုန်းသည်။ ဗိုလ်မှူး မင်းညဏ်ရှိန် တပ်ခွဲမှ ဆွီဒင်နိုင်ငံလုပ် ကားလ်ဂူးစတပ်ဖ် ရော့ကက်လောင်ချာ တလက် ကို ကေအန်ယူ ကွန်မင်ဒိုများမှ သိမ်းပိုက် ရရှိခဲ့တာကို မှတ်မိသေးသည်။

ခွေးအိပ်တောင် ကျသွားသော်လည်း မာနယ်ပလောသည် လွယ်လွယ်နှင့်မကျနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မာနယ် ပလော ဌာနချုပ်၏ တည်နေရာသည် ကျယ်ပြန့်သည်။ သံလွင်မြစ်နှင့် သောင်ရင်းမြစ် အကြားမှာတည်ရှိ၍ ဌာနချုပ် အနောက်ဖက် တကြောလုံးကို အလွန်ရေစီးသံသည့် သံလွင်မြစ်နှင့် ဒေါနတောင်တန်းကြီးက တံတိုင်းသဖွယ် ကာထား သည်။ အရှေ့ဖက် တွင်လည်း သောင်ရင်းမြစ်နှင့် ထိုင်းနိုင်ငံနယ်နမိတ် မျဉ်းကြောင်းက ကာဆီးထားပြန်သည်။ ဘာနှင့် တူသလဲဆိုလျှင် အင်းဝမြို့ကို ဧရာဝတီမြစ်နှင့် ဒုတ္ထဝတီမြစ်တို့ ကာရံပေးထားသလိုမျိုး ဖြစ်သည်။

၁၉၉၂ သင်္ကြန်ကာလ မတိုင်မီ အစိုးရဖက်မှ ဗိုလ်ချုပ်မောင်လှက ဦးစီး၍ အပစ်အခတ် ရပ်စဲရေးကို ကြေညာ ခဲ့သည်။ ခွေးအိပ်တောင် အစိုးရလက်တွင်း ကျသွားသော်လည်း အစိုးရတပ်တွင်းမှာ အခက်အခဲများ ဆက်လက် ရင်ဆိုင်နေခဲ့ရ၍ ဖြစ်သည်။ မာနယ်ပလော ကာကွယ်ရေးအတွက် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များမှလည်း လာရောက်ကူညီ တိုက်ခိုက်ပေးခဲ့ကြသည်။ ၁၉၉၁ ဒီဇင်ဘာလမှ ၁၉၉၂ ဧပြီလအထိ အစိုးဖက်မှ ဒဏ်ရာရ ကျဆုံးသူပေါင်း သုံးထောင်ခန့် ရှိခဲ့သည်။ ခွေးအိပ်တောင်တခုသာ သိမ်းပိုက်နိုင်ခဲ့သည်။ မာနယ်ပလော တခုလုံးကို သိမ်းပိုက်ဖို့ဆိုလျှင် နောက်ထပ်ရင်းရမည့် တပ်အင်အားကား သည့်ထက်မက များပြားသည်ကို တွက်ချက်နိုင်သည်။ တချိန်ထဲမှာလည်း အစိုးရ စစ်ကြောင်းများမှ တပ်ပြေးများကလည်း မနည်းလှ။ တပ်များအတွင်း စိတ်ဓာတ်ရေးရာအရ တစုံတရာ ကျဆင်းနေသည်ကို ပြန်လည် ဆယ်မရန် အစိုးရဖက်မှ အပစ်အခတ် ရပ်စဲကြောင်း ကြေညာသည်ဟု ယူဆရသည်။ အချိန်ဝယ်သည့် သဘော မျိုး ဖြစ်သည်။

မာလယ်ပလော ဌာနချုပ် အစိုးရလက်တွင်း ကျသွားနိုင်သလား ဆိုတဲ့ ဆွေးနွေးချက်ကို ပြန်သွားပါမည်။ အယူအဆ ကလည်း အမျိုးစုံလှသည်။ တချို့က ဒီလိုတွက်သည်။ အစိုးရသည် မာနယ်ပလောကို မည်သည့်နည်းနှင့်မဆို ရအောင် တိုက်ယူနိုင်သည်။ ရှေ့တန်းနယ်မြေအတွင်း အပစ်အခတ်ရပ်စဲ လိုက်ခြင်းသည် နိုင်ငံရေးအရ ဆက်ကစားလိုသောကြောင့် ဖြစ်သည်။ တပ်ကိုအားကောင်းကောင်းနှင့် ဆက်ထိန်းရန်အတွက် ရန်သူရှိနေသေးသည် ဆိုတာကို ပြသဖို့လိုသည်။ ထို့ကြောင့် မာနယ်ပလောကို အပြီးမသိမ်းဘဲ အသက်ရှုပေါက် ပေးထားသည်ဟု မြင်သည့်သူများလည်း ရှိသည်။ တချို့ ကတော့ ဆက်လက် ရင်ဆိုင်ရမည့် နိုင်ငံတကာဖိအားကို စိုးရိမ်သောကြောင့် အပစ်ရပ်လိုက်သည်ဟု ထင်မြင်ချက်ပေးကြ သည်။ မာနယ်ပလောကို အပြီးသိမ်းယူဖို့ဆိုလျှင် အစိုးရဖက်မှ အနည်းဆုံး စစ်သားနှစ်သောင်းကျော် သုံးသောင်းလောက် အသေခံမှ ရမည်ဆိုသည့် တွက်ကိန်းကြောင့် အစိုးရဖက်မှ ခေတ္တနောက်ဆုတ် လိုက်တာသာဖြစ်ကြောင်း တချို့က တွက်ချက်ကြသည်။ တချို့ရဲ့ ဆွေးနွေးချက်များကတော့ ဒီလိုဖြစ်သည်။ ဘယ်လိုဘယ်အကြောင်းနဲ့ မာနယ်ပလော စစ်ဆင်ရေးကို ရပ်ဆိုင်း လိုက်သည်ဖြစ်စေ ဈေးပေါပေါဈေးချိုချိုနဲ့ ရမည်ဆိုလျှင်တော့ မာနယ်ပလောကို အစိုးရက သိမ်းမှာ ပဲ လို့ တွက်ချက်ပြခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ညီလာခံကြီး ပြီးစီးသွားသော်လည်း ကျနော်နဲ့ ကိုလွမ်းဏီ မာနယ်ပလောမှာ ဆက်ရှိနေသည်။ ကျောင်းသားတပ်မတော် ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်များ တဖက်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးရန် ရှိသောကြောင့် ဖြစ်သည်။ ကိုမိုးသီးဇွန်နှင့် ကိုအောင်သူငြိမ်းတို့ကတော့ ညီလာခံအပြီး တနင်္သာရီတိုင်းထဲ၌ ဌာနချုပ်လုပ်ထားသော စခန်းတခု ဆီသို့ ပြန်သွားကြသည်။

၁၉၉၄ ခုနှစ် ဒီဇင်ဘာလလယ်ခန့်တွင် ကျနော်နှင့်ကိုလွမ်းဏီတို့ ဒေါက်တာနိုင်အောင် ဦးဆောင်သည့် သူတို့၏ ဗဟို ဌာနချုပ်သို့ သွားရောက်ခဲ့သည်။ ပြန်လည်ပေါင်းစည်းရေး အတွက် သူတို့ဖက်က ကော်မရှင်နှင့် ဆက်လက်ဆွေးနွေးရန် ဖြစ်သည်။ သူတို့ ဗဟိဌာနချုပ်သည် သံလွင်မြစ် နံဘေးတွင်တည်ရှိသည်။ ထိုနေရာကို ကရင်များက ဒါးဂွင်ဟုခေါ်၍ ကျောင်းသားများကတော့ ဒေါင်းဂွင်ဟု ခေါ်ကြသည်။ နှစ်ညအိပ်ခန့် သူတို့ဌာနချုပ်တွင် ဆွေးနွေးခဲ့ကြပြီး ကျနော်နှင့် ကိုလွမ်းဏီတို့ မာနယ်ပလောသို့ စက်လှေဖြင့် ပြန်ခဲ့ကြသည်။ ဒေါင်းဂွင်နှင့် မာနယ်ပလောအကြားတွင် နယ်စပ်ဈေးကြီး တခုရှိသည်။ သံလွင်မြစ်ကို မေးတင်၍ ထိုင်းနိုင်ငံဖက်ခြမ်း၌ ဆောက်လုပ်ထားသော ဈေးတန်းကြီးဖြစ်သည်။ သော်လဲထ ဈေးဟုခေါ်သည်။ ထိုင်းတွေကတော့ မယ့်စံပလက်ဟု ခေါ်ကြသည်။ ထိုဈေးကြီး၌ ကျနော်နှင့် ကိုလွမ်းနီတို့ နေ့လည်စာ စားကြသည်။ သည့်နောက်တော့ မာနယ်ပလောဖက် ထွက်မည့် စက်လှေကို စုံစမ်းမေးမြန်းရင်း JRS (Jesuit Refugee Service) တွင်အလုပ်လုပ်နေသည့် အမေရိကန်နိုင်ငံသူ အီးဒစ်နှင့် တွေ့သည်။ သူမကလည်း စက်လှေတစီးလုံး စင်းလုံးငှား ထားသည်။ စက်လှေပေါ်တွင် ဆန်အိပ်များ အပြည့်တင်ထားသည်ကို တွေ့ရသည်။ ထိုဆန်အိပ်များက မာနယ်ပလော ဧရိယာတခုတွင် ဖွင့်လှစ်ထားသော အမျိုးသမီး ခရစ်ယန်ကွန်ဗင့်ကျောင်းကို လှူဒါန်းရန်ဖြစ်သည်ဟု အီးဒစ်က ပြောပြ သည်။

ကျနော်တို့ကို သူ့လှေနှင့်လိုက်လိုက လိုက်နိုင်ကြောင်းပြော၍ ကျနော်တို့အတွက် အဆင်ပြေသွားသည်။ လှေခလည်း ကုန်စရာမလိုတော့။ သံလွင်မြစ်အတိုင်း ရေကိုစုန်၍ စက်လှေကထွက်လာသည်။ သော်လဲထမှ ထွက်၍ မိနစ်လေးဆယ် ငါးဆယ်လောက် အကြာတွင် သံလွင်နှင့်သောင်ရင်း မြစ်ဆုံသို့ ရောက်လာသည်။ ဤတွင် ကျနော်တို့ စက်လှေ အတား ခံရသည်။ တားသူများကတော့ ကေအန်ယူ ယူနီဖောင်းဝတ် စစ်သားများ ဖြစ်သည်။ သေနတ်များကို မြှောက်ပြကာ ဝီစီ မှုတ်၍ တားခြင်း ဖြစ်သည်။ လှေသမားလည်း ကမ်းကိုကပ်၍ ရပ်ပေးရသည်။ မရပ်ပါက သေနတ်ဖြင့် အပစ်ခံရဖွယ်ရှိသည်။ အနီးနားရောက်မှ မြင်ရသည်ကတော့ ထိုကေအန်ယူစစ်သားများသည် ခေါင်းတွင် သင်္ကန်းရောင် အစများကို ခေါင်းစည်း သဖွယ် ပတ်ထားကြ၍ သေနတ်များတွင်လည်း သင်္ကန်းစများကို ချည်ထားကြသည်။ ကျနော့်အထင်တော့ အနည်းဆုံး သင်္ကန်းကို ခေါင်းပတ်ထားသော စစ်သားများမှာ အရေအတွက်အားဖြင့် နှစ်ရာခန့်ရှိသည်။

လှေရပ်အပြီး သူတို့ထဲက ခေါင်းဆောင်ဖြစ်ဟန်တူသူက ကျနော်တို့ကို ယောက်ဖတို့ ဘယ်အဖွဲ့ကလဲ ဘယ်သွားမှာလဲဟု မေးသည်။ တခုခုဖြစ်နေပြီဆိုတာကို ကျနော်သဘောပေါက်လိုက်သည်။ ကျနော်က ကျနော်တို့သည် ကျောင်းသားအဖွဲ့ က ဖြစ်ကြောင်း မာနယ်ပလောကို ပြန်မှာဖြစ်ကြောင်း ပြောလိုက်သည်။ ထိုသူက ဒီအင်္ဂလိပ်မကကော ဘယ်သွားမှာလဲဟု မေးလာပြန်သည်။ ကျနော်က စကားပြန်လုပ်၍ ထိုအမျိုးသမီးသည်လည်း မာနယ်ပလောကို သွားမှာဖြစ်ကြောင်း ဆန်အိပ် များကလည်း သူ့ဆန်အိပ်များဖြစ်ကြောင်း ရှင်းပြသည်။ ဒီဆန်အိတ်တွေက ဘယ်သူ့အတွက်လဲဟု မေးလာ၍ ဒုက္ခသည် များအတွက် ဖြစ်ကြေင်း ကျနော်ကဝင်ပြောရပြန်သည်။ ခရစ်ယာန် ကွန်ဗင့်ကျောင်းအတွက်ဟု မပြောရဲသောကြောင့် ဖြစ်သည်။ ထိုခေါင်းဆောင် ဖြစ်ဟန်တူသူက ကျနော်တို့ကို လှေပေါ်မှဆင်းခိုင်း၍ လှေသမားနှင့်အတူ သောင်ပြင်ပေါ်တွင် ထိုင်ခိုင်းထားသည်။ သူကပဲ ဆက်၍ သူတို့တောင်ပေါ်မှ ဆင်းလာရခြင်းမှ ဘာသာရေး မညီမျှမှု ဖြစ်သောကြောင့် ဆန္ဒ ပြရန် ဤမြစ်ဆုံ ဘုန်းကြီးကျောင်းကို ဆင်းလာရခြင်း ဖြစ်ကြောင်း ရှင်းပြနေသည်။ သူတို့နဖူးမှာ သင်္ကန်းစတွေကို စည်းထား ကတည်းက ကျနော့်အနေနဲ့ သဘောပေါက်ပြီးသားပါ။

ပြီးခဲ့သည့် လပိုင်းအတွင်းမှာ ဗုဒ္ဓဘာသာဝင် ကရင်အရပ်သားများနှင့် ကေအန်ယူ ခရစ်ယန် အရာရှိတဦးအကြား ပြဿနာ ဖြစ်ထားတာကိုလည်း ကျနော်တို့ သိထားသောကြောင့် ဖြစ်သည်။ ထို့အပြင် ကရင်လူမျိုး ဘုန်းတော်ကြီးတပါးက (မြိုင်ကြီးငူ ဆရာတော်) ရှေ့တန်းနယ်မြေ တနေရာတွင် စေတီငယ်တဆူ တည်သည့် ကိစ္စနှင့် ပတ်သက်၍ ထို ဘုန်းတော် ကြီးသည် ရန်သူအစိုးရ လက်နက်ကြီးပစ်လျှင် လွယ်ကူစေရန် နေရာအညွှန်းပြသည့် သဘောဖြင့် ထိုစေတီကို တည်သည် ဟု ကရင်အရာရှိ တချို့ကမြင်နေခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်လည်း မြိုင်ကြီးငူ ဆရာတော်၏ မြစ်ဆုံကျောင်းသို့ ဥပုသ် နေ့များတွင် စက်လှေဖြင့်လာရောက်သည့် ဗုဒ္ဓဘာသာဝင် ကရင်ဒေသခံများအား ခရစ်ယာန် ကေအန်ယူ အရာရှိတချို့မှ သောင်ပြင်ပေါ်တွင် နေပူလှမ်းခြင်း ရိုက်နှက်ခြင်းများပြုလုပ် ထားတာကလည်း ရှိထားသည်။ ထိုအရာရှိများ၏ အဆို ကတော့ စစ်ပူနေသည့် ကာလကြီးမှာ တိုက်ပွဲဖြစ်ပွားနေသည့် ခွင်အတွင်းမှာ ရှိသည့် ဘုန်းကြီးကျောင်းကို လာရသလား တခြားကျောင်းတွေကို ဘာလို့ မသွားတာလဲ စသဖြင့် စွပ်စွဲ၍ ရိုက်မောင်းပုတ်မောင်း လုပ်ထားများကလည်း ရှိနေ သေးသည်။ နောက်ဆုံး တိုတိုပြောရရလျှင် မာနယ်ပလော ခံစစ်ကုန်းများပေါ်မှာ ဗုဒ္ဓဘာသာ ကေအန်ယူရဲဘော်များ လက်နက်အစုံဖြင့် ဆင်းလာ၍ မြစ်ဆုံ ဘုန်းကြီးကျောင်းကို သပိတ်စခန်းအဖြစ် ဖွင့်လှစ်လိုက်ခြင်းပင်။

ကျနော်တို့လည်း သောင်ပြင်ပေါ် နေပူပူအောက်မှာ နှစ်နာရီလောက် ထိုင်နေခဲ့ရသည်။ ထို့နောက် သူတို့အထဲမှ ခေါင်းဆောင် ဖြစ်ဟန်တူသူက ယောက်ဖတို့သွားလို့ရပြီဆိုမှ သက်ပြင်းချနိုင်တော့သည်။ တခါ မာနယ်ပလောဝင်သည့် သောင်းရင်းမြစ်ထဲရှိ သစ်စက်ဂိတ်မှာလည်း ကျနော်တို့ နောက်ထပ်တနာရီလောက် အစစ်ဆေးခံရပြန်သည်။ ဗုဒ္ဓဘာသာ ကရင်စစ်သား အရေအတွက် ဘယ်လောက် မြစ်ဆုံမှာ ရှိသလဲ၊ ဘာလက်နက်တွေ ကိုင်ထားသလဲ စသဖြင့် အမေးအမြန်း ခံနေရခြင်း ဖြစ်သည်။ သို့ဖြင့် ညနေနေဝင်ခါနီးလောက်မှ ကျနော်တို့စက်လှေ မာနယ်ပလောကို ရောက်တော့သည်။ လှေကြုံလိုက်မိသော ကျနော်နှင့်ကိုလွမ်းဏီမှာ သောပြင်နေပူထဲတွင် နှစ်နာရီခန့် နေခဲ့ရသလို မာနယ်ပလော ရောက်တော့ လည်း လှေဆိပ်မှာ လူမရှိသောကြောင့် အီးဒစ်၏ ကွန်ဗင့်ကျောင်းကိုလှူမည့် ဆန်အိတ်များအား ကမ်းစပ်သို့ ထမ်းချပေး လိုက်ရသေးသည်။ ကျနော်တို့အား တားဆီးသော ထိုဗုဒ္ဓဘာသာဝင် ကေအန်ယူ စစ်သားများသည် နောင်မကြာမီ၌ ဒီကေဘီအေ ဟူ၍ဖွဲ့စည်းကာ ကေအန်ယူမှ ခွဲထွက်လိုက်ကြသည်။

သည့်နောက် မာနယ်ပလောတွင် လူကြီးများခေါင်းချင်းရိုက်၍ ပြဿနာကို ဘယ်လိုဖြေရှင်းမည်နည်းဟူ၍ စဉ်းစားကြသည်။ အဖွဲ့အစည်း ပေါင်းစုံမှ ခေါင်းဆောင်များဖြင့် ဆွေးနွေးရန်ကိုယ်စားလှယ်အဖွဲ့ တခုကို ဖွဲ့စည်းလိုက်သည်။ ကျနော်တို့ဖက်မှ ကိုလွမ်းဏီလည်း ထိုအဖွဲ့တွင် ပါဝင်ခဲ့သည်။ အဖွဲ့ခေါင်းဆောင်ကတော့ ကေအန်ယူက ဖဒိုမန်းရှာဖြစ်သည်။ ၂ဝဝ၈ ခုနှစ် တွင် အမည်မသိ သေနတ်သမားများက မဲဆောက်၌ လုပ်ကြံ၍ ကွယ်လွန်ခဲ့သူ ဖြစ်သည်။ မြစ်ဆုံဘုန်းကြီးကျောင်းကို ဆွေးနွေးဖို့ ရောက်တော့ ဗုဒ္ဓဘာသာ ကရင်စစ်သားများက ဖဒိုမန်းရှာကို ဖမ်း၍ မြေကျင်းကြီးတခုထဲတွင် ချုပ်ထားလိုက် သည်။ နောက်ဆုံး အားလုံး ဝိုင်းဝန်းဆွေးနွေးရာမှ ဖဒိုမန်းရှာကို ပြန်လွှတ်ပေးသည်။ ဖဒိုမန်းရှာသည် ကေအန်ယူ ခေါင်းဆောင်များထဲတွင် ရှားရှားပါးပါး ဗုဒ္ဓဘာသာဝင် တဦးဖြစ်သည်။

တိုတိုနှင့်ချုပ်ရလျှင် ၁၉၉၅ ဇန်နဝါရီ လဆန်းထဲတွင် မာနယ်ပလောကို အမြောက်တချက် မဖောက်ရဘဲ ဗုဒ္ဓဘာသာဝင် ကရင်စစ်သားများ အကူအညီဖြင့် စစ်အစိုးရတပ်များ သိမ်းပိုက်နိုင်ခဲ့သည်။ ဈေးချိုချိုနှင့် ရလိုက်သည်ဟုသာ ပြောရပေ တော့မည်။ အခု ကချင်ပြည်နယ်မှာ ဖြစ်နေသော စစ်ပွဲတွင်လည်း ကေအိုင်အေတို့၏ လိုင်ဇာဌာနချုပ်ကို အစိုးရစစ်တပ် သိမ်းနိုင် မသိမ်းနိုင် ပြောဆိုနေသံတွေ ကြားနေရသည်။ အတွင်းမှာ စိတ်ဝမ်းကွဲလျှင် မာနယ်ပလောလိုပဲ ဈေးအချို အချောင်ဖြင့် အစိုးရဖက်က ရသွားနိုင်သည်။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးအယူအဆများ၊ အကျိုးစီးပွားများနှင့် ပတ်သက်၍ ပဋိပက္ခတွေ ရှိလာခဲ့ပါက အက်ကြောင်းများရှိလာခဲ့ပါက ကြားဝင်နှောက် ခံရနိုင်သည်။ အနှောက်ခံရပါက လိုင်ဇာသည် လွယ်လွယ်နှင့် ဆုံရှုံးသွားနိုင်ဖွယ်ရာ ရှိသည်။ မာနယ်ပလော ကျဆုံးခဲ့ခြင်းကို သင်ခန်းစာ ယူကြဖို့ တိုက်တွန်းလိုသည်။

တဖက်မှာလည်း လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်စေဖို့ နည်းနာများ အကူအညီများ အကျယ်အပြန့် ရှာဖွေဖို့ လိုအပ်သည်။ တရားသဘောအရ ပြောရပါက ဘယ်သူမှားမှား ဘယ်သူမှန်မှန် စစ်ပွဲများရှိနေခြင်းကြောင့် လက်နက်မဲ့ ပြည်သူလူထုတွေဟာ အမြဲတန်း မြေဇာပင်ဖြစ်ကြရသည်။ ကချင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်စေဖို့ လူတဦးတယောက်၊ အဖွဲ့အစည်းတခု စတာတွေအပေါ်မှာ အားကိုးပြီး အဖြေရှာခြင်းထက် ကျယ်ပြန့်သော အသွင်ဆောင်တဲ့ ဆွေးနွေးဖြေရှင်းတာမျိုးက ပိုပြီးအကျိုးလိမ့်မည်ဟု ယူဆပါကြောင်း ထပ်လောင်းပြောပါရစေ။

ဇော်မင်း
၁၁ ရက်နေ့ ဇန်နဝါရီလ ၂ဝ၁၃ ခုနှစ်။
မူရင်း - ရွက်မွန် - http://fine-leaves.blogspot.com.au/2013/01/blog-post_11.ht

11ReadMore-2.jpg

Thursday, January 3, 2013

ကချင်အား ထိုးစစ်ဆင်ခြင်းသည် တိုင်းရင်းသားအားလုံးကို ချေမှုန်းရန် ဦးတည်နေခြင်းဟု UNFC ပြော

ကချင်အား ထိုးစစ်ဆင်ခြင်းသည် တိုင်းရင်းသားအားလုံးကို ချေမှုန်းရန် ဦးတည်နေခြင်းဟု UNFC ပြော

ဇန်န၀ါရီလ ၃ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ကချင်ဒေသအား ထိုးစစ်ဆင်ခြင်းသည် တိုင်းရင်းသားအားလုံးကို ချေမှုန်းရန် ဦးတည်နေခြင်းဖြစ်သည်ဟု ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC မှ ယနေ့ ပြောကြားလိုက်သည်။
UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “ကချင်ကို တိုက်နေတာဟာ UNFC အဖွဲ့ဝင် တိုင်းရင်းသားတွေအားလုံးက ခံစား ချက် မကောင်းဘူး။ ဒါဟာ အခြားတိုင်းရင်းသားအဖွဲ့တွေကို ချေမှုန်းတာနဲ့ တူတယ်။ ဒါကြောင့် ထိုးစစ်ဆင်တာကို ရပ်တန့်ပေးဖို့ အစိုးရကို အားလုံးက တောင်းဆိုနေကြ တယ်”ဟု ကေအိုင်စီ သို့ ပြောသည်။
မြန်မာအစိုးရတပ်များအနေဖြင့် ကချင်ဒေသထိုးစစ်အား မရပ်တန့်ဘဲ ဆက်လက်ထိုးစစ်ဆင်နေပါက UNFC အဖွဲ့ဝင်များအနေ ဖြင့် အစိုးရအပေါ် နိုင်ငံရေး အရသော် လည်းကောင်း၊ စစ်ရေးအရသော်လည်း ရှေ့ဆက် မည်သို့ သဘောထားရှိရမည်များကို ပြန် လည်သုံးသပ်ရန် သဘောတူညီထားမှုများရှိသည်ဟု နိုင်ဟံသာက ဆက်ပြောသည်။
ကချင်ဒေသအား အစိုးရစစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွင် KIO ဌာနချုပ် လိုင်ဇာမြို့ကို သိမ်းပိုင်နိုင်ရန် လိုင်ဇာမြို့တစ် ၀ိုက်ရှိ လဂျားယန်နှင့် နာမ်ဆန်ယန်ရွာအနီး ကချင်လွတ်မြောက်ရေးတပ်မတော်-KIA တပ်စခန်းများကို (၁၀၅)၊ (၁၂၀)မမ လက် နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် ဂျက်တိုက်လေယာဉ်၊ စစ်သုံးရဟတ်ယာဉ်များကို အသုံးပြုနေခြင်းအပေါ် အပြင်းအထန် ရှုတ်ချကြောင်းလည်း ဇန်န၀ါရီလ ၁ရက်နေ့က UNFC မှ ကြေညာချက် ထုတ်ပြန်ထားသည်။
၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၉ရက်နေ့က မြန်မာအစိုးရ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ပုဂ္ဂိုလ်များနှင့် UNFC ကိုယ်စားလှယ်များအ ကြား တွေ့ဆုံဆွေးနွေးခဲ့ရာတွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် သဘောတူညီခဲ့ကြသော်လည်း လက်ရှိ ကချင်ထိုးစစ်ကို ကြည့်ပါက အစိုးရအနေဖြင့် အပြောတမျိုး အလုပ်တမျိုးဖြစ်နေသည်ဟု ၎င်းကြေညာချက်က ဆိုသည်။
မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားများအပေါ် ထားရှိသော သဘောထားများကို ပြောင်းလဲရန် အချိန်တန်ပြီဖြစ်ကြောင်းနှင့် လက်ရှိ အခြေအနေအတိုင်း ဆက်သွားပါက ကချင်ထိုးစစ်အပြီးတွင် အခြားတိုင်းရင်းသားဒေသများသို့ ဦးလှည့်သွားနိုင်ဖွယ်ရှိ ကြောင်းလည်း နိုင်ဟံသာက ဆက်လက်၍ မှတ်ချက်ချပြောဆိုခဲ့သည်။
သူက “အစိုးရက ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ကချင်ကို တိုက်ပြီးရင် ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ သျှမ်းဒေသဘက်ကို လည်း အဦးဆုံး ၀င်ရောက်တိုက်ခိုက်နိုင်ဖွယ်ရှိတယ်။ ဒါကြောင့် ကချင်ကိစ္စကြည့်ပြီး ကျနော်တို့ ဘယ်လိုလုပ်သွားမလဲဆိုတာ အဖွဲ့ဝင်အားလုံးခေါင်းချင်းဆိုင်ပြီး ဆွေးနွေးသွားမယ်”ဟု ဆိုသည်။
ထို့အပြင် တိုင်းရင်းသားများဖြင့် စုပေါင်းနေထိုင်သော နိုင်ငံတွင် အာဏာရလူတစ်စုမှ တိုင်းရင်းသားများအပေါ် နှစ်ပေါင်း ၆၀ ကျော်ကြာ စစ်ရေးဖြင့် ဖိနှိပ်ဝါးမြို၍ ကျွန်ပြုလိုခြင်းသည် မိုက်မဲသောလုပ်ရပ်ဖြစ်ပြီး လတ်တလော ဖြစ်ပေါ်နေသော ထိုးစစ်ဆင် နေမှုကို မရပ်တန့်ပါက နောင်ဖြစ်လာမည့် အကျိုးဆက်အားလုံးသည် အစိုးရနှင့် ဗမာ့တပ်မတော်၏ တာဝန်ပင်ဖြစ်ကြောင်း UNFC ၏ ကြေညာချက်တွင် ထောက်ပြထားသည်။
UNFC ကို ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလက စတင် ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး အမာခံ အဖွဲ့ဝင်များအဖြစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ ချင်းအမျိုးသားတပ်ဦး-CNF၊ ကချင်လွတ်မြောက်ရေးအဖွဲ့-KIO၊ ကရင်အမျိုးသားအစည်းအရုံး-KNU၊ မွန်ပြည်သစ်ပါတီ-NMSP နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော်-SSPP/SSA တို့ ဖြစ်ကြသည်။
ဆက်စပ်အဖွဲ့များအဖြစ် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး-PSLF၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ LDU၊ ညီညွတ်သော ရခိုင်အမျိုးသားပါတီ-NUPA၊ (၀) အမျိုးသား အဖွဲ့ချုပ်-WNO၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO နှင့် ကချင်အမျိုး သားအဖွဲ့-KNO တို့ ပါဝင်ကြသည်

11ReadMore-2.jpg

Tuesday, January 1, 2013

KIA General Gunhtang Gam Shawng interview

11ReadMore-2.jpg

Monday, December 31, 2012

အစိုးရ၏ လဂျားယန် ပွိုင့်တခုကို KIA ပြန်လည် သိမ်းပိုက် နိုင်ခဲ့

အစိုးရ၏ လဂျားယန် ပွိုင့်တခုကို KIA ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့သည်၊ ကြည်းကြောင်း၊ လေကြောင်းနှင့် အမြောက်ကြီးများ၏  တလစပ် ပစ်ခတ် မှုဖြင့် အကာအကွယ် ရနေသော လဂျားယန်ရှိ အစိုးရ တပ်များ သိမ်းပိုက် ထားသော တောင်ကုန်း တခုကို ယနေ့ (၂း ၁၅) နာရီ တွင် ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်ဟု ABSDF မြောက်ပိုင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ဆိုပါသည်။
“ လေယာဉ်ရော အမြောက်ရော ပြင်းပြင်း ထန်ထန် ပစ်နေတဲ့ ကုန်းနှစ်ကုန်း ကနေ ကျနော်တို့ ဆုတ်ပေး ထားတယ်။ အဲဒီ ကုန်းကို အစိုးရ တပ်တွေ ၀င်သိမ်းတယ် မနေ့ ကပေါ့။ ဒီနေ့ ကျတော့ လက်နက် ကြီးနဲ့ လေယာဉ်ဗုံးကျဲ ဒဏ်ကနေ လွတ်တာနဲ့ ကျနော်တို့ တက်ပြီး သိမ်းလိုက် တာပါ။ တက်သိမ်း ပြီးတာနဲ့ အစိုးရ ဖက်က မြေပြင် တပ်ရော လက်နက် ကြီးတွေရော တိုက်လေယာဉ် နဲ့ရော တလစပ် ထပ်မံ ပစ်ခတ် တော့တာပါဘဲ” ဟု ဗိုလ်မှူး မင်းဌေးမှ ဆိုပါသည်။  

လဂျားယန် စစ်မြေပြင်သည် KIA ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန် အချက်အချာ ကျသော နေရာ ဖြစ်ပါသည်။ ဤလမ်း ကြောင်းသည် ဗန်မော်-လိုင်ဇာ လမ်းကြောင်း၏ စစ်ဆင်ရေး အပိုင်း ဖြစ်ပါသည်။ ဤ လမ်းကြောင်းကို ထိုးဖေါက်နိုင် ရန် အစိုးရ တပ်ဖွဲ့များသည် အင်အား တထောင် ကျော်နှင့် ၁၀၅ မမနှင့် ၁၂၀ မမ လက်နက် ကြီးများ အပါဝင် လေကြောင်း အကူပါ တိုက်ခိုက် နေခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ ပြင်းထန်စွာ စစ်ဆင် နေသည့် ကြားမှ KIA နှင့် ABSDF ပူးပေါင်း တပ်ဖွဲ့ တို့က အရေးကြီး တောင်ကုန်း တခုကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

အစိုးရ တပ်များသည် ဆက်လက် ချီတက် နိုင်ရန် ဤ လဂျားယန် စစ်မြေပြင်ကို  (၁၀၅ မမ နှင့် ၁၂၀ မမ) လက်နက်ကြီး များဖြင့် နေ့ည မဆိုင်းဘဲ ပြင်းထန်စွာ တလစပ် ပစ်ခတ် နေခဲ့ ပါသည်။ ထို့အပြင် လေယာဉ် များကလည်း ယနေ့ နံနက် (၈) နာရီ အချိန်မှ စတင်ပြီး လိုက်လံ ဗုံးကျဲ နေခဲ့ ပါသည်။ တိုက်လေယာဉ် (၄) စီး သည် လေးကြိမ်မျှ ပစ်ခတ် ခဲ့ရာတွင် တကြိမ်လျှင် လေယာဉ် (၂)စီး သည် အပြိုင် တလစပ် ပစ်ခဲ့ အပြီးတွင် ထပ်မံ ဗုံးကျဲ သွားသည့် နည်းလမ်းကို အသုံးပြု ခဲ့ပါသည်။

ရှေ့တန်း တစ်နေရာမှ တိုက်ပွဲဝင် ကချင် စစ်သည် တဦးအား မြင်ရစဉ် (ဓါတ်ပုံ - Jadeland)ရှေ့တန်း တစ်နေရာမှ တိုက်ပွဲဝင် ကချင် စစ်သည် တဦးအား မြင်ရစဉ် (ဓါတ်ပုံ - Jadeland)
ဤကဲ့သို့ လေကြောင်း ပစ်ကူ ပေးပြီး နောက်ပိုင်း အစိုးရ တပ်များ ရှေ့တိုးရန် ကြိုးစား ချိန် KIA နှင့် ABSDF ပူးပေါင်း တပ်တို့၏ ချေမှုန်း ခြင်းကို ခံရပြီး အဆိုပါ တောင်ကုန်း ကိုပါ လက်လွှတ် လိုက်ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဤသို့ကြောင့် ညနေ (၄)နာရီ အထိ တိုက်ပွဲများ ပြင်းထန်လျှက် ရှိပါသည်။

လဂျားယန် ဒေသ တဝိုက်သို့ ထိုးစစ် ဆင်လာနေသည့် အစိုးတပ်များမှာ  တပ်မ ၁၀၁ လက်အောက်ခံ ခမရ ၃၁၇၊ ၄၁၄၊ ၄၁၆ တပ်ရင်းများနှင့် တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၃) ရင်း အပြင် အခြားတပ်များလည်း ရှိကြောင်းနှင့် စုစုပေါင်း အင်အား (၁၀၀) ခန့် ရှိနိုင်ကြောင်း ABSDF က ဆိုပါသည်။

ဤစစ်ဆင် ရေး၏ ရှေ့တန်း ဗျူဟာရုံးမှာ  ဒေါ့ဖုန်ယန်း နားရှိ မန်မော် အရပ်၌ ရှိပါသည်။ အစိုးရသည် လဂျားယန် စခန်းများကို သိမ်းပိုက် နိုင်သည်နှင့် KIA နှင့် တွေ့ဆုံ ဆွေးနွေး ရေးကို ထပ်ဆင့် ခေါ်မည်ဟု တွက်ဆ ထားပါသည်။ အဘယ့်ကြောင့် ဆိုသော် KIA ဌာနချုပ်ကို သိမ်းပိုက် ခြင်းထက် လှုပ်ရှား၍ မရအောင် စိုးမိုး ထားပြီး ကျန်ရှိ နေသည့် KIA အင်အား များကို ထိမ်းသိမ်း နိုင်ရန် တွေ့ဆုံ ဆွေးနွေးသည့် နည်းကို ကျင့်သုံးမည်ဟု တွက်ဆ ခြင်းကြောင့် ဖြစ်ပါသည်။

အလားတူ ကချင်ပြည်နယ် မိုးကောင်း မြို့နယ် တောင်နီ ကျေးရွာရှိ အစိုးရ စစ်စခန်း တခုကိုလည်း ယနေ့ နံနက် ၂ နာရီ ဝန်းကျင်တွင် KIA က သိမ်းပိုက် လိုက်သည်ဟု KIA တပ်မဟာ (၂) မှ အရာရှိ တဦးက ပြောပါသည်။ ယင်း တိုက်ခိုက် မှုကို ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၅) မှ တိုက်ခိုက် လိုက်ခြင်း ဖြစ်ပါသည်။

အဆိုပါ စခန်းတွင် ခရမ ၃၈၄ တပ်ဖွဲ့ များနှင့် ခလရ ၁၀၅ တပ်ရင်းမှ မန္တလေး- မြစ်ကြီးနားလမ်း လုံခြုံရေး ယူထားသည့် တပ်ဖွဲ့ များက နေရာယူ ထားပါသည်။ ထို့အပြင် KIA တပ်မဟာ (၄) ရှိ ကွတ်ခိုင် မြို့နယ် ၌လည်း တိုက်ပွဲများ ပြင်းထန် လျှက်ရှိ ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့မှ ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2569--kia-.html

11ReadMore-2.jpg

Wednesday, December 19, 2012

KNU Photos

   http://www.9dblood.com/

11ReadMore-2.jpg

Sunday, December 16, 2012

လဂျားယန် တိုက်ပွဲမှ အစိုးရ သုံ့ပန်းနှင့် ရှရှား ဒုံးကျည်များ

ဒီဇင်ဘာ (၁၄) ရက်နေ့၌ ဖြစ်ပွား ခဲ့သော အစိုးရ တပ်ဖွဲ့၏ လဂျားယန် စစ်ဆင်ရေးတွင် ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး တို့သည် အစိုးရ သုံ့ပန်း တချို့ကို ဖမ်းမိပြီး ရဟတ်ယာဉ်မှ ပစ်လွှတ် လိုက်သည့် မပေါက် ကွဲသော ရုရှားလုပ် ဒုံးကျည်ပါ သိမ်းဆည်း ရရှိ ခဲ့သည်ဟု KIA အရာရှိ တဦးကပြော ပါသည်။  
“ အစိုးရ တပ်ကို ၀ိုင်းထားတဲ့ နေရာကို တဖြည်းဖြည်းနဲ့ ရှင်းနေ တုန်းဘဲ၊ ဒါဏ်ရာ ရထားတဲ့ တပ်သားတွေ (၇)ယောက် လောက် ဖမ်းမိ ထားပြီးပြီ၊ ကျောင်းသားတွေ ဘက်ကတော့ သူတို့ အစိုးတပ်က အလောင်း (၁၇) လောင်းကို ကောင်းကောင်း မွန်မွန် သဂြိုလ်ပေး လိုက်တယ်လို့ ပြောတယ်။  ကျန်တဲ့ နေရာကို ရှင်းနေ တုန်းဘဲ။ အဲဒီထဲက (၁၆) နှစ်တပ်သား အောင်အောင် ကတော့ ဒါဏ်ရာ ပြင်းလို့ မနေ့ ညနေက ဆုံးသွား ပါတယ်။ ထိထားတဲ့ နေရာကို သူတို့ စစ်ကူလည်း မလာဘူး၊ အဲဒီ တပ်တွေ ကဘဲ ဖြည်းဖြည်း လေးနဲ့ ဆုတ်သွား နေတာ။ တပ်ပျက် သလောက် ပါဘဲ သူတို့ ခံရတာ” ဟု ဆိုပါသည်။
http://www.facebook.com/photo.php?v=364622233633936&set=vb.414159518643364&type=2&theater
ရုရှလုပ် ဒုံးကြည် များအား တွေ့ရစဉ်
ကချင် စစ်ပွဲအတွင်း မြန်မာ အစိုးရ ဘက်မှ အသုံးပြု ခဲ့သည့် ရုရှလုပ် ဒုံးကြည်များအား တွေ့ရစဉ် (ဓါတ်ပုံ - မြန်ကြီးနား ဘလော့)
အင်အား (၂၀၀) ခန့် ရှိသည့် အစိုးရ ခမရ (၃၈၈) နှင့် (၃၈၃) တပ်ဖွဲ့ များတို့သည် KIA တို့၏ ချေမှုန်း ရေးကို ခံနေ ရစဉ်တွင် အစိုးရ၏ မြစ်ကြီးနားမြို့ အခြေစိုက် အမှတ် (၅၀၃) နန့်ပေါင် လေတပ် စခန်းမှ Mi-24 Gunship ရဟတ်ယဉ် () စီး သည်၊ လေတပ် စခန်းမှ () ကြိမ် ခေါက်တုန့် ခေါက်ပြန် လာပြီး ဝေဟင်မှ မြေပြင်ပစ် ဒုံးများနှင့် Machine Gun များဖြင့် ပြင်းပြင်း ထန်ထန် ပစ်ကူ ပေးခဲ့ ပါသည်။ http://www.phophtaw.org/burmese/index.php/news/local-news/2516--kia-.html

သို့သော် အစိုးရ စစ်ရဟတ်ယာဉ် (၃) စီး ထဲမှ တစီးသည် KIA ၏ ပစ်ခတ် မှုကို ခံရပြီး မီးခိုးများ ထွက်ကာ ပြန်ဆုတ် သွားခဲ့ သည်ဟု ဆိုပါသည်။ ဤသို့ကြောင့် ဤတိုက်ပွဲ၌ ရဟတ်ယာဉ်ပါ ထိခိုက် သွားခြင်းကြောင့် အ၀ိုင်း ခံနေ ရသော ၄င်းတို့ တပ်ဖွဲ့ များထံသို့ ယခုအထိ လာရောက် စစ်ကူပေးခြင်း မရှိသေးပေ။ http://www.facebook.com/photo.php?v=3529793463472&set=vb.1831311223&type=2&theater

၎င်း စစ်ရဟတ်ယာဉ် များမှ ပစ်လွှတ် လိုက်သော ဒုံးကျည် များသည်လည်း ထိရောက်မှု မရှိ လှပေ။ ဒုံးကျည် များသည်KIA စခန်း အပြင်ဖက် များ၌သာ ကျရောက် ခဲ့ပြီး တချို့ တပ်တွင်း ကျသည့် ဒုံးကျည် များမှာလည်း ပေါက်ကွဲခြင်း မရှိပေ။ အဆိုပါ ဒုံးကျည် များသည် ရုရှား စာသားဖြင့် တံဆိပ်များ ရိုက်နှိပ် ထားသော ဒုံးကျည်များ ဖြစ်ကြ ပါသည်။

ချေမှုန်း ခံခဲ့ရသော အစိုးရ တပ်ဖွဲ့သည် တိုက်ပွဲ ဖြစ်ပွား ခဲ့သော နေရာနှင့် ဝေးဝေး ဆုတ်ခွာ နိုင်ခြင်း မရှိ သေးပေ။ စစ်ကူများလည်း မရောက်ရှိ သေးသဖြင့် ထိခိုက် ဒါဏ်ရာ ရသူ များနှင့် တနေ ရာ၌ ခြေကုတ် ယူထားဆဲ ဖြစ်ပါသည်။ ၄င်းတို့သည် KIA ကို ပြန်လည် စစ်ဆင် နိုင်မည့် အနေ အထား မရှိတော့ဘဲ KIA ၏ ထပ်မံ ချေမှုန်းခြင်း မခံ ရအောင် ရှောင်ကွင်း နေမည်ဟု စစ်ရေး အကဲခတ် များက ဆိုပါသည်။

11ReadMore-2.jpg

Saturday, December 15, 2012

KIA + ABSDF

11ReadMore-2.jpg

Wednesday, December 12, 2012

ဦးအောင်မင်းနှင့် ဦးစိုးသိန်းအကြောင်း တစေ့တစောင်း

သမ္မတကြီး၊ နိုင်ငံတော်အစိုးရ၊ လွှတ်တော်နှင့် ပြည်သူအများ သိစေရန်
အသိပေးတင်ပြသူ... အပြောင်းအလဲကို လိုလားသော စစ်သားဟောင်းတစ်ဦး။


တိုက်ပုံအင်္ကျီဝတ်ပြီး သူတော်ကောင်းယောင်ဆောင်နေသော ဦးစိုးသိန်း (သို့ မဟုတ်) ဒေါင်းယာင်ဆောင်သောကျီး နှင့် သူရဲ့သွေးသောက် ၀န်ကြီး ဦးအောင်မင်းတို့ အကြောင်းများ

ပြည်ထောင်စု ၀န်ကြီး - စက်မှု (၁)၊ စက်မှု (၂)၊ MIC ဥက္ကဌ တာဝန်ယူထားသော ဒေါင်းယောင်ဆောင်နေသည့် ကျီးဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိန်း၊ အစိုးရအဖွဲ့ ရှိနေသ၍ တိုင်းပြည်ဖွံ့ ဖြိ

ုးဖို့ အတွက် အလွန်ခက်ခဲမည်ဖြစ်ကြောင်း ဗဟုအဖွဲ့ မှ ပြောဆိုချက်များအရ စာရေးသူမှာ တိုင်းပြည်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ကြားသိခဲ့ရပါသည်။ ဘာကြောင်လဲလို့  စာရေးသူက မေးတဲ့အခါ ၁၉၉၆ လောက်က တနင်္သာရီ ရေတပ်ဌာန ချုပ်မှာ တာဝန်ထမ်းဆောင်စဉ်ကာလတွင် မြန်မာ နိုင်ငံရေပိုင်နက်အတွင်း ထိုင်းငါးဖမ်း စက်လှေတွေကို တစ်ခါဝင်ဖမ်းတိုင်း ၀ါးလက် (၁)စီးကို သူအတွက် ဘတ်ငွေ ၅ သောင်းပေးရကြောင်း၊ အစီး (၅၀၀) ထက်မနည်းခွင့်ပြုကြောင်း၊ မှောင်ခိုစက်လှေဆိုလျှင် ဘတ်ငွေ (၁၀၀၀၀၀) ပေးရကြောင်း၊ ငွေပေးရသည် အပြင် တစ်ခါတစ်ရံ ကော့သောင်း မိုတယ်မှ အဆိုတော်လေးများ ထည့်ပေးရကြောင်း၊ ထိုင်းလှေပိုင်ရှင်များမှ သူဌေးကျွန်း ဟိုတယ်သို့ ထိုင်းအမျိုးသမီးများကို ဦီးစိုးသိန်းအတွက် ပို့ ပေးရကြောင်းကို ကော့်သောင်းမြို့ မှ လှေလုပ်ငန်းရှင်များမှ ပြောဆိုနေကြသည်။

စက်မှု(၂) ၀န်ကြီးဖြစ်စဉ်မှာလည်း စက်မှုဇုန်ကားထုပ်လုပ်ခွင့်လိုင်စင်ချပေးလျှင် တစ်စီးကို ကျပ်ဆယ်သိန်း ပေးရကြောင်း၊ စုစုပေါင်း အစီရေ (၃၀၀၀) ခန့် လိုင်စင်ထုပ်ပေး၍ တရားမ၀င်တင်သွင်းလာသော ကားများကို စက်မှုဇုန် လိုင်စင်ရအောင် ဆောက်ရွက်ပေးရသည့်အတွက် ပြည်သူတွေကြားမှာ ကယ်ရီခေါင်းဆောင် ဦးစိုးသိန်းဟု နာမည်ကျော်ကြားခဲ့ပါသည်။

ရွှေးကောက်ပွဲ နီးသည့်အခါ စက်မှုဇုန်ကားလိုင်စင် ထပ်မံချပေးပြီး မဲဆွယ်ခဲ့ပါတယ်။ ရွှေးကောက်ပွဲမှာ စက်မှုဇုန်မှ လုပ်ငန်းရှင်များ၊ အလုပ်သမားများ အရေအတွက် များသည့်အတွက် မဲအရေအတွက် များများရကာ ပြည်ထောင်စု ၀န်ကြီးထပ်မံဖြစ်လာပါသည်။

ဝန်ကြီးဖြစ်လာသည့်အခါ ကျပ် ၁ဝ သိန်းလာဘ်ယူပြီးထုပ်ပေးထားသော တရားမ၀င် တင်သွင်းလာသည့် စက်မှုဇုန်ကားများကို ပြည်သူတွေ လက်ထဲရောက်သည့်အခါ ထပ်မံ၍ ဒါဏ်ငွေ ကျပ်သိန်း တစ်ရာခန့် ကို ဆောင်ခိုင်းပြီး သမ္မတကြီးကို ၀င်ငွေရှာနိုင်သည့် ၀န်ကြီးဌာနလို့ ပြောပြီး နေရာဝင်ယူပါသည်။ ဒါကိုရိုးသားသော သမ္မတကြီးမှ သူ၏အစွမ်းအစဖြင့် နိုင်ငံတော် အတွက် ၀င်ငွေရှာပေးသူဟု ထင်မှတ်ပြီး လုပ်ပိုင်ခွင့်များကို တာဝန်ထပ်မံပေးအပ်ခဲ့ပါသည်။

စက်မှုဇုန်များမှ လုပ်ငန်ရှင်များနှင့်ပြည်သူတွေမှာတော့ ဒုက္ခမျိုးစုံတွေ့ ၍ တရားစွဲဆိုခံရခြင်း၊ ဆင်းရဲမွဲတေသွားခြင်း၊ မရှင်းနိုင်၍ထွက်ပြေးရခြင်း များဖြစ်ပြီး ဦးစိုးသိန်းမှာတော့ လာဘ်လာဘများများရပြီး ရာထူးတိုးပွား သွားကာ စက်မှု (၁) ကိုပါတွဲကိုင်ရပြီး တိုင်ပြည်အတွက်အလွန်အရေးကြီးသော MIC ဥက္ကဌ ရာထူးကိုပါ ရရှိသွားခဲ့ပါသည်။ MIC ဥက္ကဌဖြစ်သည့်အခါ သတင်းစာဆရာများ၊ မီဒီယာများကိုဖိတ်ခေါ်ပြီး ရန်ကုန်မြို့ တွင်ရှိသော ကုန်ကျော်တံတားကြီး (၄) စင်းကို (၄) လ နှင့်အပြီး တည်ဆောက်ရမည်ဟု ခပ်တည်တည်နှင့်သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး အစိုးရနှင့်ပြည်သူလူထုတို့ ကို လိမ်လည်ပြီးပြာကြားခဲ့ပါသည်။ အဲဒီလိုလူမျိုးကို ရင်းနှီးမြှပ်နှံမှုဥက္ကဌ နေရာပေးထားတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်မည့်ကုပ္မဏီများက ဥက္ကဌ၏နောက်ကြောင်းရာဇ၀င် မကောင်းမှုများ၊ စကားလွယ်လွယ်ပြော၍ အစိုးရနှင့် ပြည်သူတွေကို ပြောင်လိမ်သည့် ၀န်ကြီး၊ ဥက္ကဌဖြစ်နေသည့်အတွက် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြုပ်နှံရန်အတွက် စိတ်မချရသောကြောင့် ရင်းနှီးမြုပ်နှံ သည့်ကုပ္မဏီများ မလာနိုင်ရသည့် အကြောင်းအရင်းများ ဖြစ်သည့်အတွက် တိုင်းပြည် တိုးတက်ရန်မဖြစ်နိုင်ကြောင်း၊ MIC ဥက္ကဌ မှာ ၁နာရီနှင့်အပြီး လုပ်ပေးမည်ဖြစ်ကြောင်းကို အစည်းအဝေးတွင် လူထင်အကြီး အောင် အမြဲပြောဆိုပြီး အတွေ့ အကြုံရှိသည့်လူများ မှ အကြံပေးသည်ကို လက်မခံနိုင်သည့်ပြင် ရန်ရှာခြင်းဖြစ်သည် အထိ တုန့် ပြန်ပြောဆိုကာ မည်သူမှ သူ့ ကို အကြံ ညဏ်မပေးတော့ဘဲ ဘေးမဲ့ပေးထားရပါသည်။

နောက်တစ်ခုက တရုပ်ပြည်မှ ကားများကို စက်မှု (၂) မှ ထုပ်၍ရောင်းသည်ဟု ပြောပြီး စက်မှု (၂) တံဆိပ် တပ်ပြီး ရောင်းချသော WAGON ကားများကို တင်သွင်းပေးသည့် ကုပ္မဏီများမှ တစ်စီးလျှင်ဒေါ်လာ (၃၀၀၀) သူ့ အတွက် ပေးရသည့်အတွက် မူရင်းစက်ရုံတွင် မှာယူသည့်အခါ သူ့ အတွက် ပေးရသည် လာဘ်ငွေ ဒေါ်လာ (၃၀၀၀) အတါက်ကို တရုပ်စက်ရုံများမှ Quality လျော့ချပြီး မှာရသည့်အတွက် (၆) လအတွင်း ဂရင်းတိုက်ဂါးများ ပျက်စိးသွား၍ ပြည်သူ ပြည်သားများ နစ်နာ ဆုံးရှုံးခြင်းဖြစ်ပြီး သူ့ ကတော့ ချမ်းသာပြီးရင် ချမ်းသာသွားပါသည်၊ ကားတင်သွင်းခွင့်ပေးတဲ့ ကုန်ပနီတွေကတော့ နံမယ်တွေ ပျက်ပြီး ကျန်ခဲ့တာပေါ့၊ အစီးရေ (၅၀၀၀) သွင်းထားတော့ သူဘယ်လောက်ရမယ်ဆိုတာ တွက်ကြည့်ပါဆိုပြီး တရုတ်ကားတင်သွင်းတဲ့ ကုပ္မ္မဏီမှ ၀န်ထမ်းများက ပြောကြားပါတယ်။ ဒီကိစ္စကို စုံစမ်း စစ်ဆေးရင် အမှန်အတိုင်းပြောကြားမည့်လုပ်ငန်းရှင် ကုပ္မဏီကိုယ်စားလှည်များမှ စစ်ဆေးမည့်သူကို မျှော်နေကြောင်း စာရေးသူကို ပြောကြားခဲ့ပါသယ်။

ဦးစိုးသိန်းရဲ့လုပ်ရပ်တွေ၊ ဒုက္ခပေးတာတွေကိုခံစားရတဲ့ စက်မှုဇုန်လုပ်ငန်းရှင်များ၊ အလုပ်သမားနှင့် ပြည်သူတွေက နာကြည်းပြီးကြားဖြတ်ရွေးကောက်ပွဲ လုပ်တဲ့အချိန်မှာ သူ့ ကို အရင်တစ်ခါ မဲပေးခဲ့တဲ့ပြည်သူတွေက NLD အဖွဲ့ ကို အားလုံး မဲပေးခဲ့ကြသည့်အတွက် ပြည်ခိုင်ဖြိုးရှုံးတာ သူ့ကြောင့်ဖြစ်ကြောင်း၊ သူ့ ရဲ့ ဒဏ်တွေကို ခံခဲ့ရတဲ့ ပြည်သူတွေ၊ ဒဏ်ကြေးဆောင်ခဲ့ရတဲ့ လုပ်ငန်းရှင်တွေ၊ ၀န်ထမ်းတွေ အားလုံးရဲ့ခံစားရတာတွေ တစ်နေ့ သူ့ ဝဋ်လည်မယ်ဟု ပြောဆိုနေခဲ့ ကြပါသည်။

အဆိုးဆုံးတွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကျွန်းစုမြို့ နယ် မဲသွားဆွယ့်သည့်အချိန်မှာ ဦးစိုးသိန်းက လျှပ်ပြေးယာဉ်မငှားရဟု လုပ်ငန်းရှင်များကို ပြောပြီး ငှားသည့်သူ တစ်ကွေ့ ကွေ့ မှာ ဒုက္ခပေးမယ်၊ မင်းတို ယခင်က ငါးခိုးတာတွေ၊ မှောင်ခိုချတာတွေကို ဖေါ်ထုပ်ပြီး အရေးယူမည် ဟု ခြိမ်းခြောက်သော စကားပြောဆိုသည့်အတွက် လျှပ်ပြေးယာဉ်ပိုင်ရှင်များ မငှားရဲတော့ပါ။ ဒါကြောင့် လုပ်ငန်းရှင်အချိုက သူတို့ ပိုင်သည့် စက်လှေများကို တစ်ရက် (၅၀၀) ကျပ်သာ တောင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်အဖွဲ့ ကို ကူညီခဲ့ရသည်ဟု လုပ်ငန်းရှင်များက ပြောဆိုနေကြသည့်အပြင်၊ အနုပညာရှင် အသိုင်း အ၀ိုင်းမှ ဦးစိုးသိန်း၏ယုတ်မာမှုတွေကို ဖော်ထုပ်ဖို့ လုပ်နေကြပါတယ်။

နောက်တစ်ခုက ဆူဇူကီးကုမ္ပဏီ ကို ပညာပြထားပြီး ထုပ်လုပ်ခွင့်ကို တစ်စီးလျှင် လာဘ်ငွေ ဒေါ်လာ (၃၀၀၀) မရသည့်အတွက် ညစ်ထားတာကို တစ်တိုင်းပြည်လုံး အသိဖြစ်ပြီး လွတ်တော်ကနေတဆင့် ထုပ်လုပ်ခွင့်သက်တမ်းတောင်းထားကို သူ့ အတွက် လာဘ်မရသည့်အတွက် ခွင့်မပြုဘဲ ဒုက္ခအကြီးအကျယ် ရောက်နေတဲ့ ဆူဇူကီး ကုမ္ပဏီကို ကြည့်ပြီး ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီတွေ နောက်ဆုပ်သွားတာ ဒေါင်းယောင်ဆောင်သော ကျီး ဖြစ်သူ ဦးစိုးသိန်းလက်ချက်ဖြစ်ပါတယ်။ ဒါကိုရိုးသားတဲ့ သမ္မတကြီးက မသိတော့ ဂျပန်မှာ အတူတွဲထိုင်သူပြောတာကို နားယောင်နေသည့်အတွက် တိုင်းပြည် ဒုက္ခရောက်ရတော့မည်ဖြစ်သည့်အတွက် သမ္မတကြီးနှင့် အစိုးရအဖွဲ့ ၊ ပြည်ခိုင်ဖြိုး အဖွဲ့ ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ နှင့် စက်မှုဇုန် လုပ်ငန်းရှင်များ၊ ပြည်သူများ ဒုက္ခမရောက်ရအောင် အသိပေးပြောကြားခဲ့ရခြင်းဖြစ်ပါသည်။

ကားတင်သွင်းမှုနှင့်ကိုယ်ကျိုးစီးပွား

ကားတင်သွင်းခွင့်ကို ကုန်သွယ်ရေးမှ မူ(၆) ခါပြောင်းရတဲ့ အကြောင်းအရင်းကတော့ ကားတင်သွင်းရေး ကော်မတီမှာ နာယက ဖြစ်တဲ့ MIC ဥက္ကဌ ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ ရဲ့ မတော်လောဘတွေကြောင့်ပြည်သူတွေ ဆုံးရှုံးနစ်နာပြီး ၄င်းတို့ နှစ်ဦးနှင့် ပတ်သက်သော ဆွေမျိုးများ၊ စီးပွားရေ လုပ်ငန်းရှင်များကသာ သိန်းပေါင်းများစွာ ချမ်းသာပြီး ပြည်သူတွေ ဘ၀ပျက်ခဲ့ကြရတာပါဟု ကုန်သွယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်၊

သမ္မတကြီးရဲ့ ရည်ရွယ်ချက်က ပြည်သူတွေ သက်သက်သာသာ နှင့် ကားစီးစေချင်တာပါ၊ ယခုအခါမှ ကားတင်သွင်းရေးကော်မတီမှာပါတဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်းတို့  နှစ်ဦးရဲ့ အကြံအဖန်ကြောင့် ပြည်သူတွေ ဒုက္ခရောက်ခဲ့ရတာပါ။ ယခင် ကညန မှတ်ပုံတင်ကြေးမှာ ကျပ်ထောင် ဂဏန်းသာရှိပြီး ယခုအခါ သိန်းရာဂဏန်းအထိကောက်ခံနေခြင်းဖြစ်ပါသည်။ ကုန်သွယ်ရေး ပါမစ်ကြေးကတော့ ကျပ်သုံးသောင်းဝန်းကျင်သာ ပေးရပါသည်၊

ဥပမာ ဦးစိုးသိန်းနဲ့ သမ္မတကြီးကို ပေါင်းညာ ဖို့ သွေးသောက်ဖွဲ့ ထားတဲ့ ကိုအောင်မင်းဆိုပါတော့၊ ကိုအောင်မင်းရဲ့တူတွေသားတွေက ကားဟောင်းတွေ အပ်ခွင့်ရမဲ့အခေါက် မတိုင်ခင်မှာ တူတွေ သားသမီးတွေ ဆီမှာ ကားအစီး ၃၀၀ ကျော် လောက် လက်ထဲရောက်ပြီးတော့မှ ကားအဟောင်းတွေ အသစ်လဲခွင့် ဥပဒေကို ထုတ်ပြန်တာ မလွန်လွန်းဘူးလားဗျာ။

ငြိမ်းချမ်းရေးဆွေးနွေးမှု မအောင်မြင်ရခြင်းရဲ့ ဇစ်မြစ်များ

ဝန်ကြီး ဦးစိုးသိန်းဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ လိုက်ပြီး ဂတိတွေပေး အထင်ကြီးအောင် သမ္မတကြီးမှ သူ့ ကို အထူးအာဏာကုန်လွှဲအပ်တယ်၊ ပြန်ပြီး တင်ပြစရာမလိုဘူးလို့ အထင်ကြီးအောင် ပြောပြီး တရားမ၀င် ကားတွေ ကိုလိုင်စင်ပေးမည်ဟု ပြောဆိုစည်းရုံးပြီး မင်္ဂလာဝင်ယူနေပြီး သူဟာ သမ္မတကြီးရဲ့ လူယုံသူလုပ်လျှင်အားလုံး ဖြစ်တယ် ပြောဆိုကတိတွေပေးပြီး နေရာဝင်ယူပါတယ်။ ပြေဆိုလို့ မရတဲ့ DKBA ခွဲထွက်အဖွဲ့  ဗိုလ်ချုပ် နှုတ်ခမ်းမွှေးအဖွဲကိုတော့ ထိုင်းအစိုးရထံ အကူအညီတောင်းပြီး မူးယစ်ဆေးဝါး လုပ်ကိုင်သူတွေ အဖြစ် ချောက်တွန်းပြီး ဒုက္ခပေးခဲ့တယ်။ ထိုင်းအစိုးရအဖွဲကို ရင်းနှီးတဲ့ တစ်ချိန်က ၀ါးလတ်၊ ငါးဖမ်းလှေ ပိုင်ရှင်တွေကတစ်ဆင့် ဆက်သွယ်ပြီး ဒုက္ခပေးခဲ့တဲ့အကြောင်း ဗဟု အဖွဲ့ မှ အစည်းအဝေးတစ်ခုမှာ ဆုံခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးမှ သတင်းပေးပို့ ခဲ့ပါသည်၊

သွေးသောက်ကြီး ကိုအောင်မင်းကလဲ အရင် ထောက်လှမ်းရေးဟောင်း လို့  မပြောရဘူး။ ထောက်လှမ်းရေးညာဏ်တွေရှိနေတုံးဘဲ၊ အဲဒီခေတ်မရှိတော့ဘူးဗျ။ ခင်ဗျားကိုလဲ ဘယ်သူက ယုံကြည်လို့ လဲ၊ ကိုအောင်မင်းကြီး ကချင်တွေ ကရင်တွေ စီးရုံးတာ အောင်မြင်နေပြီလား၊

ကချင်ကို ခင်ဗျားတို့ သွားစည်းရုံးလိုက်တာလဲ ဖားကန့် မှာ ကျောက်တောင် တူးလို့ မရတော့ဘူး။ စည်းရုံးတယ်ဆိုတာ စက်မှု ၂ က နံမယ်ခံထုပ်တဲ့တရုပ်ကား ၃ စီးလောက်ကို ခေါင်းဆောင်ပိုင်းတွေပေးပြီး စည်းရုံးတိုင်းလဲ ငြိမ်းချမ်းရေး ဆိုတာ ဖြစ်လာမှာမဟုတ်ဘူး။ ခင်ဗျားတို့ က ခေါင်းဆောင်တွေကို လက်ဆောင်လေး သွားပေးတာနဲ့ ငြိမ်းချမ်းရေးရမယ်ထင်လို့ လား။ အောက်က ငယ်သားတွေ ဘာနဲ့ စားမလဲဆိုတာအတွက်ခင်ဗျားတို့ စဉ်းစားမိရဲ့လား။ ခင်ဗျားတို့ ကြောင့် ကရင် ခေါင်းဆောင် ၃ ယောက်လဲ ဖြုတ်ထုပ်သတ် လုပ်ခံလိုက်ရပြီ။

ခင်ဗျားတို့ စည်းရုံးရေးဆင်းခဲ့တဲ့ ဗိုလ်နှုတ်ခမ်းမွေးတို့ အဖွဲ့ လဲ အောက်တိုဘာ ၁၀ရက်နေ့ လောက်တည်းတွေ လမ်းမှာ ဂိတ်ထိုးပြီး ဆက်ကြေးပြန်တောင်းနေတာ ကိုကြည့်ရင် ခင်ဗျားတို့ စည်းရုံးရေး အောင်မြင်လား မအောင်မြင်လား သိသာနိုင်တယ်။ ကိုအောင်မင်းကြီးတိုင်းရင်းသားတွေ သွားမစည်းရုံးခင် ခင်ဗျားရဲ့ သမီးနဲ့ တူကိုဘဲရအောင် စည်းရုံးကြည့်ပါအုံး။

ပြည်တွင်း ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်ဆိုရင် တကယ် ဖေါ်ဆောင်နိုင်ဖို့ အတွက် အပြောနဲ့ အလုပ်တွေ အကုန်ညီမှဖြစ်မယ်။ ပြောနေတာတစ်မျိုး လုပ်နေတာတစ်မျိုးဖြစ် လို့ မရဘူး။ မူရော လူရော ပြင်ဖို့ လိုတယ်။ ဥပမာ အခြေခံအကျဆုံး သဘောတရားလေး ပြောပြမယ်။

မြန်မာတစ်နိုင်ငံလုံး ဒီမိုကရေစီစနစ်နဲ့ ကျင့်သုံးနေပါပြီဆိုပြီးတော့ ကရင်ပြည်နယ်မှာ ပြည်နယ်ဝန်ကြီးချုပ်ကို ၂၅% စစ်တပ်က တင်ပေးလိုက်တဲ့ ဦးဇော်မင်းကိုပေးထားကတည်းက ဘယ်လိုလုပ်ပြီးတော့ တည်ငြိမ်မှုရှိပါတော့မလဲ။

နဂိုးကတည်းက လူပေလူညစ်အဖြစ်နံမယ်ကြီးတဲ့သူကို ရွေးပြီး ၀န်ကြီးချုပ်ပေးထားမှ တော့ ဟိုကလဲ ကြုံရင်ကြုံသလို သမတော့ တိုင်းရင်းသားတွေလဲ ဘယ်ခံနိုင်မလဲ။ ကရင်ပြည်နယ်အတွက် အကောင်းဆုံးက နောက်ဆုံး စစ်ဖက်ကဆိုရင်တောင်မှဘဲ ကရင်တိုင်းရင်း သားထဲက တစ်ယောက်ယောက်ဘဲဖြစ်သင့်တာပေါ့။

ပိုဆိုးတာက ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အစိုးရ ကိုယ်စားလှည် ရွေးချယ်မှု။ သူ့ ထက် အသက်အများကြီးငယ်တဲ့မိုးသီးဇွန်ကို ကိုကြီးမိုးသီးဇွန်လို့  ခေါ်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ကြီး ဦးအောင်မင်း။ ဦးဌေးမြင့်အိတ်ဆွဲ အဆင့်ဘဲရှိတဲ့ လှမောင်ရွေကို ဆရာတင်ပြီး ခင်ဗျား ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေး ဖေါ်ဆောင်လို့  ရမှာလဲဗျာ။

ခင်ဗျားပြောတာတွေကလဲ မသိတဲ့သူတွေအတွက်ကတော့ အဟုတ်တွေကြီးဘဲ။ ခင်ဗျား ထောက်လှမ်းရေး ဘ၀တုံးက ဘယ်သူ့ မှ ထောင်မချခဲ့ပါဘူးတဲ့။ အဲဒီတုံးက ခင်ဗျားရထားတဲ့နေရာက ထောင်ချ လို့ မရတဲ့ အဆင့် ဖြစ်နေတယ်ဆိုတာပါ ဆက်ပြောပြသင့်တာပေါ့။

ဒီထက်ပိုပြီးတော့ ပြောပြသင့်တာက ခင်ဗျား တိုင်းမှူးဘ၀တုံးက ကရင်တွေကို အပြတ်ရှင်းခဲ့တဲ့ အကြောင်းကြတော့ ဘာဖြစ်လို့ ချန်ထားတာဘဲဗျ။ အဲဒါတွေ ခင်ဗျားမလုပ်လို့ ဘယ်သူလုပ်ခဲ့တာလဲ။ သူတို့ က ခင်ဗျား ပုဆိုးနဲ့  တိုက်ပုံ ၀တ်လာလို့  အဲဒါတွေ မေ့သွားကြပြီထင်နေလား။

ခင်ဗျား မရှက်ဘူးလားဗျာ ထိုင်းမှာတုံးက ခင်ဗျားကို စာအိတ်ထဲ သေနတ်ကြည်ဆံ လာပေးသွား တယ်ဆိုတာ။ သမ္မတကြီး ကို မျက်နှာရချင်တာနဲ့ ခင်ဗျားလုပ်တဲ့ အလုပ်က ဘဲ အသက်ဘေးတောင် ရှိသလို ဖွလိုက်သေးတယ်။ ဘယ်မှာလဲ အဲဒီသေနတ်ကြည်ဆံ။ ခင်ဗျားကို ဘယ်သူကမှ ကျည်ဆံအကုန်ခံပြီးတော့ ချိန်းချောက်မှာ မဟုတ်ပါဘူး။

ခင်ဗျားနဲ့  ခင်ဗျား သွေးသောက်ကြီး ဦးစိုးသိန်းကတော့ စံပါဘဲဗျာ။ သမ္မတကြီး အထင်ကြီးအောင် အသံကောင်းတွေ ဟစ်ပြ။ ပြီးရင် ပိုရလာတဲ့ အဏာနဲ့ ခွင်တွေ အပြည့်ရိုက်ကြ။ ဦးအောင်မင်းရဲ့ တူ အောင်စိုးသာ ကားအဟောင်းတွေ မဖျက်သိမ်းခင်တုံးက အစီး ရာနဲ့ ချီပြီးတော့ အရင် ၀ယ်ပြီးတော့မှ ဦးစိုးသိန်းက ဥပဒေထုပ်တယ်။ ဘယ်လောက် သိန်းနဲ့ သန်းနဲ့ ချီပြီးတော့ မြတ်ခဲ့ကြလဲဆိုတာ ခင်ဗျားတို့  သမ္မတကြီးကို မပြောပြကြဘူးလား။

ရိုဟင်ဂျာတွေ ဘယ်လိုရောက်လာသလဲ?

သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းမှ ၀င်ရောက်ခွင့်ပေးလို့ ရောက်လာရတာပါ။

ဦးစိုးသိန်း တပ်မတော်ရေတပ်တွင် တာဝန် ထမ်းဆောင်စဉ် ၁၉၉၀ ခုနှစ်မှစပြီး ပင်လယ်ပြင်တွင် ရေတပ် ဂိတ် (၄) ခု စစ်ဆေးရေး ဂိတ်အနေဖြင့် ထားပြီး လှေတစ်စီးကို တစ်ဂိတ် (၂) သိန်း နှုန်း နှင့် (၄ ) ဂိတ်အတွက် ကျပ် (၈) သိန်းပေးပြီး ၀င်ရောက်ခွင့်ရသည့်အတွက် ရောက်ရှိလာကြောင်း ရိုဟင်ဂျာ အဖွဲ့ မှ အတိအလင်းပြောကြားပါသည်။ တာဝန်ရှိသူများ အနေဖြင့် တိုင်းပြည်ကို ဒုကရောက်အောင် မစဉ်းစား မဆင်ခြင်ဘဲ နှင့် လာဘ်ငွေယူပြီး ခြံဝယ် အိမ်ဝယ်နဲ့  တိုင်းပြည်ကတော့ ဒုက္ခရောက်ခဲ့ပါတယ်။

ရေတပ်က အရာရှိအရာခံများကို ဦးစိုးသိန်းကို ကြိုက်မကြိုက် စစ်တမ်းကောက် ကြည့်ရင် ၉၅% က မကြိုက်ဘူး။ ကြိုက်တဲ့ ရာခိုင်းနန်းကလဲ သူ့ ဆွေမျိုးမကင်းတွေ ဘဲဖြစ်လိမ့်မယ်။

ဒါတင်မကဘဲ နာဂစ်ဖြစ်တုန်းကလည်း သူ့ လက်အောက်ရှိ ရေတပ် သင်္ဘောတွေကို လောင်စာဆီတွေ မထုပ်ပေးဘဲ ထားတာကြောင့် နာဂစ်ဖြစ်တဲ့ အချိန်မှာ ရေတပ် သဘောင်္တွေ ဆီမရှိတာကြောင့်နစ်မြုပ်ခြင်း၊ ပြည်သူ လူထု ကို မကယ်ဆယ်နိုင်ခြင်း၊ တပ်မတော်ပိုင် ရေတပ် သင်္ဘော အမြောက်အများ ဆုံးရုံးခြင်းတို့ ဖြစ်ပြီး လူ့ အသက်ပေါင်းများစွာ ဆုံးရှူံးခဲ့ရပါတယ်။

ယခုအခါလည်း သူ့ ပိုင်အိမ်ခြံမြေများကို သားတပည့်ဖြစ်သူ မားသားလမ်(န်) ကုပ္မဏီမှ ဦးအောင်မြတ် ဆိုသူကို အားလုံး ရောင်းချခိုင်းပြီး နိုင်ငံခြားတွင် ပို့ ခိုင်းထားကာ သူတော်ကောင်းယောင်ဆောင်ပြီး သမ္မတကြီးဘေးတွင် အကာအကွယ်ယူ၍ တိုင်းပြည်ကို ဒုက္ခရောက်အောင် ထပ်မံကြံရွယ်နေကြောင် သတင်းရရှိပါသည်။

နိုင်ငံတော်ကို အကြည်အငြိုပျက်စေသူ

MIC ဥက္ကဌရဲ့ အာဏာကိုယူပြီး တရုပ်ကား ကုပ္မဏီ (၂) ခုကို တစ်စီး ဒေါ်လာ (၃၀၀၀) ယူပြီး တရားမ၀င်တင်သွင်းပြီး စက်မှု (၂) တံဆိပ်တပ်ပြီး ရောင်းတဲ့ တရုပ်ကားတွေကို အခွန်ကင်းလွတ်ခွင့်ရအောင် MIC ခွင့်ပြုမိန့် စီစဉ်ပေးပြီး ကားများကို တစစီဖြုတ်၍ ပြန်လည် တပ်ဆင်ပြီး တရားဝင် ရောင်းချရန် စီစဉ်နေကြောင်း စက်မှု (၁) ၀န်ထမ်းများက သတင်းပေးထားပါသည်၊

ဦးစိုးသိန်းရဲ့ သားတပည့်တစ်ဦးဖြစ်သူ မားသားလင်းဒ် ကုမ္ပဏီ မှ ဦးအောင်မြင့် အသိုင်းအ၀ိုင်းမှ ကြားသိရသည်မှာ သမ္မတကြီးကိုယ်စား ဦးစိုးသိန်းအား လုပ်ပိုင်ခွင့်ပေးထားသော ၀န်ကြီးဌာနများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁) စက်မှုဝန်ကြီးဌာန
၂) ရထားပို့ ဆောင်ရေး ၀န်ကြီးဌာန
၃) သတ္တုတွင်းဝန်ကြီးဌာန
၎) ဆောက်လုပ်ရေး ၀န်ကြီးဌာန
၅) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
၆) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန
၇) အလုပ်သမား ၀န်ကြီးဌာန
၈) ပို့ ဆောင်ရေး ၀န်ကြီးဌာန
၉) စွမ်းအင်ဝန်ကြီးဌာန
၁၀)ဟိုတယ်နှင့်ခရီးသွား ၀န်ကြီးဌာန
၁၁) စီးပွားကူးသန်း
အဆိုပါ ၀န်ကြီးဌာနများနှင့် ဆက်သွယ်လုပ်ဆောင်လိုပါက အကုန်လုံး ဆက်သွယ်လုပ်ပိုင်ပေးနိုင်မည်ဖြစ်ဆိုပြီးလည်း ထိုအသိုင်းအ၀ိုင်းမှ မှာပြောကြားနေကြောင်းသိရှိရပါသည်။

မြန်မာနိုင်ငံရင်းနှီးမြုပ်နှ့မှုကော်မရှင်မှာ ဦးစိုးသိန်း ဥက္ကဌလုပ်နေသရွေ့ ကတော့ ဘယ်ရင်းနှီးမြှုပ်နှံမှုက ရောက်လာမှာမဟုတ်ဘူးဆိုတာ နိုင်ငံခြားသတင်းဌာန တွေရဲ့သတင်းတွေမှာ ကြည့်ရင်သိနိုင်တယ်။

နိုင်ငံခြားခရီးများတွင် ဦးစိုးသိန်းရဲ့လုပ်ဆောင်ချက်များ

သူ့ ကိုယ်သူ ၁ ၁/၂ သမ္မတကြီးဟု ပြောဆိုပြီး တိုင်းပြည်ကို အုပ်ချုပ်နေတာလို့  အမေရိကန်ရောက် သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း ၏သမီးထံမှ ကြားသိခဲ့ရသည်။ လာဒ်မစားဘူး ဟု ကြွေးကြော် အော်ဟစ်နေသော်လည်း တရုပ် ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ ရွှေတောင် ဆောက်လုပ်ရေး ကုမ္ပဏီ မှ ကော်မရှင် ၂၀% ယူပြီး တင်ဒါ မခေါ်ဘဲ လှည်းတန်းဂုံးကျော် တံတားများ လုပ်ကိုင်ခွင့်ပေးပြီးသည့်အပြင် သူ ၁ ၁/၂ ရာထူးသို့ ထပ်မံ ရောက်ရှိလာသော အာဏာကို အသုံးချပြီး နိုင်ငံပိုင် မြေနေရာများ ကို အိမ်ယာစီမံကိန်း ဖော်ထုပ်ဖို့ အတွက် ထုံးစံအတိုင်း ၂၀% ကော်မရှင်ယူပြီး ရွှေတောင် ကုမ္ပဏီကို ထုံးစံအတိုင်း တင်ဒါမခေါ်ဘဲလုပ်ပိုင်ခွင့်ပေးရန် သမ္မတကြီး ဦးသိန်းစိန်ထံ တင်ပြပြီးစီးနေပြီဖြစ်ကြောင်း ဦးစိုးသိန်းမှ ရွေတောင် ကုမ္ပဏီသို့  ဖုံးဖြင့်ပြောကြားနေကြောင်း သတင်းရရှိပါသည်။ ဦးစိုးသိန်းသည် ဒုတိယ သမ္မတ နှစ်ဦးထက် ရာထူးပိုမြင့်ကြောင်း၊ လုပ်ပိုင်ခွင့် အများဆုံးရသည့် ပုဂိုလ်ဖြစ်ကြောင်း၊ သမ္မတကြီးမှာ ကျန်းမာရေး အခြေအနေ ကြောင့် လုပ်ငန်းတာဝန်များ အုပ်ချုပ်မှုတာဝန်နှင့် စီးပွားရေး ကိစ္စများကို သူ့ ကိုလွဲထားကြောင်း ပြောဆိုပြီး စီးပွားရေး လုပ်ဆောင်လိုလျှင် သူတာဝန်ယူကြောင်း ပြောဆိုမိတ်ဆက်နေပါသည်။ (ကော်မရှင်ကတော့ ၂၀% )

ဘဏ်မတည်ငြိမ်မှု ပြသနာ ရဲ့ အရင်းအမြစ် ကောလဟာလ သတင်းဟာလဲ သမ္မရုံးဝန်ကြီး (၀န်းအန်ဟက်) ၁ ၁/၂ သမ္မတကြီး ဦးစိုးသိန်းက အမေရိကားမှာ ယခင်က ခရိုနီဖြစ်ခဲ့ဖူးတဲ့ကန်ဘောဇ ဘဏ်နဲ့  ဧရာဝတီဘဏ်တို့ ကို စီစစ်အရေးယူ သွားမည်ဟု ပြောဆိုခဲ့ရာမှ သတင်းတွေပွားလာ ခြင်းဖြစ်တယ် လို့ သိရှိရပါတယ်။
သမ္မတကြီး၏သားမက်ဖြစ်သူ စင်္ကာပူတွင် ဆေးသွားကုသည်ကို ကန်ဘောဇ ဘဏ်က စပွန်စာ ပေးခဲ့သည့် ကိတ်စကို မကျေနပ်တဲ့အတွက် ယခုလို ပြောကြားသွားခဲ့ခြင်းဖြစ်တယ်လို့ လည်းသိရပါတယ်။
နောက်ပိုင်းမှာတော့ ရွေတောင် ဆောက်လုပ်ရေးမှ အောင်ဇော်နိုင်နှင့် ဦးစိုးသိန်း အစည်းအဝေးလုပ် ကြပြီး ကန်ဘောဇ ဘဏ်နှင့် ပတ်သက်သည့် ကောလ ဟာလ အောင်မြင်ကြောင်း ၂ ဦးပြောကြားကြ။

ကိုရီးယားနိုင်ငံကိုရောက်ရှိစဉ် တုံးကလဲ (၀န်းအန်ဟက်) ၁ ၁/၂ သမ္မတကြီး ဥိးစိုးသိန်း (နာဂစ်) သည် ကိုရီးယား ရင်းနှီးမြုပ်နှံမှု ကုန်ပနီများကိုဖိတ်ကြားပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုအတွက်၎င်း၏ခရိုနီ အမ်ဒီများဖြစ်ကြသော မားသားလင်းကုပ္မဏီမှအောင်မြတ်၊ ရွေသံလွင် ကျော်ဝင်းလေး ကုပ္မဏီ၊ရွေတောင် ကုပ္မဏီ၊ ကယ်ပီတယ် ကိုကိုကြီး၊ မားမား ဘိုးရာဇာ မျိုးထွေး၊ ဂရမ်းဝီစကီ အောင်မိုးကျော်တို့ နှင့်ပူးတွဲရွေ့ လုပ်ကိုင်နိုင်ကြောင်း ကို ကိုရီးယား စီးပွားရေး သမားများကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထုံးစံအတိုင်း သူ့ အတွက် ကတော့ ၂၀% ပါ ၄င်းကုပ္မဏီအဖွဲ့ များသည်း သူနှင့်အတူ သမ္မတရုံးတွင်အတူရုံးထိုင် ကြောင်း နှင့် ကယ်ပီတယ် ကိုကိုကြီး (ထိုင်ဝမ်) ထောက်လှမ်းရေးအဖွဲ့ ဝင်အား
လက်နက်များမှာပြီး လွတ်တော် အဖွဲ့ ကို လုပ်ကြံရန် ကြံစည်နေကြောင်းကိုးရီးယား အသိုင်းအ၀ိုင်းမှ ပြောကြားပါသည်။

ဦးစိုးသိန်း (နာဂစ်) ၏ အခြားလုပ်ဆောင်ချက်များ

သူ့ ၏လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ရေချုပ် ဦးဥာဏ်ထွန်းကို ဒုတိယ သမ္မတ နေရာ မပေးချင်သည်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ဒုတိယ သမ္မတတင်ရန် အမျိုးမျိုးကြံစည်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးအား ဦးမြင့်ဆွေရဲ့သားသမီး လက်ရှိ ပေါင်းသင်နေထိုင်တာကိုသိလျှက်နှင့်ကွာရှင်းစာချုပ်ကိုလွန်
ခဲ့သော ၁ နှစ်ခွဲ ကွာရှင်းထားကြောင်း အတုလုပ်ခိုင်းပြီး ဒုတိယ သမ္မတ
နေရာသို့ ပေးရန် ကြံစည်ခဲ့ပြီး လွတ်တော် ဥကဌ သူရရွေမန်း နှင့် ဦးဌေးဦးတို့ မှ လက်မခံသည့်အတွက် သူတင်သော ဦးမြင့်ဆွေ ဒုတိယ သမ္မတ မဖြစ်ခဲ့ပါ။

ဦးဥာဏ်ထွန်း သာ ဒုတိယ သမ္မတ ဖြစ်ခဲ့သည့်အတွက် နောက်တဖုံ ကြံစည်ပြီး ဒုတိယ သမ္မတရဲ့ လုပ်ပိုင်ခွင့် များ လျော့နည်းလာပြီး သူ၏လုပ်ပိုင်ခွင့်များပိုများ လာစေဖို့ အတွက် သမ္မတရုံးဝန်ကြီး ဟုထပ်မံအကောင်အထည် ဖော်ပြီး လုပ်ငန်းများအားလုံးကို လွဲယူပြီး ၁ ၁/၂ သမ္မတ ဟု ထပ်လုပ်ပြီး တိုင်းပြည်၏ လုပ်ပိုင်ခွင့်များရဲ့ ၃ပုံ ၂ပုံကို ရယူ၍လာဒ်ယူရန်ကြံစည်နေကြောင်း ကြားသိနေရပါသဖြင့် သမ္မတကြီး အနေဖြင့် ကြိုတင်ပြီး လိုအပ်သည်များကို ဆောင်ရွက်နိုင်ရန် တာဝန်သိပြည်သူတစ်ရောက်အနေနဲ့ အသိပေးအပ်ပါသည်။

ဦးစိုးသိန်းရဲ့ သားနဲ့ သမီး အမေရိကားမှ ကောင်းကောင်နေဖို့ အတွက် ပိုက်ဆံတွေ ရွေ့ ခိုင်းထားတယ်။ တပည့်ဖြစ်သူအောင်မြတ်ကို ရွေတွေ ၀ယ်ခိုင်းပြီး စုဆောင်းခိုင်း နေတာ နောက်ရွေးကောက်ပွဲအတွက် ထုပ်သုံးဖို့ ရန်ပုံငွေရှာနေတာလား။ ထိုင်ဝမ် ထောက်လှမ်းရေး ဒုံးပျံဂျံစက်ကကိုကိုကြီးနဲ့ ပေါင်းပြီးတော့ လက်နက်တွေ မှာ စမ်းသွင်းတာလဲ ခင်ဗျားတို့ ဘဲမဟုတ်လား။ တရုပ်ကို ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အကွက်တွေ လဲ သိပ်ခင်းပြမနေပါနဲ့ ။

ခင်ဗျားတို့ ဒေါင်းယောင်ဆောင်တဲ့ ကျီးနှစ်ယောက် ဆရာကို အာခံရင် အာခေါင် လှံစူးတတ်တတ်ဆိုတာ မြဲမြဲ မှတ်ထားပါ။ ခင်ဗျားတို့  လာဘ်စားထားနိုင်ခဲ့တဲ့ငွေတွေ သိန်းနဲ့ သန်းနဲ့ ချည်ရလာအောင် ခင်ဗျားတို့ ကို ဒီဘ၀ ရောက်အောင် လုပ်ပေးခဲ့တဲ့ ခင်ဗျားတို့ ဆရာအရင်းတွေကို ခင်ဗျားတို့ မမေ့သင့်ပါဘူး။

ဦးစိုးသိန်းရောဘဲ။ ခင်ဗျား သမီး အမေရိကားမှာ အမေ၇ိကန်နဲ့  အိမ်ထောင်ကျပြီးတော့ အမေရိကားမှာဘဲ နေတာတောင်မှာ ခင်ဗျားက ၁ ၁/၂ သမ္မတကြီး (ခေါ်) သမ္မတရုံးဝန်ကြီး တက်ဖြစ်နိုင်သေးရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတရွေးဖို့ ကျတော့ ဥပဒေက ဘာဖြစ်တယ် ညာဖြစ်တယ် လုပ်နေတာလဲဗျာ။ ဘာလဲ ဥပဒေကဘဲ ၂ မျိုး ပြဌန်းထားလို့ လား။

ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ နှစ်ယောက် အင်တာဗျူးတွေမှာ ရွန်းရွန်းဝေအောင် ပြောတာထက်စာရင် ကိုယ့်ဖာသာကိုယ်
- ကိုယ့်အတွက် အလုပ်အလုပ်နေကြတားလား
- တိုင်းပြည်အတွက် အလုပ်လုပ်နေကြတာလား
- သမ္မတကြီးကို လိမ်ဖို့ အလုပ်လုပ်နေကြတာလား
အရင်ဆုံး သေချာအောင် ပြန်စဉ်းစားကြည့်ကြစဉ်းပါအုံးဗျာ..

အစိုးရက ပြုပြင်ပြောင်းလဲရေးတွေ တကယ်လုပ်ချင်တယ်ဆိုရင် တစ်ခြားဝန်ကြီးတွေ ဖယ်သလို ဒီလိုလူမျိုးတွေကို ဖယ်ဖို့ သင့်ပြီ။

ဒီထက်ပိုဖြစ်သင့်တာက ကာယကံရှင်ဖြစ်တဲ့ ခင်ဗျားတို့ တွေမှာ တိုင်းပြည်ကို တကယ်ကောင်းစေချင်တဲ့စေတနာလေး တကယ် ရှိခဲ့တယ်ဆိုရင် ခင်ဗျားတို့ တွေ ကိုယ့်ဖာသာကို ထွက်စာတင်ပြီး နှုတ်ထွက်သင့်ပြီ။ သမ္မတကြီးပြောတဲ့အထိ၊ နောက် ၂ နှစ်သက်တမ်းကုန်မဲ့အထိ စောင့်မနေပါနဲ့ ဗျာ။

ခင်ဗျားတို့  ရှိတာနဲ့ လဲ ခင်ဗျားတို့ မိသားစုတွေ နောက် ၁၀ သက် စားမကုန်ပါ ဘူးဗျာ။

တိုင်းပြည်နဲ့  ပြည်သူတွေမျက်နှာကို ငှဲ့ ပါအုံး။

အသိပေးတင်ပြသူ...
အပြောင်းအလဲကို လိုလားသော စစ်သားဟောင်းတစ်ဦး။

Yamoun Nar Facebookမှ ကူးယူသည်။

11ReadMore-2.jpg

Saturday, December 8, 2012

Mother and Father side Karen Song(Saw Kaw Kaw)

11ReadMore-2.jpg

Sunday, December 2, 2012

သံဃာတော်တွေကို အကြမ်းဖက်ခဲ့တဲ့ အစိုးရလုပ်ရပ် DKBA ရှုံ့ချ(RFA)

2012-12-01
နိုဝင်ဘာလ ၂၉ရက်နေ့ မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေကို အစိုးရတာဝန်ရှိသူတွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က မနေ့က ကန့်ကွက်လိုက်ပါတယ်။
အာဏာပိုင်တွေရဲ့ ဖြေရှင်းပုံဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ကြောင်း ကလိုထူးဘောဒေသ အခြေချ DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဆန်းအောင် က RFA ကို ပြောကြားခဲ့ပါတယ်။

၂ဝဝ၇ ရွှေဝါရောင်အရေးအခင်းတုန်းက မိမိတို့ လက်ပိုက်ကြည့်နေခဲ့ရပေမဲ့၊ ၂ဝ၁၂လက်ပန်းတောင်းတောင်အရေးမှာ တာဝန်ရှိသူတွေကို အစိုးရက အရေးမယူဘူးဆိုရင် ငြိမ်းချမ်းရေးကိစ္စကိုပါ ထိခိုက်လာနိုင်ကြောင်းလည်း ဗိုလ်မှူးကြီးဆန်းအောင်က ပြောပါတယ်။

တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေအနေနဲ့လည်း ဒီကိစ္စအပေါ် ခွင့်လွှတ်နိုင်ကြမှာ မဟုတ်ဘူးလို့မြင်ကြောင်းလည်း ဗိုလ်မှူးကြီးဆန်းအောင်က ပြောကြားခဲ့ပါတယ်။

11ReadMore-2.jpg

Template by:

Free Blog Templates