Monday, May 2, 2011

အ၀ီစိငရဲ တစ်နေရာဝယ်

 
ငရဲတစ်နေရာညောင်ပင်ကြီးတပင်အောက်ဝယ် ညီအကို သုံးယောက်  တီးတိုး တီးတိုးနဲတစ်ယောက်သောသူဘင်လာဒင် ဆိုသူက ။                  ။           အကိုကြီး ဘင်လာရွှေ နဲ့ညီလေးဘင်လာစိန်တို့ကိုတစ်ခုမှာထားခဲ့မယ်  ကျနော့်ကိုဘဲ စံနမူအဖြစ် ကြည့်ကြပါကုန်လော့
   ဘယ်လိုပင်မြေလျှိုးမိုးပျံနိုင်စေကာမူ ပြုခဲ့တဲ့အကုသိုလ်အကျိုးတွေကြောင့် ကလှည့်ကျတော့မနွဲ့စတမ်း အသေဆိုးနဲ့ ငါသေခဲ့ရပြီး အကိုကြီးနဲ့ညီလေးတို့လည်းအချိန်မနှောင်းခင်ပြုပြင်စရာရှိတာပြုပြင်ကြပါလော့
          ဘင်လာရွှေ။                            ။ဟုတ်   ဟုတ် ကဲ့ပါညီလေး လာဒင်
ဘင်လာစိန်။                             ။ ဟုတ်ကဲ့ပါ  ကိုလေးလာဒင်


11ReadMore-2.jpg

ကေအင်ယူကို အစိုးရတပ် ထိုးစစ်လျှော့


ဂျူရီချိုင်း

- အစိုးရတပ်က ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို ထိုးစစ်ဆင်နေခြင်းကြောင့် ကရင်အမျိုးသား အစည်းအရုံး (ကေအင်ယူ) သို့ ထိုးစစ်ဆင်မှု လျော့နည်းလာကြောင်း ကေအင်ယူ အသိုင်းအဝိုင်းမှာ လာသောသတင်းအရ သိရသည်။ 
“ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ဘက်ကိုပဲ တပ်တွေ သွားစုထားလို့ ကျနော်တို့ကို ထိုးစစ်ဆင်တာ မရှိသလောက် နည်းလာတယ်” ဟု ကေအင်ယူ တပ်မဟာ (၆) တပ်ရင်း (၁၆) တပ်ခွဲ (၂) မှ အရာရှိတဦးက ပြောသည်။
ပြီးခဲ့သော ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်မှ စပြီး ကေအင်ယူနှင့် အစိုးရတပ်တို့ ပျမ်းမျှ တနေ့ သုံးကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး  ၂၀၁၁ ခုနှစ် ဧပြီလ (၁၅) ရက် နောက်ပိုင်းတွင် ထိုးစစ်ဆင်မှု လျှော့နည်းလာသည်ဟု အထက်ပါ အရာရှိက ပြောသည်။

ကေအင်ယူ နယ်မြေအတွင်း ပြုလုပ်သည့် အခြေခံ စစ်သင်တန်းဆင်းပွဲ (ဓါတ်ပုံ - ကေအိုင်စီ)
ကေအင်ယူ နယ်မြေအတွင်း ပြုလုပ်သည့် အခြေခံ စစ်သင်တန်းဆင်းပွဲ (ဓါတ်ပုံ - ကေအိုင်စီ)

အစိုးရတပ်၏ စစ်ရေး လှုပ်ရှားမှု လျော့နည်းလာခြင်းကြောင့် ကေအင်ယူကလည်း ယခင်ပိတ်ထားသည့် ဘုရားသုံးဆူ – သံဖြူဇရပ်ကားလမ်းနှင့် ဘုရားသုံးဆူ – ကြာအင်းဆိပ်ကြီးလမ်းကို ပြန်ဖွင့်ပေးခဲ့သည်။
သို့သော်လည်း အချိန်မရွေး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်သည့်အတွက် ကေအင်ယူဘက်က သတိအနေအထားနှင့် ပြင်ဆင်ထားကြောင်း အထက်ပါအရာရှိက ပြောသည်။
လွန်ခဲ့သည့် မတ်လကုန်ပိုင်းမှ စပြီး အစိုးရတပ်က ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

11ReadMore-2.jpg

ကရင်နီပြောက်ကြားတိုက်ပွဲ ၄ ဦးကျဆုံး ၂ ဦးလွတ်မြောက်


ကရင်နီပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ် နန်းဖောင်းချောင်းနှင့် နန်းမားကြားတွင် ဟင်းရှာနေသော အစိုးရစစ်တပ်တို့ကို ကရင်နီ တပ်မတော်ဘက်မှ ခြုံခိုတိုက်ခိုက်မှုကြောင့် ၄ ဦးကျဆုံးခဲ့သည့်ဟု သိရသည်။
ခရီးထွက်နေကြသော ကရင်နီ စစ်သားများ (ဓါတ်ပုံ-KA)
ခရီးထွက်နေကြသော ကရင်နီ စစ်သားများ (ဓါတ်ပုံ-KA)
ကရင်နီတပ်မတော်မှ စစ်ဦးစီးတပ် တပ်ကြပ်ကြီး စောထူးဂေ ဦးဆောင်သည့် အဖွဲ့သည် ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်တွင် အစိုးရစစ်တပ် ခလရ ၁၃၅ အား ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ဖြစ်သည်။

“အဲဒီ နအဖတွေက ငါးထွက်ရှာတယ်လေ။ ဟင်းထွက်ရှာတာပေါ့။ အဲမှာ စောထူးဂေတို့အဖွဲ့က သူတို့ကို စောင့်ပြီးတော့မှ တိုက်ပွဲဖြစ်တာပေါ့” ဟု ကရင်နီတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ စောထိထာစွေ့က ပြောသည်။

အဆိုပါတိုက်ပွဲ၌ ကရင်နီဘက်မှ တစုံတရာထိခိုက်မှုမရှိဘဲ အစိုးရတပ်ဖွဲ့မှ ၆ ဦးအနက် တပ်ကြပ် တစ်ဦးနှင့် တပ်သား ၃ ဦး သေဆုံးခဲ့ပြီး ကျန် ၂ ဦးမှာ လွက်မြောက်သွားခဲ့ကြသည်ဟု ဆိုသည်။

11ReadMore-2.jpg

Template by:

Free Blog Templates