Monday, July 18, 2011

အစိုးရတပ် ကချင်ဒေသတွင် အကျများ

E-mail Print
ပြီးခဲ့သည့် ရက်ပိုင်းက ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အစိုးရစစ်သည် ၂၈ ဦးခန့် ကျဆုံးသွားကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ရှေ့တန်း တပ်မှူးများက ပြောသည်။

kachin-war-11
မကြာသေးမီက KIA နောက်တန်း တနေရာတွင် တွေ့ရသော KIA အမျိုးသမီး စစ်သည်များ (ဓာတ်ပုံ - ဧရာဝတီ)

KIA က ခြုံခိုတိုက်ခိုက်သဖြင့် ထိုသို့ အကျအဆုံးများခြင်းဖြစ်ကြောင်း၊ KIA ဘက်မှ တဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရရှိထားကြောင်း သိရသည်။

“သတင်းအချက်အလက် အသေးစိတ်ကို စုဆောင်းနေတုန်းပဲ” ဟု KIA ၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေး အဖွဲ့၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်ကပြောသည်။

KIA ရှေ့တန်း တပ်မှူးများ၏ အဆိုအရ ပြီးခဲ့သည့် ၂ရက်အတွင်း ကချင်ပြည်နယ်ရှိ KIA ဌာနချုပ် လိုင်ဇာ ဒေသတွင် အစိုးရ၏ ခြေလျင်တပ်ရင်း အမှတ်၂၁ နှင့် တိုက်ပွဲများ ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ဗိုလ်ကြီး တဦး အပါအ၀င် တပ်သား ၁၁ ဦးခန့်ကို  လက်နက်များနှင့်တကွ ဖမ်းဆီး ရမိကြောင်း သိရသည်။

ပြီးခဲ့သည့်လက စတင်သည့် တိုက်ပွဲများအတွင်း နှစ်ဘက် သုံ့ပန်းရရှိသည့် သတင်းများ မကြာခဏ ထွက်ပေါ်လာသည်။

အစိုးရက ယခုလ ၄ ရက်နေ့ ရက်စွဲဖြင့် KIA သို့ ပေးပို့သည့် စာတစောင်တွင် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။ မည်သည့်အချိန်က ဖမ်းဆီးခံရသူများဖြစ်ကြောင်း ဖော်ပြထားခြင်း မရှိပေ။

ကချင်ပြည်နယ် အတွင်း နှစ်ဘက် အပစ်ရပ်ရန် တွေ့ဆုံညှိနှိုင်းမှု၊ အပြန်အလှန် စာရေးသား ဆက်သွယ်မှုတချို့ ရှိသော်လည်း သဘောတူညီမှု တစုံတရာ မရသေးပေ။

အများ လေးစားသည့် ကချင်ဒေသခံ လူကြီးများနှင့် ဖွဲ့စည်းထားသည့် ကချင် အတိုင်ပင်ခံကောင်စီကလည်း ကြားဝင် စေ့စပ်ပေးလျက်ရှိရာ အာဏာပိုင်တို့က ထိုကောင်စီနှင့် မကြာသေးမီက တွေ့ဆုံခဲ့သည်။

ဆက်သွယ်ရေး ၀န်ကြီးဟောင်း မြစ်ကြီးနားမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းတို့ ထိုသို့ သွားရောက် တွေ့ဆုံနေစဉ်မှာပင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားပြီး အစိုးရ စစ်သည်များ ဖမ်းဆီးခံရသည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

11ReadMore-2.jpg

၅ဝဝဝ တန် အတုမိ

 
 
Written by ကိုဝိုင်း (မဇ္ဈိမ)   
  
ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် မြန်မာနိုင်ငံသားများဘဏ် Myanmar Citizens Bank –MCB ရုံးချုပ်တွင် ၅ဝဝဝ တန် ငွေအတုများ တွေ့ရှိရကြောင်း ရန်ကုန်အခြေစိုက် မော်ဒန်သတင်း ဂျာနယ်တွင်
 ဖော်ပြသည်။

စားအုန်းဆီကိုယ်စားလှယ်တချို့ ဘဏ်သို့လာသွင်းသည့် ငွေထုတ်များထဲတွင် “အဆက်မပြတ်” တွေ့ရှိနေသည်ဟု ဘဏ်တာဝန်ရှိသူကို မေးမြန်းပြီး ဇူလိုင် ၁၅ ရက်နေ့ထုတ်တွင် ဖော်ပြထားသည်။

ငါးထောင်တန် တထုတ်ကို အတုတရွက်နှုန်းဖြင့် ထည့်နေသည်ကို သတိထားမိသည့် ဘဏ်တာဝန်ရှိသူက “ဂိုဏ်းနဲ့ တောင်လုပ်နေလား ထင်စရာ ဖြစ်လာတယ်။ အရင်က ခြောက်လမှ အတု တရွက် နှစ်ရွက်ပဲ ရတာ၊ အခုလို များများ မရဖူးဘူး” ဟု မော်ဒန်ဂျာနယ်ကို ပြောထားသည်။

ဝန်ထမ်းများက ငွေအတုများအစား ငွေအစစ်များဖြင့် အစားထိုး လျော်ပေးနေရသည့်ငွေမှာ ဇူလိုင်လ ပထမအပတ် အတွင်း ၄၅ဝ,ဝဝဝ ကျော်ပြီဟု ဂျာနယ်က ရေးသားထားသည်။

မဇ္ဈိမက MCB ဘဏ်မှ ဝန်ထမ်းတဦးကို မေးမြန်းရာ အတုတွေ့ရှိရကြောင်း ပြောဆိုလိုက်ပြီး “ဗဟိုဘဏ်ကို
 ပြန်အပ်တဲ့အခါကျတော့ ဒီအတုတွေကို ဝန်ထမ်းတွေကပဲ တာဝန်ယူရတာပါ။ အတုပါတာ နံပတ်မတူတာ။ စုတ်ပြဲတာတွေကို ဝန်ထမ်းတွေကပဲ လျော်ပေးရတာပါ” ဟု ပြောသည်။

ငွေတုများတွေ့ရှိမှုကို ယနေ့အထိ အမှုဖွင့်တိုင်တန်းခြင်းမရှိသေးကြောင်း ဘဏ်ဝန်ထမ်းများက ပြောသည်။

ရန်ကုန်အခြေစိုက် ကမ္ဘောဇဘဏ်၊ အာရှ ရန်ကုန်ဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်တို့နှင့် MCB ဘဏ် မန္တလေးဌာနခွဲတို့ကမူ MCB ရန်ကုန်ရုံးချုပ်များတွင်ရှိ ယင်းတို့ဘဏ်များတွင်လည်း အတုမတွေ့ရှိကြောင်းကို တညီတည်း ဖြေကြသည်။

၂ဝဝ၉ ခု အောက်တိုဘာလမှစ၍ ဗဟိုဘဏ်မှ စတင်ဖြန့်ဝေသည့် ၅,ဝဝဝ တန် ငွေစက္ကူ အတုများ ထွက်ပေါ်သဖြင့် ဗဟိုဘဏ်က အသိပေးကြေညာမှုပြုလုပ်ထားရာ ငွေစက္ကူအတုတွင် စက္ကူထောင့် ဖြတ်ရာပါရှိခြင်း၊ ငွေစက္ကူ၏ ဘယ်ဘက်ထောင့်အလယ်၌ လုံခြုံရေး အမှတ်အသားဖြစ်သည့် ရေစာ၊ ငွေကြိုးပေါ်တွင် ငွေစက္ကူတန်ဖိုး ဖော်ပြသည့် စာသား၊ ငွေစက္ကူညာဘက်ထောင့် အလယ်၌ ဗဟိုဘဏ်မှ ရိုက်နှိပ်ထားသောရေစာ စသည်တို့ မပါရှိကြောင်း
 ဖော်ပြခဲ့ဖူးသည်။

မည်သူမဆို ငွေစက္ကူ၊ ဘဏ်ငွေလက်မှတ်များကို အတုပြုလုပ်လျင် ရာဇသတ်ကြီး ပုဒ်မ ၄၈၉ (က) အရ ထောင်ဒဏ် တသက် သို့မဟုတ် ၁ဝ နှစ် ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
 ငွေအတုမှန်းသိလျက်နှင့် သုံးစွဲရန်ကြံရွယ်ကာ လက်ဝယ်ထားပါက ထောင်ဒဏ် ၇ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း ဥပဒေပြဋ္ဌာန်းထားသည်။

စီးပွားရေးပညာရှင် ဦးခင်မောင်ညိုက “ကြီးကျယ်တဲ့ ကိစ္စမဟုတ်ဘူး။ ဒါတွေက တွေ့နေကျပဲ။ တနေရာမှာ အရွက်ဘယ်နှစ်သိန်း၊ ဘယ်နှစ်သောင်းတွေ့တာ မဟုတ်ပဲ။ အခုက ၅,ဝဝဝ တန် အရွက် ၁ဝဝ တောင်မရှိဘူး” ဟု စီးပွားရေးလောကအပေါ် အကျိုးမသက်ရောက်နိုင်ကြောင်း ပြောသည်။

၂ဝ၁ဝ ခု ဇန်နာဝါရီလအတွင်းက ပဲခူးမြို့ မြို့မဈေးတွင် ရဲဝန်ထမ်းတဦးက ၅,ဝဝဝ တန်အတုဖြင့် ဈေးဝယ်နေစဉ် ဖမ်းဆီးမိခဲ့ဖူးကြောင်း လွတ်လပ်သည့်အာရှအသံ RFA က သတင်းထုတ်လွင့်ခဲ့ဖူးသည်။

ငွေစက္ကူ တထောင်တန်အစစ် တသိန်းနှင့် အတု ၁ဝ သိန်းကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ဆိုင်ကယ်သမားတဦးထံမှ လဲလှယ်၍ ရန်ကုန်တိုင်း ဒေါပုံမြို့နယ်တွင် ပြန်လည်သုံးစွဲသူ ၃ ဦးကို ဒေါပုံရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း ၂ဝ၁ဝ မေလထုတ် ပြည်မြန်မာဂျာနယ်ကဖော်ပြခဲ့သည်။

11ReadMore-2.jpg

မြစ်ဝကျွန်းပေါ်နှင့် ကိုကိုးကျွန်း လှိုင်းကြီးနိုင်






 

Written by သဲသဲ (မဇ္ဈိမ)   
ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်း ကိုကိုးကျွန်းအနီး ပင်လယ်ပြင်တွင် တနင်္လာနေ့မှစ၍ လာမည့် ၃ ရက်အတွင်း ၁ဝ ပေခန့်ရှိ ရေလှိုင်းများ တက်လာနိုင်သဖြင့် ရေလုပ်သားများနှင့်
 ရေလမ်းခရီးသွားများ မထွက်ခွာသင့်ကြောင်း မိုး/ဇလ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး နှိုးဆော် လိုက်သည်။

မြန်မာ့တောင်ဘက်ပိုင်း ကပ္ပလီ ပင်လယ်ပြင်အတွင်း လှိုင်းကြီးကာ မြစ်ဝကျွန်းပေါ်နှင့် ကိုကိုးကျွန်းအနီး ပင်လယ် အထိပါ လှိုင်းကြီးလာနိုင်သည် ဖြစ်ရာ ရေလမ်းခရီးသွားများ အထူးသတိရှိရန် လိုအပ်ကြောင်း နှိုးဆော်ခြင်း ဖြစ်သည်။
mccwလှိုင်းလုံးဝင်ရောက်နိုင်သည့် လမ်းကြောင်းပြ မြေပုံ (ဓာတ်ပုံ - MCCW)
လှိုင်းလုံးဝင်ရောက်နိုင်သည့် လမ်းကြောင်းပြ မြေပုံ (ဓာတ်ပုံ - MCCW)
“လှိုင်းက မြင့်တဲ့အခါ အရှေ့ကို ငိုက်ကျပြီး ခေါင်းဖြူထတယ်၊ တော်တော်လေး ကြီးတယ်။ ရေလုပ်သားတွေဆိုရင်
 လောဘတက်ပြီး ပင်လယ်နက်ထဲ မသွားမိဖို့ အရေးကြီးတယ်။ သင်္ဘောအသေးတွေနဲ့ ခံနိုင်ရည်မရှိတဲ့ သင်္ဘောတွေ
 ဝေးဝေးကို မသွားသင့်ဘူး။ အဓိက သတိထားရမှာက မြစ်ဝကျွန်းပေါ်နဲ့ ကိုးကိုးကျွန်းကြား ဧရိယာတွေ” ဟု ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြောသည်။ လေပြင်းတိုက်နှုန်းမှာ တနာရီ မိုင် ၄ဝ ခန့်အထိ ရှိနိုင်သည်ဟု ဆိုသည်။



ကပ္ပလီပင်လယ်ပြင်အတွင်း မုန်တိုင်းမဖြစ်ဘဲ လှိုင်းကြီးခြင်းမှာ မုတ်သုန်လေ အားကောင်းခြင်းနှင့် အခြားဘက်မှ ပင်လယ်ရေ စီးဝင်ခြင်းတို့ကြောင့် ဖြစ်ပေါ်တတ်ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

တနင်္လာနေ့ထုတ် အစိုးရသတင်းစာ ကြေးမုံ၏ မိုးလေဝသ ခန့်မှန်းချက်တွင်မူ မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်းနှင့် လေတိုက်နှုန်းမှာ တနာရီ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း ရေးထားသည်။

mccw1လှိုင်းလုံးဝင်ရောက်နိုင်သည့် လမ်းကြောင်းပြ မြေပုံ (ဓာတ်ပုံ - MCCW)
လှိုင်းလုံးဝင်ရောက်နိုင်သည့် လမ်းကြောင်းပြ မြေပုံ (ဓာတ်ပုံ - MCCW)
ယနေ့တွင် ဧရာဝတီတိုင်း ပင်လယ်ဝဒေသနှင့် ရခိုင်ပြည်နယ် ကျောက်ဖြူတွင် မိုးရွာနေသည်။

“ကျမတို့ဘက်တော့ မိုးဖွဲဖွဲဖြစ်နေတာပဲရှိတယ်။ ကျန်တာကတော့ ပုံမှန်ပါပဲ။ လှေလည်း ထွက်နေကြတယ်” ဟု ဧရာဝတီတိုင်း ပင်လယ်ဝအနီးရှိ ငွေဆောင်ကျေးရွာသူ တဦးက မဇ္ဈိမကို ပြောသည်။

ကျောက်ဖြူ ဒေသခံက “မနေ့ကတည်းက မိုးဆက်တိုက်ရွာနေတယ်၊ မိုးကြီးတယ်။ ဒါပေမဲ့ လေတော့ သိပ်မတိုက်ဘူး” ဟု ဆိုသည်။

၂ဝ၁၁ မတ်လ ၁၄ ရက်မှ ၁၇ ရက်နေ့အတွင်း စိုက်ဆင်းလေပြင်း ကျခဲ့သဖြင့် ဧရာဝတီတိုင်း ဖျာပုံခရိုင်တခုတည်းပင်
 ရေလုပ်သား ၄ဝဝဝ ကျော် ပင်လယ်တွင်း မျောပါသွားခဲ့သည်။

mccwလှိုင်းလုံးဝင်ရောက်နိုင်သည့် လမ်းကြောင်းပြ မြေပုံ (ဓာတ်ပုံ - MCCW)
လှိုင်းလုံးဝင်ရောက်နိုင်သည့် လမ်းကြောင်းပြ မြေပုံ (ဓာတ်ပုံ - MCCW)
“လှိုင်းက မြင့်တဲ့အခါ အရှေ့ကို ငိုက်ကျပြီး ခေါင်းဖြူထတယ်၊ တော်တော်လေး ကြီးတယ်။ ရေလုပ်သားတွေဆိုရင်
 လောဘတက်ပြီး ပင်လယ်နက်ထဲ မသွားမိဖို့ အရေးကြီးတယ်။ သင်္ဘောအသေးတွေနဲ့ ခံနိုင်ရည်မရှိတဲ့ သင်္ဘောတွေ
 ဝေးဝေးကို မသွားသင့်ဘူး။ အဓိက သတိထားရမှာက မြစ်ဝကျွန်းပေါ်နဲ့ ကိုးကိုးကျွန်းကြား ဧရိယာတွေ” ဟု ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြောသည်။ လေပြင်းတိုက်နှုန်းမှာ တနာရီ မိုင် ၄ဝ ခန့်အထိ ရှိနိုင်သည်ဟု ဆိုသည်။



ကပ္ပလီပင်လယ်ပြင်အတွင်း မုန်တိုင်းမဖြစ်ဘဲ လှိုင်းကြီးခြင်းမှာ မုတ်သုန်လေ အားကောင်းခြင်းနှင့် အခြားဘက်မှ ပင်လယ်ရေ စီးဝင်ခြင်းတို့ကြောင့် ဖြစ်ပေါ်တတ်ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။



 
 

11ReadMore-2.jpg

မဲ့ကသာကျေးရွာအတွင်း၌ စာသင်ကျောင်း မဖွင့်နိုင်သေး



ဇူလိုင်လ ၁၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ

 
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသရှိ မဲ့ကသာရွာတွင် တိုက်ပွဲများကြာင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြ သည့် ရွာသူရွာသားများမှာ ယခုအချိန်၌ ရွာတွင် ပြန်လည် နေထိုင်နိုင်ကြပြီဖြစ်သော်လည်း စာသင်ကျောင်းကိုမူ ဖွင့်လှစ်နိုင် ခြင်း မရှိသေးကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
၎င်းရွာရှိ ဘာသာရေးခေါင်းဆောင်တဦးက “ရွာသားတွေ ပြန်နေထိုင်တာ ၁၀ရက်ကျော်သွားပြီ။ အကုန်လုံးတော့ မဟုတ်သေး ပေမဲ့ ထက်ဝက်ကျော်လောက်ရှိပြီ။ ဒါပေမယ့် ပိတ်ထားတဲ့စာသင်ကျောင်းကိုတော့ အခုထက်ထိ ပြန်မဖွင့်နိုင်သေးတဲ့အတွက် ကလေးတွေလည်း မိဘတွေနဲ့အတူ နေ့စားသွားလုပ်တဲ့လူကလုပ်၊ ကျောင်းထွက်ပြီး တခြားရွာကို ပြောင်းသွားတာလည်း ရှိ တယ်။”ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၀ရက်နေ့တွင် မဲ့ကသာကျေးရွာ ဘုန်းကြီးကျောင်းရှိ အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ် (စကခ-၁၉) လက်အောက်ခံ ခမရ(၅၆၃)တပ်ရင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၆) လက်အောက်ခံ တပ်ဖွဲ့ဝင်တချို့က ၀င်ရောက်ပစ်ခတ်ရာ ရွာသားများအားလုံးနီးပါး အခြားကျေးရွာများသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။
အိမ်ခြေ ၉၀ခန့်ရှိ မဲ့ကသာကျေးရွာမှ အိမ်ထောင်စု အများစုမှာ ယခုအချိန်တွင် ရွာတွင်း ပြန်လည်နေထိုင်ကြပြီဖြစ်သော်လည်း အချို့မှာ ကျေးရွာတွင် ထိုဒေသရှိ မိုင်းတွင်းလုပ်ငန်းတွင် နေ့စားအလုပ်လုပ်ကာ နေထိုင်ရပ်တည်ကြသည်။
အမည်မဖော်လိုသူ မဲ့ကသာရွာမှ လူကြီးတဦးက “ကျနော်တို့လူကြီးတွေက ကော်သူးလေကိုလည်း မထိန်းချုပ်နိုင်ဘူး။ အစိုးရ တပ်ကိုလည်း ထိန်းချုပ်နိုင်တာ မဟုတ်ဘူး။ ဒါကြောင့် ဒီစာသင်ကျောင်း ဘယ်အချိန် ပြန်ဖွင့်နိုင်မလဲဆိုတာတော့ တပ်အပ် မပြောနိုင်ဘူး။ နစ်နာတာက ကလေးတွေပဲ။” ပြောသည်။

Photo-KIC (ကရင်ပြည်နယ်မှ မူလတန်းကလေးငယ် ကျောင်းသူကျောင်းသားများ)

ခမရ(၅၆၃)တပ်ရင်းသည် မဲ့ကသာကျေးရွာ ဘုန်းကြီးကျောင်းကို အကာအကွယ်လုပ်ကာ ခြေကုပ်နေရာယူထားသဖြင့် ပြီးခဲ့ သည့် ဇွန်လ ၆ရက်နေ့နှင့် ၁၀ရက်နေ့က ကေအဲန်အယ်လ်အေတပ်ဖွဲ့ဝင်များ ၀င်ရောက်ပစ်ခတ်မှုကို ခံရပြီး ဘုန်းကြီးကျောင်း ခေါင်မိုးကိုထိမှန်ကာ အနည်းငယ် ပျက်စီးသွားခဲ့သည်။ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဖြစ်သည့် မဲ့ကသာ မူလတန်းကျောင်းတွင် ကျောင်းဆရာ ၃ဦးနှင့် ကျောင်းသူကျောင်းသား ၄၀ဦးကျော် ပညာသင်ကြားနေသလို ယခင်ကလည်း အလားတူ ပစ်ခတ်မှုများကြောင့် မကြာခဏ ကျောင်းပိတ်ပစ်ခဲ့ရသည်ဟု ရွာသားများက ပြောသည်။

11ReadMore-2.jpg

ဗိုလ်ကြီး​တဦး​ အပါအဝင် စစ်သုံ့​ပန်း​ ၅ ဦး​ ​ကေအိုင်​အေ ဖမ်း​မိ

by ဒီဗွီဘီ

ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော် (​ကေအိုင်​အေ)နဲ့​ မြန်မာစစ်တပ်အကြား​ ဖြစ်ပွား​နေတဲ့​ တိုက်ပွဲ​တွေအတွင်း​ မြန်မာစစ်တပ်မှ ဗိုလ်ကြီး​တဦး​ အပါအဝင် စစ်သည် ၅ ဦး​ကို ​ကေအိုင်​အေက ဇူလိုင် ၁၇ ရက်​နေ့​က ဖမ်း​ဆီး​ရမိထား​တယ်လို့​ ​ကေအိုင်​အေတပ်ဖွဲ့​နဲ့​ နီး​စပ်သူ ​ဒေသခံတဦး​က ​ပြောပါတယ်။

ဇူလိုင် ၁၆ ရက်၊​ စ​နေ​နေ့​ ​နေ့​လယ်ပိုင်း​က ဗန်း​မော်-မြစ်ကြီး​နား​ကား​လမ်း​ပေါ်ရှိ မိုး​မောက်မြို့​နယ်၊​ နန့်​ဆန်ယန်​ကျေး​ရွာအနီး​ ခလရ ၂၁ နဲ့​ ​ကေအိုင်​အေ တပ်ဖွဲ့​အကြား​ တိုက်ပွဲဖြစ်ခဲ့​ပြီး​ ခလရ ၂၁ ကို ​ကေအိုင်​အေက ဝိုင်း​ဝန်း​ပိတ်ဆို့​ တိုက်ခိုက်​နေခဲ့​တာ မ​နေ့က အထိ ဖြစ်ပါတယ်။

တိုက်ပွဲစဖြစ်တဲ့​နေ့​ မှာ စစ်ကူလာတဲ့​ လဂျား​ယန်က မြန်မာစစ်တပ်ကို ​ကေအိုင်​အေက ကြား​က ဖြတ်တိုက်လိုက်တာမို့​ ​နောက်ပြန်ဆုတ်သွား​တယ်လို့​ ဆိုပါတယ်။

စစ်သုံ့​ပန်း​ ၅ ဦး​ကို ဖမ်း​ဆီး​ရမိခဲ့​တာနဲ့​ ပတ်သက်လို့​ ​ဒေသခံက အခုလို ​ပြောပါတယ်။

“ဖမ်း ​မိတာ မ​နေ့​က။ စ​နေ​နေ့​ တိုက်ပွဲက​နေ ဟို​ပြေး​လို့​မရ၊​ ဒီလိုလို့​မရလို့​ ပိုက်လုံး​ထဲမှာ ပုန်း​နေတာလို့​ ​ပြောတယ်။ အဲဒါ တပ်ကြပ်ကြီး​ တ​ယောက်ပါတယ်၊​ ဗိုလ်ကြီး​ တ​ယောက်ပါတယ်။ တပ်သား​ ၃ ​ယောက်၊​ အား​လုံး​ ၅ ​ယောက်။ ခလရ ၂၁ လို့​ ​ပြောတယ်။ ​ရေသွယ်တဲ့​ ​ရေနုတ်​မြောင်း​ ပိုက်လုံး​ထဲမှာ ပုန်း​နေတာ။ အ​ရှေ့​လည်း​ ပိတ်ပြီ၊​ ​နောက်မှာလည်း​ တိုက်ပွဲဖြစ်​နေ​တော့​ ​ကေအိုင်​အေ ပိတ်ထား​ပြီဆို​တော့​ မ​ပြေး​တတ်​တော့​လို့​ ပိုက်လုံး​ထဲ ဝင်ပုန်း​နေ​တော့​ ​ကေအိုင်​အေက ဝင်စီး​မိတဲ့​အခါ ပိုက်လုံး​ထဲမှာ ဆွဲထုတ်ခဲ့​တယ် ​ပြောတယ်။”

အဲဒီစစ်သုံ့ ​ပန်း​ ၅ ဦး​စလုံး​ကို ​ကေအိုင်​အေ ဌာနချုပ် လိုင်ဇာကို ​ခေါ်ယူလာပြီး​ ​ကေအိုင်​အေတပ်ဖွဲ့​က ​ကောင်း​ကောင်း​မွန်မွန် ဆက်ဆံထား​ရှိ​ကြောင်း​ အဆိုပါ လိုင်ဇာ ​ဒေသခံက ​ပြောပါတယ်။

ယခင်အ​စောပိုင်း​ကလည်း​ စစ်သုံ့​ပန်း​တွေကို ​ကေအိုင်​အေက အလား​တူ ဖမ်း​ဆီး​ရမိခဲ့​ပြီး​ ​ကောင်း​ကောင်း​မွန်မွန် ဆက်ဆံကာ ပြန်လည် လွှတ်​ပေး​ခဲ့​ပါတယ်။ အခု ဖမ်း​ဆီး​ရမိတဲ့​ စစ်သုံ့​ပန်း​တွေရဲ့​ ကိုယ်​ရေး​ အချက်အလက်​တွေကို​တော့​ ​ကေအိုင်​အေဘက်က ထုတ်ပြန် ​ပြောဆိုတာ မရှိ​သေး​ပါဘူး​။

ဇူလိုင် ၁၆ ရက်​နေ့​ကစလို့​ ဗန်း​မော်-မြစ်ကြီး​နား​ ကား​လမ်း​တ​လျှောက်မှာ တိုက်ပွဲ​တွေ ၂ ရက် ဆက်တိုက်ဖြစ်​နေခဲ့​ရာ ဒီက​နေ့​ မနက်ပိုင်း​မှာလည်း​ ဝိုင်း​မော်မြို့​နယ်အတွင်း​ တိုက်ပွဲ​တွေ ဖြစ်​နေတယ်လို့​ သိရပြီး​ အ​သေး​စိတ် အ​ခြေအ​နေကို​တော့​ မသိရ​သေး​ပါဘူး​။


http://burmese.dvb.no/archives/12802

11ReadMore-2.jpg

Template by:

Free Blog Templates