Wednesday, November 10, 2010

ဘုရားသုံးဆူတွင် လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်


ဧရာဝတီ Thursday, 11 November 2010 12:08


ယနေ့ နံနက် ၃ နာရီ ကျော်မှ စတင်ကာ DKBA တပ်များက နအဖ စစ်တပ် ခလရ ၂၈၃ တပ်စွဲရာ ထိုင်း-မြန်မာနယ်စပ် ဘုရား သုံးဆူ မြို့ပြင်ရှိ တောင်ကုန်းကို လက်နက်ကြီများဖြင့် စတင်ပစ်ခတ်သည်။ ခန့်မှန်းခြေ လက်နက်ကြီး အလုံး ၃၀ ခန့်ရှိပြီး နံနက် ၆ နာရီခန့်အထိ အပြန်အလှန် ပစ်ခတ်ကြခြင်းဖြစ်သည်။ နံနက် ၈ နာရီ ခန့်အထိ ပစ်ခတ်မှုများ ကြိုကြားကြိုကြား ရှိနေကြောင်း နယ်စပ် အခြေ အနေ ကို လေ့လာနေသူ ထိုင်းနယ်ခြားစောင့်အဖွဲ့ ဝင် တဦးက ပြောသည်။ မြ၀တီဘက်မှ ဆုတ်ခွာ လာသော ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)၏ DKBA တပ်ဖွဲ့ဝင်များ ဘုရားသုံးဆူသို့ ယမန်နေ့က ရောက်ရှိလာကြောင်း၊ နအဖ စစ်ကူ တပ်များလည်း သံဖြူဇရပ်ဘက်မှ ဘုရားသုံးဆူရှိရာသို့ ဦးတည် လာနေကြောင်း၊ ထိုင်းဘက်သို့ တိမ်းရှောင်လာသော စစ်ပြေး ဒုက္ခသည်များစွာ ယမန်နေ့က ဘုရားသုံးဆူဘက် ပြန်သွားကြောင်း သတင်းရရှိသည်။

11ReadMore-2.jpg

ဘုရားသုံးဆူဒေသ နိုဝင်ဘာလ ၁၁ရက်နေ့ မနက်တိုက်ပွဲ။

ကေအိုင်စီ သတင်းမှ.....

နိုဝင်ဘာလ ၁၁ရက်။ ကေအိုင်စီ

(နိုဝင်ဘာလ ၁၁ရက်၊ မနက် ၅နာရီစပြီး ဘုရားသုံးဆူမြို့နယ်၊ နယ်စပ် ရွာသစ်ဘက်မှာ နအဖ ခမရ(၄၀၅)နဲ့ ဒီကေဘီအေတပ်တွေ အပြန်အလှန် တိုက်ပွဲဖြစ်ကြတယ်လို့ ထိုင်းစစ်တပ်အသိုင်းအ၀ိုင်းက ပြောပါတယ်။
မနက် ၆နာရီကစပြီး နအဖဘက်က လက်နက်ကြီးနဲ့ပစ်တာ အခု ၇နာရီခွဲကျော်အထိ လက်နက်ကြီး အလုံး ၂၀နီးပါးလောက်ရှိပြီလို့လည်း သိရပါတယ်။

မနက် ၇နာရီကျော်အထိ ဘုရားသုံးဘက်က ဒုက္ခသည်လူထုဟာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာတာ ခန့်မှန်းခြေ ၁သောင်းကျော်လောက် ရှိပြီလို့ သိရပါတယ်။
အဲဒီဒုက္ခသည်တွေဟာ ထိုင်းဘက်ခြမ်းက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ အားကစားရုံတွေမှာ ရောက်ရှိနေကြတယ်။ သူတို့ကို ထိုင်းလူမှုကယ်ဆယ်ရေးတွေကလည်း ကူညီပေးနေတယ်။

ဒီကေဘီအေဘက်က သုံးတာက ၆၀-မမ။ နအဖဘက်က သုံးတာက ၁၂၀ စိန်ပြောင်း။ အဲဒီ နအဖ ခမရ(၄၀၅)တပ်ရင်းဟာ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကပဲ ဘုရားသုံးဆူဘက်ကို စစ်ကူထပ်ရောက်လာတဲ့ တပ်ရင်းဖြစ်တယ်။
ဒီကေဘီအေ ဘက်က အပြောအရ နအဖဘက်က ပစ်ခတ်တာဖြစ်ပြီး ဒီကေဘီအေဘက်က ခံပစ်ပုံစံမျိုးပဲ။ ဒါပေမဲ့ နအဖဟာ သူတို့ရဲ့ လက်နက်ကြီးတွေကို ဒီကေဘီအေရှိရာ ပစ်ခတ်ထည့်တာမဟုတ်ဘဲ မဲ့ကသာရွာထဲကို ပစ်ခတ်နေတာ ဆိုတော့ ရွာသားတွေက ထွက်ပြေးရတယ်လို့ ဆိုပါတယ်။

အခု ၈နာရီနီးပါးအထိ ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျလာတာတော့ မရှိသေးဘူး။ဖြစ်တာကတနေရာထဲမဟုတ်ဘဲ ဘုရားသုံးဆူ နယ်စပ်တကြောလုံးဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။)

Collapse...

11ReadMore-2.jpg

မြ၀တီ စစ်ဘေး တတိယနေ့  ပြည်သူ့ အခြေအနေ

















ပြည်သူတွေ ထိုင်းဖက် ကမ်း က စက်ရုံ နဲ့ ဘုန်းကြီးကျောင်းတွေ မှာ ပုန်းနေတာပါ သူတို့ ပေါ်တာကြောက်တယ် ထပ်ပစ်မဲ့ အခြေအနေရှိတယ် ဆိုပြီး မပြန်ရဲ ကြဘူး တဲ့ ။ ပုံမှာ တွေ့ ရတဲ့ ဆရာတော်က တော့ ၁၄နှစ်ကျော် အကျဉ်းကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းကျဆရာတော် ရှင်ဇ၀န ဖြစ်ပါတယ် လူထုတိုက်ပွဲကော်မတီရဲ့ ဦးဆောင်ကော်မတီဝင် တစ်ဦး

11ReadMore-2.jpg

တောင်ငူမြို့နယ်တွင် KPP ပါတီ မဲအပြတ်အသတ် အနိုင်ရ


BNI သတင်း

နန်းဖော့ဂေ သတင်း - ကေအိုင်စီ

ပဲခူးတိုင်း တောင်ငူမြို့နယ်တွင် ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ လေးခုအနက် ကရင်ပြည်သူ့ပါတီ (KPP) မှာ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

KPP_Presidentတောင်ငူ မဲဆန္ဒ နယ်မြေတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ (NUP) တို့အပြင် တိုင်းရင်းသား ပါတီများ ဖြစ်သည့် ကရင် ပြည်သူ့ပါတီ (KPP)နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP)မှ လွှတ်တော် ကိုယ်စားလှယ်များ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ KPP က မဲပေါင်း ၁,၇၅၇မဲဖြင့် ကျန်ပါတီများကို အနိုင်ရရှိသွားခဲ့သည်ဟု မဲ ကော်မရှင်နှင့် နီးစပ်သူတစ်ဦးက ယခုလို ပြောသည်။

သူက “ပါတီလေးခုရှိတဲ့အနက် ကြံ့ဖွံ့ပါတီ(USDP)က ၅၇၈မဲ၊ တစညပါတီ(NUP)က ၂၈၀မဲ၊ ကေပီပီက ၁,၇၅၇မဲ၊ ဖလုံ-စဝေါ် ပါတီက ၁၂၉မဲနဲ့ ပယ်မဲ ၂၁၅ခုဖြစ်နေတယ်လို့ သိရတယ်လေ။ အဲဒီတော့ ကေပီပီက တောင်ငူမှာ မဲနိုင်သွားတာပေါ့ဗျာ။”ဟု ဆို သည်။

သံတောင်မြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်သည့် ကေပီပီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စောစေးဝါးညွှန့်ကို ဆက် သွယ်မရသဖြင့် ပါတီဥက္ကဌ ဦးစောထွန်းအောင်မြင့်ကို ကေအိုင်စီက ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းတို့ပါတီ အနိုင်ရကြောင်း အတည်ပြုပြောဆိုခဲ့သည်။

“အခုလောလောဆယ်တော့ သံတောင်မှာ တစ်ယောက်တော့ ရတယ်လေနော်။ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်လေ။ အဲဒီမှာ တိုင်း ရင်းသားရေးရာ ကရင်ရေးရာလေ။ အဲဒါတော့ လက်မှတ်ထိုးခိုင်းနေတယ်ဆိုတော့လေ။ သဘောကတော့ သေချာသွားပြီနဲ့ တူ တယ်ပေါ့နော်။ ဦးစောစေးဝါးညွှန့်က တောင်ငူကနေ အရွေးခံတယ်လေ။”ဟု ဆိုသည်။

လက်ရှိအချိန်ထိ ကေပီပီပါတီမှ ၎င်းတို့ ၀င်ရောက်ယှဉ်ပြိုင်သည့်ဒေသများတွင် ကိုယ်စားလှယ်လောင်း ဦးရေမည်မျှ အနိုင်ရ သည်ကို အတိအကျ မသိရှိရသေးကြောင်းလည်း ဦးစောထွန်းအောင်မြင့်က ဆက်ပြောပြသည်။

သံတောင်မြို့နယ်၊ ဘောဂလိကြီးမြို့နယ်ခွဲ မဲရုံအမှတ်(၁)ကို ခလယ်လာရွာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ပြီး ဘောဂလိ မြို့နယ်မှူး ဦးသန်းဦး ဦးဆောင်ကာ ဌာနဆိုင်ရာများနှင့် ရွာသူကြီးများက မဲရုံမှူးအဖြစ် တာဝန်ယူကာ နအဖ ခမရ(၃၃၆)က မဲရုံလုံခြုံရေးအတွက် တာဝန်ယူပေးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၅ရက်နေ့က ရွေးကောက်ပွဲမတိုင်ခင် သံတောင်မြို့နယ်မှူး ဦးသန်းဦးက စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၇) နည်းဗျူ ဟာမှူး ဒုဗိုလ်မှူးကြီးမျိုးလှနှင့်ပေါင်းကာ ထန်းတပင်မြို့နယ်တွင် ကြိုတင်မဲများကောက်ခံခဲ့ပြီး မဲမပေးသူများကို ငွေကျပ် ၁သိန်း ပေးဆောင်ခိုင်းကြောင်း သိရသည်။

သို့သော် ဘောဂလိကျေးရွာမှလွဲ၍ အနီးဝန်းကျင်ရှိ ရာမူဒဲ၊ ဒဲဒို၊ မော်ကိုးဒဲ၊ ပယ်ကော်ဒဲ၊ ခူပလောဒဲ၊ မော်ခါးဒဲ၊ ကော်စိုးခို၊ လယ် ကို၊ ၀ါသိုးခို၊ ကော်သေးဒဲ၊ ကလေစိုးခီး (ရေသိုးကြီး) ကျေးရွာများမှာ ရွေးကောက်ပွဲ ကျင်းပခွင့် မရှိသည့် ဒေသများတွင် ပါဝင်သော်လည်း ထိုရွာများမှ အိမ်ထောင်စု၊ သန်းခေါင်စာရင်းများကို ကောက်ခံထားခဲ့ပြီး ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

၎င်းဒေသခံက “ဘောဂလိကြီးရွာက ရွေးကောက်ပွဲလုပ်ပေမဲ့ အနီးအနား ၁၁ရွာကတော့ ဒေသလုံခြုံရေးမရှိလို့ မဲမထည့်ရဘူး တဲ့။ ဒါပေမဲ့ အဲဒီကျေးရွာတွေက သန်းခေါင်စာရင်းတွေကို စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလဆန်းပိုင်းတွေမှာ စစ် တပ်ကရော၊ မြို့နယ်ကပါ ယူလိုက်ထားပြီးသားလေ။”ဟု ပြောသည်။

နိုဝင်ဘာလ ၇ရက်က သံတောင်မြို့သစ်၊ မြို့ဟောင်း(သံတောင်ကြီး)မြို့များတွင် မဲထည့်သူများမှာ လက်ရှိ လူဦးရေ၏ ထက် ၀က်ခန့်သာရှိသည်။

11ReadMore-2.jpg

ဒီကေဘီအေတပ်၏အောင်မြင်မှုများ


ဒီကေဘီအေတပ်၏အောင်မြင်မှုများ

(၁)ဗမာစစ်အစိုးရတပ်ကိုအချိန်မရွေးခြိမ်းခြောက်နိုင်ကြောင်းပြသည်၊

(၂)မတရားသည့်ရွေးကောက်ပွဲကိုပြည်သူလူထုတိုင်းရင်းသားလက်နက်ကိုင်အင်းအားစုများမလိုလာအသိအမှတ်မပြုဘုးဆိုတာပြသခဲ့သည်၊

(၃)အတိုက်အခံအင်းအားစုများနှင့်တိုင်းရင်းသားလက်နက်ကိုင်အင်းအားစုများအကြောင်းလှို.ဝှက်ထောက်လှမ်းထားသောအထောက်အထားများနှင့်

ဗျူဟာချမှတ်ချက်၊အမိန်.ချက်နှင့်နိုင်ငံတော်လှို.ဝှက်ချက်များကိုဖျက်ဆီးနိုင်ခဲ့သည်၊

(၄)ဒီမိုကရေစီအင်းအားစုများနှင့်အခြားသောမဟာမိတ်များအားစစ်အစိုးရကိုဘယ်လိုတိုက်မှရမယ်ဆိုတာကိုလမ်းပြခဲ့သည်၊

(၅)ဗမာစစ်တပ်၏အဓိကစစ်ရေးဗျူဟာများကိုတားဆီနိုင်ခဲ့သည်၊

(၆)ဗမာစစ်တပ်ဆက်လက်ရမ်းကားလာပါကအချိန်မရွေးပြန်ချဖို.လမ်းဖွင့်သွားပြီးဖြစ် သည်၊

(၇)ဗမာစစ်တပ်တို.၏သတ္တိနှင့်အင်းအားကိုစမ်းသပ်နိုင်ခဲ့သည်၊

(၈)ဗမာစစ်တပ်တပ်သားများ၏စိတ်ဓါတ်နှင့်စစ်အစိုးရလက်ကိုင်တုတ်များကိုစိတ်ဓါတ် စစ်ဆင်ရေးအရရိုက်ချိုးနိုင်ခဲ့သည်၊ရှင်းလင်းနိုင်ခဲ့သည်၊

(၉)တိုင်းရင်းသားတပ်ဖွဲ.များအင်းအားရှိနေကြောင်းနှင့်ဗမာပြည်နိုင်ငံရေးမှာအဓိကဖြစ်နေကြောင်းကိုကမ္ဘာကသိသွားသည်၊

(၁၀)ဗမာစစ်တပ်၏နောက်ကွယ်ကနေစစ်ရေးပြင်ဆင်မှုကိုလက်ဦးရယူပြီးဗမာစစ်တပ်၏ကျန်ရှိဗျူဟာများကိုခြိမ်းခြောက်ရာရောက်သည်။

(၁၁)အရေးကြီးလျှင်သွေးနီရမည်ကိုကရင်အချင်းချင်းသွေးစည်းသင့်ကြောင်းသတိပေးခဲ့သည်၊
(၁၂)တိုက်ပွဲအပြီးစစ်အစိုးရမှတိတ်တဆိတ်ဖိနှိပ်လာမည်ဆိုရင်ဘာလုပ်သင့်သလဲဆို တာကိုအဆင်သင့်ဖြစ်အောင်တပ်လှံ.ခဲ့သည်။

http://www.tineyintharvoice.blogspot.com/

11ReadMore-2.jpg

Template by:

Free Blog Templates