Monday, January 10, 2011

တာ့ကော်ကျိုးနဲ့ ကဆောဝါးလေးကြားက လေးဒေး နေရာမှာ ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲဖြစ်

နေ့သစ် မီဒီယာမှ

ဒီကနေ့ ဝေါလေဒေသ တပ်ကော်ကျိုးနဲ့ ကဆောဝါးလေးကြားမှာ နအဖ စကခ (၁၂) လက် အောက်ခံ ခမရ ၅၄၉ နှင့် ဒီကေဘီအေ၊ ကျောင်းသားတပ်မတော်နဲ့ မဟာမိတ် တပ်ဖွဲ့ဝင်တွေ ဒီနေ့ နေ့လည် ၂ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့ ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ နအဖ ဘက်မှ ၁၅ ဦးထိခိုက်ခဲ့တယ်လို့သိရှိရပြီး ဒီကေဘီအေဘက်မှလည်း ၂ ဦး ထိခိုက်ဒဏ် ရာ ရခဲ့ပြီး နအဖ ဘက်က တိုက်ပွဲထဲမှာ အသုံးပြုဖို့ခေါ်လာတဲ့ အကျဉ်းသား ၆ ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ယခု ဝေါ်လေဒေသ ထိုးစစ်အတွက် နအဖ ဘက်က တပ်ရင် ၁၀ ကို အသုံးပြုပြီး အင်းစိန် မော်လမြိုင် ဘားအံ တောင် ကလေးက အကျဉ်းသားစုစုပေါင်း ၈၀၀ ကို တိုက်ပွဲအတွင်းမှာ အသုံးပြုဖို့ ခေါ်လာတယ်လို့လဲ ကြားသိရပါတယ်။ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဟာ လေးဒေးလို့ခေါ်တဲ့ နအဖ စခန်းဟောင်း နေရာတခုဖြစ်ပါတယ်။ ထိုစခန်းနေရာဟာ ၁၉၈၉ ခုနှစ်က ဖလူးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ အရေးကြီးတဲ့ စခန်းကုန်း တနေရာဖြစ်တယ်လို့ ဒီကေဘီအေ တပ်မဟာ ၅ ကလို့ထူးဘော ဗျူဟာမှ ဗိုလ်ဆန်းအောင်က ပြောပြသွားပါတယ်။

11ReadMore-2.jpg

ယနေ့သတင်း (၁၁ ရက် ဇန်န၀ါရီလ ၂၀၁၁)


ဆုံဆည်းရာ၊ ၁၁ ရက် ဇန်န၀ါရီလ ၂၀၁၁

သတင်း
နေ့လည် (၁၁ နာရီ ၂၀ မိနစ်) ဇန်န၀ါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အကျဉ်းအသား ၄ ဦးထက်မနည်းသေဆုံးပြီး ၆ ဦး ဒဏ်ရာရှိကြောင်းသိရှိသည်။ ကရင်ပြည်နယ် ဝေါလေဒေသ နအဖ ထိုးစစ်တွင် နအဖ ဘက်မှ စစ်အင်အား ၃၀၀ ကျော်အသုံးပြုပြီး အကျဉ်းသား အင်အား ၅၀၀ ကျော် အသုံးပြုကြောင်း သိရပါတယ်။ အကျဉ်းသားများကို ခြေထောက်တွင် သံခြေကျင်းခတ် ၅ ယောက်တတွဲကြိုးချည် ရင်ဘောင်တန်းခိုင်းပြီး မိုင်းတွင်းများကို ဖြတ်သန်းခိုင်းနေကြောင်း သိရှိရသည်။ အချို့အကျဉ်းသားများကို လက်နက်နှင့် ရိက္ခာသယ်ယူရာတွင် အသုံးပြုကြောင်း သိရသည်။

နေ့လည် (၁၁ နာရီ ၁၅မိနစ်) ဇန်န၀ါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် နအဖ စစ်သားအယောက် ၂၀ ကျော်ဒဏ်ရာရှိပြီး ဒဏ်ရာရသူများကို ထိုင်းနိုင်ငံဘက်မှတဆင့် မြ၀တီမြို့သို့ ပို့ဆောင်နေကြောင်း သိရပါတယ်။

နေ့လည် (၁၁ နာရီ ၁၀ မိနစ်)
ကရင်ပြည်နယ် ဝေါလေဒေသတွင် ဒီကေဘီအေ စခန်းကို နအဖ ဘက်မှ တပ်ရင်း ၈ ရင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ မြ၀တီမြို့တွင် နအဖ တပ်မမှူး ကိုယ်တိုင် ဦးစီးအမိန့်ပေးမှုများ ပြုလုပ်နေပြီး စကခ (၁၂) ဗျူဟာ (၁)၊ (၂) လက်အောက်ခံတပ်ရင်းများဖြစ်သည့် တပ်ရင်း ခလရ (၂၃၁)၊ ခမရ(၅၄၆)၊ ခမရ (၅၄၈)၊ ခမရ(၅၄၉)၊ ခမရ(၃၅၆)၊ ခမရ(၃၅၇)၊ ခမရ (၃၅၉)နှင့် ခမရ(၅၄၅) တပ်တို့မှ အင်အား အင်းအား ၃၀၀ ကျော်နှင့် ထိုးစစ်ဆင်တိုက်နေတာပါ။

11ReadMore-2.jpg

ထိုင်းနယ်စပ်မှာ တိုက်ပွဲများ ပြင်းထန်နေ ဒီကေဘီအေ ၂ ဦး ဒဏ်ရာရ



11ReadMore-2.jpg

DKBA နှင့် နအဖ တိုက်ပွဲကြောင့် ထိုင်းစစ်တပ် နယ်စပ်လုံခြုံရေး

  
ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ်ဖွဲ့များအကြား ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည်များ ထပ်မံ ကျရောက် ပေါက်ကွဲသဖြင့် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေး တိုးမြှင့်ထားလိုက်သည်။

dkba-and-knu-11
တိုက်ပွဲဝင် DKBA နှင့် KNUပူးပေါင်းအဖွဲ့၏ လက်ဖြောင့် တပ်သားများ (ဓာတ်ပုံ - ဧရာဝတီ)
ယနေ့နံနက် ၇ နာရီခန့်က စတင် ဖြစ်ပွားသည့် နှစ်ဘက် တိုက်ပွဲတွင် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ လက်အောက်ခံ နအဖ တပ်ဖွဲ့ဝင်များက DKBA တပ်ဖွဲ့များ ရှိသည့်ဟု ယူဆရသည့် ကဆောဝါးလေး တောင်တန်း တလျှောက် လက်နက်ကြီး ကျည် အလုံး ၁၀၀ ခန့် ကြိုကြား ပစ်ခတ်လျက်ရှိရာ ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည် ၆ လုံး ယနေ့ မွန်းလွဲပိုင်းတွင် ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်က ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် နှစ်ဘက် တိုက်ပွဲတွင်လည်း နအဖ တပ်ဘက်မှ


လက်နက်ကြီးကျည် အလုံး ၁၀၀ ခန့်ပစ်ခတ်ခဲ့ရာ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ် မဲ့ကိုကင်း ရွာရှိ ကော်မနောင်း အနီးတွင် ၁၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

နအဖ ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းဘက်ကျရောက် ပေါက်ကွဲမှု ဖြစ်စဉ်ကို ထိုင်းဘက်မှ စစ်ဆေးလျက် ရှိပြီး လိုအပ်ပါက ထိုင်း-မြန်မာ နယ်ခြား ကော်မတီမှ တဆင့် မြန်မာဘက်သို့ ကန့်ကွက်သွားမည်ဟု မဲဆောက် အခြေစိုက် အမှတ် (၄) ဒေသဆိုင်ရာ ကွပ်ကဲရေး တပ်မှ တပ်မှူးတဦးက သတင်းထောက်များကို ပြောသည်။

တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ ဖလူးဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် DKBA တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင် က နှစ်လတာ တိုက်ပွဲကာလအတွင်း DKBA နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်ဖွဲ့ဝင်များ၏ ပြောက် ကျားစနစ်ဖြင့် ချုံခိုတိုက်မှုကြောင့် နအဖ ဘက်က ထိခိုက်ဒဏ်ရာရ သေဆုံးမှုများစွာ ရှိခဲ့သည့်အတွက် ဖလူးဒေသကို စိုးမိုးမှု အမြန်ရယူရန် ယခုကဲ့သို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

“နအဖ က ပြောက်ကျားစနစ်ကို ကြောက်တယ်။ သူတို့ဘက်က အကျအဆုံးထဲမှာ ကျနော်တို့နဲ KNUပူးပေါင်း တပ်ဖွဲ့တွေရဲ့လက်ဖြောင့် တပ်ဖွဲ့ဝင်(စနိုက်ပါ သမား)တွေကြောင့် ဖြစ်တယ်”ဟု ဗိုလ်မှူးဆန်းအောင်က ဆိုသည်။

၎င်းက ဆက်လက်ပြီး“လက်နက် အင်အား၊ လူအင်အားချင်း ကွာခြားမှုအရ ကျနော်တို့က ပြောက်ကျားစစ်နစ်ကို သုံးတာဖြစ် တယ်။ ဒီနည်းနဲ့ နအဖ ဘက်က တလကို ထိခိုက်ကျဆုံးမှု များတာရှိတဲ့အတွက် အခုလိုမျိုးကျနော်တို့ကို လက်နက်ကြီး အလုံး ရေ ရာနဲ့ချီပြီးတော့ တိုက်နေတာဖြစ်တယ်”ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်ဘက်တိုက်ပွဲများအတွင်း ထိခိုက် ဒဏ်ရာရ သေဆုံးမှုများနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် နှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး နအဖ တပ်ဖွဲ့ဝင်များ၏ ထိခိုက်ကျဆုံးမှုကို မသိရှိရသေး သော်လည်း DKBA ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မှူး တဦးက ပြောသည်။

တိုက်ပွဲကြောင့် ယနေ့နှင့် ယမန်နေ့က ရာနှင့် ချီသည့် ဖလူး ဒေသခံ ရွာသားများ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ် အတွင်း သို့ ၀င်ရောက်ခိုလှုံလျက်ရှိသည်ဟု ၎င်းတို့၏ ကျန်းမာရေးနှင့် စားဝတ်နေရေးကိစ္စများကို ကူညီဆောင်ရွက် ပေးနေသည့် မဲဆောက်မြို့ မယ်တော် ဆေးခန်းမှ ဆေးမှူး စောနေဦးက ပြောသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ ယမန်နေ့ကစတင်သည့် နအဖ ထိုးစစ်သည် ဖလူးဒေသကို စစ်မျက်နှာဖွင့်ထားပြီး DKBA တပ်မဟာ(၅)ဌာနချုပ် ရှိသည့် ဝေါ်လေဒေသသို့ နအဖ တပ်များ ထိုးစစ်ဆင်ရန်အတွက် စစ်ချီရာတွင် လွယ်ကူစေရန် စစ် ပရိယယ် သုံးခြင်းဖြစ်သည်ဟု ထိုင်း နယ်ခြားစောင့် တပ်မှူးတဦးက သုံးသပ်ပြောကြားသည်။

မြ၀တီခရိုင်မှတဆင့် ဝေါ်လေဒေသရှိ DKBA တပ်မဟာ(၅)ကိုရောက်ရှိရန် နအဖ တပ်များ လာမည့် ပုံမှန်လမ်းကို DKBA နှင့် KNU တပ်များ ပိတ်ဆို့ထားသဖြင့် အခြားတောလမ်းများမှ လာရောက်ရန်ကြိုးစားနေသော နအဖ တပ်များ မိုင်းကွင်းများနှင့် ပြောက်ကျား စစ်ကြောင့် အဆိုးဝါးဆုံး အနေအထားများနှင့် ရင်ဆိုင်ကြရမည်ဟု ဝေါ်လေအခြေစိုက် KNU တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင် ကလည်း ပြောသည်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့်ကြာအင်း ဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါး တိုက်ပွဲ များ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

11ReadMore-2.jpg

နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များ တိုက်ပွဲ နှစ်ဘက်ထိခိုက်မှုများရှိ


ဇန်န၀ါရီလ ၁၀ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ဝေါ်လေဒေသ၊ ဖလူးကျေးနယ်တွင် နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များအကြား ယမန်နေ့နှင့် ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ယခင်တိုက်ပွဲများထက် ပြင်းထန်သောကြောင့် နှစ်ဘက်ထိခိုက်မှုများရှိသည်ဟု သိရှိရသည်။

ယနေ့ နံနက် ၈နာရီခန့်မှ ညနေ ၄နာရီအကျော်အထိ ဖြစ်ပွားခဲ့သည့် KNLA၊ DKBA ပူးပေါင်းတပ်ဖွဲ့နှင့် နအဖ စကခ(၁၂) လက်အောက်ခံ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲတွင် နအဖဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု အတိအကျ မသိရှိရသော်လည်း နအဖ ဘက်မှ လက်နက်ကြီးကျည်မြောက်များစွာ ပစ်ခတ်ခဲ့သောကြောင့် DKBA တပ်သား ၂ဦး ကျည်ဆံထိမှန်ခဲ့သည်ဟု ဒီကေဘီ အေ တပ်မဟာ ၅မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။

၎င်းက “နအဖဘက်က လက်နက်ကြီး အလုံး ၁၀၀ထက်မနည်း လိုက်လံပစ်ခတ်တော့ ကျနော်တို့ဘက်က ၂ယောက် ထိတယ်။ ဒဏ်ရာအပြင်းအထန်တော့ မဟုတ်ဘူး။ ကျနော်တို့လူတွေလည်း တက်လာတဲ့ နအဖစစ်ကြောင်း အပိုင်စောင့်ပစ်တော့ နအဖ ဘက်ကလည်း တော်တော် အထိနာတယ်။ အရေအတွက်တော့ မသိရှိရသေးဘူး။”ဟု ပြောသည်။

အလားတူ ယမန်နေ့ကလည်း အဆိုပါ တပ်ဖွဲ့ဝင်များအကြား နှစ်ဘက်ပစ်ခတ်မှုတွင် နအဖတပ်မှူးတပ်သား ၂၀ဦးခန့် ထိခိုက် သေဆုံးခဲ့ရာ နအဖဘက်မှ လက်နက်ကြီးကျည်အလုံး ၁၀၀ကျော် ပစ်ခတ်ခဲ့သော်လည်း ကရင်တပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိ ကြောင်း ကရင်တပ်ဖွဲ့ဘက်က ပြောသည်။

ထိုပစ်ခတ်မှုကြောင့် ထိုင်းဘက်ခြမ်းရှိ မဲဆောက်မြို့နယ် မဲ့ကော်ကင်းကျေးရွာအနီးတွင် လက်နက်ကြီးအလုံး ၁၀ကျော် ကျ ရောက်ခဲ့သောကြောင့် ထိုင်းဘက်ခြမ်းမှ နယ်စပ်လုံခြုံရေးတပ်များ တိုးမြှင့်ချထားလိုက်သည်ဟု သိရသည်။

၎င်းတိုက်ပွဲများကြောင့် မြန်မာပြည်ဘက်ခြမ်းရှိ ရာနှင့်ချီသည့် ဖလူးကျေးနယ်မှ ဒေသခံလူထုများ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေး ခိုလှုံခဲ့ရသည်ဟု ၎င်းယာယီစစ်ပြေးဒုက္ခသည်များအား ကျန်းမာရေးနှင့် နေထိုင်ရေးနှင့် စားနပ်ရိက္ခာများကို ကူညီဆောင်ရွက် ပေးနေသည့် ကျန်းမာရေးလုပ်သားများက ပြောသည်။

11ReadMore-2.jpg

ငွေကြာယံ သံဃာတော်များ မြို့တော်ဝန်ဖိတ်ကြားချက် ငြင်းဆန်


  ဧရာဝတီ 


တောင်ဥက္ကလာပတွင် ဇန်နဝါရီ ၄ ရက်နေ့က ကြံ့ဖွံ့ပါတီ ခင်းထားသော လမ်းသစ်ဖွင့်ပွဲအတွက် တရားဟောရန် ငွေကြာယံ စာသင်တိုက်မှ သံဃာတော်များကို မြို့တော်ဝန် ဦးအောင်သိန်းလင်းက ပင့်ဖိတ်ခဲ့သော်လည်း သံဃာတော်များက ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် တခြားမြို့နယ်မှ သံဃာတော် ၁၀၈ ပါးကို ပင့်ဖိတ်ကာ လမ်းသစ်ဖွင့်ပွဲ ပြုလုပ်ခဲ့ရသည်။အဆိုပါ ဖွင့်ပွဲသို့ ပြည်သူများ တက်ရောက်ခြင်းမရှိဘဲ မြို့တော်ဝန်နှင့် ကြံ့ဖွံ့ပါတီဝင် ၂၀ ခန့်တို့သာ တရားနာ၍ ဖွင့်ပွဲ ကျင်းပခဲ့ရသည်ဟု သိရသည်။ ငွေကြာယံ ကျောင်းတိုက်သည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် အာဏာပိုင်များ၏ အဓမ္မ စီးနင်းဝင်ရောက်မှု ခံခဲ့ရပြီး သံဃာတော်များ ပြည်သူအများစု၏ ကြည်ညိုလေးစားမှုခံရသော စာသင်တိုက်ကြီး ဖြစ်သည်။

11ReadMore-2.jpg

Template by:

Free Blog Templates