Tuesday, December 14, 2010

ကရင်ပြည်နယ် တိုက်ပွဲသတင်း

 Tuesday, December 14, 2010


ယနေ့ သတင်း (၁၄ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၁၄ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
ည (၈ နာရီ ၃၀ မိနစ်) ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပါတယ်။ မော်ဖိုးထ အနီး လော့ခေါ်ရွာမှာ ယနေ့ည ၇ နာရီ ၂၇ မိနစ်မှာ နအဖ စစ်တပ်များနဲ့ ဒီကေဘီအေတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ နအဖ ဘက်မှာ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသနဲ့ မြ၀တီမြို့နယ်အတွင်း ဒီကေဘီအေနဲ့ နအဖ စစ်တပ်များ တိုက်ပွဲဖြစ်လာသော ပြီးခဲ့တဲ့လ ၈ ရက်နေ့မှ ယနေ့အချိန်အထိ နအဖ ဘက်မှ အရာရှိစစ်သည် ၆၀ ကျော်သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ည (၈ နာရီ ၂၅ မိနစ်) ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်ရှိ မဲကသာရွာအား နအဖစစ်တပ် ခြေမြန်တပ်ရင်း (ခမရ) ၄၀၂ စစ်ကြောင်း ၂ မှ ဒု တပ်ရင်းမှူး ဗိုလ်မှူး အာကာ ဆိုသူက မီးရှို့ရန် စီစဉ်မှုကြောင့် ဒေသခံ ရွာသားများ တိမ်းရှောင်နေရကြောင်း သိရ သည်။ (ကိုးကား- ဧရာဝတီ)

ည (၈ နာရီ ၂၀ မိနစ်) ညနေ ၄ နာရီက မော်ခိုကလိုးရွာမှာ နအဖ တပ်များနဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်များ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ည (၈ နာရီ ၁၅ မိနစ်) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့သည် စစ်ရေးအရ ပူးပေါင်း လုပ်ဆောင်မှုများ တိုးမြှင့်သွားရန် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄) အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ဌာနချုပ်တည်ရှိရာ မိုင်းလားမြို့တွင် အလွတ်သဘော ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (ကိုးကား- ဧရာဝတီ)

ည (၈ နာရီ ၁၀ မိနစ်) ယနေ့နေ့လည် ၁၂ နာရီတွင် ထခယ့်ပလယ်ရွာမှာ ဒီကေဘီအေနဲ့ နအဖ တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ည (၇ နာရီ ၃၀ မိနစ်) ကရင်ပြည်နယ် ဝေါလေဒေသရှိ ကနဲလေးတွင် ဒီကေဘီအေနဲ့ နအဖ တပ်များ ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်မှာ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိသည်။

Monday, December 13, 2010


ယနေ့ သတင်း (၁၃ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၁၃ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
ညနေ (၄ နာရီ ၃၀ မိနစ်) ကရင်ပြည်နယ် မြ၀တီမြို့ ကီလိုမီတာ ၂၀ အကွာမှာရှိတဲ့ စူးကလိရွာအထက် ကွိတာအု အနီးတွင် နအဖ စစ်ကူလာသည့် တပ်များကို ယနေ့နေ့လည်ပိုင်း ၁ နာရီခွဲက ဒီကေဘီအေအဖွဲ့မှ ခြုံခိုတိုက်ခိုက်သဖြင့် နအဖ စစ်သား အချို့ထိခိုက်ဒဏ်ရာ ရမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

ညနေ (၄ နာရီ ၂၀ မိနစ်) ယနေ့နေ့လည်ပိုင်း ၁ နာရီ ၁၀ မိနစ်က မာနယ်ပလောနယ်ဒေသတွင် ကေအန်ယူနဲ့ နအဖ တပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ညနေ (၄ နာရီ) မြ၀တီမြို့နယ် ဝေါလေဒေသတွင် နအဖ အခြေစိုက်စခန်းကို ဒီကေဘီအေမှ ယနေ့နေ့လည် ၁ နာရီလောက်က ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

11ReadMore-2.jpg

Template by:

Free Blog Templates