Monday, April 25, 2011

အဇင်း ရဲစခန်းကို ဒီကေဘီအေ ၀င်ရောက်တိုက်ခိုက်


ဆုံဆည်းရာ၊ ဧပြီလ ၂၅ ရက် ၂၀၁၁

နအဖ တပ်များနဲ့ ဒီကေဘီအေ ကလိုထူးဘောဗျူဟာ ဗိုလ်ချုပ်စောလားဘွယ် ဦးဆောင်သည့် တပ်များ ကရင်ပြန်နယ်နဲ့ မွန်ပြည်နယ် တို့တွင် တိုက်ပွဲတွေ အရှိန်အဟုန်မြင့် ဆက်လက်ဖြစ်ပွားနေပါတယ်။

မွန်ပြည်နယ်၊ ကြာအင်းဆိတ်ကြီးမြို့နယ် အဇင်း ရဲစခန်းကို ဒီအေဘီအေ ဗိုလ်ချုပ်စောလားဘွယ် ဦးဆောင်သည့် ကလိုထူးဘောဗျူဟာ တပ်များနဲ့ ကေအန်အယ်အေ ပူးပေါင်းတပ်ဖွဲ့ဝင်များ ယနေ့ နေ့လယ်ပိုင်း ၂ နာရီခန့်က ၀င်ရောက်တိုက်ခဲ့ပါတယ်။ အဇင်းရွာ အခြေစိုက် ခလရ ၃၇၁ တပ်ရင်း အခြေစိုက်စခန်းမှ နအဖ တပ်များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ နအဖ တပ်ဘက်မှ ထိုက်ခိုက်ဒဏ်ရာရသူများကို သယ်ဆောင်ရန်အတွက် ပေါ်တာအထမ်းသမားများကို လိုက်လံခေါ်ဆောင်နေကြောင်း ရွာတဦးက ပြောဆိုပါတယ်။

ယမန်နေ့ တနင်္ဂနွေနေ့ကလည်း ကျိုက်ဒုံမြို့နယ်နှင့် မိနာအကျေးရွာအကြားတွင် စကခ ၅ လက်အောက်ခံ နည်းဗျူဟာ ၁ ခမရ ၅၄၃ တပ်ရင် အင်အား ၆၀ ကျော်ရှိသည့် နအဖ တပ်များနဲ့ ဒီအေဘီအေ ဗိုလ်ချုပ်စောလားဘွယ် ဦးဆောင်သည့် ကလိုထူးဘောဗျူဟာ တပ်ရင်း ၉ဝ၈၊ ၉ဝ၂ နှင့် ၉ဝ၁ တို့ မနက် ၆ နာရီမှ ညနေ ၆ နာအရီအထိ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ ထိုတိုက်ပွဲတွင် နအဖ ဘက်မှ ၁၉ ဦး သေဆုံးပြီး ၁၇ ဦးထိခိုက်ဒဏ်ရာရကြောင်း သိရပါတယ်။

ဧပြီလ ၂၂ ရက်နေ့က ညနေ ၃ နာရီတွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသတွင် အခြေစိုက်လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့အတွင်း အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် နယ်ခြားစောင့်တပ်ရင်း (၁၀၁၂)မှ ဗိုလ်ကြီးစောဖားမီး ဦးဆောင်တဲ့အဖွဲ့က ယမန်နေ့ ၂၄ ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၅)၊ အေအန်အယ်အေ တပ်ရင်း (၁၀၂)မှ ဗိုလ်စတီးအဖွဲ့နှင့် သွားရောက် ပူးပေါင်းကြောင်း သိရှိရပါတယ်။

11ReadMore-2.jpg

တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ ဒေသတွေမှာ နအဖ က အရပ်သားပိုင်ပစ္စည်းတွေ သိမ်းပိုက်

http://www.naytthit.net/wp-content/uploads/2011/04/Waleymssword.gif

http://www.naytthit.net

ဒီကေဘီအေ တပ်ဖွဲ့တွေဟာ နအဖ တပ်ရင်း ၂၈၃ ကို ကျိုက်ဒုံနဲ့ မိနာအ ကြားမှာ ဧပြီလ ၂၄ ရက်နေ့က စောင့်ကြိုက် တိုက်ခိုက်ခဲ့ပါတယ်။ နအဖ ဘက်က အရာရှိတဦး၊ ဆေးမှူးတဦး၊ တပ်သားတဦး ပေါင်းသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပြီး၊ တနေ့တည်းမှာပဲ ကျိုက်ဒုံမြို့အထွက်က နအဖ တပ်ရင်း ၂၈၃ တပ်စခန်းရှိရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါ သေးတယ်။ ဒီတိုက်ပွဲမှာ နအဖ စခန်းမှာရှိနေတဲ့ အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။

ဧပြီလ ၂၂ ရက်နေ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဒီကေဘီအေ ကလိုထူးဘော စစ်ဗျူဟာမှ ဗိုလ်မှူးဆန်းအောင် ပြောပြ တာကတော့ …

“တိုက်ပွဲက မနက် ၆ နာရီလောက်ကနေ စဖြစ်တာ မွန်းလွဲ ၁ လောက်ထိအောင် ကြာသွားတယ်။ သူတို့ဘက်က သုံး ယောက် ဒဏ်ရာရသွားတယ်။ အဲဒါ မိနာအ နဲ့ ကျိုက်ဒုံ ကြားမှာဖြစ်တာ၊ နောက်တပွဲက ကျိုက်ဒုံအထွက် သူတို့စခန်း ကို ကျနော်တို့ သွားပစ်တယ်။ အဲဒီမှာ အရပ်သား ၂ ယောက်ထိတယ်လို့ ပြန်ကြားတယ်။ ကျိုက်ဒုံအထွက် ၂၈၃ တပ် က ဒီရက်ထဲမှာ ကျိုက်ဒုံကနေ ထိုင်းနယ်စပ် ပိုင်ခရမ်သွားမယ့် ခရီးသယ်ကားတွေ ကုန်ကားတွေ၊ ထော်လာဂျီတွေပေါ် က ပစ္စည်းတွေကို အကုန်ဆွဲချ သိမ်းပစ်နေတယ်၊ လူတွေလည်း စခန်းမှာဖမ်းထားတယ်။ သူတို့ အကြောင်းပြတာက ဒီပစ္စည်းတွေဟာ ဒီကေဘီအေ ကို သွားပို့မယ့် ပစ္စည်းတွေဆိုပြီး သိမ်းနေတယ်။ သူတို့ ဖြတ်လေးဖြတ် လုပ်နေတာ လား သူတို့တပ် စာဘို့သောက်ဘို့အတွက် ပစ္စည်းတွေ လုယူနေတာလား” လို့ ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ အခုတက်လာတဲ့ အစိုးရသစ်အတွက် ငွေကြေးအကြပ်ဆိုက်နေတယ်လို့ သတင်းတွေ ကြားသိရပါတယ်။ ဒီအကြပ်ဆိုက်မှုဟာ အောက်ခြေတပ်ရင်းတွေအထိ သက်ရောက်နိုင်မှာဖြစ်ပြီး တပ်လှုပ်ရှားမှု စရိတ်တွေကိုလည်း လျော့ချပစ်နေတယ်လို့ ကြားနေရပါတယ်။

နအဖ ဦးစီးကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာပဲ အပစ်ခတ်ရပ်ဆဲတာမှုတွေ ပျက်ပြားခဲ့ရာက နအဖ နဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေဟာ ထိုင်းမြန်မာနယ်စပ်မှ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ခဲ့ပြီး အခုဆိုရင် ဒီကေဘီအေ တပ်ဖွဲ့ တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ကရင်ပြည်နယ်အတွင်းပိုင်းတွေကို ပျံ့နှံ့ရောက်ရှိနေပြီ ဖြစ်တယ်လို့ သိရှိရပါတယ်။

11ReadMore-2.jpg

မြိုင်ကြီးငူဒေသရှိ BGF တပ်ဖွဲ့ဝင်အချို့ KNU ထံ လာရောက်ပူးပေါင်း

နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသတွင် အခြေစိုက်လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့အတွင်း အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တပ်ရင်း (၁၀၁၂)မှ ဗိုလ်ကြီးစောဖားမီး ဦးစီးသောအဖွဲ့သည် ယမန်နေ့က ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၅)တပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းလာခဲ့သည်ဟု စုံစမ်း သိရှိရသည်။

အင်အား (၃၀)ခန့်ရှိသည့် ဗိုလ်ကြီးစောဖားမီးအဖွဲ့သည် ဧပြီလ ၂၂ရက်နေ့ ညနေ ၃နာရီခန့်တွင် မြိုင်ကြီးငူရှိ BGF တပ်စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ လက်နက်ခဲယမ်းဂိုဒေါင်တစ်လုံးနှင့် စစ်တန်းလျှားတစ်လုံးကို ဖောက်ခွဲမီး ရှို့လိုက်ပြီးနောက် ယမန်နေ့ မွန်းလွဲပိုင်းတွင် KNU တပ်မဟာ (၅) တပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းခဲ့သည်ဟု KNLA အရာရှိတဦးက ပြောသည်။

သူက “တပ်ခွဲမှူး ဗိုလ်ဖားမီးအဖွဲ့က မြိုင်ကြီးငူကို ဝင်ပစ်တာ အဲဒီမှာ လက်နက်ခဲယမ်းဂိုဒေါင် တစ်လုံးကို ဖောက်ခွဲ လိုက်တယ်။ စစ်တန်းလျှားကြီး တစ်လုံးကို မီးရှို့လိုက်တယ်။ ပြီးတော့ ပစ်ခတ်မှုတွေ ဖြစ်တယ်။ ဟိုဘက်က (BGF) ၃ ယောက် သေတယ်။ ပြီးတော့ ဗိုလ်ဖားမီးအဖွဲ့က တပ်မဟာ (၅)၊ KNLA တပ်ရင်း (၁၀၂)မှ ဗိုလ်စတီးအဖွဲ့နဲ့ လာပူး ပေါင်းတယ်။” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် ယနေ့မနက် ၃နာရီခန့်အချိန်တွင် ထို BGF (၁၀၁၂)မှ ဗိုလ်ဘိဦးဆောင်သော အဖွဲ့သည် ကမမောင်းရှိ မြန်မာစစ်တပ်၏ ရိက္ခာဂိုဒေါင်နှင့် လက်နက်ဂိုဒေါင်တို့ကို ဝင်ရောက်မီးရှို့ခဲ့ကြောင်းလည်း ထိုအရာရှိကပဲ ဆက်လက် ပြောသွားသည်။

ယခုလို BGF တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားလာခြင်းအပေါ် BGF တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက “သူတို့တပ်ဖွဲ့ဝင်အချင်းချင်းကြားမှာ ခံယူချက်အပိုင်းတွေမှာ မတူညီတာ ရှိတယ်။ တချို့က BGF မလုပ်ချင်ဘဲနဲ့ မတတ် သာလို့ လုပ်ရတယ်လေ။ တယောက်နဲ့တယောက် သဘောထားချင်း မတိုက်ဆိုင်တော့ မကျေနပ်မှုတွေ ရှိလာတော့ အခုလိုဖြစ်လာတာပဲ။” ဟု ကေအိုင်စီကို ပြောသည်။

BGF အဖွဲ့မှ ခွဲထွက်ပြီး KNU တပ်ဖွဲ့နှင့် လာရောက်ပူးပေါင်းသည့် ဗိုလ်ကြီးဖားမီးအဖွဲ့ကို လက်ခံကြိုဆိုသည်ဟု KNU ဖာပွန်ခရိုင်၊ တပ်မဟာ (၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ယခုလိုပြောသည်။

သူက “ကျနော်တို့တွေက ကရင်အချင်းချင်းတွေပဲ။ လမ်းမှားလျှောက်မိလို့ မှားမှန်းသိပြီး ပြန်လှည့်လာတယ်။ ကျနော်တို့နဲ့ ပြန်လာလက်တွဲလိုတယ်ဆိုရင် ကျနော်တို့ဘက်ကတော့ လက်ခံကြိုဆိုတယ်။”ဟု ပြောသည်။

ထို BGF (၁၀၁၂)တပ်ဖွဲ့သည် ယခင်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တပ်မဟာ (၃၃၃)တပ်ဖွဲ့ဖြစ်ရာ ပြီးခဲ့သော ၂၀၁၀ခုနှစ် သြဂုတ်လ ၁၈ရက်နေ့တွင် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်း ခံရသလို ယခု ဗိုလ်ကြီးစောဖားမီးတို့ ဝင်ရောက်ပစ်ခတ်သည့် မြိုင်ကြီးငူ BGF စခန်းသည် ယခင် DKBA၏ ဗဟိုဌာန ချုပ်တည်နေရာဖြစ်သည်။

11ReadMore-2.jpg

အချစ်ဘယ်ကစ



11ReadMore-2.jpg

Template by:

Free Blog Templates