Sunday, February 6, 2011

ပြောက်ကျားတိုက်ပွဲကြောင့် နအဖ တပ် အထိနာ

http://www.naytthit.net

dkba
ဝေါ်လေနဲ့ ဖလူး နေရာတွေမှာ ဒီကေဘီအေနဲ့ ကေအန်အယ်အေ ပူးပေါင်းတပ်ဖွဲ့အင်းအား တွေဟာ ပြောက်ကျားနည်းကိုသုံးပြီး တိုက် ခိုက်နေတဲ့အတွက် နေ့စဉ်ဆိုသလို့ နအဖတပ် တွေနဲ့ ပြောက်ကျားတိုက်ပွဲထိတွေမှုတွေ ရှိနေ ပါတယ်။

ယမန်နေ့က ဝေါ်လေနဲ့ ပလောတပို့ ကြားနေ ရာမှာ ဒီကေဘီအေနဲ့ ကေအန်အယ်အေ အဖွဲ့ က နအဖ စစ်တပ်ကို အလစ် အငိုက်ဖမ်းတိုက် ခိုက်ခဲ့လို့ နအဖ ဘက်မှ ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း သေ့ဘောပိုးရွာနာမှာ စ ခန်းချထားတဲ့ နအဖ စစ်တပ်ကို ဒီကေဘီအေ ဘက်က ပြောက်ကျားတိုက်ခဲ့တဲ့အတွက် နအဖ ဘက်က ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကရင်သတင်းစဉ် သတင်းများအရ ဒီနေ့မှာ လည်း ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေ သ ကနဲလေးစခန်းရှိ စကခ (၈) လက်အောက် ခံ ခမရ (၄၀၄) တပ်ရင်းကို KNLA တပ်ရင်း (၁၀၃) မှ ဒီနေ့နံနက်နဲ့ မွန်းလွဲပိုင်းမှာ နှစ်ကြိမ် ပြောက်ကျားနည်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ တယ်လို့ သိရှိရပါတယ်။ ဖေဖော်ဝါရီ ၃ ရက် နေ့နဲ့ ၄ ရက်နေ့တွေမှာလည်း ဒီအေဘီအေ ဗိုလ်မှူးကျော်သက်အဖွဲ့က ဖလူးမှာရှိတဲ့ နအဖ လက်နက်ကြီးနေရာတွေကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက် ခဲ့တယ်လို့ သိရှိရပါတယ်။

ဝေါ်လေနဲ့ ဖလူး ဒေသတွေမှာ နအဖနဲ့ ဒီကေဘီအေ တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ ၂၀၁၀ နိုဝင်ဘာ ရ ရက်နေ့ကစလို့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလကုန်အထိ ထိတွေမှုတိုက်ပွဲပေါင်းအကြိမ်ရေ ၈၅ ကြိမ်ကျော်ခန့်ရှိခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း နအဖ ဘက်က အသေ၊ ဒဏ်ရာပေါင်းက ၆၃၃ ဦးဖြစ်ပြီးတော့။ အဲဒီထဲက အသေ ၂၄၄ ဦး နဲ့ ထိခိုက်ဒဏ်ရာ ၃၈၉ ဦး ဖြစ်တယ်လို့ ဒီကေဘီအေ တပ်မဟာ ၅ မှ ဗိုလ်ဆန်းအောင်က ရရှိထားတဲ့ စာရင်းတွေထဲက ခန့်မှန်းပြောပြသွားပါတယ်။

11ReadMore-2.jpg

KNU/KNLA ငြိမ်းကောင်စီ စစ်ရေး ပြင်ဆင်ထားမှု (မှတ်တမ်းဗီဒီယို)

http://ehkhaungthaunt.blogspot.com/


နအဖစစ်အစိုးရနဲ့ အပစ်ခတ် ရပ်စဲထားသော်လည်း တင်းမာမှု အထွတ်အထိပ် ရောက်နေတဲ့ ဗိုလ်ထိန်မောင် ဦးဆောင်တဲ့ KNU/KNLA ငြိမ်းကောင်စီဟာ တင်းမာမှု ဖြစ်ပြီးတဲ့ နောက်ပိုင်း စစ်ရေးသတိ ပိုရှိလာတာကို တွေ့ရပါတယ်။ ဒါကလည်း တိုင်းရင်းသားတပ်နဲ့ နယ်မြေကို မလိမ့်တပတ်လုပ်ပြီး မောင်ပိုင်စီးမယ့် နအဖရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲ ဖွဲ့စည်းဖို့ ဖိအားပေးနေတဲ့ အချိန် ဝေါ်လေဒေသက ငြိမ်းကောင်စီ တပ်ဖွဲ့ဝင်တွေကို နအဖတပ်ဖွဲ့ဝင်တွေက ရန်စ ဖမ်းဆီး သတ်ဖြတ်လိုက်တဲ့ သင်ခန်းစာ ကြောင့်လည်း ဖြစ်ပါတယ်။

နအဖတပ်ဖွဲ့ဟာ လွန်ခဲ့တဲ့ နိုဝင်ဘာ ၃၀ရက်နေ့က အပစ်ခတ်ရပ်စဲထားတဲ့ ဝေါ်လေဒေသက ငြိမ်းကောင်စီ အဖွဲ့ဝင်တွေကို အကြောင်းပြချက် တစုံတရာမပေးပဲ ရက်ရက်စက်စက် ဖမ်းဆီး သတ်ဖြတ်သွားခဲ့ကြပါတယ်။ အဆိုပါ သတ်ဖြတ်မှုတွေအတွက် နအဖစစ်အစိုးရထံ ဥပဒေကြောင်းအရ တိုင်ကြားဖို့ ငြိမ်းကောင်စီ ထိပ်တန်းခေါင်းဆောင် တယောက်က ကြိုးပမ်းနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဒါပေမယ့်လည်း အာဏာကို ဓါးပြတိုက်ယူ အုပ်ချုပ်ထားပြီး တရားဝင် အစိုးရ မဟုတ်တဲ့အပြင် ဥပဒေဟာ ၄င်းတို့ရဲ့ ပါးစပ်ဖျားပေါ်မှာသာ ရှိတဲ့ နအဖကို ဥပဒေကြောင်းအရ တိုင်ကြားဖို့ လုပ်တာဟာ ဘိန်းစား အိမ်မက်သကဲ့သို့ ဖြစ်နေကြောင်းနဲ့ ပြတ်ပြတ်သား ကိုင်တွယ်ရန် လိုအပ်ပြီးဖြစ်ကြောင်း တကမ္ဘာလုံးရှိ ကရင်ထုတရပ်လုံးရဲ့ အားမလိုအား မရဖြစ်နေတဲ့ ဝေဖန်သံတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာလျှက် ရှိပါတယ်။
သို့သော်လည်း မဟာ စစ်အာဏာရှင်စနစ် ကျင့်သုံးသူတွေကို နှစ်ပေါင်း များစွာ တွန်းလှန်တိုက်ပွဲ ၀င်ခဲ့သူ ဗိုလ်ထိန်မောင်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုနဲ့အတူ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာမယ့်အချိန်ကိုတော့ ကရင်ထုတရပ်လုံးက မျှော်လင့်စောင့်စားနေလျှက် ရှိနေပါတယ်။ (အဲခေါင်သောင့်)


KNU/KNLA ငြိမ်းတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးပြ အခမ်းအနား







KNU/KNLA ငြိမ်းတပ်ဖွဲ့ဝင်တွေ ဦးစီးပြုလုပ်တဲ့ ကရင့်နှစ်သစ်ကူး ပွဲတော






ကရင်တွေ ကိုယ့်ကိုယ်ကို ကရင်မှန်း သိတဲ့နေ့ဟာ ကရင်ပြည်ရတဲ့ နေ့ပဲ။ (ခေါင်းဆောင်ကြီး စောဘဦးကြီး)

11ReadMore-2.jpg

Template by:

Free Blog Templates