Friday, July 22, 2011

အချင်းချင်းတိုက်တာ မဆုံးနိုင်တော့ပါလား? စဉ်းစားကြပါဦး ဘယ်သူကြောင့်လဲဆိုတာ



11ReadMore-2.jpg

DKBA ဗိုလ်ဘိအဖွဲ့ နဲ့  စောချစ်သူ BGF တို့တိုက်ပွဲဖြစ်


E-mail Print
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အထူးဒေသရှိ ထီးလာနဲရွာတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ အချင်းချင်း ယနေ့ နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

dkba-dec-25-10-01နယ်ခြားစောင့်တပ်မှ ခွဲထွက်သွားသည့် DKBA တပ်ရင်း ၄ ရင်းကို ဦးဆောင်နေသူ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောဘိ (ဗိုလ်ဘိ) ၏ တပ်ဖွဲ့ဝင်များအား DKBA ခေါင်းဆောင်ဟောင်း တဦးဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ (ဗိုလ်ချစ်သူ) တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ဧရာဝတီသို့ ပြောသည်။

အစိုးရကို သစ္စာခံထားသော နယ်ခြားစောင့်တပ် အမှတ် (၁၀၁၉) တပ်ရင်းမှူး စောလိုက်သိန့် ဦးဆောင်သော တပ်ဖွဲ့ဝင်များ အပါအ၀င် ဗိုလ်ဖားနွီးတပ်ဖွဲ့ဝင်များနှင့် ဗိုလ်ချစ်သူတပ်တို့ ပူးပေါင်း၍ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲတွင် နှစ်ဖက် စစ်သည်အင်အား ၄၀၀ ခန့် ရှိကြောင်း၊ သေဆုံး ထိခိုက် ဒဏ်ရာ ရသူများ၏ အခြေအနေများကို စုံစမ်းဆဲဖြစ်ကြောင်း စောအောင်မော်အေးက ဆက်ပြောသည်။

KNU တပ်မဟာ (၇) မှ ဗိုလ်မှူးချုပ် စောဂျော်နီက ယင်း တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ ဆက်လက်ဖြစ်ပွား လာနိုင်ကြောင်း ပြောဆိုသည်။ 

ပြီးခဲ့သည့် မေလတွင် ခွဲထွက်သွားသော ဗိုလ်ဘိ ဦးဆောင်သည့် ကရင် နယ်ခြားစောင့် တပ်ရင်း ၄ ရင်းကို ပြည်လည်စည်းရုံးရန် ဗိုလ်ချစ်သူက ဇူလိုင်လဆန်းပိုင်းတွင် ကြိုးပမ်းပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာ၍ မြိုင်ကြီးငူဒေသ အပြင်ဘက်တွင် နေရာယူထားခဲ့ကြ ခြင်းဖြစ်သည်။

လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံမြို့နယ်ခွဲတွင် ဇူလိုင်လ ၂၀ ရက်နေ့ကလည်း KNU တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။ ယင်း တိုက်ပွဲတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပြီး ၆၀ မမ လက်နက် အမျိုးအစား တလက်နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း စောအောင်မော်အေးက ပြောသည်။

ဇွန်လကုန်တွင် ဗိုလ်ဘိ၏ အဖွဲ့က မြိုင်ကြီးငူဒေသရှိ တခွက်ဖိုးရွာအနီး အခြေစိုက်သည့် နယ်ခြားစောင့်တပ် အမှတ် (၁၀၁၁) ကို တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စိုးနိုင် ကျဆုံးခဲ့သည်။

ကရင်ပြည်နယ်တွင် ဖြစ်ပွားသော တိုက်ပွဲ၊ မငြိမ်မသက်မှုများနှင့် ပတ်သက်ပြီး အစိုးရက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ယမန်နှစ် သြဂုတ်လတွင် နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ အခမ်းအနားများကို လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ ပိုင်ကျုံမြို့နယ် ထန်းတပင်ကျေးရွာ၊ မြ၀တီမြို့နယ် မဲပလဲ့ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာနှင့် ကွင်းကလေးဒေသတို့တွင် စစ်အစိုးရက ဦးဆောင်၍ ကျင်းပခဲ့သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အားကြီးမားလာသည့် လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။

11ReadMore-2.jpg

မြန်မာဘက်ပို့မည့် လက်နက်များ မဲဆောက်တွင်မိ

မြန်မာပြည်ဘက်သို့ သွားရောက်ပို့ဆောင်မည့် လက်နက်များကို ထိုင်းရဲများက ယမန်နေ့ ညနေပိုင်းတွင် မဲဆောက်မြို့၌ ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးရမိသည့် လက်နက်များမှာ M 16 အမျိုးအစား သေနတ်တလက်၊ မောင်းပြန် ရိုင်ဖယ် ၅ လက်နှင့် ကျည်ဆန်များ၊ ဆက်စပ်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

Arms_News
ယင်း လက်နက်များကို ဖိဆန်နုလွတ်ခရိုင်မှတဆင့် ထိုင်းနိုင်ငံသား နိုင်နလုလုံး ဘူဆလာခန်က သယ်ယူလာစဉ် မဲဆောက်အနီးရှိ ဟွေ့ယာအု စစ်ဆေးရေးဂိတ်တွင် အဖမ်းခံရခြင်းဖြစ်သည်။

ဘူဆလာခန်က “ဒီပစ္စည်းတွေက မဲဆောက်-မြ၀တီနယ်စပ်က လူတွေဆီ သွားပို့ပေးဖို့ အခကြေးငွေ ဘတ် ၂ ထောင်နဲ့ ဒီပစ္စည်းတွေကို သယ်လာတာပါ” ဟု ထိုင်းရဲထံတွင် ထွက်ဆိုခဲ့သည်။

သတင်းထောက်များ၏ အသေးစိပ် မေးမြန်ချက်များကိုမူ ဘူဆလာခန်က ဖြေကြားရန် ငြင်းဆိုခဲ့သည်။

၎င်း၏ ထွက်ဆိုချက်များနှင့် ပတ်သက်၍ အမှုကွင်းဆက်များ အသေးစိပ်ရရှိရန် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်သွားရမည်ဟု မဲဆောက်ရဲတပ်ဖွဲ့မှ ရဲဗိုလ်မှူးကြီး ဒေချာဝထနဖနုံ က ဒေသခံသတင်းထောက်များကို ပြောသည်။

၎င်းက “ဒီလက်နက်တွေက မြန်မာဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီ သွားပို့ကြတာများတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဆက်လက်ဖော်ထုတ် စစ်ဆေးသွားမှာဖြစ်တယ်။ အခုဖမ်းမိတဲ့ လက်နက်တွေက ထိုင်းစစ်တပ်နဲ့ တခြားလက်နက်ကိုင် တပ်ဖွဲ့တွေက ပျောက်ဆုံးသွားတဲ့ လက်နက်တွေ ဟုတ်မဟုတ်လည်း စစ်ဆေးသွားမှာ ဖြစ်တယ်” ဟု ပြောသည်။

ကရင်ပြည်နယ် မြ၀တီအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတဦးက “မြ၀တီနယ်စပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ရှိတယ်။ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို ဟိုဘက်ကမ်း (ထိုင်း) ကပဲ ၀ယ်ရတယ်။ ကျနော်တို့အဖွဲ့လည်း ဒီလိုပါပဲ။ အခုလို အဖမ်းခံရတဲ့ ပြဿနာအများစုက သူတို့အချင်းချင်း ပြန်ပြီး အတို့အထောင်လုပ်လို့ ဖြစ်တာများတယ်” ဟု ဆိုသည်။

မြန်မာဘက်သို့ လက်နက်ပွဲစားများ လာရောက်ပို့ဆောင်သည့် လက်နက်ခဲယမ်းများမှာ အသုံးပြုပြီးသား တပတ်ရစ်များ ဖြစ်သော်လည်း လိုအပ်ချက်အရ တန်ဖိုးငွေ အဆမတန်ပေး၍ ၀ယ်ယူ အသုံးပြုနေရသည်ဟုလည်း ၎င်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ လက်နက်ပွဲစားတဦးက “မြ၀တီအပါအ၀င် မြန်မာနယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခွဲတွေကများတော့ ၀ယ်အားနဲ့ ရောင်းအားမှာ ၀ယ်အားက များတယ်” ဟု ပြောသည်။

M 16 သေနတ် တပတ်ရစ်၊ အရည်အသွေး ၅၀ ရာခိုင်နှုန်းကောင်းသေးလျှင် တလက် ထိုင်းဘတ် ၂ သောင်းကျော် (ကျပ် ၅ သိန်းကျော်)၊ ယင်းကျည်ဆန် တတောင့်လျှင် ၁၃ ဘတ် (၃၃၀ ကျပ်ခန့်)၊ AK 47 သေနတ် အရည်အသွေး ၅၀ ရာခိုင်နှုန်း ကောင်းသေးလျှင်လည်း ဘတ် ၂ သောင်းကျော်နှင့် ယင်းကျည်ဆန် တတောင့်လျှင် ၁၅ ဘတ် (၃၈၀ ကျပ်ခန့်)၊ M 79 ကျည်မှာ တလုံးကို ဘတ် ၁ ထောင်ကျော် (ကျပ် ၂ သောင်းခွဲကျော်) ဈေးပေါက်ကြောင်း အဆိုပါ လက်နက်ပွဲစားက ရှင်းပြသည်။

၎င်းက ဆက်လက်၍ ထိုင်း-မြန်မာနယ်စပ်ရှိ လက်နက်ရောင်းဝယ်ဖောက်ကားသည့် ဈေးကွက်သည် သာမန်လူများ လုပ်ကိုင်၍ရသည့် လုပ်ငန်းမဟုတ်ကြောင်းလည်း ပြောကြားသည်။

11ReadMore-2.jpg

နော်ဝေအစိုးရအဆောက်အဦးများ ဗုံးခွဲခံရ

သာကြာ, 22 ဇူလိုင် 2011 VOA

ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦးတခုမှထွက်ပေါ်လာသည့် ပျက်စီးစများနှင့် မီးခိုးများကို တွေ့မြင်ရပုံ (ဇူလိုင်လ ၂၂၊ ၂၀၁၁)
ဓာတ်ပုံ AP
ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦးတခုမှထွက်ပေါ်လာသည့် ပျက်စီးစများနှင့် မီးခိုးများကို တွေ့မြင်ရပုံ (ဇူလိုင်လ ၂၂၊ ၂၀၁၁)
နော်ဝေနိုင်ငံ အော်စလို (Oslo) မြို့လယ် အစိုးရ ဗဟိုအဆောက်အဦးတွေဟာ ကြီးမားတဲ့ ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ရပြီး လူအတော်များများ ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ အစိုးရအဆောက်အဦးနားက ရေနံဝန်ကြီးဌာန အဆောက်အဦးဟာလည်း ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းခဲ့ရပါတယ်။ ပေါက်ကွဲမှုကြောင့် ၁၇ ထပ်ရှိတဲ့ အဆောက်အဦးရဲ့ ပြတင်းမှန်တွေ အစိတ်စိတ်အမွှာမွှာ ကွဲကျေခဲ့ပါတယ်။
အစိုးရ ဗဟိုအဆောက်အဦးမှာ နော်ေ၀၀န်ကြီးချုပ် ယန်စ် စတိုလန်ဘာ့ဂ် (Jens Stoltenberg) ရဲ့ ရုံးခန်းလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေ့လယ်ခင်း ပေါက်ကွဲမှုကြောင့် ၀န်ကြီးချုပ် ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် အနားတ၀ိုက် လူနေအိမ် အပါအ၀င် နော်ဝေနိုင်ငံရဲ့ အကြီးဆုံးလူဖတ်များတဲ့ သတင်းစာ VG နဲ့ တခြား ရုံးအဆောက်အဦးတွေရဲ့ ပြတင်းပေါက်တွေ လွှင့်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲရတဲ့အကြောင်းရင်းကို ခုထက်ထိ မသိရသေးပေမဲ့ ပျက်စီးသွားတဲ့ ကားတစီးကို အဆောက်အဦးအပြင်ဖက်မှာ မြင်တွေ့ရတဲ့အတွက် ကားနဲ့ဗုံးခွဲတိုက်ခိုက်ခဲ့ပုံ ရတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
မျက်မြင်သက်သေတွေရဲ့ အဆိုအရ အစိုးရ အဆောက်အဦးထဲက ထွက်ပြေးလာသူတွေနဲ့ သယ်ထုတ်လာသူတွေကို သွေးအလိမ်းလိမ်းနဲ့ တွေ့မြင်ကြရတယ်လို့ ဆိုပါတယ်။ လူတွေ ကြောက်လန့်တကြား ထွက်ပြေးနေကြပြီး ရိုက်တာသတင်းထောက်ရဲ့ မျက်မြင်တွေ့ရှိချက်အရ အနည်းဆုံး လူ ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

11ReadMore-2.jpg

Template by:

Free Blog Templates