Saturday, August 11, 2012

ဗလီတွင် ၀တ်ပြုပြီး ပြန်အထွက် မိုးကြိုးပစ်ခံရ၍ ၁၀ ဦးသေ၊ ၂၀ ဒဏ်ရာရ

http://www.narinjara.com/burmese/?p=1635
ဗလီတွင် ၀တ်ပြုပြီး ပြန်အထွက် မိုးကြိုးပစ်ခံရ၍ ၁၀ ဦးသေ၊ ၂၀ ဒဏ်ရာရ

မြန်မာ အိမ်နီချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံ၌ ဗလီဝတ်ပြုပြီး ပြန်အထွက်တွင် မိုးကြိုးပစ်ခံရ၍ လူ ၁၀ ဦးသေဆုံးကာ ၂၀ ဦး ဒဏ်ရာ ရရှိသွားကြောင်း ယနေ့ထုတ် The Daily Star သတင်းစာတွင် ဖေါ်ပြသည်။
ဘင်္ဂလာဒေခ်ျ့ ဘာသာရေးပွဲတော် တစ်ခု ပြန်လာသူများအား တွေ့ရစဉ်။
မိုးကြိုးပစ်ခံရသူများသည် ယမန်နေ့ ည ၉ နာရီခွဲတွင် ဗလီဝတ်ပြု အပြီး အိမ်သို့ ပြန်ရန် ဗလီပြင်ပတွင် စုရုံးနေစဉ် မိုးကြိုးပစ်ခံရခြင်း ဖြစ်ကြောင်း သတင်းတွင် ဖေါ်ပြထားသည်။
သေဆုံးသွားသူများမှာ နိုင်ငံ မြောက်ပိုင်း စူနာဂန်ဂျီ ခရိုင် ဓမ္မပါချာ မြို့နယ် ညချာရာဝတ်တီပူရ် ကျေးရွာမှ ဖြစ်ကြသည်။

သေဆုံးသူများ၏ အလောင်းအား ယနေ့နံနက်က အနီးအနားရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

11ReadMore-2.jpg

ဘူးသီးတောင်မြို့နယ် ပြည်သူများက သဘောထားကြေငြာချက်

UN Agency များ နှင့် INGO များအပေါ် ဘူးသီးတောင်မြို့နယ် ပြည်သူများက သဘောထာကြေငြာချက် ထုတ်ပြန်
Written by ဒေါင်းမြရင် Saturday, 11 August 2012 15:01

ဘူးသီးတောင်မြို့နယ် ပြည်သူများက ကုလသမဂ္ဂ (United Nations) နှင့် Agency များ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်း (INGO) များအပေါ် ဇူလိုင်လ ၂၂ ရက်နေ့က သဘောထားကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၁။ ရခိုင်ပြည်နယ်အတွင်း၂၀၁၂ခုနှစ်၊ဇွန်လ (၈)ရက်နေ့မှ စတင်၍ ဖြစ်ပေါ်လာခဲ့သော ဘင်္ဂလီတို့၏ အကြမ်းဖက်လှုပ်ရှားမှုများသည် ဘင်္ဂလီတို့၏နယ်ချဲ့ စစ်ပွဲသာဖြစ်သည်။

၂။ ၎င်းဘင်္ဂလီအကြမ်းဖက် လှုပ်ရှားမှုများတွင် UNHCR(ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး)နှင့် UN Agencies (ကုလသမဂ္ဂအဖွဲ့အစည်းများ)၊ မိတ်ဖက် INGO (နိုင်ငံတကာ အစိုးမဟုတ်သော အဖွဲ့အစည်းများ) တွင် ၀န်ထမ်းအဖြစ် ဆောင်ရွက်နေသော ဘင်္ဂလီများသည်လည်း ပါဝင်ပတ်သက်နေကြသဖြင့် အရေးယူထားသည်များကို တွေ့ရှိနေရသည်။

၃။ UNHCR နှင့် UN Agencies များ၊မိတ်ဖက်INGO အဖွဲ့အစည်းများသည် ရခိုင်ဒေသသို့ ၁၉၉၄ ခုနှစ်ကပင် စတင်ဝင်ရောက်လာပြီး မတရားကျူးကျော် ၀င်ရောက်လျှက်ရှိသော ရိုဟင်ဂျာအမည်ခံ အကြမ်းဖက်သမားများကို အကြောင်းအမျိုးမျိုးပြလျှက်စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အကူအညီပေးသည်ဟုဆိုကာ မမွေးခင်မှပင် နည်းမျိုးစုံဖြင့် ထောက်ပံ့နေသည့်အပြင် အထူးသဖြင့် UNHCR ရုံးသည် မတရားကျူးကျော် ၀င်ရောက်ခြင်းဆိုင်ရာ အမှုများ၌ပင် ရှေ့နေငှားရမ်းပေးပြီး အကုန်အကျခံကာ ဘင်္ဂလီအကြမ်း ဖက်သမားများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း တွေ့မြင်နေရသည်။ ၎င်းဆောင်ရွက်မှုသည် တရားဥပဒေချိုးဖောက်သူများအား အားပေးခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားနေသည် ဟုယူဆသည်။

၎။ ၎င်းအဖွဲ့အစည်းများသည် နှစ်ပေါင်း၂၀ ခန့်ကာလအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ (Humanitarian Aid)ကို လူမျိုး၊ ဘာသာခွဲခြားမှုမရှိဘဲ ပေးသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ တိုင်းရင်းသားများအား ကူညီထောက်ပံ့မှု မရှိသလောက်နည်းပါးသည်ကို တွေ့မြင်နေရသည်။ ၎င်း ဆောင်ရွက်မှုအရ UNနှင့် INGO များသည် ကျွန်ုပ်တို့ဒေသခံ တိုင်းရင်းသားပြည်သူများအား လူသားအဖြစ် သတ်မှတ်ခြင်းမရှိကြောင်း ပေါ်လွင်ထင်ရှားနေပြီး အဆိုပါအဖွဲ့အစည်းများသည် ကျွန်ုပ်တို့ကို စော်ကားကျူးလွန်ခြင်းသာ ဖြစ်ကြောင်း သတ်မှတ်သည်။

၅။ နှစ်ပေါင်း ၂၀ ခန့်ကာလ တစ်လျှောက်လုံး ဤလုပ်ရပ်များကိုသာ အစဉ်မပြတ် ဆောင်ရွက်နေခဲ့ကြသောကြောင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမားများသည် UN နှင့် INGO တို့၏ အားပေးထောက်ပံ့မှုနှင့် အကာအကွယ်ကို ယူကာ လတ်တလော အကြမ်းဖက်နယ်မြေလု ဖြစ်ရပ်များဖြစ်ပေါ်လာရသည့် အကြောင်းရင်းတစ်ရပ် ဖြစ်သည်။

၆။ ရခိုင်ပြည်နယ်အတွင်းရှိ UNHCR နှင့် INGO များသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာရန် ၊ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာအကြမ်းဖက်မှု တားဆီးရေး၊ လက်နက်ကိုင် ပဋိပက္ခများအတွက် အဖြေရှာရေးဟူသော ကုလသမဂ္ဂ၏ ထောင်စုနှစ်ကြေငြာစာတမ်း (၂၀၁၁ ခုနှစ်) ပါ ရည်ရွယ်ချက်များကို ဆန့်ကျင်၍ဆောင်ရွက်နေသော အကြမ်းဖက်အဖွဲ့အစည်းသာ ဖြစ်ကြောင်း သတ်မှတ်သည်။ (ယင်းကိစ္စကို အကြမ်းဖက်သမားများနှင့် ဆက်စပ်နေသောကြောင့် ဖမ်းဆီးအရေးယူခံထားရသော ၎င်းတို့၏ ၀န်ထမ်းများနှင့် ပတ်သက်၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့် အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တို့၏ လတ်တလော သတင်းထုတ်ပြန်ချက်များက သက်သေ ခံနေသည်။)

၇။ ယခုအခါ ၎င်းအဖွဲ့အစည်းများကို ကျွန်ုပ်တို့ ဒေသခံတိုင်းရင်းသားများက လုံးဝနှစ်လိုခြင်းမရှိကြောင်း ဖေါ်ပြ၍အတိအလင်း ကန့်ကွက်လာကြသဖြင့် ဒုက္ခရောက်နေသူ တိုင်းရင်းသားများကိုပါ အကူအညီပေးလိုကြောင်း ကမ်းလှမ်းလာနေသည်။ ကျွန်ုပ်တို့အနေဖြင့် " ၎င်းအဖွဲ့အစည်းများသည် ၎င်းတို့ခြေကုပ် ရထားပြီးသော ဤဒေသမှ ထွက်ခွာသွားလိုခြင်း မရှိသဖြင့် ဆက်လက်ရပ်တည်နိုင်ရေး ကြိုးပမ်းသည့် ပရိယာယ် သာ ဖြစ်ပြီး အမှန်တကယ် ကူညီလိုခြင်းမဟုတ်ဘဲ ၎င်းတို့ဦးတည်ရာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမားများကို နောက်ထပ် နှစ်ပေါင်းများစွာ ဆက်လက်အကူအညီပေးနိုင်ရန် ခုတုံးလုပ်ခြင်းသာ ဖြစ်ကြောင်း " သတ်မှတ်သည်။

၈။ ကျွန်ုပ်တို့သည်၂၀၁၂ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့၊ နိုင်ငံတော်သမ္မတနှင့် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးတို့ တွေ့ဆုံကြရာတွင် ဖေါ်ပြခဲ့သော နိုင်ငံတော်သမ္မတ၏ သဘောထားရပ်တည်ချက်ကို အပြည့်အ၀ ထောက်ခံသည်။

၉။ ထို့ကြောင့် ကျွန်ုပ်တို့ ဒေသခံ တိုင်းရင်းသားများအတွက် အကျိုးမရှိသည့် UN နှင့် Agencies များ၊ INGO များ၏ အကူအညီများကို လုံးဝလက်မခံနိုင်ကြောင်းနှင့် သံတမန်ဆိုင်ရာ အခွင့်အရေးများကို အသုံးချ၍ အကြမ်းဖက်သမားများကို အကာအကွယ်ပေးနေသော UNHCR အပါအ၀င် UN အဖွဲ့အစည်းများ၊ INGO များသည် ကျွန်ုပ်တို့ ဒေသမှထွက်သွားရန် ဤကြေငြာချက်ကို ထုတ်ပြန်တောင်းဆိုသည်။

၁၀။ UN အဖွဲ့အစည်းများနှင့် INGO များတွင် တာဝန်ထမ်းဆောင်နေသော တိုင်းရင်းသားညီအစ်ကို၊ မောင်နှမများတို့ကလည်း သင်တို့သိရှိထားသော ၎င်းတို့၏ ကျူးလွန်မှုများအား အမျိုးသားရေးကို ရှေ့ရှု၍ ထုတ်ဖေါ် သက်သေခံ ကြရန်တိုက်တွန်းသည်။

11ReadMore-2.jpg

Template by:

Free Blog Templates