Wednesday, August 24, 2011

နယ်ခြားစောင့်တပ်ဖွဲ့ဝင်( ၇ ) ဥိးကို လက်နက် ၈ လက်နှင့်အတူ ဖမ်းဆီးရမိ

 ဧရာဝတီ
ယမန်နေ့နံနက်ပိုင်းတိုက်ပွဲတခုတွင် ဗိုလ်မှူးစောဘိ ဦးဆောင်သည့် ခွဲထွက် DKBA အဖွဲ့က နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇ ဦးကို လက်နက် ၈ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု DKBA တပ်မဟာ ၅ ထောက်လှမ်းရေးတပ်ဖွဲ့မှ ဗိုလ်ကြီးစောသရီးထူးက ဧရာဝတီသို့ ယနေ့ ပြောကြားသည်။
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ အနောက် ဘက်ခြမ်း ကံညီနောင်ရွာတွင် အခြေစိုက်သည့် ကရင်နယ်ခြားစောင့်တပ် အမှတ် ၁၀၁၇ ကို သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သုံ့ပန်းများကို မြန်မာအစိုးရကို ပြန်လည်တော်လှန်ရန် အတွက် စည်းရုံး သိမ်းသွင်းသွားမည်ဟုလည်း စောသရီးထူးက ပြောသည်။

11ReadMore-2.jpg

Template by:

Free Blog Templates