Monday, November 22, 2010

ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ဘွဲအပ်နှင်းမည်



(Braking news)


အိန္ဒိယ လူ့အခွင့်အရေးအဖွဲ့ မာနိုဗ် အိခ်တ ပရီရှဒ် (Manav Ekta Parishad) က ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဂုဏ်ထူးဆောင် ဧကရီဘွဲ့ (Queen of Myanmar's Democracy and Human Rights) ကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် အခမ်းအနားဖြင့် ပေးအပ်မည်ဟု သတင်းရရှိသည်။
အိန္ဒိယ ပြည်သူများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားမြတ်နိုးကြောင်း ပြသလိုခြင်းနှင့် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ထွန်းကားရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှုများကို ပိုမိုသိရှိ နားလည်စေရန်ရည်ရွယ်၍ ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းခြင်းဖြစ်ကြောင်း အဖွဲ့တာဝန်ရှိသူများက ဆိုသည်။

“သူ့ရဲ့ နိုင်ငံရေးနဲ့ ဇွဲသတ္တိကို ချီးကျူးပြီးတော့ သူရဲကောင်းအဖြစ် အသိအမှတ် ပြုတဲ့အနေနဲ့ သူသာလျှင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို မြန်မာပြည်သူတွေဆီ ရယူပေးနိုင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အိန္ဒိယနိုင်ငံလို အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံက ပြည်သူတွေရဲ့ဆန္ဒကို ဒေါ်အောင်ဆန်းစုကြည် သိစေချင်တာတွေ၊ အိန္ဒိယပြည်သူတွေက မြန်မာနိုင်ငံအကြောင်း ပိုပြီး သိစေချင်တာတွေ ပါပါတယ်” ဟု အဖွဲ့ အတွင်းရေးမှူး မစ္စတာ တီဒီ ဆင်းက ဧရာဝတီသို့ ပြောသည်။

မာနိုဗ် အိခ်တ ပရီရှဒ် အဖွဲ့သည် ၂၀၀၇ ခုနှစ်မှ စ၍ အိန္ဒိယနိုင်ငံတွင်း လူ့အခွင့်အရေး ပညာပေးလုပ်ငန်းများ၊ ဘာသာရေး၊ လူမျိုးရေးနှင့် ဇာတ်အဆင့်အတန်းများ ခွဲခြားမှု ပပျောက်ရေးကို လုပ်ဆောင်နေသော လူ့အခွင့်အရေး အဖွဲ့စည်းတခုဖြစ်သည်။
ဟာရီယားနားပြည်နယ် ဖရီဒါဘတ်ရှိ မာနိုဗ် အိခ်တ ပရီရှဒ် အဖွဲ့ရုံးချုပ်တွင် အခမ်းအနားဖြင့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် အထိမ်းအမှတ် ကြေးသွန်းသံလျက်ကို ပေးအပ်ရန် စီစဉ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စား အိန္ဒိယအခြေစိုက် အဝေးရောက် ညွန့်ပေါင်းအစိုးရ ၀န်ကြီး ဒေါက်တာ တင့်ဆွေက လက်ခံရယူမည်ဖြစ်သည်။

အဆိုပါ ဂုဏ်ထူးဆောင်ဆုသည် မာနိုဗ် အိခ်တ ပရီရှဒ်မှ ပေးအပ်သည့် ပထမဆုံး ဘွဲ့တံဆိပ်ဖြစ်သည်။
“သန်လျက်ဆိုတာဟာ မြန်မာနိုင်ငံက မင်းမြောက်တန်ဆာတွေထဲက အဆောင်အယောင်တခုအဖြစ် ပါဝင်တဲ့အတွက် ကျနော်တို့အမြင်မှာ မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုက်ပွဲအတွက် အမြင့်မားဆုံး စွန့်စားမှုနဲ့ စွန့်လွှတ်မှု လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဧကရီဘွဲ့နဲ့အတူ ပေးရတာဖြစ်ပါတယ်” ဟု မစ္စတာ တီဒီဆင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဖိနှိပ်မှုများစွာ ရှိနေသည့်ကြားမှပင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည်နှင့် ပါတီရပ်တည်ရေးအတွက် တရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းသည် လူ့အခွင့်အရေး လှုပ်ရှားသူများကို စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးလိုက်သည့် ချီးကျူးဖွယ်ရာ လုပ်ရပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုလို အိန္ဒိယ အခြေပြုတဲ့ လူမှုရေး အဖွဲ့အစည်းတွေက ဒီလို ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတယ်ဆိုတာ အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒီအတွက် ဂုဏ်ယူတယ်လို့ပဲ ပြောချင်ပါတယ်။ ဒါမှသာလျှင် အိန္ဒိယအစိုးရက ပိုပြီး နိုးကြားလာမယ်။ အိန္ဒိယ အစိုးရက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ထားတဲ့မူတွေက ကျနော်တို့ အားမရသေးဘူး” ဟု မစ္စတာ တီဒီဆင်းက ဆိုသည်။

အိန္ဒိယအခြေစိုက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်သည့် နီတားဂျီး ဆူဘတ်စ် ဖောင်ဒေးရှင်း (Netaji Subhas Foundation) ကလည်း ဆူဘတ်စ် ချန်ဒြာ ဘို့စ် (Subhas Chandra Bose) ငြိမ်းချမ်းရေးဆုကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် နေရစဉ်ကာလ ၂၀၀၇ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ပေးအပ်ချီးမြှင့်ခဲ့ဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယအစိုးရက ဂျဝါလဟာနေရူးဆုကို ၁၉၉၃ ခုနှစ်တွင် ပေးအပ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်အစိုးရနှင့် နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်းဆက်ဆံရေး တိုးမြင့်လာချိန်၌ မြန်မာ့ဒီမိုကရေစီရေးတွင် နှုတ်ဆိတ်နေမှုများကြောင့် အိန္ဒိယအစိုးရကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဝေဖန်မှုများရှိလာသည်။

အမေရိကန် သမ္မတ အိုဘားမားက အိန္ဒိယခရီးစဉ်အတွင်း မြန်မာ့အရေးတွင် အိန္ဒိယ၏ နှုတ်ဆိတ်နေမှုကို ဝေဖန်ထောက်ပြခဲ့ပြီးနောက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာခြင်းသည် အမျိုးသားရင်ကြားစေ့ရေးအတွက် လမ်းစဖြစ်ကြောင်း ပြောဆိုခဲ့သည်။

11ReadMore-2.jpg

လူငယ်ဒီမိုကရေစီကွန်ယက် တည်ဆောက်ရန် ဒေါ်စုညွှန်ကြား

မဇ္ဈိမသတင်းဌာန။       ။ လူငယ်ဒီမိုကရေစီကွန်ယက်တခု တည်ဆောက်သွားရန် NLD လူငယ်များအား အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ယနေ့ညွှန်ကြားလိုက်ကြောင်း မကွေးတိုင်း မြို့သစ်မြို့နယ် လူငယ်တာဝန်ခံက ဆိုသည်။

ကယားနှင့် ချင်းပြည်နယ်မှလွဲ၍ တိုင်းနှင့်ပြည်နယ် ၁၂ ခုမှ လူငယ်ခေါင်းဆောင် ၁၃ဝ ကျော် NLD ဌာနချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၃ နာရီကြာဆွေးနွေးခဲ့သည်ဟု ဆွေးနွေးပွဲတက်ရောက်သူ မြို့သစ်မြို့နယ် လူငယ်တာဝန်ခံ ကိုအောင်ကျော်က ပြောသည်။

“NLD လူငယ်တွေရယ် NLD မဟုတ်သော်လဲ
Dssk-2as
လူငယ်ခေါင်းဆောင်များနှင့် အစည်းအဝေးပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်သို့
တက်ကြွတဲ့လူငယ်တွေ ပူးပေါင်းပြီးတော့ လူငယ်ကွန်ယက်တခု ဖြစ်ဖို့၊ ကျနော်တို့ လူငယ်တွေကနေတဆင့် ပြည်သူတွေရဲ့ အသံတွေကို လူထုခေါင်းဆောင်ကို ပြန်တင်ပြဖို့ ညွှန်ကြားပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဗဟို လူငယ်ဖော်ဆောင်ရေး ခေါင်းဆောင် ၈ ဦးတို့ တွေ့ဆုံပြီး တပတ်ခန့်အကြာတွင် တိုင်းနှင့်ပြည်နယ်မှ လူငယ်ခေါင်းဆောင်များနှင့် ယနေ့ တွေ့ဆုံသည်။ ထက်ဝက်ခန့်မှာ အမျိုးသမီးများဖြစ်ပြီး  ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုလူငယ်အကြံပေး ဦးအုန်းကြိုင်တို့လည်း တက်ရောက်သည်။

ကလေးမြို့တွင် ချမှတ်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဦးဆောင်ရန် တာဝန်နှင်းလိုက်ပြီးဖြစ်သည့် ၂၁ ရာစု ပင်လုံညီလာခံ ဖော်ဆောင်ရေးအား လူငယ်များ  တက်တက်ကြွကြွ “ဝန်းရံ” ပေးကြရန်လည်း ဆွေးနွေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးနှင့်ပတ်သက်၍ ဗိုလ်ကြီးဝင်းထိန်ကို ကိုယ်ရေးအရာရှိ အဖြစ် တာဝန်ပေးထားပြီး တိုင်းနှင့်ပြည်နယ်များမှ လူငယ်များကို လုံခြုံရေးသင်တန်းငယ်များ ပို့ချပေးသွားရန်လည်း သဘောတူကြကြောင်း ဆွေးနွေးပွဲတက်ခဲ့သူ ဗဟိုလူငယ်ဖော်ဆောင်ရေးအဖွဲ့ တာဝန်ခံ ၂ ကိုလှဦးက မဇ္ဈိမကိုပြောသည်။

မြန်မာတနိုင်ငံလုံးတွင် ဗဟိုလူငယ်လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့ဝင် တိုင်းနှင့်ပြည်နယ် အသီးသီးမှ လူငယ် ခေါင်းဆောင် ၈ ဦးရှိပြီး ယင်းတို့မှတဆင့် လူငယ်အကူအညီပေးရေး ခေါင်းဆောင် ၁၄ ဦးကို ဖွဲ့စည်းထားသည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်အောက် လူငယ်များသာမက အသက် ၁၂ နှစ် အထက် လူငယ်များကိုလည်း စုစည်းနိုင်ရန် ကြိုးစားကြမည်ဟု လူငယ်ခေါင်းဆောင်များက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်နှင့် NLD စုစည်းရေးအတွက် ဗဟိုအလုပ်အမှုဆောင်များ၊ NLD လူငယ်များနှင့် ဆက်တိုက် တွေ့ဆုံ လျက်ရှိသည်။ သန်ဘက်ခါတွင် အမျိုးသမီးအထောက်ကူပေးရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံမည်။

ယခုလ ၁၉ ရက်ကလည်း ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် တသီးပုဂ္ဂလ တချို့နှင့် NLD အကြား ကွန်ယက် စတင်တည်ဆောက်ရန် သဘောတူခဲ့သေးသည်။

11ReadMore-2.jpg

မြဝတီမြို့မှာ တိုက်ပွဲဝင်ခဲ့တဲ့ ဒီကေဘီအေ ရဲဘော်များကို စစ်အုပ်စု ခြိမ်းခြောက်



http://arrmhanthit8888.blogspot.com


ဒီကနေ့ မြဝတီမြို့မှာ အရှေ့တောင်တိုင်း တိုင်းမှူးဦးဆောင်ကာ နအဖ စစ်ဘက်ဆိုင်ရာများ နယ်ခြားစောင့် အကြီးအကဲများနဲ့ အစည်းအဝေးတခု ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။

အစည်းအဝေးရဲ့အဓိကရည်ရွယ်ချက်ကတော့ ပြီးခဲ့တဲ့ ဗမာပြည်ရွေးကောက်ပွဲလုပ်တဲ့နေ့ နိုဝင်ဘာ ၇ ရက်နေ့က စတင်ပြီ နအဖ ကို ပြန်လည်တိုက်ပွဲဝင်ခဲ့တဲ့ ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့ကို ခြိမ်းခြောက်လိုတဲ့ အချက်တွေ ပါဝင်နေတာ တွေ့ရပါတယ်။


နအဖကို ပြန်လည်တိုက်ပွဲဝင်ခဲ့တဲ့ ဒီကေဘီအေအဖွဲ့ကို ၃၈ ရက် အချိန်ပေးမယ် ပြန်လာလက်နက်ချရင်ချ မချရင် ဝေါ်လေဒေသကို ချေမှုန်းပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်တဲ့ အချက်တွေ ပါဝင်နေပါတယ်။

အခုလို နအဖ စစ်အုပ်စုရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဗိုလ်နှုတ်ခမ်းမွှေးမှ ခုလိုတုန့်ပြန်ပြောဆိုသွားတာက..
“နအဖ စစ်အုပ်စု ကို တုန့်ပြန်တိုက်ခိုက်ဖို့ဆိုတာ အချိန်မရွေးဘူး၊ ဝန်မလေးဘူး။ ဒါပေမယ့် နအဖ စစ်အုပ်စုရဲ့ အောက်ခြေတပ်မှူးတပ်သားလေးတွေကို သနားတယ်။ ဖြစ်နိုင်ရင် ပြည်တွင်းစစ်မီးကို တောက်လောင်အောင် ဖန်တီးနေတဲ့ စစ်ခေါင်းဆောင်ကြီးတွေနဲ့ပဲ ထိပ်တိုက်တွေ့ချင်တယ်။ အခု ကျနော်တို့ တိုက်ပွဲဝင်နေတဲ့အတွက် နယ်စပ်ဒေတွေ မငြိမ်မသက်ဖြစ်တာကို ဒေါ်အောင်ဆန်းစုကြည်တို့ အနေနဲ့ စိတ်မချမ်းမသာဖြစ်ရတာ နားလည်ပါတယ်။ ကျနော်တို့တွေလည်း စစ်ကိုမတိုက်ချင်ပါဘူး နိုင်ငံရေးအရအဖြေတခု ထွက်ပေါ်လာအောင် စစ်တိုက်နေရတာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့လည်း ဒီစစ်ပွဲကို စစ်သွေးကြွပြီး တိုက်ပွဲဝင်နေတာမဟုတ်ပါဘူး” လို့ ပြောဆိုသွားပါတယ်။

ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်တဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်များဟာ နယ်ခြားစောင့်တပ် လုပ်ခိုင်းတာ လက်မခံဘူး။ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံဘူး ဆိုတဲ့ အချက်တွေနဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနေ့မှာ နအဖ စစ်အုပ်စုကို စတင်တိုက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။

11ReadMore-2.jpg

ဒေါ်အောင်ဆန်းစုကြည် ပြည်နယ်နှင့်တိုင်း လူငယ်အားတွေ့ဆုံ



11ReadMore-2.jpg

Template by:

Free Blog Templates