Monday, January 24, 2011

နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇ဦး ကေအဲန်ယူထံ လာရောက် ပူးပေါင်း

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းထား သည့် ဒီကေဘီအေ တပ်ဖွဲ့ဝင် ၁၇ဦး ဇန်န ၀ါရီလ ၂၄ရက်နေ့ မနက်က ကေအဲန် ယူထံ ပြန်လည် ပူးပေါင်းလာသည်ဟု စုံစမ်း သိရှိရသည်။

နယ်ခြားစောင့်တပ် အမှတ် ၁၀၁၉မှ ဒုခွဲမှူး စောနေဘလူးထူးဦးဆောင်သည့် အဖွဲ့ဝင် ၁၇ဦးပါအဖွဲ့ဟာ လက်နက်တွေနှင့်အတူ ကေအဲန်ယူ တပ်မဟာ၇ထံ လာရောက်  ပူးပေါင်းခြင်း ဖြစ်ပြီး ၄င်းတို့နဲ့အတူ လက်နက် ၁၉လက်နှင့် ဆက်သွယ်ရေးစက် ၄လုံးပါဝင်သည်ဟု ဒီဗီဘီသတင်းတွင် ဖော်ပြထားသည်။

ယခု ပူးပေါင်းလာသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇ဦးသည် ဗိုလ်မှူးစောလိုက်သိန့်ဦးဆောင်သည့် နယ်ခြားစောင့်တပ်ဖွဲ့ အမှတ် ၁၀၁၉တပ်ရင်းမှ ဖြစ်သည်။ ဗိုလ်မှူးစောလိုက်သိန့်သည် နယ်ခြားစောင့်အသွင်မပြောင်းခင်က ဒီကေဘီအေ ၉၉၉တပ်မဟာ လက်အောက်ခံ တပ်ရင်း၇မှ တပ်ရင်းမှူးတဦး ဖြစ်သည်။

လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၂၁ရက်နေ့ကလည်း မြ၀တီမြို့နယ် ရွေက္ကိုလ်အခြေစိုက် နယ်ခြားစောင့်တပ် အမှတ် ၁၀၁၈မှ ဒုတပ်ကြပ် တဦးနဲ့ တပ်သားတဦး တပ်မဟာ၇ထံ လက်နက်နဲ့အတူ လာရောက် ပူးပေါင်းခဲ့သေးသည်။

ဒါ့အပြင် ဇန်န၀ါရီလ ၁၄ရက်နေ့ကလည်း အသက် ၅၀ကျော်သဖြင့် နယ်ခြားစောင့် တပ်ဖွဲ့တွင် ပါဝင်ခွင့်မရသည့် ယခင် ဒီကေဘီအေ ၉၉၉လက်အောက်ခံ တပ်ရင်း၅ တပ်ရင်းမှူး စောဖိုးကလိဟာလည်း ကေအဲန်ယူထံ ပြန်လည်ပူးပေါင်း ရောက်ရှိလာခဲ့သည်။

ဒီကေဘီအေ အများစုဟာ နယ်ခြားစောင့်တပ်ကို အသွင်ကူးပြောင်းအပြီး နယ်ခြားစောင့်တပ် မလုပ်လိုသည့် တပ်ဖွဲ့ဝင်အများအပြား ကေအဲန်ယူနှင့် နအဖကို ပြန်လည် တော်လှန်နေသည့် ဗိုလ်နှုတ်ခမ်းမွေး၏ ဒီကေဘီအေအဖွဲ့ထံ တဖွဲဖွဲပြန်လည် ပူးပေါင်းလာကြပြီး ဆက်လက် ပူးပေါင်းမည့်သူ အများအပြားလည်း ကျန်ရှိနေသေးသည်ဟု ပြန်လည် ပူးပေါင်းသူများ၏ အဆိုအရ သိရှိရပါသည်။

သတင်း-အဲခေါင်သောင့်

11ReadMore-2.jpg

Template by:

Free Blog Templates