Wednesday, December 22, 2010

ဒီကနေ့ နအဖ ၆ ယောက်ကျပြီး ၁၃ ယောက် ဒဏ်ရာရတဲ့ ဖလူးလေး ဘုရားကုန်းတိုက်ပွဲ


http://www.naytthit.net/

dkba
ဒီကနေ့ မြဝတီတောင်ဘက် ဖလူးလေး ဘုရားကုန်းမှာ ဒီကေဘီအေ ကလို့ထူးဖော အမှတ် ၂ ဗျူဟာ တပ်ရင်းတွေနဲ့ စကခ ၁၂ လက်အောက်ခံ ခမရ ၃၁၀ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဒီကေဘီအေ ဗျူဟာမှူး ဗိုလ်ကျော်သက် ပြောပြတာက …
မနက် ၁၁ နာရီမခွဲခင် ဖလူးလေးဘုရားကုန်းနားမှာ ဒီကေဘီအေဘက်က ဗိုလ်ဗလာဏ နဲ့ ဗိုလ်စောချစ် တို့ဦးဆောင်တဲ့ တပ်ဖွဲ့တွေက နအဖ ခမရ ၃၁၀ တပ်ကို စောင့်ကြိုပြီး ပစ် ခတ်တိုက်ခိုက်လိုက်တာပါ။
တိုက်ပွဲက ၁၅ မိနစ်လောက်ပဲကြာမယ်၊ နအဖ ဘက်က ၆ ယောက်ကျဆုံးတယ် ၁၃ ယောက် ဒဏ်ရာရတယ်။ တိုက်ပွဲပြီးတဲ့အချိန်မှာ တက်လာတဲ့ နအဖ တပ်တွေ ပြန် ဆုတ်ခွာသွားတယ်” လို့ ပြောပြသွားပါတယ်

၂၀၁၀ ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာလ ၇ ရက် ကတည်းက စလိုက်တဲ့ နအဖ စစ်အုပ်စုတပ်တွေနဲ့ DKBA တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေဟာ ကရင်ပြည်နယ် မြ၀တီနဲ့ ကော့ကရိတ်မြို့နယ်ထဲက ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင်နဲ့ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဆိုက်တိုက်ဆိုလို ဖြစ်ပွား ပြန့်နှံ့လျက်ရှိပါတယ်။

11ReadMore-2.jpg

သတင်းပေး လုပ်မလား ၊ ဗီဒီယို ဖြန့် လိုက်ရမလား

အမေရိကန် နှင့် နိုင်ငံတကာရှိ နိုင်ငံရေး လှုပ်ရှား တက်ကြွသူများ ၏ သားသမီး များ နှင့် မိသားစု ၀င်များ မြန်မာ နိုင်ငံ သို့ တိတ်တဆိတ် ၀င်ရောက် လာလျှင် လှို့ ဝှက် ဖမ်းဆီး ၍ ထုတ်ဖော်ပြောမပြ နိုင်လောက် သည့် ကာမဆက်ဆံ မှု စသော  စိတ်ပိုင်း ၊ ရုပ် ပိုင်း နာကျင် စေမှု များ လုပ်ပြီး ထို ဖြစ်ရပ် ကို ဗီဒီယို မှတ် တမ်း တင် ထားက ထောက်လှမ်းရေး နှင့် သတင်း တပ်ဖွဲ့ ၏ ခိုင်းစေချက် များ ကို သဘောမတူ ပါက ထို အခွေ ကို အင်တာ နက် တွင် ဖြန့် မည့် အစီအစဉ် မျိုး ရေးဆွဲ ချမှတ် ထား သည် ဟု မြန်မာ နိုင်ငံ ရဲ တပ်ဖွဲ့ ဝင် တစ်ဦး၏ မြန်မာ ၀ီကီလိခ် သို့ ပေးစာတွင် ဖော်ပြထားသည်။
 
လွန်ခဲ့သည့် တစ်နှစ် ကျော်က အမေရိကန် နိုင်ငံ နယူးယောက် အခြေစိုက် ဒီမိုကရေစီ လှုပ်ရှား သူ တစ်ဦး၏အမျိုးသမီး မိတ်ဆွေ တစ်ဦး မြန်မာ နိုင်ငံ သို့ ပြန်လာ ရာ ဗိုလ်ချုပ်ဈေး တွင် ရဲသတင်းတပ်ဖွဲ့ က ဖမ်းဆီး နိုင်ခဲ့ပြီး နောက် မည်သို့ အပေး အယူ ပြုခဲ့သည် ကိုမူ မသိရဟု ထိုစာထဲ တွင် ပေး ပို့ သူ ရဲက ဖော်ပြထားသည်။

ထိုစာထဲ တွင် ပေးပို့ သူ ဒုရဲအုပ် က ထပ်မံ ရေးသား ထားသည်မှာ အမျိုးသမီး များ အနေဖြင့် သတိထား ဖို့ လိုကြောင်း ငါ့ အဖေ နိုင်ငံရေး လုပ်တာ ၊ ငါလုပ်တာ မဟုတ်ဘူး၊ ငါ့..ယောင်္ကျား နိုင်ငံရေး လုပ်တာ ငါလုပ်တာ မဟုတ်ဘူး ဆိုသည့် စိတ်ကူး မျိုး ဖြင့် လာလျှင် ဖော်ပြ လို့ မရနိုင်လောက် သည့် အရှက် တစ်ကွဲ အကျိုး နည်းမှု မျိုး နှင့် ကြုံမှ ဖြစ်ပြီး ၊ နေရင်း နိုင်ငံ ပြန်ရောက် သွားလာ လျှင် လည်း သတင်းပေး ဘ၀ ဖြင့် အသက် ဆက်ရမည် ဖြစ်သလို သတင်း မပေး ပါကလည်း အရှက် ခွဲ ခံ ရမည် ဖြစ်သည် ဟု သတိပေးရေး သားထားသည်။
 
ပြည်ပ ရောက် အတိုက် အခံ နိုင်ငံရေး အသိုင်းအ၀ိုင်း မှ မိန်းကလေးငယ်များ မြန်မာ နိုင်ငံ ပြန်လျှင် သတိထားရန် လိုပြီး စစ်တပ် ဒေါက် တိုင်များက လိင်ပိုင်းဆိုင်ရာ စော်ကားကာ ၎င်း တို့ အတွက် အသုံးချမည်ဖြစ်ကြောင်း သတိပေးထားသည်။ ရဲသတင်း တပ် ဖွဲ့ သည် ထိုကိစ္စ ကို စီစဉ်ရန် အတွက် အမျိုးသား ရဲ နှင့် အမျိုးသမီး ရဲ လေးဆယ်ထက် မနည်း ပါသော အဖွဲ့ ကို ဖွဲ့ စည်း ပြီး ချက်ခြင်းဖမ်းဆီးပြီး မည်သူမှ မသိသေးခင်မှာပင် နာရီ ပိုင်း အတွင်း ခြိမ်းခြောက် အကြပ်ကိုင်ရန် စီစဉ် ထားပြီး ဖြစ်သည် ဟု ရေးသားထားသည်။
 
မှတ်ချက်။         ။မြန်မာ ၀ီကီလိခ်မှကူးယူဖော်ပြပါသည်။

11ReadMore-2.jpg

ခါထုတ် နင်းတက်

ဒီပုံပြင်လေးကိုဖတ်။
သူငယ်ချင်းအဆင်ပြေရင်မှတ်သားဖို့ ပါ။

လယ်သမားတစ်ယောက်ရဲ့မြည်းလေးတစ်ကောင်ဟာ
အကာအရံ
မရှိတဲ့ လယ်ထဲက ရေတွင်းထဲ
ကျသွားတယ်။ မြည်းလေးဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့ သူ့ သခင်ကိုခေါ်တယ်
။လယ်သမားကြီးဟာ ဘာလုပ်ရမလဲလို့တွေးတယ်။ နောက်ဆုံးတော့ လယ်သမားကြီးက
စဉ်းစားတယ်။
ဒီမြည်းဟာ အိုလည်းအိုနေပြီ။ ရေတွင်းကလည်းမသုံးတာကြာတဲ့ရေတွင်းဟောင်းကြီး
ဖို့ပစ်တာကောင်းတယ်။ ဒီမြည်းကို ဆွဲတင်နေလို့မထူးဘူး။ အဲဒီလိုတွေးပြီးတော့
သူ့သူငယ်ချင်း လယ်သမားတွေကိုသွားခေါ်လာတယ်။ တစ်ယောက် ပေါက်ပြားတစ်လက်ဆီ
ယုလာကြတယ်။ မြေကြီးတွေ တူးပြီး ရေတွင်းကို ဖို့ကြတယ်။

မြည်းလေးဟာ သူ့ကို မြေဖို့နေပြီဆိုတာသိတော့ ကြောက်ပြီး အသံကုန်အော်တယ်။
နောက်မကြာခင် မြည်းအော်သံတိတ်သွားတယ်။
တော်တော်ကြာတော့ လယ်သမားကြီးဟာ ရေတွင်းထဲ ငုံ့ကြည့်တယ်။ သူမြင်ရတာကို
အံ့သြသွားတယ်။ မြေကြီးတစ်ကော်စာ ဖို့လိုက်တိုင်း မြည်းလေးဟာ မြေကြီးတွေကို
ခါချလိုက်ပြီး မြေကြီးပေါ် လှမ်းတက်လိုက်တယ်။ ရေတွင်းပြည့်ခါနီးတော့
မြည်းလေးဟာ
ရေတွင်းပေါ်ခုန်တက်ပြီးတော့ အားရ၀မ်းသာ ခုန်ပေါက်ပြီး ပြေးတော့တယ်။
လယ်သမားတွေက
မြည်းလေးကိုကြည့်ပြီး သဘောကျလို့ တဟားဟားနဲ့ အားရပါးရ ရယ်ကြတော့တယ်။
ကိုယ့် ဘ၀ အခြေအနေဟာ ကိုယ့် ကျောပေါ်ကို မြေတွေပုံမယ်။ ဒုက္ခကနေ
လွတ်အောင်လုပ်နည်းက ခါချပြီး တစ်လှမ်းတက်ဖို့ပဲ။ ဖို့လိုက်တဲ့မြေကြီးဟာ
ကျောပေါ်မှာ မနေဖို့ပဲလိုတယ်။ ဖို့သမျှမြေကြီးဟာ ခြေထောက် အောက်ကို
ရောက်သွားရမယ်။
(ဆရာတော် ဦးဇောတိက - စိတ်ချမ်းသာဖို့လိုရင်းပါ (စာမျက်နှာ ၁၅၁-၁၅၂))
သူငယ်ချင်း အားရှိစေဖို့ ရည်ရွယ်ပါတယ်....


ပေးပို့လာတဲ့ညီမလေး ဖူးအားကျေးဇူးတင်ပါသည်။

11ReadMore-2.jpg

တပ်ချုပ်ကြီးရဲ့ မြဲ သုံး မြဲ ဆိုတာ ဘာပါလိမ့်

-ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က နေပြည်တော်မှာ တပ်မတော်နည်းပညာတက္ကသိုလ်လို့ ခေါ်တဲ့ အန်ချင်စရာ ... အဲ ... မှားတွားလို့ ... အင်ဂျင်နီယာ ဗိုလ်လောင်းသင်တန်း ဆင်းပွဲ ကျင်းပခဲ့ပါတယ် (အဆိုတော် ဗီဒီယို ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်လ်မန်း ကိုနေရဲမာန်ကြီးလည်း အဲသည်ကဆင်းသပေါ့၊ အန်ချင်စရာတပ်မှာ ခိုးလို့ရတာတွေနဲ့ အခု ဇီးသီးတွေထုတ်၊ ရုပ်ရှင်ကားတွေ ရိုက်နေဆိုပဲ - စကားချပ်)

အဲဒီ ဗိုလ်လောင်းသင်တန်း ဆင်းပွဲမှာ ကျွန်ုပ်တို့ရဲ့ နိုင်ငံတော်အကြီးအကဲ ချိုကုပ်ဒူးကြီးဟာလည်း ထုံးစံမပြတ် မိန့်ခွန်းဖတ် ... ယောင်လို့ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

အဲဒီမိန့်ခွန်းထဲမှာ ကိုတာတေ့အတွက် မှတ်သားစရာတွေ ပါလာတော့ကာ ဧရာဝတီ ဘလော့ပရိသတ်ကို မျှဝေချင်စိတ် ကလိကလိနဲ့ ပေါ်လာပါတော့တယ်။

ချိုကုပ်ဒူးကြီးက ပြောပါတယ် အန်ချင်စရာ ဗိုလ်လောင်းတွေ အနေနဲ့ မြဲသုံးမြဲနဲ့ ပြည့်စုံရမယ်တဲ့။ သူ့ရဲ့ မြဲသုံးမြဲကတော့ “အမြဲတမ်း လေ့ကျင့်နေရမယ်၊ အမြဲတမ်း စစ်ရေးသတိရှိရမယ်၊ အမြဲတမ်း တိုက်ပွဲဝင် အသင့် ဖြစ်နေရမယ်” ဆိုပဲ။ အဲဒီမြဲတွေနဲ့ အန်ချင်စရာတပ်နဲ့ ဘာများဆိုင်လို့တုန်းနော်။ မယုံကိုနေရဲမာန်ကြီးကို မေးကြည့် ... သူတို့ အန်ချင်စရာတပ်နဲ့ဆိုင်တဲ့ မြဲတွေကို ပြောပြလိမ့်မယ်။

ကိုတာတေကတော့ သိတယ်။ ကိုယ့်ဘာသာသိတာတော့ မဟုတ်ရပါဘူး။ ကိုတာတေတို့ ငယ်ငယ်က ဖတ်ခဲ့တဲ့ ကာတွန်းတပုဒ်က ပြောပြတာပါ။ နှယ်နှယ်ရရ ကာတွန်းလို့တော့ မထင်လိုက်လေနဲ့ ...။ အလင်္ကာကျော်စွာ ဘွဲ့ရတဲ့ ကာတွန်းဆရာကြီး ဦးဘဂျမ်းရဲ့ ကာတွန်းပါ။

တကယ်ဆို တပ်ချုပ်ကြီးကလည်း ဦးဘဂျမ်းရဲ့ ကာတွန်းကို ကိုးကားပြီး မိန့်ခွန်းပြောသင့်တာပေါ့ ... အဲဒီထဲမှာ မြဲက ၃ မြဲတင်မကဘူး ... ၄၊ ၅၊ ၆ မြဲမကပါတယ်။

အာဇာနည်နေ့မှာ ဦးဘဂျမ်းရဲ့ ဇာတ်ကောင် ဦးဖျောက်ဆိပ်က ကာတွန်းရဲ့ ပထမ အကွက်မှာ “အားလုံးသတိ ... ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများကို တနှစ်တကြိမ်သတိရသော အားဖြင့် အလေးပြု” လို့ ဆိုပါတယ်။ သြော် ရှေးလူကြီးများ တယ်ပြီး အမျှော်အမြင်ရှိတာကိုး ... အခုတော့ တနှစ်တကြိမ်တောင် သတိရခွင့်မရှိတော့ဘူး။ စကားက နည်းနည်းချော်သွားပြန်ပြီ။

ကာတွန်း နောက်တကွက်မှာတော့ “နေမြဲ” တဲ့။ နေမြဲ ဆိုတာနဲ့ မပြီးသေးပါဘူး သူက နောက်ကိုလှည့်ပြီး “နေမြဲဆိုတာက နေမြဲ၊ စားမြဲ၊ ခိုးမြဲ၊ ရမ်းမြဲ၊ ဆော်မြဲ .... လို့ ပြောတာ” တဲ့ ... နောက်မှာ ပါသေးတယ်။ ကျန်တာတွေကတော့ အောက်က ကာတွန်းပုံမှာ ရှုတော်မူကြပါ။ ဒီလောက်ဆို အန်ချင်စရာတပ်အတွက် လုံလောက်ပြီ မဟုတ်လား။ တပ်ချုပ်ကြီးရဲ့ မြဲသုံးမြဲနဲ့ ခပ်ဆင်ဆင်ပါပဲ။ သြော် ရှေးလူကြီးတွေ အမျှော်အမြင် ရှိပုံများတော့ ...။ ကာတွန်းအော်ပီကျယ် စကားနဲ့ ပြောရရင် ... ဦးဘဂျမ်းကတော့ သူ့ကာတွန်း ခေတ်မီပါစေ ဆိုပြီး ဆွဲတာ မဖြစ်နိုင်ဘူး၊ ခေတ်ကိုက မပြောင်းတာ ... လို့ပဲ ဆိုရမယ် ထင်ပါရဲ့။

ရန်ကုန်သားတာတေ

11ReadMore-2.jpg

Template by:

Free Blog Templates