Monday, November 1, 2010

ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေ စစ်မေးခံနေရ

ဧရာဝတီဘလော့မှ....


ရန်ကုန်တိုင်း ကစထမှူးဟောင်း ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေကို နေပြည်တော် စစ်ချုပ်ရုံးမှာ စစ်မေးမှုတွေ လုပ်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

"သူ့ကို ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကြံ့ဖွံ့ပါတီကနေ ရွေးကောက်ပွဲ ၀င်ခိုင်းတာကို ငြင်းပယ်လို့ စစ်ထောက်ချုပ်နဲ့ စိတ်ဓါတ်စစ်ဆင်ရေးက အရာရှိတွေက စစ်မေးနေတာလို့ ကြားတယ်"လို့ စစ်ချုပ်ရုံးနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတဦးက ဧရာဝတီကို ပြောပါတယ်။

11ReadMore-2.jpg

ဗိုလ်ချုပ် အဆင့် နှစ်ဦး အပါအ၀င် အရာရှိ လေးဆယ်ကျော် ကို နေပြည်တော်တွင် ဖမ်းဆီးထား

Freedom News Group

နေပြည်တော်တွင် ဇာတ်တူသား စား(Dog Eat Dog)နေသည် ဆိုသည့် သတင်းများကြောင့် ဟနွိုင်းရောက် သိန်းစိန်ကြီးမှာ လည်း နောက်ဆံတင်းနေရသည်
သြဂုတ် လအတွင်းက စစ်အစိုးရထိပ်တန်း ခေါင်းဆောင် နှစ်ဦး ၏ ရာထူး အပြောင်းအလဲများ
ကို မကျေနပ် သည့် နေပြည်တော်မှ စစ်အရာ ရှိ အချို့ အား ယခု သီတင်းပတ် အတွင်း ဆက်
တိုက် ဖမ်းဆီးခဲ့သည် ဟု FNG မှ စုံစမ်းသိရှိရသည်။

ထိုကဲ့သို့ ဖမ်းဆီးမှု များ တွင် ဗိုလ်ချုပ် အဆင့် ဖြင့် လက်ရှိတာဝန် ထမ်းဆောင် နေသူ နှစ်
ဦး လည်း ပါဝင် သည် ဟု သိရ သော် လည်း အသေးစိတ် စုံးစမ်းမှု ပြု၍ မရရှိချေ။
နိုဝင်ဘာ ရွေးကောက် ပွဲ နီးကပ် လာသည် နှင့် အမျှ နေပြည်တော် တွင် လုံခြုံရေး တိုးမြှင့်
ချထား ပြီး မြန်မာ စစ်ခေါင်းဆောင် နှစ်ဦး သည် လည်း ၎င်း တို့ ၏ လုံခြုံရေး အရ လက်ရှိ
နေအိမ်များ တွင် ပင် နေထိုင်ခြင်း မပြုတော့ ဟု သတင်းရရှိသည်။
အတည်မပြု နိုင်သေးသည့် သတင်းများ အရ ဖမ်းဆီးခံထားရသူမှာ ယခင် ရန်ကုန်တိုင်း
စစ်ဌာန ချုပ် တိုင်းမှုး ဟောင်းဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ ဟု သိရသည်။

11ReadMore-2.jpg

၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင် သည့် ဆန္ဒပြပွဲ နှစ်ရက် ဆက်တိုက် ဖြစ်ပွား

၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင် သည့် ဆန္ဒပြပွဲ နှစ်ရက် ဆက်တိုက် ဖြစ်ပွား
နိုဝင်ဘာ ၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် နယ်စပ်ဒေသများတွင် နအဖ စစ်အစိုးရ ဦးစီးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် သည့် လူထုဆန္ဒပြပွဲ နှစ်ရက် ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ယနေ့မနက်တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာပေါင်း ၅ရွာမှ ဒေသခံ လူထု ၂၀၀ကျော်က မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲကို မလိုလားသည့် ဆန္ဒထုတ်ဖော်ချက် ဆိုင်းပုဒ်များကို ကိုင်ဆောင်ကာ တစ်နာရီခန့် ငြိမ်းချမ်းစွာ စု ပေါင်းဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ကိုယ်တိုင်ဦးဆောင်ခဲ့သူ စောတာပစဲက ယခုလို ပြောသည်။
သူက “ဒီနေ့မနက် ၉နာရီကနေ ၁၀နာရီအထိ ကျနော်တို့ ရွာငါးရွာက ရွာသူကြီး အပါအ၀င် ရွာသူရွာသား ၂၀၀ကျော် စုပေါင်း ပြီးတော့ ဆိုင်းပုဒ်တွေ ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာနဲ့ပဲ ဆန္ဒပြပွဲတရပ်ပြုလုပ်တယ်။ ဆိုင်းပုဒ်တွေမှာတော့ တရားမျှတမှု မရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ၊ တိုင်းရင်းသား ပြည်သူလူထု အားလုံးမဲပေးနိုင်ရေး၊ စစ်မှန်သောပြည်ထောင်စု ဖြစ်ပေါ်လာရေး၊ စစ်မှန်သော ရွေးကောက်ပွဲ ဖြစ်ပေါ်လာရေးဆိုပြီး ရေးထားတဲ့ ဆိုင်းပုဒ်တွေနဲ့ ဆန္ဒပြကြတာပါ။ ရည်ရွယ်ချက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ အလိုမရှိတဲ့အကြောင်း ထုတ်ဖော်ဆန္ဒပြတာပါ။”ဟု ကေအိုင်စီကို ပြောသည်။
၎င်းဆန္ဒပြပွဲကို သူးလေကုန်းနှင့် တခါ့ချောင်းကျေးရွာစပ်ကြား နအဖ ခလရ(၂၈၄)တပ်စခန်းနှင့် (၂)မိုင်အကွာအဝေးတွင် ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး သူးလေကုန်းကျေးရွာ အထက်နှင့် အောက်(တခါ့ခီး)၊ တခါ့ချောင်း(တခါ့ကလိုး)၊ မီးလောင်ချောင်း (ပိုပေါ်က လိုး)၊ တကေး(တကုခီး)နှင့် ကြာအင်းရွာကြီးတို့ ပါဝင်သည်ဟု စုံစမ်းသိရှိရသည်။
ယမန်နေ့မနက်ကလည်း မွန်ပြည်နယ် သံဖြူဇရပ်နှင့် ရေးမြို့နယ်ကြားတွင် ရွာပေါင်း ၁၀ရွာမှ ဒေသခံ လူထု ၅၀၀ကျော်က ဆိုင်းပုဒ်နှင့် ပိုစတာစာရွက်များ ကိုင်ဆောင်ပြီး နံနက် ၇နာရီခွဲမှ ၉နာရီခွဲအထိ အလားတူ စုပေါင်းဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြပွဲ ဖြစ်မြောက်ရေးအတွက် ဦးဆောင်ခဲ့သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“မနေ့က လုပ်တဲ့ ဆန္ဒပြပွဲမှာ လူထု ၅၀၀ကျော် ပူးပေါင်းပါဝင်တယ်။ ဆိုင်းပုဒ်မှာ ၂၀၁၀ရွေးကောက်ပွဲကို တိုက်ဖျက်ရေးဆိုတဲ့ ခေါင်းစဉ်ကြီးကြီးနဲ့ စာတန်း ရေးထားတယ်။ နောက်ပြီးတော့ ပိုစတာတွေမှာကျတော့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ ညီ ညွှတ်သော ဒီမိုကရေစီ တည်ဆောက်ရေး၊ စစ်အာဏာရှင် တိုက်ဖျက်ရေးဆိုတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီးတော့ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့ကြတယ်။”ဟု ပြောသည်။

နအဖ စစ်အစိုးရ ဦးစီးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ဆန္ဒပြသည့်ရွာသားများ

အဆိုပါ ဆန္ဒပြပွဲနှစ်ခုစလုံးတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် အလှမ်းဝေးသောကြောင့် အကြမ်းဖက်နှိမ်နင်းမှုများ မခံ ရသော်လည်း ဆန္ဒပြမှုအပြီးတွင် နအဖ စစ်တပ်များ တက်ရောက်လာသည့် သတင်းကြောင့် ဆန္ဒပြသူတချို့ လွတ်မြောက်ရာ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆန္ဒပြသူများက ပြောသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခင်လ ၂၂ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နှင့် ကျေးရွာအချို့ရှိ အစိုးရဌာနဆိုင်ရာရုံးများ၊ ဆေး ရုံ၊ စာသင်ကျောင်းများရှေ့တွင် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် စာရွက်စာတမ်း ဖြန့်ဝေသည့် လုပ်ဆောင်မှုများ ရှိခဲ့သလို ၂၀၀၈ခုနှစ် ပြည်သူ့ဆန္ဒခံယူပွဲတွင် အလားတူ ဆန္ဒပြပွဲပြုလုပ်ခဲ့ရာ အာဏာပိုင်စစ်တပ်များ၏ ၀င်ရောက်ဖြိုခွင်းမည့် သတင်းကြောင့် ဆန္ဒပြပွဲနေချိန်အတွင်းပင် လူစုခွဲခဲ့ရသည်။

11ReadMore-2.jpg

ပြည်သူလူထု နိုးထပြီ

ကိုးဒီသွေးဘလော့မှ.......


ငြိမ်၊၀ပ်၊ပိ၊ပြားစွာဖြင့် ဆွံ့အ ခဲ့ရသော ကာလတွေကို ကျော်ဖြတ်လာခဲ့ရတဲ့ ပြည်သူတွေဟာ
ဒီနေ့ဒီအချိန်ခါမှာ မိမိတို့ရဲ့နာကျဉ်းချက်တွေ၊ ခံစားချက်တွေကို ဖွင့်ဟပ်လိုက်ကြပါပြီ။
နိုင်ထက်စီးနင်း ဖိနှိပ်ချုပ်ခြယ်ခံရတာတွေ၊ ဆင်းရဲပင်ပန်းကြီးစွာ ဘ၀ကိုဖြတ်သန်းလာခဲ့ရတဲ့
ဒီစနစ်ဆိုးအောက်ကို ရွံမုန်းလို့နေကြပါပြီ။

ဒါတွေကို ဥပေက္ခာပြုပြီးတော့ လက်တစ်ဆုပ်စာလူတစ်ချို့က နိုင်ငံကိုဆူပူအောင်လုပ်နေကြတယ်လို့
ပြောချင်ပြောကြမယ်။
ဒါပေမဲ့.....
လူထုကို ငဲ့ညှာမှုမရှိတဲ့ ဒီအစိုးရရဲ့လက်ထဲ တစ်ခါပြန်ပြီး အသက်ရှင်နေရမယ်ဆိုရင်
သေရတာက ပိုမြတ်တယ်ဆိုပြီး ဒီလူထုတွေက သက်သေပြနေပါပြီ။

တိုးတက်နေတဲ့ သတင်းမီဒီယာခေတ်ကြီးမှာ ပြည်သုလူထုတွေကလည်း ဗဟုသုတတွေ
မခေါင်းပါးကြတော့ပါဘူး။
အထူးသဖြင့် နယ်စွန်းနယ်ဖျားတွေမှာ စစ်အစိုးရရဲ့ ဗိုလ်ကျစိုးမိုးမှု၊ လူမဆန်စွာသတ်ဖြတ်မှု၊
မုဒိမ်းကျင့်မှုတွေကို ရေငုံနှုတ်ပိတ်ပြီး ခေါင်းငုံ့ခံမနေတော့ပါဘူး။

အခုရွေးကောက်ပွဲလည်းဘာထူးလဲ။စစ်ကျွန်ဘ၀မှလွတ်မြောက်ဖို့လမ်းမြင်ရလို့လား။
ပြည်သူလူထုတွေကို စစ်သားလူထွက်လုပ်ပြီး လိမ်ညာလှည့်ဖျားနေဦးမယ်
မဟုတ်ပါလား။
သူတို့ကောင်းစားဖို့သာကြည့်တဲ့ ဒီစနစ်ဆိုးအောက်မှာ
ဆင်းရဲပြီးဆင်းရဲ၊ ချို့တဲ့ပြီးချို့တဲ့နေကြတဲ့ ဘ၀ကို ကျော်လွန်ချင်ကြပါပြီ။

စစ်အစိုးရကိုတိုက်ဖျက်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို လိုလားကြတဲ့
ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောပေးဖို့ဆိုတာကတော့...........

11ReadMore-2.jpg

Template by:

Free Blog Templates