Monday, February 7, 2011

KIA ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်က နအဖကို ဆော်ပြီ

http://ninedeblood.blogspot.com/



ကရင်ပြည်နယ်တွင် နယ်ခြားစောင့်တပ်နှင့် ရွေးကောက်ပွဲကို လက်မခံနိုင်သော
ဗိုလ်မှူးချုပ်စောလားပွယ်ဦးဆောင်သည့် ဒီကေဘီအေတပ်ဖွဲ့နှင့် KNU, KNLA
ကျောင်းသားတပ်မတော် စသည့်ပူးပေါင်းတပ်ဖွဲ့များက နအဖနှင့် တိုက်ပွဲပြင်းထန်စွာ
ဖြစ်ပွားနေချိန်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့အရှေ့တောင်ပိုင်း၊ နမ့်ခမ်းမြို့၏
အနောက်မြောက်ဘက်တွင်လည်း တိုက်ပွဲဖြစ်ပွားနေပြီဖြစ်သည်။


၎င်းတိုက်ပွဲသည် ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA-Kachin Independent Army)
အပစ်ရပ်ကာလအခေါ်အဝေါ် (KIO-Kachin Independence Organization) ၏
တပ်မဟာ(၃)၊တပ်ရင်း(၂၇)နှင့် စစ်အာဏာရှင် နအဖတပ်ဖွဲ့ဖြစ်သော
မိုးညှင်းအခြေစိုက်ခလရ (၁၅)တို့ မနက်ပိုင်းမှစပြီး မွန်းတည့်ချိန်ထိ
ဖြစ်ပွားခဲ့သောတိုက်ပွဲပင်ဖြစ်သည်။


စစ်အာဏာရှင်နှင့် ဆယ်စုနှစ်တခုကျော် ငြိမ်းချမ်းရေးရယူပြီး နယ်ခြားစောင့်တပ်လက်မခံသော
KIA ပိုင်နက်ထဲသို့ ဘိန်းဖျက်ဆီးရန်အကြောင်းပြပြီး KIA မှ တားမြစ်သည့်ကြားမှ နအဖတပ်က
အတင်းဝင်ရာမှ တိုက်ပွဲစဖြစ်ခဲ့ခြင်းဖြစ်သည်။



KIA မှ ပစ်လွှတ်လိုက်သော RPJ က နအဖတပ်ရင်းမှူးကားကို တည့်တည့်တိုက်ရိုက်
ထိမှန်ခဲ့ကြောင်းလည်းသိရှိရပါသည်။


11ReadMore-2.jpg

Template by:

Free Blog Templates