Saturday, May 28, 2011

မြိုင်ကြီးငူဒေသမှာ BGF ကြားနေကောင်တွေ ဘက်တံဆိပ်ပြောင်းပြီး DKBA တံဆိပ်တပ်ကာ ပြန်ပုန်ကန်နေကြတယ်ဆိုတာ  မဟုတ်ပါဘူးကွယ်  BGF နဲ့DKBA ဆိုတာတူတူဘဲလေသူတို့တတွေတခါတလေ အင်္ကျီအဟောင်းနဲ့အသစ်လဲဝတ်တမ်းကစားနေကြတာပါကွယ် ဗိုလ်ကျော်သန်းကိုဖမ်းလိုက်ပြီးဆိုတာလဲမဟုတ်ပါဘူး သူတို့တွေ အရေခွံလဲပေးဘို့  အဲ  မဟုတ်ပါဘူး အင်္ကျီလဲတမ်းကစားကြမလို့ခေါ်ထားတာနေမှာပါကွယ်   ငါတို့ကတော့ မကစားနိုင်ပေါင်  ဒါကြောင့်ဒီအတိုင်းက  ဒီတိုင်းဘဲ  ကြားနေဘ၀ဘဲပျော်ပါတယ် 
အဲ    ပြောဘို့မေ့နေလိုက်တာ   ကားပါမစ်တွေ  ယူကြဦးမလား လိုရင်ပြောနော်  ကရင်တွေအားလုံးသိအောင် ကရင့် မီဒီယာကွန်ယက်တွေကနေကျေးဇူးပြုပြီးကြော်ငြာပေးပါဦးနော်..နော်..နော်လို့....

11ReadMore-2.jpg

မြိုင်ကြီးငူ ဒေသရှိ BGF တပ်ဖွဲ့များ DKBA တံဆိပ် ပြန်တပ်ပြီး ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းဆီးထား

မြိုင်ကြီးငူ ဒေသရှိ BGF တပ်ဖွဲ့များ DKBA တံဆိပ် ပြန်တပ်ပြီး ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းဆီးထား

Submitted by Karen Information Center on Friday, 27 May 2011No Comment
မြိုင်ကြီးငူ ဒေသရှိ BGF တပ်ဖွဲ့များ DKBA တံဆိပ် ပြန်တပ်ပြီး  ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းဆီးထား
မေ ၂၇။ (ကေအိုင်စီ)
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသရှိ နယ်ခြားစောင့်တပ် BGFတပ်ဖွဲ့ဝင်များသည် ယမန်နေ့က ၎င်းတို့၏ တံဆိပ်များကိုချွတ်၍ DKBA တံဆိပ်များကို ပြန်ဝတ်ဆင်ကာ ယခင် DKBA စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကျော်သန်းကိုလည်း ဖမ်းဆီးထိန်းသိမ်းထားလိုက် သည်ဟု စစ်ဘက်ဆိုင်ရာ သတင်းအရ သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၁၀၁တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစော ဖောဒိုက “ကျော်သန်းကို သူ့လူတွေ ဖမ်းထားလိုက်ပြီ။ မြိုင်ကြီးငူမှာ ဘီဂျီအက်ဖ်မရှိ တော့ဘူး။ ဒီကေဘီအေ ပြန်ဖြစ်ကုန်ပြီ။ ဘီဂျီအက်ဖ်ကို မလုပ်တော့ဘူး။ ဒီကေဘီအေကို ပြန်ပြီးတော့ ကူးပြောင်းတာ”ဟု ပြောသည်။
အလားတူ နယ်ခြားစောင့်ကို ငြင်းဆန်နေသည့် ဒီကေဘီအေ တပ်မှူးတစ်ဦးကလည်း“ ဟုတ်တယ်။ အခု ဗိုလ်ချုပ်ကျော်သန်းကိုလည်း မြိုင်ကြီးငူမှာ သူ့လူတွေ ဖမ်းဆီးထိန်းသိမ်းထား လိုက်တယ်။”ဟု ကေအိုင်စီကို ပြောသည်။
၎င်းဖြစ်စဉ်သည် နယ်ခြားစောင့်အချင်းချင်းကြားတွင် အထက်အရာရှိနှင့် အောက်ခြေ အရာရှိတို့ကြား ငွေကြေးကိစ္စ လာဘ်ပေးလာဘ်ယူ မမျှတသည့်အတွက် စတင်ဖြစ်ပွားခဲ့သည့် ပြဿနာဖြစ်ပြီး နောက်ဆုံးတွင် နှစ်ဘက်ညှိနှိုင်း၍ မရသောကြောင့် ယခုလို ကြီးမားလာခြင်းဖြစ်သည်ဟု KNU ဖားအံခရိုင်ဥက္ကဌ ပဒိုစောအောင်မော်အေးက ပြောသည်။
သို့သော် ထိုကိစ္စနှင့်ပတ်သက်ပြီး BGF တပ်ရင်း ၁၀၁၈မှ ထိပ်တန်းအရာရှိတစ်ဦးက “နယ်ခြား စောင့်တပ်နဲ့ ဒီကေဘီအေက တူတူပဲလေ။ သူတို့အင်္ကျီဟောင်းတွေကို တခါတလေပြန်ဝတ်လို့ ဖြစ်ရင်ဖြစ်မှာပေါ့၊ ဗိုလ်ချုပ် ကျော်သန်းကို ပြန်ဖမ်းတယ်ဆိုတာက ကျနော်ဘာမှ မကြားပါလား ”ဟု ပြောသည်။
၂၀၁၀ခုနှစ်၊ သြဂုတ်လ ၂၀ရက်က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မဲပလဲ့ကျေးရွာတွင် ကျင်းပြုလုပ်သည့် နယ်ခြားစောင့်တပ်များ တပ်ဖွင့်ပွဲအခမ်းအနား (ဓါတ်ပုံ-ကေအိုင်စီ)
ပြီးခဲ့သည့် ၂၀၁၀ခုနှစ် သြဂုတ်လတွင် ဒီကေဘီအေတပ်ဖွဲ့ဝင် အများစုသည် နယ်ခြားစောင့် တပ်သို့ အသွင်ကူးပြောင်းခဲ့ပြီး လအနည်းအနည်းငယ်အကြာတွင် ၎င်းတို့တပ်ဖွဲ့ဝင်များ အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားလျှက်ရှိသလို KNUနှင့် လက်ကျန် DKBA များ ထံသို့ မကြာခဏ လာရောက်ပူးပေါင်းမှုများ ရှိသော်လည်း ယခုလို ကြီးကြီး မားဖြစ်ပွားမှုသည် ပထမ ဦးဆုံးအကြိမ်ဖြစ်သည်။
မြိုင်ကြီးငူဒေသတွင် နယ်ခြားစောင့်တပ် BGF ၁၀၁၁ နှင့် ၁၀၁၂တပ်ရင်းတို့ အခြေချလှုပ်ရှား လျှက်ရှိသည်ဟု သိရသည်။

11ReadMore-2.jpg

ကရင်နယ်ခြားစောင့်တပ် BGFအတွင်း ပုန်ကန်မှုဖြစ်

ကရင်နယ်ခြားစောင့်တပ်အတွင်း ပုန်ကန်မှုဖြစ်

E-mail Print
ဒု ဗိုလ်မှူးကြီး ပိုဘီ ဦးဆောင်သည့် ကရင်ပြည်နယ် မြိုင်ကြီးငူအခြေစိုက် ကရင်နယ်ခြားစောင့် တပ်ရင်း ၁၀၁၂ သည် မြိုင်ကြီးငူဒေသ ကို ထိန်းချုပ်၍ ပုန်ကန်မှုပြုလုပ်နေကြောင်း သိရသည်။

DSCN400
၂၀၁၀ သြဂုတ်လ အတွင်းက ကရင်ပြည်နယ် မြိုင်ကြီးငူ ဒေသ၌ နယ်ခြားစောင့် တပ် စတင်ဖွဲ့စည်းစဉ်(ဓာတ်ပုံ - ဧရာဝတီ)
ပိုဘီ ၏ တပ်သည် ဗိုလ်ချုပ် ကျော်သန်း အပါအ၀င် နယ်ခြားစောင့် အရာရှိ ၇ ဦးကို ပြန်လည် ပုန်ကန်ခြင်းဖြစ်သည်ဟု ဆိုသည်။

လတ်တလောတွင် မြိုင်ကြီးငူမှ မယ်သဝေါအထိ ဒု ဗိုလ်မှူးကြီးပိုဘီ ၏ တပ်များ ချထားကြောင်း၊ ယင်း ပိုဘီ ၏ တပ် အင်အားမှာ ၅၀၀ ခန့်ရှိကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောသည်။

မြိုင်ကြီးငူတွင်ရှိသည့် နယ်ခြားစောင့် တပ်ရင်း ၁၀၁၁ ကလည်း ပိုဘီ အဖွဲ့နှင့် ပူးပေါင်းလိုက်ပြီး တခြားသော ကရင်နယ်ခြားစောင့် တပ်များကမူ ပူးပေါင်းခြင်း မရှိသေးကြောင်း၊ ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် DKBA တပ်မဟာ ၅ မှ အင်အား ၁၀၀ ခန့် သွားရောက် ပူးပေါင်းကြောင်း သိရသည်။

“ပိုဘီအဖွဲ့က အစိုးရဖွဲ့ပေးထားတဲ့ ကရင်နယ်ခြားစောင့်တပ် အကြံပေးအရာရှိ ၇ ဦးကို မကြိုက်လို့တဲ့၊ အဲဒီ ၇ ယောက်ကို ဖမ်းမယ် တဲ့”ဟု ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ မှ ဗိုလ်မှူးချူပ် ဂျော်နီက ပြောသည်။

၎င်း အကြံပေးအရာရှိ ၇ ဦးတွင် ဗိုလ်ချုပ်ကျော်သန်း၊ ဗိုလ်ချစ်သူ၊ ဗိုလ်ဖားနွီး တို့ ပါဝင်ကြောင်း သိရသည်။

ပိုဘီ တပ်ဖွဲ့ သည် ပြီးခဲ့သည့်မေလ ၂၄ ရက်နေ့က ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းရန်ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ကြောင်း၊ ၎င်းတို့ အဖွဲ့က နယ်ခြားစောင့်တပ်အဖြစ် ဆက်လက်မလုပ်လိုကြောင်း နီးစပ်သူများက ဆိုသည်။

DKBA နှင့် နီးစပ်သူ တဦးဖြစ်သည့် စောထီးမူးကလည်း“သူတို့ လူကြီးကိုမကျေနပ်လို့တဲ့၊ သူတို့ကို ခိုင်းစားတယ်လို့ ခံစားရတာကြောင့် တဲ့၊ အခုကြားတာက နယ်ခြားစောင့်ဖြစ်လာတဲ့ DKBA ကို အစိုးရက သိပ်မယုံတော့ဘူး၊ သူတို့လက်နက်ကို သိမ်းမယ်လို့ ကြားတယ်၊ သူတို့ကလည်း အဲဒါကို အဖြစ်မခံနိုင်ဘူး၊ စစ်ဖြစ်လာရင် KNU ကို အကူအညီ တောင်းထားတယ်လို့ သိရတယ်”ဟု ပြော သည်။

“နယ်ခြားစောင့်တပ်ကို ဆက်မလုပ်နိုင်တော့လို့ သူတို့ခေါင်းဆောင်ကို ပြန်ပြီး ပုန်ကန်တဲ့သဘောပေါ့”ဟု KNU မှ ဒု ဗိုလ်မှူးကြီး
စော ဖောဒို ကလည်း ပြောဆိုသည်။

မြိုင်ကြီးငူတွင် ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း သဘောထားမတူညီသည့် ကရင်နယ်ခြားစောင့်တပ်အချင်းချင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

အစိုးရဘက် အရာရှိတချို့ ကရင်နယ်ခြားစောင့်တပ် အရာရှိများနှင့် လာရောက်တွေ့ဆုံနေပြီး အစိုးရက အနုနည်းနှင့် မဖြေရှင်း နိုင် ပါက ကြီးမားသည့် တိုက်ပွဲ ဖြစ်ပွားလာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

ယင်း နယ်ခြားစောင့်တပ်မှ လစဉ်နီးပါး ထွက်ပြေးသည့် တပ်ပြေးများလည်း များပြားလာကြောင်း သိရသည်။

DKBA သည် နအဖ စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် ယမန်နှစ် သြဂုတ်လ ၁၈ ရက်နေ့မှ စတင် အသွင် ပြောင်းခဲ့ပြီး လက်ရှိတွင် တပ်ရင်း ၁၀ ရင်းရှိရာ အင်အား ၂၀၀၀ ၀န်းကျင်ရှိကြောင်း၊ ထွက်ပြေးသွားသည့် အင်အားမှာ ၂၀၀ ကျော် ရှိကြောင်း DKBA နှင့် KNU တာဝန်ရှိသူများက ပြောဆိုသည်။

ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် DKBA တပ်ဖွဲ့သည် နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်း ပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ်အတွင်း ရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေ ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် DKBA သည် KNU မှ ခွဲထွက်၍ ယခင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ် သည်

11ReadMore-2.jpg

စောဘဦးကြီး မူ ၄ ချက်ကို ကားပါမစ်နှင့် လဲစားသူများ မြိုင်ကြီးငူ ဆရာတော် ကြိမ်းမောင်း

 မြိုင်ကြီး ငူဆရာတော်မှာ ကြံဖွတ်အစိုးရကို သစ္စာခံ နေသော ဗိုလ်ကျော်သန်း၊ ဗိုလ်ချစ်သူ နှင့်ဖါးနွီးတို့ အား 
ပြည်သူလူထုအပေါ်သစ္စာရှိရန်၊ ဒီကေဘီအေ နှင့်ကေအင်ယူတို့ နှင့် ပြန်လည်ပေါင်းစည်းရန် ရာဇာသံပေးထားကြောင်း ထပ်မံသတင်းရရှိပါတယ်။  ဆရာတော်က မောင်ချစ်သူအား မင်း စောဘဦးကြီးမူ ၄ ချက်ကို ကားပါမစ်နဲ့ လဲစားတဲ့ကောင် ငါ့ ကျောင်းကို မလာနဲ့  မင်း မျက်နှာမကြည့်ချင်ဘူး ဟု အေပြီလ က ဆူပူကြိမ်းမောင်းထားဘူးကြောင်း ဒီကေဘီအေ သတင်းရပ်ကွက်က ဆိုပါတယ်http://komoethee.blogspot.com/

11ReadMore-2.jpg

ငြိမ်းချမ်းရေးပွဲစားနှင့် ကျွန်ုပ်၏ အတွေးစများ


ဒီဆောင်းပါးဖတ်ပြီးရင်တော့ဒီအချက်(သုံး)ချက်ကိုနောက်တစ်ခေါက်ပြန်
လည်သုံးသပ်စေချင်ပါတယ်။


(1)..မြစ်ဝကျွန်းပေါ်ဒေသက ကရင်အမျိုးသားဧည့်သည်တော် တယောက်ပြောသွားတဲ့ စကား တခွန်းရှိတယ်… “ကေအင်န်ယူသာ အလင်းဝင်ရင်..သို့ မဟုတ် ငြိမ်းချမ်းရေးယူရင် ကျနော်တို့ အတွက် အဆိပ်ပုလင်းတွေပါ တခါတည်းယူလာခဲ့ပါလို့


(2) နောက်တခုက ဗမာစစ်အစိုးရနဲ့ ကေအင်န်ယူ တို့ ငြိမ်းချမ်းရေးကိစ္စမှာ အကျိုး တော်ဆောင်တွေ မှိုလိုပေါသလောက် တကယ်တမ်း ကိုယ့်ကရင်အချင်းချင်း (ယခင်ဒီကေဘီအေ နဲ့ ကေအင်န်ယူ တို့ ဖြစ်တဲ့တိုက်ပွဲတွေ) ဖြစ်တဲ့ပြသနာတွေ ကျတော့ကြားဝင်ဖြန်ဖြေပေးမဲ့ အကျိုးတော်ဆောင် မရှိသလောက် ဖြစ်နေတာလဲ အဖြေရှာရခက်တဲ့မေးခွန်းတခုပါ။ ?

(3) ဂတိတွေလည်းအမျိုးမျိုးပေးတယ်…နောက်ဆုံးတော့ဘာဂတိမှတည်တာမဟုတ်ဘူး..အဲဒီဂတိပေးတဲ့
လူလည်း သူ့ မှာဘာမှအာမခံချက်ရှိတာမဟုတ်ဘူး
-----------------------------------------------------------------------------------------------------------------------
ငြိမ်းချမ်းရေးပွဲစားနှင့် ကျွန်ုပ်၏ အတွေးစများ(မန်းအာကာထက်)
ဒီရက်ပိုင်းအတွင်း ဗမာဖက်ဆစ်အစိုးရကိုဖါးပြီး ကရင်သန်းကြွယ်သူဌေးဖြစ်လာတဲ့ ဦးစော ပလာတူးနဲ့ ကရင်လူမျိုးကိုချစ်မြတ်နိုးတဲ့ ပြည်တွင်းနေကရင်ခေါင်းဆောင်များက ဗမာဖက်ဆစ်အစိုးရ နဲ့ ကရင့်အမျိုးသားအစည်းအရုံး ကေအင်န်ယူတို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကိစ္စအကြောင်း ပြောဆိုဆွေးနွေး တဲ့ မှတ်တမ်းဗွီဒီယိုခွေတွေကို သတင်းစာမျက်နှာတွေပေါ်မှာတွေ့ လိုက်ရတယ်။

တကယ်တော့ကရင်အမျိုးသားအစည်းအရုံးကေအင်န်ယူ နဲ့  ဗမာဖက်ဆစ်အစိုးတို့ငြိမ်းချမ်းရေးဆွေး
နွေးဖို့ ကိစ္စကို ကျနော်နယ်စပ်မှာနေစဉ်ကတည်းက ကြားခဲ့၊ သိခဲ့ မြင်ခဲ့ဘူးပါတယ်။ အဲဒီအချိန်တုံးက ဦးစောပလာတူးတို့  ဒေါက်တာစိုင်းမွန်သါတို့  တီးမသေတို့ တင်မကပါဘူး။ ပြည်တွင်းမှာနေတဲ့ နယ်မြေခံ၊
ဒေသခံကရင်လူမျိုးတွေရဲ့  လေးစားခံရ၊အထင်ကရ ဘာသာရေးခေါင်းဆောင်တွေကအစ ဗမာဖက်ဆစ်အ စိုးရရဲ့ အလိုတော်ကျ ငြိမ်းချမ်းရေးကိုယ်စားလှယ်(ပွဲစား)တွေခြေချင်းလိမ်နေကြပါတယ်။

အခုဒီဆွေးနွေးပွဲမှတ်တမ်းထဲက ဦးစောပလာတူးနဲ့ အပေါင်းပါတို့ ရဲ့ လှုပ်ရှားမှု (လုပ်စား) မရှိခင် အရင်ရှေးကျတဲ့ပွဲစားတို့ ရဲ့ လှုပ်ရှားမှုဖြစ်ရပ်တခုကို ဒီနေရာမှာအလျဉ်းသင့်လို့  ပြန်လည်ဝေငှချင်ပါတယ်။ အဲဒီတုံးက ဗမာထောက်လှန်းရေးအကြီးအကဲဗိုလ်ချုပ်ခင်ညွန့် ရဲ့ ဘုန်းမီးတောက်တဲ့အချိန်၊သူရဲ့ အစီအစဉ် နဲ့  ပြည်တွင်းက အထင်ကရ ကရင်ဘာသာရေးခေါင်းဆောင်တွေကို ငြိမ်းချမ်းရေးအကျိုးတော်ဆောင်
အဖြစ်ကေအင်န်ယူထံကိုလွတ်လာပါတယ်။

ဖြစ်ချင်တော့ အဲဒီအချိန်တုံးက ကရင်အမျိုးသား စည်းလုံးညီ ညွတ်ရေးနှီးနှောဖလှယ်ပွဲနဲ့ လည်း တိုက်ဆိုင်တော့(တမင်ရည်ရွယ်ပြီး အဲဒီအချိန်ကိုရွေးပြီး ကိုယ်စား လှယ်လွတ် လာတာလည်းဖြစ်နိုင်) နိုင်ငံတကာရောက် ကရင်အဖွဲ့ အစည်းတွေအပါအ၀င် ၊ ကရင်အဖွဲ့ ကိုယ်စားလှယ်တွေ စုံစုံလင်လင် တက်ရောက်လာကြတယ်။ အဲဒီအစည်းအဝေးမှာ ငြိမ်းချမ်းရေးကိုယ်စား လှယ်တို့ ရဲ့  အာဘော်အရ
ကေအင်န်ယူ အဖွဲ့ အနေနဲ့ လိုချင်တာကိုသာပြော အတတ်နိုင်ဆွေးနွေး ပေးမှာဖြစ်ကြောင်း၊
ကေအင်န်ယူနှင့်ဒီကေဘီအေတို့  ပူပေါင်းပြီး လာမည့်နှစ် ကရင်နှစ်သစ်ကူးပွဲတော်ကို ကေါ့ကရိတ်မြို့ မှာ ကရင်ပြည်သူလူထုများနဲ့ အတူတကွပါဝင်ဆင်နွဲနိုင်အောင်၎င်းတို့ တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ကြောင်း ယခုဆွေးနွေးသည့်အကြောင်းအရာများကို ဗိုလ်ချုပ် ခင်ညွန့် ထံအကုန်ပြန်လည် အစီရင်ခံပေးမှာဖြစ်ကြောင်းအာပေါင်အာရင်း သန်သန်နဲ့ တင်ပြဆွေးနွေးသွားတယ်။

ဒါပေမဲ့ သူတို့ ပြည်တွင်းကိုပြန်သွားပြီးမကြာခင်မှာဘဲ ဗိုလ်ချုပ်ခင်ညွန့် နဲ့ အပေါင်းပါ တွေ အစွယ် ရိုက်ချိုးခြင်းခံ လိုက်ရတော့ လာပြောသမျှစကားတွေလည်း ဘာမှအရာမ၀င်ဖြစ်သွားတယ်။ နှီးနှောဖ လှယ်ပွဲမှာ လာရောက်သွားတဲ့ငြိမ်းချမ်းရေးကိုယ်စား လှယ်တွေလည်း အနည်းနဲ့ အများတော့ သင်ခန်းစာရ ကြမယ်ထင်ပါတယ်။ နှီးနှောဖလှယ်ပွဲမှာသူတို့ လာတုံးကတိုက်ဆိုင်မှုတခုကိုလည်းခုထိကျနော်
မှတ်မိနေသေးတယ်။

အဲဒီနှီးနှောဖလှယ်ပွဲမှာရောက်တဲ့ နိုင်ငံခြားက ကရင်ကိုယ်စားလှယ် အကိုကြီးတယောက်ပါ (နာမည်မမှတ်မိတော့)ပြည်တွင်းကငြိမ်းကိုယ်စားလှယ်တွေကဗမာစစ်ဗိုလ်ချုပ်
အယုံသွင်းခြင်းကိုခံလိုက်ရပြီးနှီးနှောဖလှယ်ပွဲမှာ မက်လုံးစကားတွေအများကြီး ပြောလာတော့
သူကမေးခွန်းထုတ်လိုက်တာပါ။ “ဗမာတွေက သူတို့ အာဏာရှိတဲ့အချိန်ဆို တမျိုးပြောတယ် ကျနော်တို့ ကရင်တွေကို အပေါ်စီးကနေ ဆက်ဆံတယ်။ကလိမ်ကကျစ်အကြမ်းဖက်တဲ့နည်းနဲ့ တိုက်တယ်။ တိုက်လို့ မရရင်မက်လုံး တွေပေးပြီးစည်းရုံးတယ်။ ဂတိတွေလည်းအမျိုးမျိုးပေးတယ်…နောက်ဆုံးတော့ဘာဂတိမှတည်တာမဟုတ်ဘူး..အဲဒီဂတိပေးတဲ့လူလည်း သူ့ မှာဘာမှအာမခံချက်ရှိတာမဟုတ်ဘူး…အချိန်မရွေး ဖြုတ်ထုတ်သတ်ခံရနိုင်တယ် ။

နမူနာအရ ဗမာဝန်ကြီးချုပ်ဦးနုက ကရင်တွေတိုင်းပြည်လိုချင်ရင်တိုက်ယူလို့ ပြောသွားတယ်…ဒါပေမဲ့  သူရာထူးပြုတ်တဲ့အခါကျတော့ ကရင်နယ်မြေဆီကို ထွက်ပြေးလာရတယ်….အခုလဲ ဗမာစစ်ဗိုလ်ချုပ် ခင်ညွန့် က ဂတိတွေအမျိုးမျိုးပေးနေတယ် တဖက်မှာလည်းကရင်တွေကိုနည်းအမျိုးမျိုးနဲ့  ညှဉ်းပန်းနှိပ်စက် တယ်…တနေ့ ကျရင် ဗမာအချင်းချင်း ဖြုတ်ထုတ်သတ်တဲ့ပွဲထဲပါသွားရင် သူလည်းကျနော်တို့ ကရင်တွေ ဆီမပြေးလာနိုင်ဘူးလို့ မပြောနိုင်ဘူး”တဲ့။

ဒါလည်းမဖြစ်နိုင်ဘူးလို့ ပြောလို့ မရဘူး…သန်းရွေသာ ခင်ညွန့် ကို အကျယ်ချုပ်မထားဘဲ ရာထူး ဘဲဖြုတ်ထားရင် အထက်က နိုင်ငံခြားက ကိုယ်စားလှယ်ပြောသလို ကရင်တွေဆီမပြေးလာနိုင်ဘူး လို့ ပြော လို့ မရဘူး။ မယုံရင် ခင်ညွန့် ကို အခု အိမ်အကျယ်ချုပ်ကနေလွှတ်ကြည့်ပါလား…… ထားးပါတော့ ဒါကဟိုးလွန်ခဲ့ တဲ့ ခင်ညွန့် ရာထူးမပြုတ်ခင်က အနေအထားပါ။
……………………………………………………………………………………………………………
အခုပြောချင်တာကစောပလာတူးနဲ့ အပေါင်းပါတို့ ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ မှတ် တမ်း ဗွီဒီယိုခွေနဲ့ 
ပတ်သက်တာပါ။ အရင်ဆုံးပြောချင်တာက ကရင်လူမျိုးနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ကိစ္စပါ။ ကရင်လူမျိုးတို့ ရဲ့ 
ပင်ကိုယ်စရိုက်က ငြိမ်းချမ်းရေးကို အလွန်ချစ်မြတ်နိုးတဲ့လူမျိုးတမျိုးပါ။
ကရင်တွေ အေးဆေး နေချင်လို့ ။ လူတွေရှုတ်တဲ့နေရာမှာမနေချင်လို့ ။

လူရှုတ်တွေကိုရှောင်ရင်းနဲ့ . ယနေ့ လက်ရှိကရင်လူမျိုး တွေရဲ့  နေရပ်ဌာနေကို ကြည့်ရင်းနဲ့ သိနိုင်ပါတယ်။ တဖက်ကလည်း ခေတ်အဆက်ဆက် အာဏာရတဲ့ လူမျိုးတွေရဲ့ အနိုင်ကျင့်မှုကိုမခံနိုင်တော့လို့ ရှာင်တာ
လည်းပါတယ်။ကျနော်တို့  ဘိုးစဉ်ဘောင်ဆက်ကမြန်မာပြည်အနှံ့ ၊ထိုင်းနိုင်ငံ မှာလည်း ချစ်မိုင်ဒေသ အပါအ၀င် နေရာအနှံ့  မှာ နေထိုင်ခဲ့ဘူးတယ်ဆိုတာ သမိုင်းလေ့လာသူတိုင်းသိမှာပါ။

ကရင်ပြည်ကိုစတင်တောင်းဆိုတဲ့အချိန်တုံးကလည်းငြိမ်းချမ်းစွာ ဆန္ဒပြီးတော့ တောင်းဆိုတယ်…ဗမာတွေ ကမပေးချင်လို့ အကြမ်းနည်းနဲ့ ဖြိုခွဲတော့ ကရင်တွေက ကိုယ့်အသက်အိုးအိမ်ကိုကါကွယ်တဲ့အနေနဲ့  ရရာလက်နဲ့ ဆွဲကိုင်ပြီးတော့ ပြန်လည်တိုက်ခိုက်ရတာပါ။ အဲဒီအချိန်ကစပြီးယနေ့ အထိ ကျနော်တို့  ကရင်တွေ ငြိမ်းချမ်းရေးကို လုပ်ဆောင်ဖို့ အဆင်သင့်အနေအထား မှာ အမြဲတမ်းရှိတယ်။

နောက်တခုကတော့ ဗမာလူမျိုးနဲ့ မြန်မာပြည်သမိုင်းကိုလည်းကျနော်တို့ ပြန်လည်လေ့ လာဖို့ လိုတယ်။
မြန်မာပြည်သမိုင်းတင်တဲ့အချိန်ကစ…ပဒေသရာဇ်ခေတ်အဆက်ဆက်မှာ နန်းတွင်း ပုန် ကန်မှုတွေ.. အချင်းချင်း လုပ်ကြံသတ်ဖြတ်ကြတဲ့ အဖြစ်အပျက်တွေအများကြီးရှိတယ်။ ဆိုလိုတာက ဗမာ လူမျိုးတွေဟာ သူတို့ အချင်းချင်းတွေတောင်မှ သစ္စာရှိကြတဲ့လူမျိုးမဟုတ်ဘူး။အရင်ဦးတဲ့သူအနိုင်ယူကြေး ဘဲ… ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရမှုကိုကြည့်မလား၊ ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းမှု၊ ဗိုလ်ချုပ်ခင်ညွန့် နဲ့  အပေါင်းပါများ ဖမ်းဆီးထောင်ချခံရမှုတွေဟာ ဗမာလူမျိုးတွေရဲ့  ထင်ရှားတဲ့စရိုက်သါဓက တွေဘဲဖြစ်တယ်။ ဗမာလူမျိုးတွေရဲ့ အတွင်းစိတ်သဏ္ဍန်အကြောင်းတွေ ပြောရင်တော့ကုန်မှာမဟုတ်ဘူး.. ဗမာတွေအချင်း ချင်းတောင် အဝေမတည့်ဘဲနဲ့  အခြားဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကို ငြိမ်းချမ်းရေးခေါ်ပြီး နယ်မြေခွဲ
ဝေပေးမယ်ဆိုတာ အိပ်မက်တောင် သွားမမက်လိုက်ပါနဲ့ ….

ဒါကိုသိသိရင်းနဲ့  ဦးစောပလာတူးနဲ့ အဖွဲ့ က ဘာဖြစ်လို့ ငြိမ်းချမ်းရေးကိစ္စကို ဇွတ်အ တင်းလုပ်နေရတာလဲ… .ဗမာစစ်အစိုးရနဲ့ ဆက်ဆံရေးအဆင်ပြေပြီး ငှင်းတို့ ဆီက စီးပွါးရေးအခွင့် အရေးမြိုး မြိုးမြက်မြက် ရတာလောက် နဲ့  ကိုယ့်ကိုယ်ကို ဟုတ်လောက်ပြီလို့ ထင်နေကြတယ်။…

ဆွေးနွေးပွဲမှတ်တမ်းခွေထဲက တက်ရောက်လာတဲ့ကိုယ်စားလှယ်တွေရဲ့ စကားအသွား အလာအရ… .“ကေအင်န်ယူအဖွဲ့ ဟာစည်းလုံးညီညွတ်မှုမရှိဘူး”လို့ လည်းသုံးသပ်ကြတယ်။ဒါဆိုကိုယ့်ကိုယ်ကို ကရင်လူမျိုးကိုချစ်တဲ့ကရင်တယောက်အနေနဲ့  ကရင်တမျိုးသားလုံးအတွက် အသက် ..သွေး… ချွေး
တွေပေးဆပ်နေတဲ့ ကေအင်န်ယူအဖွဲ့ အစည်းကို စည်းလုံးညီညွတ်မှုရှိအောင် ၀ိုင်းဝန်းညှိနှိုင်း
ပေးရမဲ့တာဝန်မရှိဘူးလား…ဒီတာဝန်ကို မသိတဲ့အပြင် မလုပ်တဲ့အပြင် ကိုယ့်ရဲ့ အမျိုးသားတော်
လှန်ရေး အဖွဲ့ ကို မရမကဖက်ထုတ်သေးတယ်…

နောက်တခုက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြင်ပနိုင်ငံတခုခုမှာလဲမလုပ်၊ သတင်းထုတ်ပြန် ကြေငြာချက်တွေ
လည်းမဟုတ်ဘူးဆိုတော့ ဗမာစစ်တပ်ရဲ့ လုပ်ရပ်ဟာ သူခိုးကျပိုးလိုမျိုး အိမ်နောက်ဖေး အပေါက်ကနေ ၀င်ပြီး ကေအင်န်ယူကိုဖက်ထုတ်ဖို့ ကြိုးစားနေတဲ့ ကလိမ်ကကျစ် လုပ်ရပ်သါဖြစ် ပါတယ်။ တဖက်လူက လိမ်လို့  လိမ်မှန်းမသိတာလား …သိသိရင်းနဲ့  မိမိကိုယ်ကျိုးအတွက် ကိုယ့်အမျိုးသားကို လက် ညိုးထိုးရောင်း စားချင်တာလား ဆိုတာ…ကိုယ့်ကိုယ်ကိုဘဲပြန်လည်ဆန်းစစ်ရမှာဖြစ်ပါတယ်။

ဦးစောပလာတူးရဲ့ ပြောစကားအရ ကရင်လူမျိုးတို့ ရဲ့ ခံစားနေရတဲ့ဒုက္ခတွေကို သူတယောက်ဘဲ အသိဆုံးသူဘဲကယ်တယ်ပေးဖို့အစွမ်းဆောင်နိုင်ဆုံးလူပုဂ္ဂိုလ်ဖြစ်သလိုလို….ဒီနေရာမှာ လည်း အကြောင်းတိုက်ဆိုင်လို့  တခုလောက်ထပ်ပြောချင်သေးတယ်….2003 ခုနှစ် ကရင်နှီးနှောဖ လှယ်ပွဲကပါ ..မြစ်ဝကျွန်းပေါ်ဒေသက ကရင်အမျိုးသားဧည့်သည်တော် တယောက်ပြောသွားတဲ့ စကား တခွန်းရှိတယ်… “ကေအင်န်ယူသာ အလင်းဝင်ရင်..သို့ မဟုတ် ငြိမ်းချမ်းရေးယူရင် ကျနော်တို့ အတွက် အဆိပ်ပုလင်းတွေပါ တခါတည်းယူလာခဲ့ပါလို့ ပြည်တွင်းက ကရင်ပြည်သူတွေ စကားလက်ဆောင်ပါး လိုက်တယ်”လို့  ဆိုပြီး ယောက်ျားတန်မဲ့ …ရင်တွေဆို့ တက်လာပြီး မျက်ရည်တွေလည်း ပေါက်ပေါက်ကျခဲ့တယ်။ ဆိုလိုတာက ဗမာလူမျိုးတွေရဲ့ လက်အောက်မှာနေနေရတဲ့ ကရင်လူမျိုးတွေ ဘယ်လောက် ထိဖိနှိပ်မှုခံရ သလဲဆိုတာ ကရင်လူမျိုးတွေဘဲသိပါတယ်…နောက်တခုက ဗမာတွေက ဘယ်လောက်ဘဲငြိမ်း ချမ်းရေး စကား ဆိုဆို သူတို့ ရဲ့ ပင်ကိုယ်စရိုက် ကောက်ကျစ်တဲ့အကျင့်တွေကြောင့် ဘယ်တော့မှ ငြိမ်းချမ်း
ရေးအစစ်အမှန်မဖြစ်နိုင်ဘူးဆိုတာလဲ..သိနေလို့ ပါ။
………………………………………………….
အခုတော့ ဦးစောပလာတူး၊ ဒေါက်တာစိုင်းမွန်သာ နဲ့ တီးမသေတို့ ရဲ့ ကျေးဇူးတော် ကြောင့် အဖူ့ ထိန်မောင်လည်းသမိုင်းကွေးသွားပါပြီ….နောင်တတွေလည်းတပွေ့ တပိုက်ကြီးရသွားတယ် တကယ်တော့ မြန်မာပြည်တိုင်းရင်းသားတွေရဲ့ အမျိုးသားတော်လှန်ရေးလောကမှာ အချို့ တိုင်းရင်း သားအင်အားစုတွေကတော့ လက်နက်ကိုင်တော်လှန်ရေးအုပ်စုနဲ့ ပြည်တွင်းပြည်ပနေ ၄င်းတို့ ရဲ
့မြေ ပေါ်မြေအောက်ပြည်သူ့ အမျိုးသားရေးအင်သားစုတွေနဲ့ ဟန်ချက်ညီညီပိရိစွာနဲ့ အမျိုးသားရေးကို ဆက် သွယ်လုပ်ဆောင်ကြတယ်။ ကျနော်တို့ ကရင်လူမျိုးတွေကျတော့ ဟန်ချက်ညီညီမလုပ်ဆောင် တဲ့အပြင် ကိုယ့်အမျိုးသားတော်လှန်ရေးအဖွဲ့ အစည်းကို ပေါ်တင်ကြီး ခွဲပြစ်ဖို့ ကြိုးစားတာ အလွန် ၀မ်းနည်းစရာ ကောင်းတဲ့လုပ်ရပ်ပါ။

နောက်တခုက ဗမာစစ်အစိုးရနဲ့ ကေအင်န်ယူ တို့ ငြိမ်းချမ်းရေးကိစ္စမှာ အကျိုး တော်ဆောင်တွေ မှိုလိုပေါသလောက် တကယ်တမ်း ကိုယ့်ကရင်အချင်းချင်း (ယခင်ဒီကေဘီအေ နဲ့ ကေအင်န်ယူ တို့ ဖြစ်တဲ့တိုက်ပွဲတွေ) ဖြစ်တဲ့ပြသနာတွေ ကျတော့ကြားဝင်ဖြန်ဖြေပေးမဲ့ အကျိုးတော်ဆောင် မရှိသလောက် ဖြစ်နေတာလဲ အဖြေရှာရခက်တဲ့မေးခွန်းတခုပါ။

သမိုင်းအဆက်ဆက်မှာလည်း နောင်တရသွားတဲ့အမျိုးသားသစ္စာဖေါက်တွေ အမြောက် အများရှိခဲ့ပြီးပြီ…. ကျနော်တို့ ကရင်လူမျိုးတွေအတွက်လည်း သင်ခန်းစာတွေတထမ်းတပိုးကြီး ရသွားပါပြီ ….ရှေ့ ဆက်ပြီးလဲ ဘာသင်ခန်းစာတွေ ဆက်ရကြအုံးမလဲ…….

မန်းအာကါထက်
25/06/2011.
www.karentimes.blogspot.com

















11ReadMore-2.jpg

Template by:

Free Blog Templates