Monday, August 20, 2012

ဗမာစစ်အစိုးရလက်ကိုင်တုတ်တပ်ဖြစ်ခြင်းနှစ်နှစ်မြောက်အခမ်းအနား



နယ်ခြားစောင့်တပ် ၂နှစ်ပြည့် အခမ်းအနား ရွှေကုက္ကိုတွင် ကျင်းပ

Submitted by admin on Monday, 20 August 2012--.


သြဂုတ်လ ၂၀ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ရွှေကုက္ကိုရွာ၌ နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်းရေး ၂နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့မနက် ၉နာရီကျော်တွင် အမှတ်(၃) တိုက်နယ်မှူးက ဦးစီး၍ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို အမှတ်(၃) တိုက်နယ်အတွင်းရှိ BGF အမှတ်(၁၀၁၇)၊ (၁၀၁၈)၊ (၁၀၁၉)နှင့် (၁၀၂၀)တပ်ရင်းများက စုပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့စတင်သည့်အချိန်နှင့် ပတ်သက်၍ အခမ်းအနား တက်ရောက်သူတစ်ဦးက “သူတို့က အရင် ၉၉၉ (ဒီကေ ဘီအေ)ကို အမှူးပြုပြီး ၉နာရီ ၉မိနစ် ၉စက္ကန့်မှာ လုပ်တာလို့ ပြောတယ်လေ”ဟု ဆိုသည်။

အခမ်းအနားသို့ BGF အမှတ်(၃) တိုက်နယ်မှူးဖြစ်သူ ဦးစောချစ်သူ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင် မောင်အုန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်တင်မောင်ဝင်းနှင့် ကရင်ပြည်နယ်ဝန်ကြီးအဖွဲ့မှ ပုဂ္ဂိုလ်အချို့၊ မြ၀တီခရိုင် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကရင်အမျိုးသားအစည်းအရုံး-KNU ဆက်ဆံရေးရုံးမှ ခေါင်းဆောင်အချို့ အပါအ၀င် ပရိဿတ် ၂,၀၀၀ခန့် တက်ရောက်ခဲ့ကြ သည်။

11ReadMore-2.jpg

Template by:

Free Blog Templates