Sunday, November 28, 2010

I am people's Soldier not soldiers' people by Saw Lah BweDKBA

သောသီခိုမှ
ငါတို့ဟာပြည်သူ့တပ်မတော်သားဖြစ်တယ်။ တပ်မတော်ရဲ့ပြည်သူမဟုတ်(ဗိုလ်မှုးချုပ်စောလားပွယ်)
“ကျနော်တို့ ခုလိုရပ်တည်ပြီးလုပ်ရတာဟာ ကိုယ်ကျိုးအတွက်မဟုတ်ဘူး၊ အမျိုးသားရေးအတွက် မျိုးချစ်စိတ်ဓါတ်အပြည့်နဲ့ လုပ်တာဖြစ်တယ်၊ ပြန်သွားတဲ့လူ(BGF နယ်ခြားစောင့်တပ်လုပ်တဲ့သူ) တွေဟာ အဖွဲ့  အစည်းကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာတဲ့လူတွေ။ လက်ရှိ ရှိဒါက သံမဏိစိတ်ဓါတ် မျိုးချစ်စိတ်ဓါတ် အပြည့်အ၀ရှိတယ် ကြေးစားတပ်မတော်မဟုတ်ဘူး” (ဗိုလ်စန်းအောင် - တပ်မဟာ ၅ - DKBA)

“ကျနော်ဟာ စစ်သားဖြစ်တယ်၊ ပြည်သူရဲ့စစ်သားဖြစ်တယ်။ စစ်သားရဲ့ ပြည်သူ မဟုတ်ဘူး၊ ပြည်သူ့  စစ်သားဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ အကြံပေးမှု လမ်းညွန်မှုကိုလိုက်နာဆောင်ရွက်ရမည်”
(ဗိုလ်မှူးစောလားပွယ် - တပ်မဟာ ၅ - DKBA)

"လူထု ရန်သူတစု
ကျူးကျော် ရန်စကြသည်
မတရား ရမ်းကားသည်
လူထုများ မခံကြပါ
ပြန်ချကြပါလား"
(တာအူထ မူလတန်းကျောင်းသားများ)

ဗီဒီယိုဖိုင် အပြည့်အစုံကို ဒီမှာကြည့်ရှုနိုင်ပါသည်။


11ReadMore-2.jpg

ဒီကေဘီအေနှင့် ရန်သူနအဖ တိုက်ပွဲသတင်း၂၈-၁၁-၂၀၁၀

http://sweetsummerbell.blogspot.com/
သတင်း
နေ့လည်(၃ နာရီ) မြ၀တီမြို့ တောင်ဘက် ကီလိုမီတာ ၂၀ အကွာရှိ ဖလူးကျေးရွာအနီး တဲ့ဂေါ်ကျိုးဘက်မှာ နအဖ တပ်များနဲ့ ဒီကေဘီအေတပ်များ ယနေ့မနက် ၈ နာရီနဲ့ နေ့လည် ၁၂ နာရီ ၄၁ မိနစ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ နအဖ စကခ ၁၂ လက်အောက်ခံ ခလရ ၆၁ နဲ့ ခမရ ၂၃၀ တပ်ရင်းနဲ့ ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်ဦးဆောင်တဲ့ ဒီကေဘီအေ အဖွဲ့တွေလို့ သိရှိရပါတယ်။ ယနေ့ဖြစ်သော တိုက်ပွဲတွင် နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှု ပြင်းထန်ကြောင်း သိရှိရပါတယ်။

နေ့လည်(၂ နာရီ) ယမန်နေ့ညနေ ၄ နာရီခန့်က နအဖ စကခ ၁၂ လက်အောက်ခံ ခမရ ၂၃၀ တပ်ရင်း၊ နယ်ခြားစောင့်တပ်များနဲ့ ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်ဦးဆောင်တဲ့ ဒီကေဘီအေ အဖွဲ့တိုက်ပွဲဖြစ်ရာ နအဖ ဘက်မှ တပ်သား ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရှိကြောင်း သိရှိရပါတယ်။

နံနက် (၈ နာရီ) နအဖ စစ်တပ် ခလရ ၆၁ နဲ့ ခမရ ၂၃၀ တပ်ရင်းနဲ့ ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်တို့ ယမန်နေ့ ညနေပိုင်း ဖလူးကျေးရွာအနီး တဂေါ်ကျိုးဘက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ နအဖ စစ်တပ်မှ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာတာကို ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်တို့က ခြုံခိုတိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲက ည ၈ နာရီလောက်တွင် လက်နက်ကြီးများနဲ့ အပြန်လှန်ပစ်ခတ်မှု ပြင်းထန်လာခဲ့ပါတယ်။ ညဦးပိုင်းအထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရှိရပါတယ်။

11ReadMore-2.jpg

Template by:

Free Blog Templates