Sunday, January 9, 2011

စစ်မှုမထမ်းမနေရ ဥပဒေ မြန်မာစစ်အစိုးရပြဌာန်းတော့မည်

ဆုံဆည်းရာ၊ ၁၀ ရက် ဇန်န၀ါရီလ ၂၀၁၁

သတင်း
နံနက် (၉ နာရီ ၁ မိနစ်) စစ်မှုမထမ်းမနေရ ဥပဒေကို မြန်မာစစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းခဲ့တာပါ။ မကြာခင် ခေါ်ယူတော့မယ့် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ကျင့်သုံးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုဥပဒေအရ အမျိုးသမီးတွေက အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား၊ အမျိုးသားတွေက အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်ကြား အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။ စစ်မှုထမ်း သက်တမ်းက ၂ နှစ်ကနေ ၃ နှစ်အထိ ဖြစ်ပါတယ်။ ဒီလို စစ်မှုထမ်းဖို့အတွက် ကိုယ်တိုင် အာဏာပိုင်တွေထံကို စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ စစ်မှုထမ်းရေး စာရင်းပေးသွင်းဖို့ ပျက်ကွက်မယ် ဆိုရင်တော့ ထောင်ဒဏ် ၅ နှစ်ထိ ကျခံရမှာ ဖြစ်ပါတယ်။ (ကိုးကား - NHK)

11ReadMore-2.jpg

ဖလူးဒေသ ကို နအဖ စစ်တပ် က အပြင်းအထန် ထိုးစစ်ဆင်

FNG ၊ ၊၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက် ပွဲ ကျင်းပသည့် နေ့ ကတည်း
က မြ၀တီ မြို့ ကို ၀င်ရောက် သိမ်းပိုက်ပြီး စစ်အစိုးရ တပ်ဖွဲ့ များ ကို ယှဉ်ပြိုင် တိုက်ခိုက်နေသည့်
ဗိုလ်မှုးချုပ် စောလားပွယ် ဦးစီးသည့် DKBA တပ်များ ကို ထိုးစစ် ဆင်ရန် စစ်သည် နှစ်ထောင်
ကျော် နှင့် လက်နက်ကြီးများ တင်ဆောင် ထားသည့် နအဖ တပ်ရင်း ၊ တပ် ဖွဲ့ များ သည် ဒီကေဘီအေ
အခြေစိုက်ရာ ဖလူး နှင့် ဝေါလေ ဒေသ ကို ဇန်န၀ါရီ လ ၉ ရက်နေ့ တွင် အပြင်းအထန် ထိုးစစ်ဆင်
တိုက် ခိုက်နေသည် ဟု သတင်းရရှိသည်။

ယနေ့ မနက် ၇ နာရီ အချိန်ခန့် ကတည်း က ဖလူးဒေသ နှင့် မြ၀တီ မြို့ တောင်ဘက် မိုင် ၂၀ ခန့် 
အကွာ မှာ တပ်စွဲ ထား ပြီး ကနဲ့ လေး ဒေသ ကို လည်း လက်နက် ကြီး တွေ နဲ့  ဆက်တိုက် ပစ်ခတ်
ခဲ့လို့ ဒေသ ခံတွေဟာ ဘေးလွတ်ရာ ကို ရှောင်တိမ်း နေတယ် ဟု သတင်းရရှိသည်။


ဒီစစ်ဆင်ရေး ကို နေပြည်တော်က ဗိုလ်မှုးချုပ် အဆင့် တာဝန် ရှိ သူ တစ်ဦး က မြ၀တီ မြို့ မှ ရုံးထိုင်း
ပြီး စီမံခန့် ခွဲ နေတာ ဖြစ်ပြီး ဗိုလ်မှုးကြီး ချစ် သူ ရဲ့  ၉၉၉ တပ်မဟာ ဒီကေဘီအေ တပ်ဖွဲ့ ဝင်များ က
တော့ နအဖ စစ်ကြောင်း တွေ ရဲ့ လက်နက် ကြီး ပစ်ကူ တွေ ကို အကာအကွယ် ယူပြီး နယ်မြေရှင်း
လင်းရေး လုပ်ငန်း တွေ ကို ဆောင်ရွက် ရမှာ ဖြစ်တယ် လို့  ဒီကေဘီအေ အရာရှိ တစ်ဦးက
Freedom News Group သို့ ပြောသည်။

ဒီကေဘီအေ ခွဲထွက် တပ်ဖွဲ့ က တပ်မှုးတစ်ဦးက တော့ မြန်မာ စစ်တပ် က လက် နက်ကြီးတွေ နဲ့ ပစ်
တာ နှစ်ရက် ရှိနေပေမယ့် နယ်မြေစိုးမိုး ထား နိုင်ဆဲ့ ဖြစ်တယ် ဟု ပြောသည်။

နယ်စပ် ဒေသမှာပြင်းထန် တဲ့ တိုက် ပွဲတွေ ဖြစ်နေတာကြောင့် ထိုင်း နိုင်ငံ ကလည်း နယ်ခြားစောင့်
တပ် တွေ ကို အင်အား တိုး မြှင့် ချားပြီး ဥတပေါ နဲ့  နခွန်ဝန် လေတပ် စခန်း က စစ်တပ် ရဟတ် ယာဉ်
တွေ ကလည်းမဲဆောက် လေဆိပ် ကို ရောက်ရှိလာ ကာ နယ်ခြား တစ်လျှောက် ကင်းလှည့် ပျံသန်း
မှု များ လုပ်နေသည် ဟု သတင်းရရှိသည်။

http://freedomnewsgroup.com/

11ReadMore-2.jpg

ချစ်သူသို့ လွမ်းခြင်း






လမင်းကြီးကို တိုင်တည်ပြီး ပြောရအုံးမှာပဲ
......လမင်းနဲ့ ကြယ်စင် သက်သေပေါ့.....
အဲ့ဒီညလေးမှာ အေးမြတဲ့
အလင်းရောင်နဲ့ အတူ
ငွေစန္ဒာ လမင်းကြီးရဲ့ အောက်မှာ
........ချစ်သူရယ် ကျွန်မရယ်…….
တိုင်တည်ခဲ့ဘူးတဲ့ လပြည့် ညလေး တစ်ည
.............................................................
....................................................................
......................................................................................
ထာဝရ မခွဲ ပေါင်းဖက်ဖို့
ကြင်နာ  နွေးထွေးတဲ့ အပြုံးတွေနဲ့ 

ပြန်

လှန်
ကတိ
သစ္စာပြုခဲ့ကြ

အဲ့ဒီညက . . . . . . . . . .
ဂီတာလေးတီးပြီး
သီချင်းတွေဆို
လမင်းကြီးက အားပေးလို့ ကြယ်လေးတွေကပါ
သီချင်းလိုက်ဆိုနေကြသေးတယ်
ကြယ်သီချင်းနဲ့ လမင်းသံစဉ်
ချစ်သူနဲ့ ကျွန်မ
ချစ်ခြင်းသံပြိုင်ခဲ့လို့ 
နတ်ဘုရားတွေ ကတဲ့ည

မရေရာတဲ့ လောကဓံကြောင့်
မထင်မှတ်တဲ့ မထင်မှတ်မှုတွေက
ဆုတောင်းမှားခဲ့တာလား ဆုတောင်းမပြည့်ခဲ့တာလား
ကံကြမ္မာက ခွဲခဲ့တာလား ခွဲဖို့ ကံပါလာတာလား
ကွဲကွဲပြားပြား မသိလိုက်တဲ့ ရူးသွပ်မူတွေက
 လမင်းနဲ့ ကြယ်စင်ကြားမှာ အရူးတစ်ပိုင်း

ဒီလို လပြည့်ည . . . ရောက်တိုင်း
ခုံတန်းလေးမှာ  . . . . .  ကျွန်မ
 အမြဲတမ်း ရှိနေခဲ့တယ်
ရှိနေခဲ့သေးတယ်
လမင်းကြီးရယ်
 ကြယ်လေးတွေရယ်
ကျွန်မရယ်
 ဂီတာလေးရယ်
စောင့်မျှော်နေခဲ့တယ်
ဆိုနေကြသံစဉ်လေးကို
ကျွန်မတီးခတ်ကြည့်သေးတယ်
ဘယ်လိုမှ ဘယ်လိုမှ ချိုမြိန်ဖွယ်မရှိဘူး

နှင်းစက်ပွင့်လေး
တွေကလဲ
ကြွေ
ကျ
နေခဲ့ပြီ
ကြယ်လေးတွေက
လင်းလိုက် မှိန်လိုက်နဲ့ 
သံစဉ်က နိမ့်လိုက် မြင့်လိုက်
ဆိုညည်းသံက တိုးလိုက် ကျယ်လိုက်
ဟင်းလင်းပြင် တစ်ခုလုံး ဟာတာတာနဲ့ပေါ့

အသံရှည်ဆွဲပြီး  . . . . . .
. . . . . . .  အူနေတဲ့
တောခွေးတွေကတောင်
ကျွန်မကို လှောင်ရယ်နေကြပြီ
ချစ်သူဖုန်းခေါ်မယ့်ရက်ကို မျှော်ခဲ့တာ
လမင်းကသာ ၀င်ချီထွက်ချီလုပ်နေခဲ့တယ်

မုတ်သုန်လေနဲ့ နှင်းစက်တို့ ကသာခြုံလွှမ်းနေခဲ့
ရင်ထဲမှာတော့ ပူလောင်မူတွေက
တစ်စ....တစ်စ.....နဲ့ ....။

ကျွန်မ . . . . . . .
ရင်ထဲက
အလွမ်း
တွေကို
သီကုံးထားတယ်
လကွယ် အလွမ်းနဲ့ လပြည့်အလွမ်း
အဲ့ဒီ အလွမ်းတွေကိုပဲ ရင်ဘတ်မှာ
ချိတ်ဆွဲထားတယ် လမင်းနဲ့ကြယ်စင်အသိ

လမင်းကြီးနဲ့ ကြယ်လေးတွေကသာ
အိပ်စက်သွားခဲ့ပြီ ကျွန်မတစ်ယောက်ထဲ
ခေါင်း
ချိုး
ကျန်
ရစ်
နေခဲ့တာ ဒီနေ့ ထိပေါ့


ယမင်းတော်ဝင် 

ပို့ပေးလာတဲ့ညီမလေးအားကျေးဇူးတင်ပါသည်။

11ReadMore-2.jpg

ငါ့ရဲ့ပြယုဂ်


အိပ်မရတဲ့ ညတွေထဲမှာ
ဒဏ်ရာတွေနဲ့ တနင့်တပိုး ဖြစ်ခဲ့ရဖူးတယ်

ရည်မှန်းချက်နဲ့ အုတ်မြစ်တွေလည်း
အဆင်မပြေတဲ့ မနက်ဖြန်တွေထဲမှာ ဖရိုဖရဲ လဲပြိုဖူးတယ်

မျှော်လင့်ချက်နဲ့ စိတ်ကူးယဉ်အိပ်မက်တွေလည်း
ကြောက်စရာကောင်းတဲ့
ညတွေထဲမှာ
ချစ်သူကို
 စောင့်ရင်း မိုးလင်းခဲ့ရဖူးတယ်

ကြိုးစားမှုနဲ့ဘ၀ရဲ့ ခြေလှမ်းတွေလည်း
ကွေ့ကောက်တဲ့ လမ်းတွေထဲမှာ
မနင်းမနိုင်
 ယိမ်းယိုင်ခဲ့ရဖူးတယ်

ဒီအချိန်မှာ
 အရာရာ
လို

ရစေဖို့
ဇော်ဂျီလို
ဆေးတောင်ဝှေး
တစ်ချောင်းလောက်
 ရှိခဲ့ရင်လည်း ကောင်းရဲ့

ဒါပေမယ့်ကွယ် . . . . . .
ပန်းကောက်ဖို့
ရောက်တဲ့အချိန်မှာ
ပန်းတွေ မကြွေတော့ဘူး
အဲ့ဒါ . . . တကယ်ဘုရားစူးရစေရဲ့
မုသားမပါတဲ့ ငါ့ရဲ့ ပြယုဂ်  . . . . . . . 
တော်ဝင်နန်း             

ချစ်သူရေ  မင်းဖုန်းခေါ်မဲ့ရက်တွေကို ငါစောင့်နေမယ်

ပေးပို့လာတဲ့ တော်ဝင်နန်းကို ကျေးဇူးတင်ပါတယ်  မင်းချစ်သူလေးကြားနိုင်ပါစေကွယ်



11ReadMore-2.jpg

Template by:

Free Blog Templates