Sunday, January 9, 2011

ငါ့ရဲ့ပြယုဂ်


အိပ်မရတဲ့ ညတွေထဲမှာ
ဒဏ်ရာတွေနဲ့ တနင့်တပိုး ဖြစ်ခဲ့ရဖူးတယ်

ရည်မှန်းချက်နဲ့ အုတ်မြစ်တွေလည်း
အဆင်မပြေတဲ့ မနက်ဖြန်တွေထဲမှာ ဖရိုဖရဲ လဲပြိုဖူးတယ်

မျှော်လင့်ချက်နဲ့ စိတ်ကူးယဉ်အိပ်မက်တွေလည်း
ကြောက်စရာကောင်းတဲ့
ညတွေထဲမှာ
ချစ်သူကို
 စောင့်ရင်း မိုးလင်းခဲ့ရဖူးတယ်

ကြိုးစားမှုနဲ့ဘ၀ရဲ့ ခြေလှမ်းတွေလည်း
ကွေ့ကောက်တဲ့ လမ်းတွေထဲမှာ
မနင်းမနိုင်
 ယိမ်းယိုင်ခဲ့ရဖူးတယ်

ဒီအချိန်မှာ
 အရာရာ
လို

ရစေဖို့
ဇော်ဂျီလို
ဆေးတောင်ဝှေး
တစ်ချောင်းလောက်
 ရှိခဲ့ရင်လည်း ကောင်းရဲ့

ဒါပေမယ့်ကွယ် . . . . . .
ပန်းကောက်ဖို့
ရောက်တဲ့အချိန်မှာ
ပန်းတွေ မကြွေတော့ဘူး
အဲ့ဒါ . . . တကယ်ဘုရားစူးရစေရဲ့
မုသားမပါတဲ့ ငါ့ရဲ့ ပြယုဂ်  . . . . . . . 
တော်ဝင်နန်း             

ချစ်သူရေ  မင်းဖုန်းခေါ်မဲ့ရက်တွေကို ငါစောင့်နေမယ်

ပေးပို့လာတဲ့ တော်ဝင်နန်းကို ကျေးဇူးတင်ပါတယ်  မင်းချစ်သူလေးကြားနိုင်ပါစေကွယ်



0 comments:

Post a Comment

Template by:

Free Blog Templates