Sunday, July 3, 2011

သံမှူးကြီး ဦးကျော်ဝင်း နိုင်ငံရေး ခိုလှုံခွင့် တောင်းခံ

RFA

2011-07-03
ဝါရှင်တန် ဒီစီရှိ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ဒုတိယ အကြီးအကဲဖြစ်တဲ့ သံမှူးကြီး ဦးကျော်ဝင်းဟာ သူ့ရဲ့တာဝန်တွေကို စွန့်လွှတ်လိုက်ပြီး အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံလိုက်ပါတယ်။

RFA
၂၀၁၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ အမေရိကန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံလိုက်တဲ့ ၀ါရှင်တန် ဒီစီရှိ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ဒုတိယ အကြီးအကဲဖြစ်သူ သံမှူးကြီး ဦးကျော်ဝင်း ဖြစ်ပါသည်။ ဓါတ်ပုံ - RFA
နိုင်ငံခြားရေးဌာနမှာ ၁၉၈၀ ခုနှစ်က စပြီး တာဝန် ထမ်းဆောင်ခဲ့တဲ့ သံမှူးကြီး ဦးကျော်ဝင်း က သူဟာ မြန်မာ အစိုးရ အပေါ်မှာ ယုံကြည်မှု ကင်းမဲ့ သွားပြီ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပခဲ့တာ မှန်ပေမယ့် အမှန် ပကတိမှာ ဒီမိုကရေစီ အရိပ်အယောင် မြင်တွေ့ရခြင်း မရှိကြောင်း၊ အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရ ခေါင်းဆောင်ပိုင်း အပေါ် ကန့်သတ် ပိတ်ပင်မှုကို မိမိ ထောက်ခံကြောင်း၊ တပြိုင်နက်မှာပဲ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာ အစိုးရ အပေါ် အနီးကပ် ဆက်ဆံမှုတွေကို တိုးချဲ့သင့်ကြောင်း စသဖြင့် အာအက်ဖ်အေ နဲ့ သီးသန့် တွေ့ဆုံရာမှာ ပြောဆိုလိုက်ပါတယ်။

11ReadMore-2.jpg

တပ်ရင်းမှူး စောဖေါဒိုနဲ့ ဆက်သွယ်မေးမြန်းချက်

စောဒါးဘို၊ ၀၃-၀၇-၂၀၁၁ 

ကချင်ပြည်နယ်ဘက်က  KIA နဲ့  ဗမာစစ်တပ်တို့ ငြိမ်းချမ်းရေးဆွေးနွေးနေချိန်မှာ ကရင်ပြည်နယ်၊
မြိုင်ကြီးငူဒေသမှာတော့ စစ်ရေးတင်းမာမှုအနေအထားမှာရှိနေတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်
ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး KNU တပ်မဟာ(၇)၊ တပ်ရင်း(၁၀၁)
မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖေါဒိုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- မြိုင်ကြီးငူအနီး၊ တခွက်ဖိုးမှာ ဖြစ်ပွားတဲ့တိုက်ပွဲမှာ BGF အမှတ် ၁၀၁၁ မှ တပ်ရင်းမှူး ဒု ဗိုလ်
မှူးကြီး စိုးနိုင်ကျဆုံးသွားတယ်ဆိုတော့ ဒီအချိန်မှာ မြိုင်ကြီးငူရဲ့ အနေအထားက ဆက်ပြီး စစ်ရေး
တင်းမာနေတယ်လို့ ပြောလို့ရမလား။

တပ်ရင်းမှူးစောဖေါဒို - စစ်ရေးက အခု တင်းမာနေတယ်၊ မနေ့ မနက်ပိုင်းကလည်း နအဖရဲ့ တာ
ဝန်ပေးခိုင်းစေချက်အရ မောင်ချစ်သူနဲ့ မုတ်သုန်တို့က အင်အား (၂၀၀ )လောက်ရှိတဲ့  ကားအစီး
(၂၀)နဲ့ မြိုင်ကြီးငူဘက်ကို ထွက်သွားတယ်။ ဒီအင်အားတွေနဲ့ သူတို့ဘာတွေလုပ်မယ်၊ ဘယ်လို
လှုပ်ရှားမယ်ဆိုတာ နောက်ဆက်တွဲသတင်း ဘာမှမရသေးပါဘူး။

မေး- ဒါဆို ဗိုလ်ချစ်သူ၊ ဗိုလ်မုတ်သုန်တို့တပ်ဖွဲ့ဟာ မြိုင်ကြီးငူကို ပြန်လည်သိမ်းပိုက်ဖို့  အရိပ်အ
ယောင် ရှိနေတယ်ပေါ့။

အခုဟာက အဲလိုထင်ကြေးပေးရမှာပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့ နအဖ တိုင်းရင်းမှူးအမိန့်အရ
သွားတာကိုး။ တစ်ချို့သော ရဲဘော်တွေကတော့ အချင်းချင်းတိုက်ရမှာ မလုပ်ချင်ကြဘူး။ ညီအစ်ကို
အချင်းချင်း မလုပ်ချင်ကြတဲ့  အနေအထားမှာ ဘယ်လိုပုံလာဦးမလဲဆိုတာ အဖြေက  ထွက်မလာ
သေးဘူး... နော်။

မေး- တကယ်လို့ ဗမာစစ်တပ်ရော၊ ဗမာစစ်တပ်ဘက်က သစ္စာခံ ဗိုလ်ချစ်သူတို့လို နယ်ခြားစောင့်
တပ်ဘက်က ဗိုလ်ဘိကို ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ကမ်းလှမ်းလာမယ်ဆိုရင် ဗိုလ်ဘိအနေနဲ့
ဘယ်လိုတုံ့ပြန်မယ်လို့ ထင်ပါသလဲ။

ဒီလိုရှိပါတယ်၊ ဒီပြသနာစဖြစ်တာက မေ (၂၅)ရက်ညမှာ၊  ဗိုလ်ဘိတို့တပ်ဖွဲ့က  ဗိုလ်မှူးဘသိန်းတို့
အဖွဲ့ ကို ၀င်ရောက်ပစ်ခတ်ရာမှာ ဗိုလ်ဘသိန်းဘက်တပည့် (၂)ယောက် ကျဆုံးသွားတယ်၊ ဗိုလ်မှူး
ဘသိန်းလည်း ထွက်ပြေးလွတ်မြောက်သွားတယ်၊ ပြသနာက အဲဒီကနေစပြီးတော့ ဇွန်လ(၃)ရက်နေ့
မှာ နအဖဘက်က တိုင်းရင်းမှူး ဗိုလ်ချုပ်ထွန်းနေလင်းဟာ  ဗိုလ်ဘိနဲ့တွေဖို့  မြိုင်ကြီးငူကိုသွားပေမဲ့
ဗိုလ်ဘိကအတွေ့မခံဘူး၊ပြီးတော့ ဇွန်(၆)ရက်နေ့မှာ ဗိုလ်ဘိအား မြိုင်ကြီးငူမှာရှိတဲ့ BGF အားလုံးကို အာဏာသိမ်းခေါင်းဆောင်လို့ မှတ်တဲ့  ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းကိုယ်တိုင်က ဗိုလ်ဘိနဲ့ တွေ့ဖို့ သွားပြန်ပါတယ်။  SPDC က ဗိုလ်ဘိနဲ့ ဆွေးနွေးချင်တာကိုး။ ဒါကို ဗိုလ်ဘိက လုံးဝ လက်ခံတွေ့ဆုံ
မှု မရှိပါဘူး။ ပြီးတော့ ဇွန်လ(၈)ရက်နေ့မှာ ဆရာတော်ဦးသုဇနက မြိုင်ကြီးငူကို ပြန်ရောက်လာတယ်၊
အဲဒါ (၉)ရက်နေ့၊ (၁၀)ရက်နေ့မှာ ချစ်သူတို့ဘာတို့ သွားသေးတယ်၊ မောင်ချစ်သူသွားတဲ့အချိန်မှာ
ဆရာတော်က ဗိုလ်ဘိနဲ့ ပေးတွေ့လိုက် ပြီးတော့ သူတို့ကို သစ္စာရေ သောက်ခိုင်းတယ်၊ ဆရာတော်
က '' မောင်ချစ်သူ....မင်းညီအစ်ကို အချင်းချင်း ပစ်ခတ်သတ်ဖြတ်ခြင်း လုံးဝမလုပ်ရဘူး၊  ဗိုလ်ဘိလုပ်
တာကို  မင်းကလက်မခံဘူး၊  မင်းဒီကေဘီအေကို ပြန်ပြီး  လက်မခံနိုင်ရင် နေ..ရတယ်၊   BGF ပဲလုပ်၊
ဒါပေမဲ့ ညီအစ်ကို အချင်းချင်း ပစ်ခတ်သတ်ဖြတ်တာကို မင်းလုံးဝ မလုပ်ရဘူး၊" မိန့်ကြားတာကို လက်
ခံပြီး သစ္စာရေ သောက်တယ်လို့ ကျွန်တော်တို့က သတင်းရတယ်၊ အဲဒီလို အခြေအနေမှာ ရှိခဲ့တယ်။
တင်းမာမှုက တဖြည်းဖြည်းကြီးထွားလာပြီး တပ်မ(၄၄)လက်အောက်ခံ တပ်တွေက လှာကာ၊ ထီ့ဖူးခလုံး
တွေမှာ တပ်လာချထားတဲ့ အနေအထားတွေ ရှိလာတယ်။

မေး- ဗိုလ်ဘိတို့ဘက်ကရော စစ်ရေး ပြင်ဆင်မှု အခြေအနေက ဘယ်လိုရှိပါသလဲ။ဆိုလိုတာကKNLA
နဲ့ ထိရောက်တဲ့ ပူးပေါင်းမှုတွေ ရှိပါသလား။

အဲဒီအတွက် မပူပါနဲ့၊ ကျွန်တော်တို့က မဖြစ်ခင်ကတည်းက အဆက်အသွယ်ရှိပြီးသားပါ။ ကရင့်လက်
နက်ကိုင်တပ်ဖွဲ့တွေဟာ အချင်းချင်း ကူညီဖို့ ၀န်မလေးကြသလို လိုအပ်တဲ့ ဆေးဝါး၊ ရိက္ခာကအစ ပံ့ပိုး
ကူညီမှုတွေ ရှိကြပါတယ်။

မေး- နောက်ပြီးတော့ ဒီကော့ကရိတ်-မြ၀တီကားလမ်းပေါ်မှာ  နအဖစစ်တပ်တွေ တစ်ဂိတ်ပြီးတစ်ဂိတ်
ကားတစ်စီးကို ဘယ်လောက်ဆိုတာ ကောက်ခံနေတယ်။ ဆိုင်ကယ်တစ်စီးဆိုလျှင် ဂိတ်အကုန်ဖြတ်ပြီး
ရင် အနည်းဆုံး သုံးသောင်းလောက် ကုန်ကျသွားတယ်၊ ဒါက မြ၀တီကနေ ဘားအံအထိပေါ့နော်။
ဒါတွေကို လျစ်လျူရှုပြီးတော့ရံပုံငွေရှာဖွေနေတဲ့ DKBA အဖွဲ့တွေကို ကရင်သူပုန်တွေ လမ်းပေါ်ဆက်
ကြေးကောက်ခံနေကြတယ်လို့ မီဒီယာတွေမှာ ဖေါ်ပြကြတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ တပ်ရင်းမှူး
အနေနဲ့ ဘာများပြောဖို့ရှိပါသလဲ။

ဒါကတော့ ဒီလိုပါ။ ဥပမာ ကျွန်တော်ကမြို့ထဲမှာနေတယ်၊  အတွင်းစည်းထဲမှာ ရှိနေတယ်၊ ကျွန်တော်
က ကျွန်တော့်လူမျိုးကို ထောက်ခံချင်ပေမဲ့ ထောက်ခံမရဲဘူး။ လူထုတွေကတော့ နအဖကို လုံးလုံး မ
ထောက်ခံကြဘူး။ တို့တော်လှန်ရေးက မှန်တယ်ဆိုတာကို ထောက်ခံချင်ကြတယ်။  ဒါပေမဲ့ ဗြောင်
မထောက်ခံရဲဘူး။ အဲဒါကြောင့် အရိပ်အယောင်ပြပါဆိုပြီးတော့မှ အခုလို ပညာသားပါပါ လုပ်ကြရ
တာ၊ မီဒီယာမှာ ဒီသတင်းကို တွေ့တွေ့ချင်း ဗိုလ်ကျော်သက်တို့ဆီမှာရော ကျွန်တော့်ရဲဘော်တွေ
ဆီမှာရောဖုန်းဆက်တယ်။ အော် ဒီလိုပါလားဆိုတာ သိရတယ်။

မေး- ကရင့်တော်လှန်ရေးသမားအတွက် တနည်းအားဖြင့် ကရင့်အမျိုးသားလှုပ်ရှားမှုမှာ ဆင်နွဲနေ
ကြတဲ့  လက်နက်ကိုင်  ကရင်တပ်ဖွဲ့တွေကို ကူညီပံ့ပိုးနိုင်ဖို့အတွက် ပြည်ပမှာ ရောက်ရှိနေကြတဲ့
ကရင်လူမျိုးတွေကို အမှာစကားလေး မှာကြားပေးပါဦး။

ဖြေ- လူမျိုးတစ်မျိုးမှာ(ဘယ်လူမျိုးမဆို) အမျိုးသားရေးနဲ့ပတ်သက်ပြီး အယောက်စီတိုင်းမှာ တာဝန်
ရှိကြတယ်ဆိုတာ အားလုံးသိပြီးပဲဖြစ်တယ်။   အရင်တုန်းကဆို ကျွန်တော်မကြာခဏ ပြောဖူးတယ်၊
ဘယ်နေရာ၊ ဘယ်ဒေသပဲရောက်ရောက် အလွယ်ဆုံးဥပမာတစ်ခု ကျွန်တော်ပေးချင်တယ်။ငါးကြည်း
နဲ့ ငါးခူဟာခွဲလို့မရတဲ့ "ငါး'' ဆိုတဲ့ ရေသတ္တ၀ါအတူတူပဲဖြစ်တယ်၊ ဒါပေမဲ့ဒီငါးကြည်းနဲ့ငါးခူကို ရေထဲ
လွှတ်လိုက်ရင် ငါးခူက ငါးခူအုပ်ထဲကို သွားမယ်၊ ငါးကျည်းက ငါးကျည်းအုပ်ကိုပဲသွားတယ်၊  ဒီတော့
DKBA လုပ်တယ်၊ BGF လုပ်တယ် ၊ ဗမာနဲ့ပေါင်းတယ်..... မရဘူး။   ကရင်က ဗမာနဲ့ ပေါင်းလို့ကို
မရဘူး၊ ပေါင်းကြည့်မှ အကြောင်းသိမယ်၊........... ဒါကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေးအတွက်၊
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်၊ အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက်၊ အမျိုးသား တိုး
တက်ရေးအတွက် ကရင့်အမျိုးသားတိုင်းမှာ တာဝန်ရှိတယ်၊ ထိုနည်းလည်းကောင်းပဲ ကမ္ဘာတစ်ဝှမ်းမှာ
ကရင်အမျိုးသားတွေ ရောက်ရှိပြန့်ကြဲနေပြီဖြစ်တယ်၊ ကရင့်အမျိုးသားအလံတော်ကိုလည်း ကမ္ဘာက
အသိအမှတ်မပြုသေးပေမဲ့ သိနေကြပြီ။ အဲလိုအနေအထားမှာ ဘယ်နေရာပဲရောက်ရောက်၊ ဘယ်
ဘ၀မှာပဲရောက်ရောက် အမျိုးသားရေးအတွက်နဲ့ စွမ်းဆောင်နိုင်တဲ့ဘက်က လုပ်ရမှာပဲ။ အဲဒီတော့
ပြောစကားတွေ၊ ဝေဖန်မှုတွေ၊ ကဲ့ရဲ့မှုတွေ ချီးမွမ်းမှုတွေကို အမျိုးမျိုးကိုလည်း ကြားရမှာဖြစ်တယ်။
ဒါတွေကို ကြံ့ကြံ့ခံနိုင်အောင် အားမွေးပြီးတော့ ဘယ်နေရာ ဘယ်ဒေသပဲရောက်ရောက် အမျိုးသား
သာယာဝပြောရေးအတွက်၊ လွပ်လပ်တဲ့ အချုပ်အခြာအာဏာပြည်နယ်ရရှိရေးအတွက် ကရင်အမျိုး
သားတိုင်းမှာ တာဝန်ရှိတယ်လို့ ကျွန်တော်က ဒီလိုပဲ မှာချင်ပါတယ်....................။
ကိုးဒီသွေးမှကူးယူသည်။

11ReadMore-2.jpg

သိုးရေခြုံသော  ၀ံပုလွေတို့ရေ  ဒီတစ်ပွဲတော့  ရဲရဲကြီးပြောရဲတယ်  DKBAနဲ့KNU ကတော့ ဘယ်တော့မှမပြုတ်နိုင်သလို      ပြုတ်စရာရှိက မင်းတို့လို လက်ကိုင်တုတ် တိုက်ခွေး
တွေဘဲဆိုတာ      ပွဲပြီးမှစောင်ကြည့်ရန်မလို      ဗေဒင်မေးရင်ဆန်ကုန်တယ်ဒီတစ်ခါ
မင်းတို့အလှည့်ဆိုတာ- - - - -

11ReadMore-2.jpg

Template by:

Free Blog Templates