Sunday, September 25, 2011

နယ်ခြားစောင့်တပ် စီးပွားရေးလုပ်ငန်းပိုင် ကားတစီး မီးရှို့ခံရ

http://www.naytthit.net/?p=20084


ကရင်ပြည်နယ် ကော့ကရိတ်မြို့အထွက် ကြောင်ရှာကုန်းမှာ ကြံ့ဖွံ့စစ်အစိုးရ စစ်တပ် ခလရ ၉၇ တပ်ရင်းကို ဒီကေဘီအေ အဖွဲ့မှ ဗိုလ်မှူး ကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့တွေဟာ ဒီကနေ့ ၁ နာရီခွဲလောက်မှာ ပြောက်ကျားတိုက်ခိုက်ခဲ့တယ်။ ကြံ့ဖွံ့အ စိုးရဘက်မှ တပ်သားတဦး ကျဆုံးခဲ့တယ်လို့ သိရှိရပါတယ်။

တဆက်တည်းမှာပဲ မြဝတီ ကော့ကရိတ် ကုန်သည်ကားလမ်းပေါ်က အောက်ဗိုလ်တဲနေရာမှာ ညနေ ၃ နာရီလောက်က ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ ဗိုလ်ချစ်သူ ဦးစီးလုပ်ကိုင်နေတဲ့ မြဝတီ ဘားအံ သယ်ယူပို့ဆောင်းရေးလုပ်ငန်းမှ မှန်လုံကားကြီးတစီးကို ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက မီးရှို့ပစ်ခဲ့တယ်လို့ သိရှိရပါတယ်။

အောက်ဗိုလ်တဲ့မှာ ဒီကနေ့ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင် က ခုလို့ ရှင်းပြပါတယ်..

“ဟုတ်တယ် ဒီကနေ့ ကျနော်တို့ တပ်ဖွဲ့တွေ ကုန်းသည်ကားလမ်းပေါ်မှာပဲ လှုပ်ရှားမှု ၂ ခု လုပ်ခဲ့တယ်။ ကြောင်ရှာကုန်း မှာ တပွဲ၊ အောက်ဗိုလ်တဲ့မှာကတော့ ကြံ့ဖွံ့စစ်စိုးရနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်နေတဲ့ မှန်လုံကားကြီးတစီးကို မီးရှို့လိုက် တယ်။ ကျနော်တို့ ခေါင်းဆောင်း ဗိုလ်စောလားပွယ်က ကျနော်တို့ အားလုံးကို ညွှန်ကြားထားပါတယ်။ ရိုးရိုးသားသား စီးပွားရှာနေတဲ့ ပြည်သူတွေကို စောင့်ရှောက်ရမယ်။ ကြံ့ဖွံ့အစိုးရနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်း၊ နယ်ခြားစောင့်တပ်နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ချေမှုန်းပစ်ရမယ်လို့ ညွှန်ကြားထားတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လဲ ဒေသခံ ပြည်သူတွေကို အသိပေးထားပြီးဖြစ်တယ်။” လို့ ပြောပြသွားပါတယ်။

http://www.naytthit.net/?p=20084

11ReadMore-2.jpg

KIA တပ်မဟာ (၄)အား သိမ်းပိုက်ရန် မြန်မာစစ်အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင်

KNG


KIA တပ်မဟာ ၄ ဌာနချုပ်၊ လွယ်ကန်



မြန်မာအစိုးရသည် ရှမ်းပြည်မြောက်ပိုင်းရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၊ တပ်မဟာ (၄) ဌာနချုပ်ကို သုံးရက်အတွင်း သိမ်းပိုက်ရန် စစ်အင်အား ၁၀၀၀ ကျော်ပါဝင်သည့် “မုန်တိုင်း ထိုးစစ်” ကို စက်တင်ဘာ ၂၇၊ စနေနေ့က စတင်လိုက်သည်။

“ဇွန် ၉ ရက် နောက်ပိုင်းဖြစ်ပွားတဲ့ တိုက်ပွဲများတွင် ယခုတိုက်ပွဲမှာ မြန်မာစစ်အင်အား အကြီးဆုံးဖြစ်တယ်။ ဒါဟာ KIA အား စစ်အင်အား အလုံးအရင်းနှင့် မုန်တိုင်း ထိုးစစ် ဆင်နေခြင်းဖြစ်တယ်။” ဟု တပ်မဟာ (၄) KIA အရာရှိတစ်ဦးပြောသည်။

စနေနေ့ နံနက် ၄ နာရီ မှစ၍ ကွတ်ခိုင်အနီး KIA တပ်မဟာ (၄) ဌာနချုပ် လွယ်ကန် ဒေသ၀န်းကျင်တွင် နှစ်ဘက်တပ်များကြား ပြင်းထန်သောတိုက်ပွဲများ ဖြစ်လာသည်ဟု တပ်မဟာ (၄) KIA အရာရှိတစ်ဦးပြောသည်။

တိုက်ပွဲများ ကွတ်ခိုင် အထက် မန္တလေး-မူဆယ် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းမ၏ တဖက်တချက်ရှိ ဟိုဖက်၊ မန်ဂျေ၊ မုန်းခေါမ်၊ ဘန်ဖိတ်၊ ဒီမားစသည့် ရွာများအနီးနှင့် လွိုင်လမ်န်ဘွမ် (Loi Lem Bum) တောင်ခြေ တွင် ဖြစ်ပွားသည်ဟု ဆိုသည်။

KIA တပ်ရင်း (၂)၊ (၈) နှင့် (၉)မှ တပ်သားများက ယခုအချိန်ထိ မြန်မာစစ်တပ် မကွေးအခြေစိုက် တပ်မ (၈၈)နှင့် မိတ္ထီလာအခြေစိုက် တပ်မ (၉၉) ထိုးစစ်ကို ခုခံနေကြောင်း သိရသည်။
ယင်းတပ်မ နှစ်ခုတွင် တပ်ရင်း(၁၈)နှင့် စစ်အင်အား ၁၀၀၀ ကျော်ပါဝင်သည့် မုန်တိုင်း ထိုးစစ်အား အထူးစစ်ဆင်ရေးအဖွဲ့-၂ (BSO-2) မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ဦးဆောင်နေသည်ဟု KIA အရာရှိများပြောသ
ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ဦးဆောင်နေသည်ဟု KIA အရာရှိများပြောသည်။

ယခုလို မြန်မာအစိုးရမှ KIA တပ်မဟာ (၄) အား ထိုးစစ်ဆင်ခြင်းသည် ရခိုင်ပြည်နယ် ရွှေဓါတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းမည့် လမ်းကြောင်းရှိ KIA တပ်မဟာ (၄) အား စစ်အင်အားဖြင့် အဓ္ဓမ မောင်းထုတ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု KIA အရာရှိများ ယူဆထားသည်။

ဒီမားကျေးရွာထဲသို့ အစိုးရတပ်မှ အမြောက်ကျည် ၂ လုံး ကျရောက်ပေါက်ကွဲနေသော်လည်း သေကြေဒဏ်ရာရရှိမှု ရှိမရှိ မသိရသေးကြောင်း ရွာသားများပြောသည်။

တိုက်ပွဲဖြစ်ရာဒေသထဲမှ ရွာသားများအား လုံခြုံသောနေရာသို့ပြောင်းရွှေ့ရန် KIA က ညွှန်ကြားထားသည်ဟု ၎င်းဒေသမှ ဒေသခံများပြောသည်။

စစ်ပွဲကြောင့် စစ်ဖြစ်ရာဒေသမှ ကချင်နှင့် ရှမ်း ဒုက္ခသည် ထောင်ဂဏန်း ထွက်ပေါ်လာပြီး အများစုသည် တရုတ်နယ်စပ် မုန်းကိုသို့ ထွက်ပြေးရောက်ရှိနေသည်ဟု မျက်မြင်သက်သေများ ပြောသည်။

စစ်ပြေးဒုက္ခသည်များ တရုတ်နယ်စပ်မြို့ မံဟိုင်း ၀င်လာခြင်းအား မံဟိုင်းတွင် အခြေစိုက် ထားသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLA) စစ်သား (၁၀၀) ကျော်နှင့် တရုတ်နယ်ခြားစောင့်တပ် ၈၀ ကျော်က တင်းကြပ်စွာ ဟန့်တားနေသည်ဟု မုန်းကို ဒေသခံများ ပြောသည်။

သို့သော် မြန်မာပြည်ထဲ စီးပွားရေး လာလုပ်သော တရုတ်နိုင်ငံသားများ ပြန်ဝင်လာခွင့်ပြုနေသည်ဟု ဆက်ဆိုသည်။

11ReadMore-2.jpg

မြန်မာစစ်တပ်၏မိုင်းနင်းမိပြီး ကချင်လင်မယားနှစ်ဦး ဒဏ်ရာရ


KNG



kachin mine victim

ရွာအနီး မြန်မာစစ်တပ် ထောင်ထားတဲ့ မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာ ရရှိသွားသော ရှထူးဇွပ် ကချင် လင်မယားနှစ်ဦး။
စက်တင်ဘာ ၂၁၊ ဗုဒ္ဓဟူးနေ့ ၁၀ နာရီကျော်ခန့်က တနိုင်းမြိ့နယ် လီဒိုလမ်းမပေါ်မှ ရှထူးဇွပ်ကျေးရွာ ကချင်လင်မယားနှစ်ဦးမှာ ရွာအနီး မြန်မာစစ်တပ် ထောင်ထားသော မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။


မိုင်းကြောင့် ဦးလဂျော်နော်မှာ တစ်ကိုယ်လုံး ဒဏ်ရာရရှိသွားပြီး ၎င်း၏ဇနီးသည် လွယ်လမ်လု မှာ ညာဘက် ခြေထောက်ကြိုးသွားခဲ့သည်။
sahtuzup-myen
ဒဏ်ရာ ပြင်းထန်မှုကြောင့် ၎င်းတို့နှစ်ဦးအား ကားမိုင်းဆေးရုံသို့ ပို့ထားရာမှ ယခုအချိန် မြစ်ကြီးနားဆေးရုံကြီး သို့ ပြောင်းရွှေ့ထားကြောင်း လူနာနှင့်နီးစပ်သူများပြောသည်။

ရွာမှ ရိုမင်ကက်သလစ် အသင်းတော်၏ လက်ဝါးကပ်တိုင်တောင် အနီးတွင် ထောင်ထားသောမိုင်းကို လင်မယားနှစ်ဦး နင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်သည်ဟု ရွာသားများပြောပါသည်။

ထို မိုင်းအား ရွာအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အောက် ခလရ (၂၉၇) မှ ထောင်ထားသည်ဟု ရွာသားများ ကချင်သတင်းဌာနသို့ ပြောသည်။

11ReadMore-2.jpg

အမုန်းခံစိတ်နှင့် သင်ယူနေရဆဲ ဗမာစကား

Written by မောက္ခ  

“သင်ပြောဆိုတဲ့ ဘာသာစကား အသစ် တစ်ခုတိုင်းအတွက် ဘ၀အသစ် တစ်ခုစီကို ပိုင်ဆိုင် နေထိုင်နိုင်ပါတယ်။ တကယ်လို့ သင်ဟာ ဘာသာစကား တစ်ခုမျှသာ သိတယ်ဆိုရင်တော့ သင်ဟာ တစ်ကြိမ်မျှသာ ရှင်သန် နေထိုင်ခွင့် ရှိနေတယ်။”

ဒီ ချက်လူမျိုးများ၏ စကားပုံကလေးမှာ ဥရောပ ဘာသာစကားများနေ့ ကြွေးကြော်သံ ဆောင်ပုဒ်လည်း ဖြစ်လို့နေသည်။

စက်တင်ဘာလ ၂၆ ရက်နေ့သည် “၁၀ ကြိမ်မြောက် ဥရောပ ဘာသာစကားများနေ့” နေ့ထူးနေ့မြတ်တစ်ရက် ဖြစ်ပါသည်။ ညီလာခံသဘင်များ၊ ပဟေဠိပြိုင်ပွဲများ၊ ကဗျာ ရွတ်ဆိုပြိုင်ပွဲများ၊ လမ်းမပေါ်က အားကစားပွဲများဖြင့် ဥရောပ အနှံ့အပြားတွင် ဆင်ယင် ကျင်းပမည်ဖြစ်ကြောင်း ဥရောပ ကော်မစ်ရှင်အဖွဲ့က ကြေညာချက်ထဲတွင် ဖေါ်ပြထားသည်။
အဓိက ရည်ရည်ရွယ်ချက်မှာ ဘာသာစကားများ သင်ယူရေးကို မြှင့်တင်ပေးရန်အတွက်နှင့် ဥရောပ၏ ဘာသာစကား ထွေပြားစုံလင်မှုကို ဂုဏ်ပြု ဆင်ယင် ကျင်းပပေးရန်အတွက် ဖြစ်သည်။ အီးယူ၏ တရားဝင် ဘာသာစကား ၂၃ မျိုး အပါအ၀င် ပူးတွဲ တရားဝင်ဘာသာစကားများ၊ ဒေသန္တရသုံးစကား၊ လူမျိုးနွယ်စု စကားများအတွက် ဖြစ်ပါသည်။

ဥရောပ ပညာရေး၊ ယဉ်ကျေးမှု၊ ဘာသာစကားစုံလင်မှုနှင့် လူငယ်ရေးရာ ကော်မစ်ရှင်နာ အန်ဒရိုအူလာ ဗာစီလီအိုနှင့် ဥရောပ ကောင်စီ အထွေထွေ အတွင်းရေးမှူး သော့ယန် ဂျဂလန်တို့အတူ ပူးတွဲ ကြေညာချက်လည်း ထုတ်ပြန်ကြမည်။ ဘာသာစကား ထွေပြားစုံလင်မှုအတွက် သူတို့၏ တာဝန်ယူ လုပ်ဆောင်ရမည့် ကတိက၀တ်ကို ထပ်မံ အတည်ပြု ပေးခြင်းလည်ဖြစ်သည်။


တိုင်းရင်းသားစကားတွေ အများကြီး ပြောကြစို့တိုင်းရင်းသားစကားတွေ အများကြီး ပြောကြစို့


တိုင်းရင်းသားစကားတွေ အများကြီး ပြောကြစို့

တိုင်းရင်းသားစကားတွေ အများကြီး ပြောကြစို့



ပိုလန်က ဥက္ကဌ နေရာ တာဝန် ယူထားသော အီးယူ၏ အာဂျင်ဒါထဲတွင် ဘာသာစကား သင်ယူမှုကို အမြင့်ဆုံး ထည့်သွင်း ထားရှိပါသည်။ မိခင်ဘာသာစကားအပြင် အခြားသော ဘာသာစကား ၂ မျိုးကိုလည်း သင်ယူလေ့လာရန် လူငယ်ထု တစ်ရပ်လုံးကို တိုက်တွန်းထားသည်။ ပုဂ္ဂလ ရည်မှန်းချက်များအပြင် အလုပ်အကိုင် အတွက်လည်း အကျိုး ဖြစ်ထွန်းစေသည်ဟု ဆိုပါသည်။

“မိခင်ဘာသာစကား အပြင် အခြားသော ဘာသာစကားတစ်ခုခုကို တတ်မြောက်ထားခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ လက်တွေ့ကို အလွယ်တကူ မြင်တွေ့နိုင်တာပါ။ ဂျာမဏီမှာ ထွက်ပြီး အလုပ်လုပ်မလား၊ ပြင်သစ်မှာ ပညာ သွားသင်ချင်သလား၊ ဒါမှမဟုတ်ရင် ဆိုက်ပရပ်မှာ အပန်းဖြေခရီး ထွက်မလား၊ ဒေသခံတွေနဲ့ ဆက်သွယ်ပြောဆို နိုင်တာကတော့ဖြင့်ရင် အင်မတန်မှ အကျိုးများလှတယ်။ ဘာသာစကားတွေဟာ စိတ်ပြတင်းပေါက်ကို ဖွင့်လှစ်ပေးတယ်။ မိုးကုပ်စက်ဝိုင်းပေါင်း များစွာကိုလည်း ခံစားနိုင်ပြန်တယ်။ အလုပ်ရနိုင်တဲ့ အခွင့်အလမ်းလည်း တိုးပွားတယ်လေ။” ကော်မစ်ရှင်နာ ဗာစီလီအိုက ဆိုသည်။

မြန်မာနိုင်ငံနှင့် ဘာသာစကား ထွေပြားစုံလင်မှု

တိုင်းရင်းသားမျိုးနွယ်စု ထွေပြားစုံလင်လှပြီး ဘာသာစကားလည်း ပေါများ ကြွယ်ဝလှသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့်လည်း ဖက်ဒရယ်ပြည်ထောင်စု တိုင်းပြည် တည်ထောင်ရန်အတွက် ဘာသာစကား တတ်မြောက်မှုမှာ အရေးကြီးလွန်း နေသည်။ မိခင်ဘာသာစကားအပြင် အခြားသော ဘာသာစကားတို့ကို ဂုဏ်ယူစွာဖြင့် ပြောဆို တတ်မြောက်သင့်လှပါသည်။

မတူကွဲပြားသည့် ယဉ်ကျေးမှုများကို ခံစားသိမြင်ပြီး သဟဇာတဖြစ်ရေး၊ ငြိမ်းချမ်းရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း တို့အတွက် မိခင်ဘာသာ စကားအပြင် အခြားသော တိုင်းရင်းသား ဘာသာစကားများနှင့် အိမ်နီးချင်း တိုင်းပြည်၏ ဘာသာစကားတို့ကိုလည်း တတ်မြောက် ထားသင့်ပါသည်။

မိခင်ဘာသာစကား၊ တိုင်းရင်းသား ဘာသာစကားတို့ကို သင်ကြားခွင့် ပိတ်ပင်ခြင်း၊ တားဆီးဟန့်တားခြင်း၊ နှောက်ယှက်ခြင်းတို့မှာ အလွန်ပင် ဆိုးဝါးလှပါသည်။ နောက်ဆက်တွဲ ဆိုးကျိုးများစွာကို အားလုံးက ခံစား နေရပေပြီ။ မိမိလူမျိုးစုကိုလည်း မချစ်တတ်၊ အခြားသော တိုင်းရင်းသားများနှင့်လည်း ချစ်ကြည်ရင်းနှီး၊ ငြိမ်းအေးစွာ မနေတတ်သော လူများအဖြစ် ကြီးပြင်း လာနေကြရာ ဤတိုင်းပြည်၊ ဤဒေသ၊ ဤလူမျိုးစု၏ အနာဂတ်အတွက် ရင်လေးဖွယ်ရာပင်။

မိခင်ဘာသာစကားကို ပိတ်ပင်တားဆီး၊ နှောက်ယှက်မှု၏ ဆိုးကျိုး များစွာထဲက တစ်ခုမှာ ဗမာ (မြန်မာ) စကားကို မုန်းတီးစိတ်နှင့် သင်ယူနေရကြောင်း လေ့လာတွေ့ရှိရသည်။ အထူးသဖြင့် ပြည်တွင်းစစ် ဒေသများနှင့် ဒုက္ခသည်စခန်းများ၊ တိုင်းရင်းသား ဒေသများရှိ တိုင်းရင်းသား ပြည်သူတို့မှာ မိမိစကားလည်း သင်ခွင့်မရ၊ ဗမာ (မြန်မာစာ) ကိုလည်း မိမိရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်အပေါ် အမုန်းခံစိတ်ဖြင့် သင်ယူနေရပြန်သည်။

လွှတ်တော်ထဲတွင် အင်္ဂလိပ်ဘာသာစကားပြောဆိုရန် တိုင်းရင်းသား အမတ်မင်းများက ရဲရဲဝံ့ဝံ့ အကြံပြုကြမည်ဟုလည်း မောက္ခက သတင်းများ ကြားသိရပါသည်။

Maybe, it is a good idea for the future of Burma, MPs. Good on you. Carry on. Speak out, men. You can do it. Why don't you speak ethnic languages in your State Parliaments? Don't be afraid, ethnic MPs.

တိုင်းရင်းသားများကလည်း မြန်မာ (ဗမာ) စကားကို မပြောချင်ကြတော့။ မသင်ယူချင်ကြတော့။ အမုန်းခံစိတ်ဖြင့် သင်ယူနေရလေရာ ကျွမ်းကျင်စွာ တတ်မြောက်မှု ပြဿနာ ရှိနေလေသည်။ သို့ဖြစ်လေရာ တစ်ဦးချင်း၊ လူမျိုးနွယ်စု တစ်မျိုးချင်း၏ ဆုံးရှုံးနစ်နာမှုသာလျှင် မကတော့ဘဲ တိုင်းပြည်ပါ နစ်နာလှလေသည်။

အိမ်နီးနားချင်း ချစ်ကြည်မှုနှင့် ထိုင်းရဲကို ရိုးသားစွာ နေထိုင်ပါကြောင်း ရှင်းပြနိုင်ရေးတို့ အတွက် မောက္ခ ပညာရေး မဂ္ဂဇင်း ၀ိုင်းတော်သားများလည်း ဖုဖါ့စာထိုင်းကို ကိန်မမ ဖြစ်ရေး အားထုတ်နေရပါကြောင်း။

မောက္ခသတင်း

မြတ်ပန်းရှင်
Source: EU & မောက္ခ

11ReadMore-2.jpg

ပြည်တွင်းကရင်အမျိုးသမီးများ ပထမဆုံး ငြိမ်းချမ်းရေးနေ့ ကျင်းပပြုလုပ်ခဲ့


စက်တင်ဘာလ ၂၃ရက်။ (ကေအိုင်စီ)
စက်တင်ဘာလ ၂၁ရက်နေ့က ကျရောက်ခဲ့သည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကို ပြည်တွင်းရှိ ကရင်အမျိုးသမီးလူမှုရေးအဖွဲ့ (Karen Women Action Group-KWAG) က ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရှိ မဟာသုခိတာလမ်းတွင် ကျင်းပ ပြီးစီးခဲ့သည်။


Photo-KIC (နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့အတွက် ဖယောင်းတိုင်ထွန်း ဆုတောင်းနေစဉ်)

နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ (၁၀) နှစ် တိုင်ခဲ့ပြီဖြစ်သော်လည်း ထိုနေ့မနက် ၉နာရီမှ နေ့လည် ၁၂နာရီအထိ ပထမဆုံးအ ကြိမ် ကျင်းပပြုလုပ်သည့် အဆိုပါအဖွဲ့၏ ငြိမ်းချမ်းရေးနေ့ အစီအစဉ်သို့ ကရင်လူငယ် ၂၀ဦးနှင့် KWAG မှ အဖွဲ့ဝင်များ တက် ရောက်ခဲ့ကြသည်။ KWAG အဖွဲ့၏ ဒါရိုက်တာ နော်စူစဲန်နာက “နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ဟာ ကနေဒါနိုင်ငံကနေ စတင်ခဲ့တာပါ။ မြန်မာနိုင်ငံ ဟာ တခြားနိုင်ငံတွေထက် ငြိမ်းချမ်းရေး ပိုလိုအပ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရကြား ပြည်တွင်းစစ် ကြောင့် ဒေသခံ တိုင်းရင်းသားတွေဟာ တဖက်နိုင်ငံကို ထွက်ပြေးခိုလှုံနေရတာ နှစ်သန်းကျော် ရှိပါတယ်။ ဒါ့အပြင် ရွာပုန်းရွာ ရှောင်ဖြစ်နေရတာတွေလည်း ရှိတယ်။ နိုင်ငံတော်က ငြိမ်းချမ်းရေးကမ်းလှမ်းတာကို ကြိုဆိုပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ် ဖို့ပဲ လိုပါတယ်။”ဟု ပြောဆိုသွားခဲ့သည်။
ထိုနေ့က ပြုလုပ်သည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် KWAG အဖွဲ့ဝင်တစ်ဦးက ပြီးခဲ့သည့် နိုင်ငံတကာ ဒီမိုကရေစီနေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသောမိန့်ခွန်းကို ဖွင့်ပြခြင်း၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံ ဒေါ်စု၏ အိတ်ဖွင့်ပေးစာနှင့် အခြားငြိမ်းချမ်းရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်များကို ဖတ်ကြားသွားခဲ့သည်။
KWAG ပြုလုပ်သည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အစီအစဉ်သို့ ငြိမ်းဖောင်ဒေးရှင်းမှ စီမံကိန်းတာဝန်ခံ Mr. Jaw Gun လည်း တက်ရောက်ခဲ့သည်။
သူက “ငြိမ်းချမ်းရေးဆိုတာ ကိုယ်ရပ်တည်နေတဲ့နေရာပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ငြိမ်းချမ်းရေး ဆောင်ရွက်ရာမှာ နိုင်ငံ တော် အစိုးရ ခေါင်းဆောင်ရဲ့ ကတိက၀တ်ပေါ် မူတည်ပြီး တည်ဆောက်နိုင်သလို ကတိမတည်ပါက ပျက်ပြားနိုင်ပါတယ်။”ဟု ဆွေးနွေးတင်ပြခဲ့သည်။
နေ့လည် ၁၂နာရီခွဲအချိန်တွင် ငြိမ်းချမ်းရေးအတွက် ဖယောင်းတိုင်မီးထွန်းကာ ၀တ်ပြုဆုတောင်းပြီး we shall overcome သီချင်းသီဆိုကာ ရုတ်သိမ်းခဲ့သည်ဟု သိရသည်။

11ReadMore-2.jpg

Template by:

Free Blog Templates