Sunday, September 25, 2011

မြန်မာစစ်တပ်၏မိုင်းနင်းမိပြီး ကချင်လင်မယားနှစ်ဦး ဒဏ်ရာရ


KNG



kachin mine victim

ရွာအနီး မြန်မာစစ်တပ် ထောင်ထားတဲ့ မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာ ရရှိသွားသော ရှထူးဇွပ် ကချင် လင်မယားနှစ်ဦး။
စက်တင်ဘာ ၂၁၊ ဗုဒ္ဓဟူးနေ့ ၁၀ နာရီကျော်ခန့်က တနိုင်းမြိ့နယ် လီဒိုလမ်းမပေါ်မှ ရှထူးဇွပ်ကျေးရွာ ကချင်လင်မယားနှစ်ဦးမှာ ရွာအနီး မြန်မာစစ်တပ် ထောင်ထားသော မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။


မိုင်းကြောင့် ဦးလဂျော်နော်မှာ တစ်ကိုယ်လုံး ဒဏ်ရာရရှိသွားပြီး ၎င်း၏ဇနီးသည် လွယ်လမ်လု မှာ ညာဘက် ခြေထောက်ကြိုးသွားခဲ့သည်။
sahtuzup-myen
ဒဏ်ရာ ပြင်းထန်မှုကြောင့် ၎င်းတို့နှစ်ဦးအား ကားမိုင်းဆေးရုံသို့ ပို့ထားရာမှ ယခုအချိန် မြစ်ကြီးနားဆေးရုံကြီး သို့ ပြောင်းရွှေ့ထားကြောင်း လူနာနှင့်နီးစပ်သူများပြောသည်။

ရွာမှ ရိုမင်ကက်သလစ် အသင်းတော်၏ လက်ဝါးကပ်တိုင်တောင် အနီးတွင် ထောင်ထားသောမိုင်းကို လင်မယားနှစ်ဦး နင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်သည်ဟု ရွာသားများပြောပါသည်။

ထို မိုင်းအား ရွာအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အောက် ခလရ (၂၉၇) မှ ထောင်ထားသည်ဟု ရွာသားများ ကချင်သတင်းဌာနသို့ ပြောသည်။

0 comments:

Post a Comment

Template by:

Free Blog Templates