Sunday, January 23, 2011

ဖလူး နဲ့ ဝေါ်လေဒေသ ဇန်နဝါရီ ၂၃ ရက် အခြေအနေ

ချောင့်ခက်ရွာအနီးက သရက်ပင်စခန်းတိုက်ပွဲမှာ ဇန်နဝါရီလ ၁၇ နေ့က ဖြစ်ပွားခဲ့တဲ့ ဒီကေဘီအေနဲ့ နအဖ တို့ တိုက်ပွဲ မှာ နအဖ ခမရ ၃၅၇ မှ တပ်သား ၁၃ ယောက်သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တဲ့ တိုက်ပွဲပြီးတဲ့နောက် နယ်စပ်မှာ ပတ်ခတ် သံတွေ လေးငါးရက်ညိမ်သက်သွားခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်နေ့ မနက်စောစောကစလို့ တိုက်ပွဲသံတွေ ဖလူးနဲ့ ဝေါ်လေ တ ရှောက်မှာ ပြန်လည်ထွက်ပေါ်လာပါတယ်။
ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်  ၆ နာရီလောက်ကစပြီး နအဖ စစ်တပ်မှ စကခ (၁၂) လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၄၈)၊ ခမရ (၅၄၉) တပ်တွေနဲ့ ဒီကေဘီအေ ကလိုထူးဘော ဗျူဟာမှူး ဗိုလ်မှူးကျော်သက် ဦးဆောင်နေရာယူ ထားတဲ့ ချောင့်ခက်အနီး ဘောဘောကျိုးနေရာကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နအဖ စစ်သား ၄ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာ များစွာရရကာ ဆုတ်ခွာသွားခဲ့ရပါတယ်။ ညနေပိုင်းအထိကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတုန်းဖြစ်ပါတယ်။
တချိန်တည်းမှာပဲ တိုက်ပွဲဖြစ်နေတဲ့ နေရာကို ထောက်ကူပစ်ခတ်နေတဲ့ နအဖ ဝေါ်လေဗျူဟာကုန်းမှ လက်နက်ကြီး ကျည် မတော်တဆပေါက်ကွဲမှုဖြစ်လို့ နအဖ လေးဦးသေးဆုံးသွားပြီး သေဆုံးတဲ့အထဲမှာ တပ်ရင်းအရာရှိတယောက် ပါတယ်လို့လည်း သတင်းရရှိပါတယ်။
ဒီတနေ့ထဲမှာပဲ ဝေါ်လေ အိုကရေ့ထ နေရာမှာ ဒီကေဘီအေဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ နအဖ သုံးဦး ဒဏ်ရာရရှိခဲ့ပါ တယ်။
ဖလူးဘက်မှာတော့ ဒီကေဘီအေ ဗိုလ်ကျော်သက် ဦးဆောင်တဲ့ တပ်ဖွဲ့တွေက နအဖ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ နအဖ တပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။
ဒီရက်ပိုင်းထဲမှာ မြဝတီမြို့အနီးပတ်ဝန်းကျင်မှာ နယ်စပ်ဖြတ်ကျော်မှုတွေကို တင်းကျပ်စွာပိတ်ပင်ထားပါတယ်။ ဇန်နဝါရီ ၂၃ ရက်နေ့က ဘားအံမြို့ကနေ မြဝတီဘက်ကို စစ်သားအပြည့်တင်ထားတဲ့ စစ်ကား ၁၅ စီး ထွက်သွားတယ်လို့ ကိုယ် တိုင်တွေ့ရှိရတဲ့ ဘားအံမြို့ခံတဦးက ပြောပြလို့ သိရှိရပါတယ်။

11ReadMore-2.jpg

ကရင်အချင်းချင်း မတိုက်ချင်တဲ့ စောသံမဏိရဲ့ အင်တာဗျူးဖြေကြားချက်

http://www.ninedeblood.blogspot.com/




ကရင်ဘာသာနဲ့ စောသံမဏိ ပြောဆိုသွားတာကတော့ "နယ်ခြား စောင့်တပ်အတွက် ရွာတွေမှာ စစ်သား လိုက်လံ စုဆောင်းနေကြောင်း၊ တရွာလျှင် ၁၀ယောက်၊ ၁၅ယောက်၊အထိ မသွားမနေရ လိုက်လံ စုဆောင်းနေကြောင်း၊ ဒီကေဘီအေ ကနေ နယ်ခြားစောင့်တပ် ပြောင်းပြီး ကရင်ချင်း ပြန်တိုက်ရမှာကို မလိုလားကြောင်း၊ သူ့တပ်ရင်းမှူး မြခိုင်ဆိုသူဟာလည်း နယ်ခြားစောင့်တပ်ကို ပြောင်းသွားပြီး ဖြစ်ကြောင်း၊ ယူအဲန်ရှေ့ တကိုယ်တော် ဆန္ဖပြရခြင်းဟာ ယူအဲန်အနေနဲ့ မြန်မာပြည် အရေးကို ၀င်ရောက် ကူညီပေးရန် တောင်းဆို ဆန္ဖပြရခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအတွက် မဲထည့်ဖို့ လုပ်ခဲ့တာတွေဟာ လမ်းကြောင်းမမှန်ပဲ စစ်အာဏာရှင် တည်တံ့ခိုင်မြဲရေး အတွက်သာ ဖြစ်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ အတုအယောင်သာ ရရှိမှာ ဖြစ်ကြောင်း၊ အဲဒီရွေးကောက်ပွဲကနေ ပြည်တွင်းစစ် ဖြစ်ပွားလာနိုင်ကြောင်း၊ ပြည်တွင်းစစ်ကို

မတိုက်ချင်ကြောင်း၊ ကရင်အချင်းချင်း တိုက်ရမှာကိုလည်း မလိုလားကြောင်း၊ သူတို့စစ်သား ဖြစ်သွားရင် သူတို့ခိုင်းတာကို လုပ်ရမှာ ဖြစ်တဲ့အတွက် မလုပ်ချင်ကြောင်း၊ မြန်မာပြည် အရေးကို ယူအဲန်အထိ တင်ပြပေးဖို့ တောင်းဆိုချင်ကြောင်း၊ ယနေ့မှာလည်း ရွာတွေမှာ ပြည်သူ့စစ် လိုက်လံ ကောက်ခံနေကြောင်း၊ မသွားနိုင်ရင် တယောက်ကို တရက်စာ ၃၀၀၀ပေးပြီး ရွာအနေနဲ့ ငှားပေးနေရကြောင်း၊ တရွာမှာ အယောက် ၃၀၊ ၄၀အထိ ၂လခရီးကြာ သွားရမှာဖြစ်သော်လည်း မသွားနိုင်၊ မသွားရဲကြသဖြင့် ရွာကနေ ပိုက်ဆံပေးပြီး သွားရဲသူတွေကို တဆင့်ခံ ငွေပေးငှားရကြောင်း၊ ပြည်သူ့စစ်ကို မလုပ်ချင်လည်း အတင်းလုပ်ခိုင်းနေကြောင်း၊ ကရင်အချင်းချင်း အပြန်အလှန် ပစ်ကြခတ်ကြတာကို မလိုးလားကြောင်း စောသံမဏိက ပြောဆိုသွားတာပါ"။

ဒီကေဘီအေ ၉၉၉တပ်မဟာမှ အဖွဲ့ဝင်တဦးဖြစ်ခဲ့သူ စောသံမဏိဟာ လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၄ရက်နေ့က လက်ပစ်ဗုံးကို စနက်တံဖြုတ်ပြီး အချက်လေးချက်နဲ့ မဲဆောက်မြို့ ယူအဲန်ရုံးရှေ့မှာ တကိုယ်တော် ဆန္ဖပြခဲ့သူဖြစ်ပါတယ်။ နောက်ပိုင်း ထိုင်းအာဏာပိုင်တွေထံ လက်နက်ချလိုက်ပြီး ယခုအခါ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။(အဲခေါင်သောင့်)
Posted by sawdahbo2749@gmail,com at 7:18 PM

11ReadMore-2.jpg

ရောက်ရာအရပ်ကအကြောင်းကြားပါ

ဆိုဒ်ပိုင်ရှင်ရေ  ရောက်ရာအရပ်ကအကြောင်းကြားပါ

စိတ်ပူနေတယ်နော်  အဆက်သွယ်မဖြတ်ပါနဲ့

သတင်းပို့ပါ


ပုံ   စိတ်ပူသူ

11ReadMore-2.jpg

တပ်မဟာ ၄တိုက်ပွဲ နအဖ ၇ယောက် ထိခိုက်သေဆုံး


ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၄နှင့် နအဖ ခမရ ၅၅၈တို့ လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၂၁ရက်နေ့မှာ တိုက်ပွဲ ဖြစ်ပွားရာ နအဖ ဘက်မှ ၃ယောက် သေဆုံးပြီး ၄ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မဟာ ၄ရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွားရာ နေရာကတော့ ဘိတ် ထားဝယ် ခရိုင်အတွင်းမှာ ရှိတဲ့ ထိုမားဖလို တောင်ကုန်းနဲ့ ဘိုရာခါဟေး တောင်ကုန်း ကြားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲဟာ မနက် ၈နာရီ ၄၀မိနစ်မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး KNLAဘက်မှ ထိခိုက်ဒဏ်ရာရရှိတာ မရှိကြောင်း သိရှိရပါတယ်။ (ကိုးကား-ကွယ်ကလူ)

11ReadMore-2.jpg

ကလေးစစ်သား တဦးနဲံ အဓ္ဒစစ်သားစုဆောင်းခံရသူတဦး အိန္ဒိယသို့ ထွက်ပြေး





11ReadMore-2.jpg

အလံသစ်ကို မခံစားနိုင်ကြသော ကျောင်းဆရာများ

Home သတင်း ပြည်တွင်းသတင်း အလံသစ်ကို မခံစားနိုင်ကြသော ကျောင်းဆရာများ

“လူတစ်စု ကောင်းစားဖို့အတွက် ယတြာချေပြီး စီရင်ပြင် ဆင်ထားတဲ့ ဒီအလံသစ်အကြောင်းကို ကျနော်တို့ ကျောင်းမှာ လုံးဝကို မသင်ချင်ကြဘူးလေ” လှိုင်သာယာ မြို့ မူလတန်း ကျောင်းအုပ်ဖြစ်သူ ဆရာကြီး ဦးတင်ဝင်း
က မောက္ခသို့ ပြောကြားခဲ့ပါသည်။
ခေတ်အဆက်ဆက် အလံများ
၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် တတိယတန်း (grade 3) မြန်မာစာ ဖတ်စာတွင် အလံသစ်ကို ပြောင်းလဲထည့်သွင်း သင်ကြားသွားရန် ပညာရေး ၀န်ကြီးဌာန၏ ညွှန်ကြားမိန့်အပေါ်တွင် ယခုကဲ့သို့ တုန့်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
၂၀၀၈ ခုနှစ် နအဖ၏ တစ်ဖက်သက် ရေးဆွဲထားသည့် ဖွဲ့စည်းပုံအရ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် စတင်ပြောင်းလဲခဲ့သည့် အလံသစ်အကြောင်းကို ကျောင်းများတွင် သင်ကြားရန်အတွက် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဘိုဝင်းက အမိန့်ပေးခဲ့သည်။
သို့ရာတွင် ကျောင်းဆရာဆရာမများအနေဖြင့် ဤသင်ခန်းစာအသစ်ကို သင်ကြားရန် ဆန္ဒမရှိကြောင်းနှင့် အလံသစ်၏ မပြည့်စုံသေးသော အဓိပ္ပါယ်များအကြောင်းကို ကန့်ကွက်ပြောဆိုလျက်ရှိကြသည်။
“တကယ်တမ်းမှာတော့ သင်ရိုးညွှန်းတမ်းကို ဒီမိုကရေစီနည်းလမ်းတကျသာ ပြင်ဆင်ရေးဆွဲခွင့်ရှိတာပါ။ ဖွဲ့စည်းပုံကလည်း တဖက်သက်ရေးဆွဲထားတာကို ကျောင်းဆရာဆရာမများက နားလည်ထားကြတယ်။ အများပြည်သူလူထုရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး လုပ်ထားတဲ့ဟာကို မျိုးဆက်သစ်တွေအတွက် ဘယ်လိုလုပ်ပြီး လေ့ကျင့်ပေးနိုင်မလဲ။” မူလတန်း ဆရာမတစ်ဦးဖြစ်သူ၊ ဇီးကုန်းမြို့ အမကမှ ဒေါ်မင်းမင်းအေးက သူမတို့ အနေဖြင့် လက်မခံနိုင်ကြောင်းကို ရင်ဖွင့်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ်ဆရာကြီးမှ ယခုကဲ့သို့ ဆက်လက်ပြောပြခဲ့သည်။
“အားလုံးပဲ စိတ်ဆင်းရဲနေကြတယ်ဗျာ။ အများပြည်သူရဲ့ ဆန္ဒမပါတဲ့ လုပ်ရပ်အမှားကြီးကို ကျောင်းပညာရေးထဲ အမိန့်ပေးစေခိုင်းပြီး ဆွဲသွင်းနေတာလေ။ မြန်မာကျောင်းဆရာမှန်ရင် ဒါကို ဆန့်ကျင်ကြမှာပါပဲ။”

မောက္ခ ပြည်တွင်းပညာရေးသတင်း

11ReadMore-2.jpg

Template by:

Free Blog Templates