Wednesday, November 17, 2010

ဒီကေဘီအေနှင့် ကေအဲန်ယူ ပူးတွဲ တိုက်တော့မည်။




သွေးရင်းညီကိုယ်တွေ ပြန်ဆုံပြီ



ဒီတခါ ငါတို့ ကို သွေးခွဲခဲ့တဲ့ ခွေးတွေကို အပြတ်ပြန်ဆော်မယ် လို့  တိုးတိုးလေး ပြောသံ ကြားလိုက်ရတယ်



ဓါတ်ပုံ  သောသီခို

11ReadMore-2.jpg

အမျိုးသားပြန်လည်သင့်မြတ်မှုကိုလိုလားသော ဒီကေဘီအေ တပ်ဖွဲ့ ဝင်များအား ကရင်လူထုက နွေးထွေးစွာ ကြိုဆို


သောသီခိုမှ.......

ဓါတ်ပုံ + သတင်း = နန်းဖေါခလိန်း

ယနေ့  ၁၇၊ ၁၁၊ ၂၀၁၀ ရက်နေ့ တွင် ကရင်ပြည်နယ်တွင်းတစ်နေရာ၌ ၁၅ နှစ်ကျော်ကြာ နအဖ စစ်အစိုးရ၏ အစီအစဉ်ရှိရှိ ကရင်အချင်းချင်း အိုးမဲသုတ် ရန်တိုက်ပေးပြီး တိုက်ခိုက်သတ်ဖြတ် မှုများ၊ နအဖ စစ်အစိုးရ၏ သပ်လျှိုဖြိုခွဲမှုများကို သဘောပေါက်နားလည်လာပြီး အမျိုးသားပြန်လည်သင့်မြတ်မှုကို ရှေ့ ရှုလျက် ဘုံရန်သူ နအဖ စစ်အစိုးရအား မိခင် ကေအဲန်ယူအစည်းအရုံးနှင့်အတူ ပြန်လည် လက်တွဲ တိုက်ပွဲဝင်လာသော ဒီကေဘီအေ တပ်ဖွဲ့ ဝင်များအား ဒေသခံပြည်သူများ နှင့်နိုင်ငံတကာမှ ကရင်ပြည်သူများက ဂုဏ်ပြုကြိုဆိုပွဲတစ်ခုကို ယနေ့  ကျင်းပကြောင်း သတင်းရရှိပါသည်။

၎င်း ကြိုဆိုပွဲတွင် ဒီကေဘီအေ တပ်ကို ဦးဆောင်သူများမှာ အမှတ်(၉၀၁)တပ်ရင်းမှူး ဗိုလ်မှူးစတီးနှင့် ဌာနချူပ်တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်ရွှေဝ တို့ ဖြစ်ကြောင်းသတင်းရရှိပါသည်။ ယနေ့ ပြည်သူများ၏ ထောက်ခံဂုဏ်ပြုကြိုဆိုပွဲကို တက်ရောက်ခံယူသော ဒီကေဘီအေ တပ်သားအင်အားမှာ ၁၅၀ ကျော်ရှိကြောင်းနှင့် ကျန်ရှိသော တပ်သားအများစုမှာ လှူံခြုံရေးတာဝန်ယူထားရပါသဖြင့် လူမြင်ကွင်းတွင် မတွေ့  ရပါဟု နန်းဖေါခလိန်း မှ သတင်းပေးပို့ လာပါသည်။

၁၅ နှစ်ကျော် လျှောက်သွားနေတဲ့ အမေ့သားငယ်များရဲ့ အိမ်အပြန်လမ်းခရီးကို စောင့်ကြိုနေသူများ






သွေးရင်းညီကိုယ်တွေ ပြန်ဆုံပြီ



ဒီတခါ ငါတို့ ကို သွေးခွဲခဲ့တဲ့ ခွေးတွေကို အပြတ်ပြန်ဆော်မယ် လို့  တိုးတိုးလေး ပြောသံ ကြားလိုက်ရတယ်




သိတ်လှတဲ့ပန်းချီကားတချပ်နဲ့တူတယ်။

11ReadMore-2.jpg

သက်ဆိုင်သူ

ချစ်သူရေ

အရင်လို ယုံကြည်မှုတွေ
နွေးထွေးမှုတွေ
ပျော်ရွှင် ကြည်နူးစရာတွေ
မရှိတော့တဲ့
ချစ်သူနဲ့ ကျွန်မတို့
အချစ်တွေကို
ဘယ်အရာကများ
ပြန်လည်နီးစပ်စေမှာလဲ...


နားလည်ယုံကြည်မှုတွေနဲ့
အနေဝေးရင်
သွေးအေးတယ်ဆိုတဲ့
အဆိုကို
ချစ်သူရေ ကျွန်မလေ....
ဟားတိုက်ပြီး
ရယ်ခဲ့ဖူးတယ်


ဒါပေမယ့်လည်း ချစ်သူရယ်
ဘယ်အရာတွေကများ
အဲလောက် ပြောင်းလဲစေခဲ့တာလည်း
ကျွန်မတွေးမိတိုင်းရင်နာမိတယ်


ချစ်သူကို ချစ်ပေမယ့်
ွှအရင်လို ယုံကြည်မှုတွေ
မရှိချင်တော့တဲ့
ကျွန်မရဲ့ချစ်သူကို စိုးရိမ်မိတဲ့
ိစိတ်တွေကို
ထိန်းချုပ်နိုင်အောင်
ကြိုးစားပေမယ့်လည်း

ချစ်သူကိုဖုန်းဆက်တိုင်း
မအားလို့ပါဆိုတဲ့ အသံကို
ကြားတိုင်း ခံစားခဲ့ရတာပါ...


တကယ်ဆို
ချစ်သူသာကျွန်မကို
အရင်လို အချစ်မျိုးနဲ့
ချစ်သေးမယ်ဆိုရင်......
ချစ်သူကိုယ်တိုင်
ဆက်သွယ်ရမှာပေါ့နော်


အခုတော့....ကျွန်မ
အကြောက်ဆုံး
ရင်မဆိုင်ချင်ဆုံး
လမ်းခွဲရအောင်ဆိုတဲ့
စကားကို

မပြောချင်ပေမယ့်
ရင်နာနာနဲ့ ကျွန်မအရင်
ပြောပါရစေ..
ကျွန်မ ထပ်ပြီး မခံစားနိုင်တော့လို့ပါ....   
ဒီကဗျာလေးနဲ့အတူနုတ်ဆက်ခဲ့တယ်

မေလ်းထဲကပိုပေးလာတဲ့သူငယ်ချင်း အား ကျေးဇူးတင်ပါသည်။

11ReadMore-2.jpg

Template by:

Free Blog Templates