Friday, February 10, 2012

ကော့မူးမြို့  ရောက် ဒေါ်နန့်အောင်ဆန်းစုကြည်





ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမှာ ပထမဆုံး မဲဆွယ်
Saturday, February 11, 2012



ဒေါ်အောင်ဆန်းစုကြည်ဟာ
ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ ရွေးချယ်ထားတဲ့ ကော့မှူးမြို့
မဲဆန္ဒနယ်မြေကို ပထမဆုံး မဲဆွယ်ခရီးအဖြစ် ဒီကနေ့မနက် ရောက်ရှိသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြိုနေကြတာကို ရိုက်ကူးထားတဲ့
မှတ်တမ်းဓာတ်ပုံတွေ အင်တာနက်မှာ ချက်ချင်း တက်လာပါတယ်။ အထူးသဖြင့်
ဖေ့စ်ဘုတ် စာမျက်နှာတွေမှာပါ။ဒေါ်အောင်ဆန်းစုကြည်
လာမယ့် လမ်းမှာ စောင့်ကြိုနေကြတဲ့ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ
မင်္ဂလာပရဟိတဂေဟာမှ ကလေးများ (ဓာတ်ပုံ - 7Day သတင်းဂျာနယ်)ဂူဂဲလ်မြေပုံမှာတွေ့ရတဲ့ ရန်ကုန်၊ တွံတေး၊ ကော့မှူးဓာတ်ပုံ - 7Day သတင်းဂျာနယ်

11ReadMore-2.jpg

အမေရိကန်တစ်လွှားမှာအစိုးရိမ်လွန်ကဲနေသူမျုားအတွက် ဖတ်ရန်

ကမ္ဘာကြီး ပျက်စီးခါနီးလို့ ဗုံးခိုကျင်းများ ဝယ်နေကြပြီ15:04 Myanmar Express Group 3 comments၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ လ ၂၁ ရက်နေ့တွင် ကမ္ဘာကြီး ပျက်သုဉ်းတော့မည်ဟု လွန်ခဲ့သော ၅၁၂၅ နှစ်က မာယာလူမျိုးတွေက နက္ခဗေဒပညာတွေ သင်္ချာဗေဒပုံ သေနည်း များနဲ့ သေသေချာချာ တွက်ပြခဲ့သည်။ မာယာလူမျိုးများ၏ ဟောပြောချက်ကို ယုံကြည်သူအနောက်တိုင်းသား အများအပြားရှိသည်။ အမေရိကန် အာကာသ အေဂျင်စီ ဖြစ်သော နာဆာကပင် ဌာနခွဲတစ်ခုဖွင့်ကာ ထိုကိစ္စနှင့် ပတ်သက်၍လက်ခံ ပြန်ကြားပေးနေရသည်။ ”၂ဝ၁၂ မှာ ကမ္ဘာဘာမှ မဖြစ်နိုင်ဘူး”ဟု နာဆာအဖွဲ့က ၄င်း၏ ဝက်ဘ်ဆိုက်တွင် တင်ထားသည်။ ”ဒီကမ္ဘာဂြိုလ်ကြီက နောက် ထပ် နှစ် ၄ ဘီလျံလောက်ထိ ဘာမှမဖြစ်နိုင်ဘူး”ပြောသည်။ စိုးရိမ်ပူပန်နေသော အမေရိကန်များကား (၁၇)ပေါင်တန် အန္တရာယ်ကင်း လမ်းညွန် စာအုပ်မှစပြီး ပေါင် ၃၂ဝဝတန် ဗုံခိုကျင်းမျိုးထိ ဝယ်နေကြသည်။ ကယ်လီဖိုနီးယား ပြည်နယ်မှ စီးပွားရေး လုပ်ငန်းရှင် ရောဘတ် ဗီစီနိုဆိုလျှင် ဇိမ်ခံဗုံးခိုကျင်းများ ဆောက်လုပ်ကာ ငှားရမ်းရန်ပင် စီစဉ်နေသည်။ သူ၏ ဗုံခိုကျင်းတွင် တစ်နေရာ ငှားရမ်းရန် စရံသက် ထားသူစတိဗ်ကမူ ”ကျုပ်တို့ကရူးနေတာမဟုတ်ဘူး ကျုပ်မိသားစုက အသက်ရှင်ချင် ကြတော့ ဒီလိုပဲ လုပ်ရမှာပဲ။”ဟု ပြန်ပြော၏။ ဂျေဆန်ဟောခ်ျ ဆိုသူ ကလည်း ”ဒါက အသက်ရှင်ဖို့ အတွက် ရင်းနှီးမြှုပ်နှံမှုဗျ”ဟု ပြောသည်။

11ReadMore-2.jpg

KNU နှင့် ကြံ့ဖွံ့  တိုက်ပွဲ ပြန်ဖြစ်

0 Comments

ယနေ့မနက် (၉) နာရီခွဲ အချိန်ခန့်တွင်၊ မွန်ပြည်နယ် ကျိုက်ထိုအခြေစိုက် ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၉၆) တပ်ရင်းမှ စစ်ကြောင်း (၂) ကို ကေအန်ယူ (KNU) တပ်မဟာ (၅) ဧရိယာရှိ တပ်ဖွဲ့များနှင့် ဘီလင်းမြို့နယ်၊ ပေါဘော်ထနှင့် ဂိုဏ်အုပ်ကြား၌ မိနစ် (၃၀) ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်ဟု ကေအန်ယူ အရာရှိ တဦးကပြောပါသည်။ ယင်းတိုက်ပွဲတွင် အစိုးရ တပ်ဖက်မှ (၂) ဦးသေပြီး၊ ဒုရင်းမှူး အပါဝင် (၉) ဦး ဒါဏ်ရာ ရရှိခဲ့ပါသည်။“ ကျနော်တို့ဖက်က ကန့်သတ်ထားတဲ့နေရာဘဲလေ။ သူတို့က အကြောင်းမကြားဘဲနဲ့ တက်လာတာလေ။ သူတို့အ ပြန်မှာ ကျနော်တို့က တိုက်လိုက်တာဘဲ။ သဘောက အစိုးရတပ်တွေဟာ အမြဲတမ်းကို အခွင့်ကောင်းယူပြီးတော့ အသုံးချ နေ ကြပါ။ အခုလည်း ကေအန်ယူနဲ့ တွေ့ဆုံဆွေးနွေးပွဲရှိတယ်ဆိုပြီးတော့ ပိတ်နေကျနေရာကို အသိမပေးဘဲတက် လာတယ်လေ။ ဘယ်ရမလဲ။ ဒါကြောင့် အပြန်မှာ တိုက်ဖို့ဆုံးဖြတ်ပြီး တိုက်လိုက်တာပါ” ဟု အဆိုပါကေအန်ယူ အရာရှိက ဆိုပါသည်။အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပဲခူးတိုင်း၊ တောင်ငူခရိုင်ရှိ ကေအန်ယူ တပ်မဟာ (၂) ဧရိယာမှာလည်း ၊ ကေအန်ယူထောင်ထားသည့်မိုင်းကြောင့် အစိုးရတပ်ဖွဲ့မှ စစ်ကားတစီး ပျက်စီးသွားပါသည်။ကေအန်ယူနှင့် အစိုးရတို့သည်၊ လာမည့်ဖေဖေါ်ဝါရီလကုန်ပိုင်းတွင် အပစ်အခတ်ရပ်စဲရန် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပါသည်။ အခုလို အချိန်မျိုးတွင် နှစ်ဖက်တိုက်ခိုက်မှုများ၊ ဖြစ်ပေါ်သော်လည်း တွေ့ဆုံဆွေးနွေးရေးကို ထိခိုက်မှာ မဟုတ်ဘူးလို့ ကေအန်ယူ၏ စစ်ရေး အခြေအနေကို လေ့လာနေသည့် နယ်စပ်ရှိ စစ်ရေးအကဲခတ်များက ဆိုပါသည်။ကေအန်ယူ အဖွဲ့တွင်း၌လည်း၊ အပစ်အခတ် ရပ်စဲရေးကို လက်ခံသည့်သူများနှင့် လက်မခံသည့်သူများ ဟူ၍ အုပ်စုနှစ်စုရှိနေသည် ဟု ကေအန်ယူအရာရှိများက ပြောပါသည်။ ဤအထဲ၌ ကေအန်ယူ ဥက္ကဌဦးဆောင်သည့် အဖွဲ့က အပစ်အခတ်ရပ်စဲ ရေးကို လက်မခံသလို၊ ကေအန်ယူ စစ်ဦးစီးချုပ် ဦးဆောင်သည့်အဖွဲ့က လက်ခံသည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။

11ReadMore-2.jpg

Template by:

Free Blog Templates