Monday, July 4, 2011

ခိုင်မြဲတည်တံ့သောအစိုးရ (စောဘဦးကြီးရေးသည်)

တိုင်းပြည်မရှိသော  လူတစ်မျိုးသည်  လူမျိုးကြီးတစ်မျိုး(Nation)ဟုကမ္ဘ္ဘာအသိအမှတ်ပြုလိမ့်မည်
မဟုတ်ခြေ။အကြောင်းမှုကား၎င်းလူမျိုးသည်  ကိုယ့်မင်းကိုယ့်ချင်းနဲ့နေနိုင်ခွင့်မရဘဲတပါးလူမျိုး၏
လက်အောက်၌သာနေ ထိုင်ကြရခြင်းကြောင့်ဖြစ်ပေသည်။   ပင်ကိုတိုင်းပြည်ရှိနှင့်သောလူတစ်မျိုး
သည်ကိုယ့်မင်းကိုယ့်ချင်းနှင့်မနေရသော်    မိမိတို့၏ ညံ့ဖျင်းမှုကြောင့် သာလျှင်ဖြစ်ပြီး နိုင်ငံရပ်ခြား
တိုင်းတစ်ပါးသားများ၏    လက်အောက်ခံအဖြစ်ဖြင့်သာအောက်ကျနောက်ကျ   ရှိကြရလေသည်။
သို့ရာတွင်ကိုယ့်တိုင်းကိုယ့်ပြည်ကိုယ့်မင်းကိုယ့်ချင်းနှင့်ရှိသောလူမျိုးတို့သည်ကား သူတပါး၏လက်
အောက်ခံသို့မရောက်စေရန်ခိုင်မြဲတည်တံ့သောအစိုးရကိုရရန်အတွက်အင်တိုက်အားတိုက်လုံးပန်း
ကြရမည်ပင်ဖြစ်သည်။အောက်ပါအချက်ကြီး(၃)ချက်နှင့်ပြည့်စုံသောအစိုးရသည် ကာလကြာမြင့်စွာ
တည်တံ့နိုင်မည်ဖြစ်ပေသည်။

 
( ၁ )    လူထူမေတ္တာ
( ၂ )    လူထု၏ကြည်ညိုခြင်း 

( ၃ )    လုံခြုံမှုတွက်စိတ်ချရခြင်း 


                        

                        (၁) လူထုမေတ္တာ
             

အစိုးရတိုင်း၌ ပထမလိုအပ်သော  တာဝန်ဝတ္တရားသည်ကား   တိုင်းပြည်အတွင်းငြိမ်ဝပ်  ပိပြားရေး
ရရှိအောင်စောင့်ရှောက်ထိန်းသိမ်းရေးပင်ဖြစ်သည်     တိုင်းပြည်အတွင်းငြိမ်ဝပ်ပိပြား ရေး ရရှိသည်
နှင့်အမျှတိုင်းရင်းသားများ၏ အသက်နှင့်စည်းစိမ်လုံခြုံမှုတို့ကို  ရရှိနိုင်မည်ဖြစ်၍  တိုင်းရင်းသားများ
၏သက်သာချောင်ချိရေးသည် ပေါက်ဖွါးလာကာ အစိုးရအပေါ်၌ ကြည်ညိုအားထားလေးစားသော
မေတ္တာစိတ်များသည်    အလိုအလျှောက်ဖြစ်ပေါ်လာမည်ဖြစ်ပေ သည်။လူထု၏မေတ္တာအစစ်အမှန်
ကို  တကယ်တမ်းရရှိသော အစိုးရသည်    မိမိတို့၏  စီမံအုပ်ချုပ်မှု၌ အခက်အခဲဟူသ၍ တို့ကိုလွယ်
ကူစွာအောင်မည်နိုင်မည်ဖြစ်သဖြင့်အုပ်ချုပ်ရေးတည်တံ့မှုကိုရရှိနိုင်မည်ဖြစ်ပေသည်။သို့ဖြစ်၍တည်
တံ့ခိုင်မြဲလိုသောအစိုးရတိုင်းတိုင်ပြည်၏လူထုမေတ္တာကိုရယူသင့်ကြပေသည်။            


       

                         (၂ ) လုထု၏ကြည်ညိုခြင်း 



အစိုးရ၏အုပ်ချုပ်မှုတည်တံ့ရေးတွင်အကျုံးဝင်လျှက်ရှိသော အရင်းခံဝတ္တရားကြီးတစ်ခုသည်ကား
တိုင်းပြည်၏ကိုယ်စားလှယ်အစစ်အမှန်များကို   တရားသောနည်းအတိုင်းရွေးကောက်တင်မြှောက်
၍   အဆိုပါကိုယ်စားလှယ်များက ရေးဆွဲသောဥပဒေများကို  တိုင်းရင်းသားအားလုံးစည်းကမ်းသေ
ဝပ်စွာ ညီညီညာညာလိုက်နာကြခြင်းပင်ဖြစ်၏။အစိုးရသည်တိုင်းပြည်၏စည်းကမ်းဥပဒေအရတရား
သဖြင့်အုပ်စိုးနိုင်မှသာလျှင် လူထုကြည်ညိုခြင်းကိုခံရလိမ့်မည်ဖြစ်၏။ လူထု၏ကြည်ညိုခြင်းကိုရရှိမှ
သာလျှင် အုပ်ချုပ်ရေးတည်တံ့ခိုင်မြဲနိုင်မည်ဖြစ်ပေသည်။  မျက်နှာကြီးငယ်လိုက်ခြင်း၊အဂတိတရား
လိုက်စားခြင်း၊လာဘ်ပေးလာဘ်ယူမှုများကိုလက်သင့်ခံခြင်းစသည်တို့ဖြင့်မကင်းသောအစိုးရသည်
လူထု၏အကြည်ညိုကိုအခိုက်အတန့်မျှသာရယူနိုင်မည်ဖြစ်သဖြင့်လူထု၏ထောက်ခံမှုကိုကြာမြင့်စွာ
မရနိုင်ဘဲအုပ်ချုပ်ရေးတည်တံ့မှုကိုပျက်ပြားစေရန်အကြောင်းတစ်ရပ်ဖြစ်ပေသည်။ 
                  

                   (၃) လုံခြုံမှုအတွက်စိတ်ချရခြင်း                        
 

တိုင်းသူပြည်သားအားလုံးတို့၏လုံခြုံစွာနေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရသည်စီမံပေးနိုင်
ရမည်ဖြစ်၏။ ပြည်တွင်း၏ဆူးညှောင့်ခလုတ်များဖြစ်ကြသော  ခိုးသား။ဓါးပြနှင့်သောင်းကျန်းသူများ
ကိုနှိမ်နှင်းနိုင်ရမည်အပြင် ပြည်ပဖြစ်သောတိုင်းတစ်ပါးသားတို့၏ဘေးရန်ကိုလည်း ကာကွယ်ပေးနိုင်
စွမ်းရှိရမည်ဖြစ်ပေသည်။  တိုင်းပြည်အတွင်းလုံခြုံမှုအတွက်  စိတ်ချလက်ချ မနေကြရလျှင်တိုင်းရင်း
သားများသည် မိမိတို့၏အစိုးရအပေါ်တွင်အယုံအကြပျက်ပြားကာ   အုပ်ချုပ်မှုတည်တံ့ရေးကို ချက်
ချင်းထိခိုက်နိုင်စရာအကြောင်းရှိပေသည် ဖေါ်ပြပါအချက်သုံးချက်နှင့်ပြည့်စုံသောအစိုးရတိုင်းသည်
မိမိတို့၏အုပ်ချုပ်ရေးနှင့်ပတ်သက်၍တိုင်းရင်းသားများ၏   ယုံကြည်အားထားမှု၊ကြည်ညိုလေးစားမှု၊

စိတ်သက်သာမှုစသည်တို့ကို တကယ်တမ်းရရှိနိုင်မည်ဖြစ်ရာ တိုင်းရင်းသားအားလုံးကြီပွါးတိုးတက်မှု
သက်မှုသက်သာချောင်ချမှုတို့ကြောင့် စည်ပင်ဝပြောသောတိုင်းပြည်အဖြစ်သို့အသွင်ပြောင်းနိုင်မည်
ဖြစ်သည့်အတိုင်း တည်တံ့ခိုင်မြဲသောအစိုးရအဖြစ်ဖြင့် တည်မြဲနိုင်မည်ဖြစ်သောကြောင့် ကမ္ဘာတခွင်၌
တိုင်းပြည်အသီးသီးရှိအစိုးရအဖွဲ့တိုင်းသည် တည်တံ့ခိုင်မြဲသောအစိုးရဖြစ်လိုသော ဖေါ်ပြပါအချက်

ကြီး(၃) ချက်ကိုလက်မလွတ်သင့်ကြောင်း ရေးသားရပေသတည်း။         













11ReadMore-2.jpg

Template by:

Free Blog Templates