Wednesday, May 18, 2011

ကရင်ပြည်နယ်၌ ၄ လအတွင်း တိုက်ပွဲပေါင်း ၃၅၉ ကြိမ်ဖြစ်ပွား


//ehkhaungthaunt.blogspot.com

အစိုးရ စစ်တပ်နှင့် ကရင်လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ပူးပေါင်းတပ်ဖွဲ့ အကြား ယခုနှစ် ဇန်န၀ါရီလမှ ဧပြီလ အထိ တိုက်ပွဲပေါင်း ၃၅၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNLA ၏ သုံးလပတ် စစ်တမ်းများ အရ သိရသည်။


တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဖောဒိုနှင့် ၁၀၁တပ်ဖွဲ့ဝင်များ ဓာတ်ပုံ-ehka


တိုက်ပွဲများသည် ကရင်ပြည်နယ် အတွင်း၌ ဖြစ်ပွားခဲ့ပြီး အစိုးရ စစ်တပ်ဘက်မှ ၆၁၁ ဦး သေဆုံး၍ ၈၄၈ ဦးဒဏ်ရာရရှိခဲ့ ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဘက်မှ ၆ ဦး သေဆုံး၍ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်တမ်း၌ ဖော်ပြထားသည်။

KNLA တပ်မဟာ ၇ မှ ဗိုလ်မှူးချုပ် စောဂျော်နီက “အခုအချိန် အထိ အပြောင်းအလဲတွေ မတွေ့ရသေးဘူး၊ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲဖို့ အစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို တွေ့ဆုံ ဆွေးရမယ်”ဟု ဧရာဝတီသို့ ပြောသည်။

တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များကို အစိုးရအနေဖြင့် နိုင်ငံရေး နည်းလမ်း အရ တွေ့ဆုံရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

နယ်မြေခံ အစိုးရစစ်တပ်မှ အထက် တာဝန်ရှိသူများထံ တိုက်ပွဲသတင်းနှင့် ပတ်သက်၍ ပေးပို့သော အချက်အလက်များ၌ အစိုးရတပ်ဖွဲ့ဝင်များ သေဆုံးသူ စာရင်း ပါဝင်ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တဦးက ဆိုသည်။

၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ်က စတင်၍ မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် အစိုးရတပ်နှင့် DKBA အကြား နေ့စဉ်နီးပါး တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ်(ခေါ်) ဗိုလ်နှုတ်ခမ်းမွေး၏ တပ်ဖွဲ့ကမူ ယင်းအစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

ယင်းသို့ ခွဲထွက်ခဲ့ပြီးနောက်ပိုင်း DKBA တပ်ဖွဲ့ဝင်များသည် စစ်အစိုးရကို တိုက်ခိုက်ရာမှာ ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အကြား ပိုမိုအင်အား ကောင်းလာကြောင်း စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။

စစ်အစိုးရက ဖွဲ့စည်းပေးထားသော ကရင် နယ်ခြားစောင့်တပ်ဖွဲ့ တချို့ကလည်း DKBA တပ်ဖွဲ့ဝင်များထံ လာရောက်ပူးပေါင်းခဲ့ ကြကြောင်း ၎င်းက ဆိုသည်။

ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် လှုပ်ရှားနေသော တပ် ဖွဲ့ ဖြစ်သည်။

KNLA တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဖောဒိုကမူ“ကျနော်တို့ အရင်ကထက် ပိုပြီး အင်အား ကောင်းလာတယ်၊ အရင် က ကျနော်တို့ စွန့်ခွာခဲ့တဲ့ နေရာတွေတောင်မှ ကျနော်တို့အဖွဲ့ဝင်တွေ ကင်းလှည့်နိုင်တဲ့ အခြေအနေတွေရှိပြီ”ဟု ပြောသည်။

၎င်းကဆက်လက်၍ “တကယ်လို့ အစိုးရအသစ်က ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးမယ် ဆိုလို့ရှိရင် တိုက်ပွဲတွေ နည်းလာမယ်၊ ငြိမ်းချမ်းရေး အတွက် အစိုးရက မဆွေးနွေးဘူးဆိုရင် တိုက်ပွဲတွေ ဆက်ဖြစ်နေမှာပဲ၊ ဒါအခု တက်လာတဲ့ အစိုးရအသစ်အပေါ် မူတည်နေပါတယ်”ဟု ပြောဆိုသည်။

11ReadMore-2.jpg

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသော်မြို့နယ်အတွင်း ဒေသခံရွာသား (၉,၀၀၀) နီးပါး စားနပ်ရိက္ခာ အကျပ်အတည်း ကြုံတွေ (ရုပ်သံ)

11ReadMore-2.jpg

ပစ်ခတ်မှု အရပ်သား ၃ဦးသေဆုံး၊ ၈ဦး ထိခိုက်ဒဏ်ရာရရှိ

မေလ ၁၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်တွင် ခိုလှုံနေရသည့်စစ်ပြေးရွာသား မိသားစုများ (Photo-KHRG)





ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲတွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက အစိုးရစစ် တပ်နှင့် လက်နက် ကိုင်ကရင်တပ်ဖွဲ့တို့ကြား ပစ်ခတ်မှုများအတွင်း အရပ်သား ၃ဦးသေဆုံးပြီး ၈ဦး ထိခိုက်ဒဏ်ရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အ ရေးအဖွဲ့ KHRGက ယနေ့ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့မှ ၃၀ရက်နေ့အထိ အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့တို့ကြား လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုကြောင့် ဒေသခံရွာသားများ ထိုကဲ့သို့ ထိခိုက်သေဆုံးခဲ့ ရခြင်းသည်ဟု KHRG၏ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။



လက်နက်ကြီး ကျည်စထိမှန်သည့်ရွာသားတစ်ဦး (Photo-KHRG)

၎င်းပစ်ခတ်မှုများကြောင့် ကျိုက်ဒုံမြို့နယ်ခွဲရှိ အဇင်း၊ ဘုရားငုတ်တို၊ တအေးရှေး၊ မိနန်းအပ် စသည့်ကျေးရွာ များမှ ရွာသား ၁၄၃ဦးသည် ထိုင်းနိုင်ငံနယ်စပ်တစ်နေရာသို့ ထွက်ပြေးခိုခဲ့ရသည့်အပြင် လူနေအိမ်တချို့ကို လည်း အစိုးရစစ်တပ်မှ မီးရှို့ဖျက် ဆီးခဲ့သည်ဟု KHRG က ပြောသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စောအဲလ်ဘတ်(Albert)က “အဲဒီပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ လူတချို့ကို ကျနော်တို့လူတွေ ကိုယ်တိုင်ကိုယ်ကျ သွားပို့ခဲ့ရတယ်။ ကျိုက်ဒုံဆေးရုံမှာ တယောက်သေတယ်။ နောက် တစ် ယောက်ကတော့ မျက်လုံးထိမှန်သွားတော့ အခု ထိုင်းဘက်ခြမ်း၊ အုန်းဖန်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။”ဟု ပြော သည်။

ထိုင်းနိုင်ငံနယ်စပ်တွင် ထွက်ပြေးခိုလှုံနေသည့် အဆိုပါရွာသားများသည် လက်ရှိအချိန်တွင် အလုပ်ခွင်အ တွင်းသို့ ပြန်လည် လုပ်ကိုင်ကြပြီဖြစ်သော်လည်း နယ်မြေမတည်ငြိမ်သည့် အခြေအနေကြောင့် စိုးရိမ်မှု များဖြင့် အလုပ်လုပ်ကိုင်နေရသည်ဟု စော အဲလ်ဘတ်က ပြောသည်။

“အခုချိန်မှာတော့ ရွာသားတွေ အလုပ်ပြန်ဆင်းကြပြီ။ ဒါပေမယ့် အခြေအနေက တည်ငြိမ်မှု အပြည့်အ၀ မရှိသေးတဲ့အချိန်ဆို တော့ သူတို့သားသမီးတွေကို နယ်စပ်မှာပဲ ထားခဲ့ရတယ်။ စိုးရိမ်စိတ်တွေ၊ ကြောက် စိတ်တွေရှိပေမယ့် အလုပ်ကိုတော့ သူတို့ ချန်ထားပစ်လို့မရဘူးလေ။”ဟု ပြောသည်။

၎င်းပစ်ခတ်မှုတွင် အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့တို့သည် နှစ်ဘက်ထိခိုက်သေဆုံးမှုများရှိသလို ယင်းပစ် ခတ်မှုများကြောင့် ကျိုက်ဒုံမြို့နယ်မှ ဒေသခံပြည်သူ ၇၀၀ကျော် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ်၊ ပိုင်ခလန်ကျေး ရွာနှင့် အနီးတ၀ိုက်တွင် ထွက်ပြေးခို လှုံခဲ့သည်ဟု ထိုင်းနယ်စပ်အခြေစိုက် သတင်းဌာနများ က ဖော်ပြခဲ့သည်။

ကျိုက်ဒုံမြို့နယ်ခွဲအတွင်း ရက်သတ္တပတ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့တို့ကြား ပစ် ခတ်မှုများ ဖြစ်ပွားလျှက်သော်လည်း နောက်ထပ် အရပ်သား ထိခိုက်သေဆုံးမှုများ မရှိတော့ကြောင်း KHRG က ပြောသည်။

11ReadMore-2.jpg

Template by:

Free Blog Templates