Saturday, December 25, 2010

ကေအဲန်ယူ၏ စောင့်ကြိုတိုက်ခိုက်မှုကြောင့် ရက်ပိုင်းအတွင်း နအဖနှင့် BGF ကျဆုံးထိခိုက်မှုရှိ

ဒီဇင်ဘာလ ၂၅ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောဒေသတွင် ယခု ရက်ပိုင်းအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA ၏ စောင့် ကြိုတိုက်ခိုက်မှုကြောင့် နအဖ ခလရ(၁၀၆)တပ်ဖွဲ့မှ ကျဆုံးပြီး နယ်ခြားစောင့်တပ် BGF မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇)က ပြောသည်။
နအဖ ခလရ(၁၀၆)တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၃ရက်နေ့မနက်ပိုင်းမှစ၍ ၎င်းတို့လက်နက်ကြီးတပ်ဆင်ထားရာ ကဆော ၀ါးလေး၊ ကြယ်ပြောင်ကုန်းနေရာများမှ မာနယ်ပလောရှိ ကေအဲန်ယူတပ်များ ရှိနိုင်မည့်နေရာများသို့ လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့ပြီးနောက် စစ်ကြောင်းတက်လာရာ မွန်းလွဲပိုင်း၌ မောကွီးနေရာအရောက်တွင် ကေအဲန်ယူ တပ်မဟာ(၇) လုံခြုံရေးတပ်ခွဲ ၏ စောင့်ကြိုတိုက်ခိုက်ခြင်းခံရပြီး ခလရ(၁၀၆) တပ်ဖွဲ့ဝင် ၅ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၇)မှူးက ကေအိုင်စီ ကို ပြောသည်။

ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “အဲဒီနေ့ မနက်ပိုင်းကတည်းက နအဖ ခလရ(၁၀၆)က မာနယ်ပလော ဂွင်မှာ လက်နက်ကြီးတွေ အလုံး ၅၀ကျော် ပစ်ချတယ်လေ။ သဘောက သူတို့တက်လာဖို့အတွက် အဲဒီမှာလှုပ်ရှားနေတဲ့ ကျနော်တို့တပ်တွေ ရှိနိုင်တဲ့နေရာကို လှမ်းပစ်တာ။ မွန်းလွဲ ၂း၅၅နာရီမှာ သူတို့တက်လာတော့ ကျနော်တို့တပ်တွေက စောင့် ပြီးပစ်တယ်။ အဲဒီမှာ တခါတည်းပဲ နအဖ ၅ယောက် ကျသွားတယ်။”ဟု ဆိုသည်။

အဆိုပါမွန်းလွဲပိုင်း တိုက်ပွဲမှာ ၈မိနစ်သာ ကြာမြင့်သော်လည်း နအဖတပ်များက ၁၂၀-မမ စိန်ပြောင်း၊ ၆၀-မမ၊ ၈၁-မမနှင့် RPG-7 စသည့် လက်နက်ကြီး အမျိုးအစားများကိုသုံးပြီး မာနယ်ပလောဂွင်တစ်ဝိုက်တွင် နယ်မြေရှင်းလင်းသည့်အနေဖြင့် ပစ် ခတ်နေခြင်း ဖြစ်သည်။

ထိုနေ့မနက် ၇နာရီကျော်၊ ညနေ ၅နာရီနှင့် ည ၁၁နာရီအချိန်တို့တွင် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့နှင့် ကေအဲန်ယူ တပ်ဖွဲ့ ၀င်များ ပလီတခေါ်ကျိုးနေရာ၌ ပစ်ခတ်မှုဖြစ်ပွားရာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ ထိုနေ့ညနေ၌လည်း ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံရွာအထက်ဘက် တောင်ခြေတနေရာတွင် နအဖ ခမရ (၅၈၈)တပ်နှင့် ကရင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၄ဦး ကျဆုံး၊ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၂ရက်နေ့ကလည်း အင်အား ၆၀ကျော်ရှိ အဆိုပါ ခလရ(၁၀၆)မှ စစ်ကြောင်းတကြောင်းကို ကေအဲန်ယူ တပ်ဖွဲ့ ၀င်များက ကြယ်ပြောင်ကုန်းတ၀ိုက်တွင် စောင့်ပစ်ရာ တပ်သားတဦး၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီးနှင့် ဗိုလ်တစ်ဦး စုစုပေါင်း ၄ဦး ကျဆုံးသွားခဲ့သည်။

၎င်းအပြင် ကလူးထောအခြေစိုက် ဗိုလ်မှူးစောပိ ဦးစီးသည့် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့ဝင်များနှင် ကေအဲန်ယူ တပ်ရင်း (၂၀၂)တပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားရာ မနက် ၆နာရီဝန်းကျင်တွင် ဟောထီးပယ်နေရာ၌ ၂ဦး ထိခိုက်မှုရှိပြီး မွန်းလွဲ ၂နာရီခွဲတွင် သေ့ဝါ့လော်ကျိုးနေရာ၌ ၁ဦး ထိခိုက်မှုရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက ပြောသည်။

ယင်းတိုက်ပွဲများတွင် ကေအဲန်ယူဘက်မှ ထိခိုက်ကျဆုံးမှုမရှိသည့်အတွက် ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်စောဂျော်နီကို ကေအိုင်စီက မေးမြန်းရာ “ကျနော်တို့က ကိုယ့်လူကို အထိခိုက်၊ အကျဆုံးမခံနိုင်အောင် ပြောက်ကျားနည်းနဲ့ပဲ တိုက်ခိုက်စေ တယ်။ ဒီနည်းက ကိုယ့်တပ်ဖွဲ့ဝင်တွေကို ဆုံးရှုံးမှုနည်းစေတယ်လေ။”ဟု ရှင်းလင်းပြောဆိုသည်။

နအဖ တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်များသည် လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြ၀တီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် ကေအဲန်ယူ၊ ဒီကေဘီအေတပ်များနှင့် တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားနေသော်လည်း ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးမှုကို ထုတ် ဖော်ပြောဆိုခြင်း မရှိပေ။

11ReadMore-2.jpg

စစ်ပြေးဒုက္ခသည်များကို ဆေးစစ်၊ တိုက်ပွဲများ ဆက်ဖြစ်ဆဲ

ဧရာဝတီ

နယ်စပ်တိုက်ပွဲ များကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသော စစ်ပြေး ဒုက္ခသည် ၂၀၀ ကျော်ကို ထိုင်းဒေသခံ ရွာသားများက ကူးစက်ရောဂါပိုးများ ပါရှိနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် မြန်မာဘက်သို့ ပြန်ပို့ရန် တောင်းဆိုကြောင်း သိရသည်။



ယာယီ ဒုက္ခသည်စခန်းတွင် စစ်ပြေးဒုက္ခသည်တဦးကို ဆေးစစ်ပေးနေစဉ်။ (ဓာတ်ပုံ - ဧရာဝတီ)
စစ်ပြေးဒုက္ခသည်များသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်းရှိ ဝေါ်လေဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ အကြား ယခင်လ ဆန်းပိုင်းမှ စတင်ဖြစ်ပွားနေသည့် ရက်ရှည်တိုက်ပွဲများကြောင့် ထွက်ပြေးလာသူများ ဖြစ်သည်။

ဒုက္ခသည်များအရေး ကူညီဆောင်ရွက်နေသူ တဦးက “ဝေါ်လေရွာရဲ့ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦးဆီမှာ ဦးနှောက်အမှေးရောင် ရောဂါပိုး စစ်ဆေးတွေ့ရှိတဲ့ အတွက် ဒီကူးစက်ရောဂါပိုးဟာ မြန်မာ ဒုက္ခသည်တွေဆီက ကူးတာဖြစ်နိုင်တယ်ဆိုပြီး ဒီနေ့လယ်မှာ ဒုက္ခသည်တွေကို ထိုင်း ကျန်းမာရေးဌာနက ဆေးလာစစ်နေတယ်။ ထိုင်း ရွာခံတွေကတော့ ဒုက္ခသည်တွေဆီက လာတာဆိုပြီးတော့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ အာဏာပိုင်တွေကို ပြောဆိုနေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် နိုင်ဆူထင်း ဆ၀ါနစင်၏ ညီမဖြစ်သူက “ဘယ်ကစပြီး ကူးတာကိုတော့ စစ်နေတုန်းပဲ။ ဒီစစ်ပြေး ဒုက္ခသည်တွေ ကျမတို့ရွာမှာ လာနေကြတာ ၂ လရှိတော့မယ်။ အဲလိုကာလ ကြာရှည်လာတဲ့ အပေါ်မှာ ရွာသားတွကလည်း သူတို့ကို ပြန်စေချင်တဲ့ ဆန္ဒတွေရှိကြတယ်” ဟု ပြောသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ ယမန်နေ့က ဒုက္ခသည်အားလုံးကို ဆေးစစ်ရာတွင် မည်သည့် ရောဂါ လက္ခဏာမျှ မတွေ့ရကြောင်း သိရသည်။

ထိုင်းဘက်ခြမ်းတွင် ဖွင့်လှစ်ပေးထားသည့် ယာယီ ဒုက္ခသည်စခန်းတွင် ခိုလှုံနေသူ ၂၃၃ ဦး ရှိပြီး တင်းကျပ်ထားသည့် စည်းကမ်းချက်များကြောင့် စခန်းထဲသို့ မ၀င်ဘဲ နယ်စပ်တွင် မိမိအစီအစဉ်နှင့် ခိုလှုံနေသူ မြန်မာစစ်ပြေး ဒုက္ခသည် ၃၀၀ ခန့်ရှိသေးကြောင်း NGO အဖွဲ့တခုမှ တာဝန်ရှိသူက ပြောသည်။

ထိုင်း လယ်ပိုင်ရှင်တဦးက “ထိုင်းဘက်ကတော့ မြန်မာဘက်မှာ ဘာတိုက်ပွဲတွေမှ မဖြစ်စေချင်ဘူး။ ထိုင်း စိုက်ပျိုးရေး လုပ်ငန်းရှင် အများစုက ဝေါ်လေမြိုင်ဒေသမှာ လယ်ယာမြေတွေငှားပြီး ကောက်ပဲသီးနှံတွေ သွားစိုက်ပျိုးကြတယ်။ ပြီးရင် အဲဒီထွက်ကုန်တွေကို ထိုင်းဘက် ပြန်တင်သွင်းကြတဲ့လုပ်ငန်းက အကျိုးအမြတ် အတော်လေးရှိတဲ့အတွက် မြန်မာဘက်မှာ အေးအေး ဆေးဆေးဖြစ်ဖို့ ထိုင်းဖက်က ဆန္ဒရှိကြတယ်” ဟု ဆိုသည်။

သို့သော် DKBA နှင့် နအဖတပ်များ ယမန့်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။



တိုက်ပွဲဖြစ်ပွားရာ တကော်ကျိုး တောင်ကုန်းမှ DKBA တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ - ဧရာဝတီ)
မြ၀တီခရိုင် ဖလူးဒေသတွင် DKBA နှင့် နအဖ ခြေလျင်တပ်ရင်းများ ယမန်နေ့ နံနက် ၆ နာရီကျော်မှ မွန်းလွဲ ၁ နာရီအထိဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ဖလူးရွာသားတဦး လက်နက်ကြီးကျည် ထိမှန်သောကြောင့် မဲဆောက်ဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း၊ ဆေးကုသမှုကိစ္စများကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) က တာဝန်ယူပေးထားကြောင်း သိရသည်။

ဖလူးလေးရွာရှိ စစ်ရေးအရ ဗျူဟာကျသည့် တောင်ကုန်းကို DKBA အဖွဲ့မှ သိမ်းယူရန် တက်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယင်းတိုက်ပွဲတွင် ဖလူးဒေသအခြေစိုက် နအဖ ခြေလျင်တပ်ရင်း (၂၃၀)၊ ခြေမြန်တပ်ရင်း (၅၄၇)၊ (၃၅၆) တို့နှင့် DKBA ကလိုထူးဘော ဗျူဟာ (၁) တပ်ဖွဲ့တို့အကြား ဖြစ်ပွားခြင်းဖြစ်ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ မသိရှိရသေးကြောင်း DKBA မှ ဗိုလ်မှူးကြီး ကျော်သက်က ပြောသည်။

၎င်းက “ဒီနေ့ဖြစ်တာက တကော်ကျိုးတောင်မှာ။ တိုက်ပွဲက ၇ နာရီနီးပါးကြာတယ်။ နအဖဘက်ကနေ လက်နက်ကြီးနဲ့ပစ်တာ အလုံး ၃၀ ဆယ်လောက်ရှိမယ်။ ဖလူးလေးရွာထဲကို ကျတာလည်း မနည်းဘူး။ ရွာသားတချို့ ဒဏ်ရာရတယ် လို့သိရတယ်” ဟု ပြောသည်။

ထိုင်းနယ်ခြားစောင့် တပ်မှူးတဦးက “မြ၀တီ ဖလူးဒေသမှာရှိတဲ့ မဟာဗျူဟာကျတဲ့ တောင်ကုန်းအများစုကို မြန်မာစစ်တပ်က အခိုင်အမာတပ်စွဲပြီး ထိန်းချုပ်ထားတဲ့အတွက် ဒီတောင်ကုန်းတွေကို တက်သိမ်းဖို့ဆိုရင်တော့ သိပ်တော့မလွယ်ဘူးလို့ ထင်တယ်” ဟု ပြောသည်။
Collapse...

11ReadMore-2.jpg

ဒီကနေ့ ဖလူးဒေသက တိုက်ပွဲ ၇ နာရီခန့် အချိန်ကြာခဲ့

နေ့သစ်သတင်းမှ.....



dkba
မြ၀တီမြို့တောင်ဘက် ဖလူးဒေသမှာ ဒီကနေ့မနက်စောစောက နအဖ တပ်ရင်းသုံးရင်း နေရာယူထားတဲ့ နေရာတွေကို ဒီကေဘီ အေ တပ်ဖွဲ့ဘက်မှ တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ အပြင်း အထန်ဖြစ်ပွားခဲ့ပါတယ်။
ဒီမနက်တိုက်ပွဲဟာ ဖလူးလေးဒေသမှာ ဖြစ်ပွားနေခဲ့တာဖြစ် တယ်။ တိုက်ပွဲစဖြစ်တာ ၆ နာရီလောက်က စလိုက်တာ နေ့ခင်း ၁ နာရီခန့်လောက်အထိ ကြာခဲ့ပြီး။ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ အချိန်တော်တော်ကြာ ဖြစ်ခဲ့ ပါတယ်။

ဒီကနေ့ ဖလူးလေးနေရာမှာဖြစ်သွားတဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ ဒီကေဘီအေ ကလိုထူး ဘောဗျူဟာမှ တာဝန်ရှိသူ ဗိုလ်မှူးတဦး ပြောပြတာက …
“ဒီနေ့တိုက်ပွဲက ၇ နာရီလောက်ကြာသွားတယ် နအဖ ဘက်က ခလရ ၂၃၀၊ ခမရ ၅၄၇၊ ၃၅၆ အဲဒီတပ်တွေပါတယ်။ နအဖ စစ်တပ်ဘက်က ၆ ယောက်ကျဆုံးပြီး ၁၁ ဒါဏ်ရာရ တယ်လို့ သိရတယ်။ မင်းလက်ပံရွာက ပစ်ခတ်နေတဲ့ကြားထဲ ပဲလာသိမ်းတဲ့ ရွားသားတ ဦးလည်း ဒါဏ်ရာရသွားတယ်။”
တိုက်ပွဲဖြစ်ပွားခဲ့တာကြောင်း အနီးအနားရွားတွေဖြစ်တဲ့ ဖလူးကြီး ဖလူးလေးနဲ့ မင်းလက် ပံ စတဲ့ ရွားတွေက ရွာသားတွေ အထူးစိုးရိမ်နေကြပြီး ဘေးလွတ်ရာနေရာတွေကို ရှောင် ပြေးပုန်းအောင်းဖို့ အသင့်အနေအထားနဲ့ ရှိနေကြပါတယ်။

11ReadMore-2.jpg

ယနေ့ သတင်း (၂၅ ရက် ဒီဇင်ဘာလ ၂၀၁၀)


ဆုံဆည်းရာ၊ ၂၅ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
နံနက် (၉ နာရီ ၅၀ မိနစ်) ဖလူးဒေသမှာ ရက်အနည်းငယ်ကြာ တိတ်ဆိတ်နေတဲ့ တိုက်ပွဲတွေ ယမန်နေ့က ပြန်လည် ဖြစ်ပွားနေပါတယ်။ နအဖ ဘက်က ထိုးစစ်အင်အားတိုးမြင့်လိုက်တဲ့အတွက် တိုက်ပွဲတွေ ရေရှည်ကြာဖို့ရှိတယ်လို့ ဒေသခံတဦးမှပြောဆိုပါတယ်။

နံနက် (၉ နာရီ ၃၀ မိနစ်) နအဖ စစ်တပ်က အင်အား ပြင်းထန်တဲ့ ထိုးစစ်ကြီးတခု ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ ဘက်က ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်မယ်ဆိုရင် ဒုက္ခသည်တွေကို ကူညီဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

နံနက် (၉ နာရီ ၂၀ မိနစ်) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း နအဖ စစ်တပ်တွေက ဒီကေဘီအေ ခွဲထွက် အဖွဲ့တွေအနေနဲ့ နီးစပ်ရာ နယ်ခြားစောင့်တပ်တွေဆီကို ပြန်သွားကြဖို့ ရွာတွေမှာ စာလိုက်ကပ်တယ်လို့သိရပါတယ်။ ၂၇ ရက်နေ့ နောက်ဆုံးသွားရမှာဖြစ်ပြီး ၂၇ ရက်ကျော်လွန်ပါက နအဖ စစ်တပ်မှ သူပုန်အဖြစ် သတ်မှတ်မယ်လို့ ကြေငြာထားပါတယ်။

11ReadMore-2.jpg

ှဆန်ရေ

11ReadMore-2.jpg

Template by:

Free Blog Templates