http://www.naytthit.net
                  
ဝေါ်လေနဲ့   ဖလူး နေရာတွေမှာ ဒီကေဘီအေနဲ့ ကေအန်အယ်အေ  ပူးပေါင်းတပ်ဖွဲ့အင်းအား တွေဟာ   ပြောက်ကျားနည်းကိုသုံးပြီး တိုက်  ခိုက်နေတဲ့အတွက် နေ့စဉ်ဆိုသလို့ နအဖတပ်   တွေနဲ့  ပြောက်ကျားတိုက်ပွဲထိတွေမှုတွေ ရှိနေ ပါတယ်။
ယမန်နေ့က  ဝေါ်လေနဲ့ ပလောတပို့ ကြားနေ ရာမှာ  ဒီကေဘီအေနဲ့ ကေအန်အယ်အေ အဖွဲ့  က နအဖ  စစ်တပ်ကို အလစ် အငိုက်ဖမ်းတိုက်  ခိုက်ခဲ့လို့ နအဖ ဘက်မှ ၃  ဦးသေဆုံးပြီး ၅  ဦး ဒဏ်ရာရခဲ့ပါတယ်။ အလားတူ  ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း   သေ့ဘောပိုးရွာနာမှာ စ ခန်းချထားတဲ့ နအဖ  စစ်တပ်ကို ဒီကေဘီအေ ဘက်က   ပြောက်ကျားတိုက်ခဲ့တဲ့အတွက် နအဖ ဘက်က ၆ ဦး  ဒဏ်ရာရရှိခဲ့ပါတယ်။
ကရင်သတင်းစဉ်   သတင်းများအရ ဒီနေ့မှာ လည်း ကရင်ပြည်နယ် မြ၀တီခရိုင်  ဝေါ်လေဒေ သ   ကနဲလေးစခန်းရှိ စကခ (၈) လက်အောက် ခံ ခမရ (၄၀၄) တပ်ရင်းကို KNLA  တပ်ရင်း   (၁၀၃) မှ ဒီနေ့နံနက်နဲ့ မွန်းလွဲပိုင်းမှာ နှစ်ကြိမ်  ပြောက်ကျားနည်းနဲ့   ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၆ ဦးသေဆုံးပြီး ၃  ဦးဒဏ်ရာ တယ်လို့   သိရှိရပါတယ်။ ဖေဖော်ဝါရီ ၃ ရက် နေ့နဲ့ ၄ ရက်နေ့တွေမှာလည်း  ဒီအေဘီအေ   ဗိုလ်မှူးကျော်သက်အဖွဲ့က ဖလူးမှာရှိတဲ့ နအဖ လက်နက်ကြီးနေရာတွေကို    ပြောက်ကျားနည်းနဲ့ တိုက်ခိုက် ခဲ့တယ်လို့ သိရှိရပါတယ်။
ဝေါ်လေနဲ့  ဖလူး ဒေသတွေမှာ နအဖနဲ့ ဒီကေဘီအေ  တို့ တိုက်ပွဲတွေ  ဖြစ်ပွားခဲ့ရာမှာ ၂၀၁၀  နိုဝင်ဘာ ရ ရက်နေ့ကစလို့ ၂၀၁၁  ခုနှစ်  ဇန်နဝါရီလကုန်အထိ  ထိတွေမှုတိုက်ပွဲပေါင်းအကြိမ်ရေ ၈၅   ကြိမ်ကျော်ခန့်ရှိခဲ့ပါတယ်။  ဒီတိုက်ပွဲတွေအတွင်း နအဖ ဘက်က အသေ၊   ဒဏ်ရာပေါင်းက ၆၃၃ ဦးဖြစ်ပြီးတော့။  အဲဒီထဲက အသေ ၂၄၄ ဦး နဲ့ ထိခိုက်ဒဏ်ရာ   ၃၈၉ ဦး ဖြစ်တယ်လို့ ဒီကေဘီအေ  တပ်မဟာ ၅ မှ ဗိုလ်ဆန်းအောင်က ရရှိထားတဲ့   စာရင်းတွေထဲက  ခန့်မှန်းပြောပြသွားပါတယ်။




0 comments:
Post a Comment