Sunday, December 2, 2012

သံဃာတော်တွေကို အကြမ်းဖက်ခဲ့တဲ့ အစိုးရလုပ်ရပ် DKBA ရှုံ့ချ(RFA)

2012-12-01
နိုဝင်ဘာလ ၂၉ရက်နေ့ မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေကို အစိုးရတာဝန်ရှိသူတွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က မနေ့က ကန့်ကွက်လိုက်ပါတယ်။
အာဏာပိုင်တွေရဲ့ ဖြေရှင်းပုံဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ကြောင်း ကလိုထူးဘောဒေသ အခြေချ DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဆန်းအောင် က RFA ကို ပြောကြားခဲ့ပါတယ်။

၂ဝဝ၇ ရွှေဝါရောင်အရေးအခင်းတုန်းက မိမိတို့ လက်ပိုက်ကြည့်နေခဲ့ရပေမဲ့၊ ၂ဝ၁၂လက်ပန်းတောင်းတောင်အရေးမှာ တာဝန်ရှိသူတွေကို အစိုးရက အရေးမယူဘူးဆိုရင် ငြိမ်းချမ်းရေးကိစ္စကိုပါ ထိခိုက်လာနိုင်ကြောင်းလည်း ဗိုလ်မှူးကြီးဆန်းအောင်က ပြောပါတယ်။

တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေအနေနဲ့လည်း ဒီကိစ္စအပေါ် ခွင့်လွှတ်နိုင်ကြမှာ မဟုတ်ဘူးလို့မြင်ကြောင်းလည်း ဗိုလ်မှူးကြီးဆန်းအောင်က ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

Template by:

Free Blog Templates