
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာပဲ ကရင်ပြည်နယ်တွင်းမှာ ကြံ့ဖွံ့စစ်အစိုးရက  ကေအန်ယူနဲ့ ဒီကေဘီအေတပ်ဖွဲ့တွေ လှုပ်ရှားဒေ သတွေကို  စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ယမန်နေ့ (စက်တင်ဘာလ ၂၃ ရက်) က  မြဝတီမြို့ တောင်ဘက် သေ့ ဘောပိုးရွာ အနောက်ဖက် တောင်နီတောင် မင်္ဂလာကုန်းမှာ  ညနေ ၃ နာရီခန့်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး တိုက်  ပွဲဖြစ်ပွားချိန် ၁ နာရီလောက် ကြာခဲ့ပါတယ်။
တောင်နီတောင်တန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ ကြံ့ဖွံ့အစိုးရ စစ်တပ်  တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၄တပ်ရင်း ကို ကေအန်ယူ ၁၀၃ တပ်ရင်း၊ ဒီကေဘီအေ ၉၀၉  တပ်ရင်း၊ ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်များ၊ ရခိုင်ကျောင်းသား  လူငယ်တပ်ဖွဲ့ ပူးပေါင်းအင်းအားတွေနဲ့ မင်္ဂလာကုန်းကနေ  ဆီကြိုတိုက်ခိုက်ခဲ့ကြတယ်။ ဒီတိုက်ပွဲမှာ ကြံ့ဖွံ့အစိုးရ စစ်တပ် ဘက်မှ  တပ်သားအလောင်းတလောင်ကျန်ရစ်ခဲ့ပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်။  ဒဏ်ရာရသူတွေထဲမှာ ခမရ ၂၀၄ စစ်ကြောင်း (၂)မှူး၊ ဗိုလ်မှူးလစာစား ဗိုလ်ကြီး  ဇော်ထက်ဦး ခြေထောက်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဒီကေဘီ အေ  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး သရီးတူး အတည်ပြုပြောပြချက်အရ သိရှိရပါတယ်။
အာဆီယံနဲ့ မြန်မာ့ရွေးကောက်ပွဲ
11 hours ago



0 comments:
Post a Comment