နေ့သစ်
မတ်လ  ၈ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်က ဝေါ်လေ၊ အုက္ကရေ့ထ၊  ချူကလိသွားတဲ့လမ်းပေါ်က  ကွီးတာဟိုး နေ ရာမှာ ခမရ ၂၀၆ တပ်ရင်းကို  ဒီကေဘီအေဘက်မှ  ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နအဖ ဘက်မှာ ၆ ဦးသေပြီး ၅ ဦး ဒဏ်ရာ  ရ ရှိခဲ့တယ်။
အဲဒီနေ့  တနေ့ထဲမှာပဲ ညနေ ၃ နာရီလောက်မှာ သေပေါပိုး တောင်နီမှာ ခမရ ၂၀၃  တပ်ရင်းကို  ဒီအေဘီအေဘက်မှာ ပြောက်ကျားတိုက်ခိုက်ခဲ့တဲအတွက် နအဖ ဘက်မှ ၃  ယောက်သေ ၆  ယောက် ဒဏ်ရာရတယ်လို့ သိရှိရပါတယ်။
မနေ့က ဒီကေဘီအေနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင်က ပြော ပြတာကတော့ …
“နေ့လယ်ကဖြစ်တဲ့  နေရာက ကွီးတာဟိုး မှာ ဖြစ်တာ၊ ဒီနေရာမှာ ကားလမ်းရှိတယ်။  ဒီကားလမ်းက ဖလူး  ကချောဝါး လေးကနေ ဝေါ်လေနားက အုက္ကရေ့ထ ကိုရောက်တယ်၊  ပြီးတော့ ဆက်သွားရင်  ကွီးတာဟိုး ချူကလိ ရောက်တယ်၊ ဒီ ရက်ပိုင်းတွေက  ချူကလိမှာ မြို့သစ်တည်ဖို့  ပစ္စည်းတွေ ဝန်ထမ်းတွေ သယ်နေတော့ ကားလမ်းကို  လုံးခြုံရေးတွေ အ တော်များများ  ယူထားတယ်။ ကျနော်တို့က အဲဒီတပ်တွေကို  ဝင်တိုက်တာ” လို့ ပြောပြသွားပါတယ်။
ဒီရက်ပိုင်းတွေထဲ မြဝတီမြို့နယ်ခွဲ့  တခုအဖြစ် ချူကလိနေရာမှာ  မြို့သစ်စတည်နေပါတယ်။ အဲဒီအတွက် တာဝန်ကျတဲ့  ဝန်ထမ်းတွေကို မဲစနစ်နဲ့  မဲနှိုတ်ပြီး မဲပေါက်တဲ့သူက ချူကလိမှာ  တာဝန်သွားထမ်းဆောင်းရမှာ ဖြစ်တယ်လို့  မြဝတီမြို့ သူ မြို့သားတွေက  ပြောပြချက်အရ သိရှိရပါတယ်။




0 comments:
Post a Comment