ဒီစာကတော့  စိုးဒိုကFmailထဲကနေပို့ပေးလိုက်တာပါ  အောက်က ပါတဲ့Email လိပ်စာတွေကိုလည်း လိပ်မူ
ထားတာတွေ့ရတယ် တင်သင့် မတင်သင့်လည်းစဉ်းစားခဲ့တယ် အမြင်အမျိုးမျိုးနဲ့ရှိကြမှာပါ  ဒါပေမယ့် ထင်မြင်ယူဆချက်တစ်ခုကြောင့် အားလုံးစဉ်းစားနိုင်ကြပါရန်နှင့် အမှန်တကယ်ပါလို့မယူဆစေချင်ပါ
ဒီစာကို ကရင်ဘလော့ဂါ ညီကိုများတစ်ချို့ Emailထဲမှဖတ်ပြီးသားနေမှာပါ    ပွဲဆူစေခြင်းမဟုတ်ပါ
အားလုံးသတိရှိရှိနဲ့ ချင့်ချိန်နိုင်ကြရန်လို့ပါ   စည်းလုံးခြင်းသတိဖြင့်-
                                                သူရေ၀့်ဖါန်
Ko Soe kosoe6691@gmail.com to ehkhaungthaunt, me, 9dblood, thawthikho.r.k., karenunited, KyokoreaBranch 
လေးစားအပ်ပါသော အဲခေါင်သောင့်နဲ့ ကရင်ဘလော့ဂါညီကိုများသို့ ..
နောက်တစ်ခုက ကေအဲန်ယူ ရန်ကုန်ဆင်းပြီး ဗမာနဲ့ ဆွေးနွေးချိန်မှာ (၂၀၀၅ - ၄- ၃၀) ဒီကိစ္စပေါ်လာဒါ သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။ တိုက်ဆိုင်မှုတော့လုံးဝမဖြစ်နို
အားလုံးကို လေးစားစွာဖြင့်
စိုးဒို
အဲခေါင်သောင့်ရဲ့
ဘုန်းကြီးကျောင်း မီးရှို့ ခံရတဲ့မှတ်တမ်းဟောင်းတစ်ခုနဲ့ ကျနော့်ရဲ့အမြင်
ကျတော်နယ်စပ်မှာနေတုန်းက  ဒီဗီဒီယိုဖိုင်ကို ကြည့်ဖူးပါတယ်။ အခြေအနေမှန်တွေကို လည်း  အတိုင်းတာတစ်ခုထိ သိခွင့်ရခဲ့ပါတယ်။ အဲဒီဗီဒီယိုဖိုင်ကို သေချာကြည့်ရင်  အရေးပါတဲ့ အချက်နှစ်ခု တွေ့ ရပါမယ်။ တစ်အချက်က ကေအဲန်ယူ ရန်ကုန်ဆင်းပြီး  ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အချိန်ဖြစ်တယ်။ နှစ်အချက်က  ဗိုလ်ချူပ်ကျော်သန်းပြောဒါတွေဟာ နိုင်ငံတကာမှာ ရောက်နေတဲ့ လူတွေကို  အသိပေးချင်လို့ အလေးပေးပြောကြားနေဒါကို တွေ့ ရပါမယ်။
ပို့ စ် ရေးသူ အဲခေါင်သောင့်လည်း ရေးထားပါတယ်။ ကေအဲန်ယူပဒိုတစ်ယောက်ပြောကြားချ က်အရ တိမသေ ၀ါဒဖြန့် တဲ့ခွေ ဆိုပြီး ရေးထားဒါ တွေ့ ရပါတယ်။ ဒီကိစ္စကို ကေအဲန်ယူထဲမှာတောင် လူကြီးတော်တော်များများမသိကြပါ ဘူး…
ဒီလိုဆိုရင်  အားလုံးကို ခြုံကြည့်ပြီး စဉ်းစားကြည့်ရအောင်.. အခင်းဖြစ်တဲ့နေရာက တပ်မဟာ  (၁)နဲ့ (၃)နယ်စပ်ကြားဒေသလို့ ကြားသိခဲ့ရပါတယ်။  တပ်မဟာ(၂)တော့လုံးဝမဖြစ်နိုင်ပါ ။ တပ်မဟာ(၂)နယ်မြေမှာ ကရင်ဗုဓဘာသာ ရွာမရှိဘူး.. ခရစ်ယန်နဲ့ နတ်စားကရင်အနည်းငယ်ပဲရှိပါတယ်။
နောက်တစ်ခုက ကေအဲန်ယူ ရန်ကုန်ဆင်းပြီး ဗမာနဲ့ ဆွေးနွေးချိန်မှာ (၂၀၀၅ - ၄- ၃၀) ဒီကိစ္စပေါ်လာဒါ သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။ တိုက်ဆိုင်မှုတော့လုံးဝမဖြစ်နို င်သလို  ထိုဒေသတွေမှာ ကေအဲန်ယူနဲ့ ဒီကေဘီတို့ ရောယှက်ပြီး တပ်မဟာ ၇ နဲ ၆  တွေနေရာမျိုးမှာ မကြာခဏ ထိပ်တိုက်တွေ့ တဲ့နေရာမဟုတ်ပါ။  ဘာရန်ငြိုးလည်းမရှိတဲ့နေရာဖြစ် တယ်။ ငြိမ်းချမ်းရေးအတွက် ရန်သူကြားမှာ သွားဆွေးနွေးချိန်မှာ မဟာဗမာတွေထဲမှာ ကရင်နဲ့ ငြိမ်းချမ်းရေးမဖြစ်စေချင်တဲ့ အုပ်စုရှိတယ်။  အကယ်၍ ဗမာနဲ့ ကေအဲန်ယူ ငြိမ်းချမ်းရေးရသည့်တိုင်အောင် ကရင်တွေ အချင်းချင်း  ကမ္ဘာမကြေ အချင်းချင်းစိတ်ဝမ်းကွဲအောင် ဖန်းတီးထားခဲ့တယ်လို့  လူလတ်ပိုင်း  ခေါင်းဆောင်တစ်ဦးက ကျတော့်ကို ပြောဖူးပါတယ်။ အခင်းဖြစ်တဲ့နေရာက တပ်မဟာ  (၃)ဖြစ်ဖို့ များတယ်။ အခင်းဖြစ်တဲ့အချိန်က ညသန်းခေါင်ယံလို့ ပြောတယ်။  ဘယ်သူဘယ်ဝါ ၀င်ရှို့ ဒါ ဘယ်သူမှ သက်သက်ကွဲကွဲ မသိရဘူး..  နောက်ဆုံးနာမည်ထွက်လာဒါ ကေအဲန်ယူဖြစ်တယ်။ တပ်မဟာသုံး သက်ဆိုင်သူတွေကို  မေးကြည့်တော့ သူတို့ လူတွေမဟုတ်ဘူးလို့ ပြောတယ် လို့ ကျတော်နဲ့ ရင်နီးတဲ့  ပဒိုလူလတ်ပိုင်းက ကျတော့်ကို ပြောဖူးပါတယ်။ 
-       ဘုန်းကြီးကြောင်းမီးရှို့ ခံရဒါ ကေအဲန်ယူ ရန်ကုန်ဆင်းပြီး ရန်သူနဲ့ ဆွေးနွေးတဲ့အချိန်
-       တိမသေ  ကေအဲန်ယူ ဗဟိုကနေ ပြုတ်သွားတဲ့နောက်ပိုင်း အဲဒီနောက်မှာ ထိုအချိန်က တိမသေ  ဒီကေဘီအေရဲ့ နိုင်ငံခြားရေးတာဝန်ခံ လုပ်နေတယ်ဆိုပြီး သတင်းထွက်နေတဲ့အချိန်
-       ဗိုလ်ကျော်သန်းက ဗီဒီယိုထဲမှာ နိုင်ငံခြားရောက် ကရင်တွေကို ပဲ focus ပြီး ပြောသွားခြင်း
 စတဲ့  ဒီအချက်ကြီးသုံးချက်ကို ခြုံပြီး သုံးသပ်ကြည့်မယ်ဆိုရင်  ရန်သူရဲ့လက်ကွက်ဖြစ်ကြောင်း မပေါ်လွင်နေဘူးလား ဆိုဒါ ကျနော်တွေးမိခဲ့ပါတယ်။။
ဘာပဲဖြစ်ဖြစ် အဲခေါင်သောင့်မှ အကြံပေးပါလို့ ပြောထားတဲ့အတွက် ကျတော်သိခဲ့ရဒါတွေကို ပို့ ပေးလိုက်ပါတယ်။
စည်းလုံးညီညာစွာဖြင့်
အားလုံးကို လေးစားလျက်
စိုးဒို
၇-၁၁-၂၀၁၁
0 comments:
Post a Comment