by နန်းမြနဒီ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ  ရှမ်းပြည်တပ်မတော်နဲ့ အစိုးရတပ်တွေအကြားတိုက်ပွဲမှာ အစိုးရတပ်ဘက်က  အမ်အိုင်ဂျီ ၂၆ လို့ ယူဆရတဲ့ တိုက်လေယာဉ်နဲ့ ဗုံး ၁၀ လုံးခန့်  ကြဲချသွားတယ်လို့ ရှမ်းပြည်တပ်မတော် ပြောခွင့်ရသူ စိုင်းလောဝ်ဆိုင်က  ပြောပါတယ်။

အက်စ်အက်စ် အေတပ်ဖွဲ့တွေနဲ့ အစိုးရတပ် ခလရ ၂၈၆၊ ၂၈၇ တို့နဲ့  ဝမ်ဟိုင်းဌာနချုပ်ဝန်းကျင် ဝမ်ဆိုင်းတောင်၊ ဝမ်ကိုင်ဖရွာအနီးမှာ  ဒီမနက်ကနေ အခုထိ ဆက်လက်ဖြစ်ပွားနေတုန်းပဲလို့ သူက ပြောပါတယ်။
စိုင်း လောဝ်ဆိုင်က “မနေ့က သူတို့ထိုင်ထားတဲ့ ရှေ့တန်းစခန်းကို  ကျနော်တို့က သိမ်းဆည်းရမိပါတယ်။ သူတို့က အခုပြောတဲ့ (ဝမ်ဆိုင်း)  တောင်ကြောဘက်ကို ဆုတ်ခွာပါတယ်။ ကျနော်တို့တပ်တွေက လိုက်ရင်းနဲ့  ပိတ်ထားတဲ့သဘောဖြစ်ပါတယ်။ သူတို့ကိုကူညီဖို့အတွက်  ဒီနေ့မွန်းလွဲပိုင်း တနာရီကျော်လောက်မှာ ဝေဟင်ကနေ အမ်အိုင်ဂျီ ၂၆  အမျိုးအစား တိုက်လေယာဉ်လို့ယူဆရတဲ့ လေယာဉ်နှစ်စင်းနဲ့ ကျနော်တို့  အက်စ်အက်စ်အေတပ်တွေကို ဗုံး ၁၀ လုံးကြဲသွားတယ်” လို့ ပြောပါတယ်။
ထိခိုက်ကျဆုံးစာရင်း အစီရင်ခံစာ မရောက်သေးဘူးလို ဆိုပါတယ်။
အပစ်ရပ်  ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) က အစိုးရရဲ့  တပ်အသွင်ပြောင်းရေး စီမံချက်ကို မလိုက်နာတဲ့တပ်ဖွဲ့ဝင်တွေဟာ  ဝမ်ဟိုင်းဌာနချုပ်မှာ အခြေပြုပြီး ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)  နဲ့ ပူးပေါင်းခဲ့ပြီး ဖြစ်ပါတယ်။
အစိုးရတပ်တွေက ဝမ်ဟိုင်းဌာနချုပ်အခြေပြု ရှမ်းပြည်တပ်မတော်နဲ့ ဒီနှစ်ဆန်းကတည်းက ဆက်တိုက်တိုက်ပွဲဖြစ်နေတာပါ။
ကေအိုင် အေနဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ အစိုးရက အပစ်ရပ်ရေး ကိုယ်စားလှယ်  စေလွှတ်ပေမယ့် ရှမ်းတပ်မတော်နဲ့ဖြစ်တဲ့ တိုက်ပွဲတွေရပ်ဖို့  ကိုယ်စားလှယ် စေလွှတ်တာ မရှိပါဘူး။
အာဆီယံနဲ့ မြန်မာ့ရွေးကောက်ပွဲ
10 hours ago



0 comments:
Post a Comment