Saturday, June 18, 2011

KIA ကိုတိုက်ခိုက်ခြင်းပေါ် မြန်မာအစိုးရအား အာဆီယံပါလီမန်က ပြင်းထန်စွာ ဝေဖန်

KIA ကိုတိုက်ခိုက်ခြင်းပေါ် မြန်မာအစိုးရအား အာဆီယံပါလီမန်က ပြင်းထန်စွာ ဝေဖန်

E-mail Print PDF
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် ၁၇ ကြာ အပစ်ရပ်ဆိုင်းခဲ့ခြင်းကိုအဆုံးသတ်ကာ ကချင်ပြည်နယ်သို့ လူလက်နက်အင်အား ကြီးမားစွာ ပို့လွှတ်သည့် မြန်မာအစိုးရ၏ အပြုအမူအား အာဆီယံပါလီမန်က ပြင်းထန်စွာ ဝေဖန်လိုက်သည်။

KIA-မြန်မာ စစ်ပွဲက ဂုဏ်အသရေမဲ့ရွေးကောက်ပွဲအားဖြင့်တက်လာသည့် မြန်မာအစိုးရသစ်၏ တိုင်းရင်းသားလူမျိုးစုများနှင့်အာဏာခွဲဝေရေးထက် အင်အားသုံးအုပ်ချုပ်သည့်လမ်းစဉ်ကို မစွန့်လွှတ်နိုင်သေးသည်ကို ပြသနေသည်ဟု ဆိုသည်။
sang_gang_war
ဆန်ဂန်တိုက်ပွဲမှာ မြန်မာစစ်တပ်မှ သိမ်းဆီးရတဲ့ လက်နက်များ။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)သည် အင်္ဂလိပ် လက်အောက်မှ လွတ်လပ်ရေးယူပြီး ပြည်ထောင်စုကြီးကိုမဖွဲ့စည်း ခင် ဗမာ၊ ရှမ်း၊ ချင်း၊ ကချင်လူမျိုးများ ရေးထိုးခဲ့သော ၁၉၄၇ ပင်လုံစာချုပ်အားဖြင့် ကိုယ်ပိုင်ပြဌါန်းချက်ကို တောင်းဆိုနေသည့် ကချင်တော်လှန်ရေးအဖွဲ့ဖြစ်သည်။

ပြည်သူလူကိုကိုယ်စားမပြုသည်သာမက ပြည်သူလူထုကိုကွယ်ပေးမှုမရှိသည့်ကာလပတ်လုံး ဒီမိုကရေစီဖော်ဆောင်နိုင်မည်မဟုတ်ဟူ၍လည်းပါရှိသည်။

သုံးပွင့်ဆိုင် (မြန်မာအစိုးရ၊ မြန်မာလူမျိုးစုတိုင်းရင်းသားများနှင့် မြန်မာအတိုက်အခံများ)ဆွေးနွေးပွဲနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အာဆီယံခေါင်းဆောင်များ ပထမဦးစားထား အဖြေရှာပေးသွားမည်ဟု ပါရှိသည်။

မြန်မာစစ်တပ်နှင့် KIA စစ်ထဲဦးတည်သွားမည်ကို အလွန် စိုးရိမ်သည်ဟု အာဆီယံပါလီမန်ဥက္ကဋ္ဌက ဆိုထားသည်။

0 comments:

Post a Comment

Template by:

Free Blog Templates