Saturday, June 11, 2011

အဖွဲ့ကြီး (၁၇) ဖွဲ့ တဲ့လား

အဖွဲ့ကြီး (၁၇) ဖွဲ့ တဲ့လား
                                            တူမောင်ညို
                                                       မိုးမခ၊ ဇွန် ၁၁၊ ၂၀၁၁
ဒုတိယသမ္မတဦးတင်အောင်မြင့်ဦးကဆီနိတ်တာဂျွန်မက်ကိန်းနဲ့တွေ့ဆုံစဉ်မှာ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ပတ်သက် ပြီး  စုစုပေါင်းအဖွဲ့ကြီး (၁၇) ဖွဲ့နဲ့ ငြိမ်းချမ်းရေးရယူခဲ့ကြောင်း၊ ယင်းအဖွဲ့များ အနက် (၃) ဖွဲ့က ငြိမ်းချမ်းရေးမယူသေးတဲ့ အဖွဲ့ ၂ ဖွဲ့နဲ့ ပူးပေါင်းပြီး အစိုးရကိုဆန့်ကျင်နေကြောင်း၊ ကျန် (၁၄) ဖွဲ့ ကတော့ အခြေခံဥပဒေနှင့်အညီပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ပြော သွားပါတယ်။ ဒီလိုဆိုထားလေတော့ အဲဒီအဖွဲ့ကြီး (၁၇) ဖွဲ့ဆိုတာကို ကျနော်တို့စိစစ်ကြည့်ကြရအောင်။
 ဒီလိုစိစစ်တာမှာ (နအဖ)စစ်အစိုးရရဲ့နေ့စဉ်ထုတ်သတင်းစာတွေမှာ ရေးသားဖေါ်ပြခဲ့ကြတဲ့ ဆောင်းပါးရှင်ဆိုသူတွေရဲ့ ဆောင်းပါးတွေ ထဲကအချက်အလက်တွေကိုပဲ ကိုးကားဖေါ်ပြပါမယ်။


၂၀၀၂ စက်တင်ဘာ ၂၆ ရက်နေ့၊ မြန်မာ့အလင်းသတင်းစာမှာဖေါ်ပြထားတဲ့ “တက္ကသိုလ်မြတ်သူ” ရဲ့ “ သွေးခွဲမှု မှန်သမျှ အပေါ်ထာဝရအောင်နိုင်သည့် စည်းလုံးညီညွတ်မှု”ဆိုတဲ့ ဆောင်းပါး အပိုင်း (၁) မှာ “ (၃၁/၃/၁၉၈၉) မှ (၆/၄/၁၉၉၈) အတွင်း တိုင်းရင်းသားလက်နက်ကိုင်(၁၇) ဖွဲ့နှင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့၊ (၁၆) ဖွဲ့မှာတိုင်းရင်းသားအဖွဲ့အစည်းများဖြစ်ပြီးကျန်(၁)ဖွဲ့မှာရခိုင်ပြည်နယ်မှ ဦးစောထွန်းဦး ခေါင်းဆောင်သော
အဖွဲ့ဖြစ်သည်” လို့ ရေးသားဖေါ်ပြထားပါတယ်။
ဦးစောထွန်းဦးခေါင်းဆောင်တဲ့အဖွဲ့ဆိုတာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ရခိုင်ပြည်နယ်အဖွဲ့ဖြစ်ပါတယ်။ (၂၉/၁၀/၁၉၉၆)မှာ နှစ်ဘက် စတင်ဆွေးနွေးကြပြီး၊   (၆/၄/၁၉၉၇) ရက်နေ့၊ မောင်တောမြို့မှာ “လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်” ခဲ့ကြတာပါ။
ဒါ့အပြင် အဲဒီ (၁၇) ဖွဲ့ထဲမှာ ဘိန်းဘုရင်ခွန်ဆာရဲ့ (MTA) ကိုထည့်သွင်းရေတွက်ထားတာဖြစ်ပါတယ်။ အောက်ပါ ဇယား လေးကိုကြည့်ရင်ရှင်းပါတယ်။

စဉ်
အဖွဲ့အမည်
အခြေပြုရာဒေသ
အပစ်ရပ်သည့်နေ့စွဲ
၁။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၁) MNDA
လောက်ကိုင်
၃၁ /၃/၁၉၈၉
၂။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၂) UWSP
ပန်ဆန်း
၉/၅/၁၉၈၉
၃။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ (၄) NDAA
မုံးလား
၃၀/၆/၁၉၈၉
၎။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၃) SSA
စိန်ကျော့
၂၄/၉/၁၉၈၉
၅။
ကချင်ပြည်နယ် အထူးဒေသ (၁) NDA (K)
ပန်ဝါ
၁၅/၁၂/၁၉၈၉
၆။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၅) KDA
ကောင်ခါး
၁၁/၁/၁၉၉၁
၇။
ရှမ်းပြည်နယ်(တောင်ပိုင်း) အထူးဒေသ (၆) PNO
ကျောက်တလုံး
၁၈/၂/ ၁၉၉၁
၈။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၇) PSLF
နမ္မတူ
၂၁/၄/၁၉၉၁
၉။
ကယားပြည်နယ်အထူးဒေသ (၁) KNG
မိုးဗြဲ၊ ဖယ်ခုံ
၂၇/၂/၁၉၉၂
၁၀။
ကချင်ပြည်နယ်အထူးဒေသ (၂) KIO
လိုင်စင်
၂၄/၂/၁၉၉၄
၁၁။
ကယားပြည်နယ်အထူးဒေသ (၂) KNPLF
ဟိုယာဘီယာ
၉/၅/၁၉၉၄
၁၂။
ကယားပြည်နယ်အထူးဒေသ (၃) KNLP
ပြင်ဆောင်
၂၆/၇/၁၉၉၄
၁၃။
(ရလလဖ) SNPLO
နောင်ထော်
၉/၁၀/၁၉၉၄
၁၄။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP
ဒေါတမကြီး၊ ထီးပိုးကလိုး
၂၁/၃/၁၉၉၅
၁၅။
မွန်ပြည်သစ်ပါတီ NMSP
ရေးချောင်းဖျား
၂၉/၆/၁၉၉၅
၁၆။
ဘိန်းဘုရင်ခွန်ဆာ (MTA)
ဟိုမိန်း၊ လွယ်လန်း
၅/၁/၁၉၉၆
၁၇။
ဗမာပြည်ကွန်မြူနစ်ပါတီ (ရခိုင်အဖွဲ့)
ဘူးသီတောင်၊ မောင်တော
၆/၄/၁၉၉၇
 ဒါက (နအဖ) စစ်အစိုးရ ဝါဒဖြန့်ကြွားလုံးထုတ်လေ့ရှိတဲ့အဖွဲ့ကြီး (၁၇) ဖွဲ့ဆိုတာဖြစ်ပါတယ်။
အဲဒီအထဲမှာအပစ်ရပ်ပြီးရက်ပိုင်းအတွင်း အပစ်အခတ်ရပ်စဲရေးပြန်လည်ပျက်ပြားသွားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP)ကို ဒီစာရင်းထဲကဖယ်ရမှာဖြစ်ပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ကို ဖယ်ထုတ်လိုက်ရင် ၁၆ ဖွဲ့ ကျန် ပါတယ်။
 ဒါပေမယ့် စာရင်းထဲက ဖယ်ထုတ်မပစ်ဘဲ အဖွဲ့ကြီး ၁၇ဖွဲ့ ဆိုပြီးပြောနေတော့တာပဲဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၀၄ ခုနှစ် မတိုင်ခင် အမျိုးသားညီလာခံ( ၁၉၉၃ - ၁၉၉၆) တက်ရောက်တဲ့ “အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ် များအစုအဖွဲ့” စုစုပေါင်းဟာ (၅၇) ဦးသာရှိတာပါ။
 ဒါပေမယ့် ၈ နှစ်နီးပါး ရပ်နားခဲ့ရပြီး  (၂၀၀၄)မှာ ပြန်လည်ကျင်းပရတဲ့ “အမျိုးသားညီလာခံ” မှာတော့  (၁၀၅) ဦး ဖြစ်လာ ပါတယ်။ ဒါကလည်း မူလအဖွဲ့အစည်းတွေဖြစ်ကြတဲ့ (KNU)က ခွဲထွက်ကြတဲ့ (DKBA) ၊ ဟောင်သယော၊ ဘုရားကုန်းအဖွဲ့၊ နဲ့ (KNPP)ကနေ ပဲ့ထွက်တဲ့ KNPP ခွဲထွက်(ဟိုယာ)အဖွဲ့ ၊ နဂါးအဖွဲ့၊ မွန်(ခွဲထွက်) နိုင်စိုက်ချန်းအဖွဲ့ စတဲ့ ဗြုတ်စဗျင်းတောင်း ၁၂ ဖွဲ့ကို ညီလာခံ တက်ရောက်စေခဲ့လို့ အခုလိုအရေအတွက်တွေတိုးလာတာဖြစ်ပါတယ်။
ဒါဆိုရင် အဲဒီ ၁၇ ဖွဲ့လို့ပြောနေတဲ့အထဲက နယ်ခြားစောင့်တပ် (BGF)အဖြစ် ပြောင်းလဲခဲ့တဲ့အဖွဲ့တွေစာရင်းကိုကြည့်လိုက် ကြပါဦး။
(BGF) နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲခဲ့သည့်အဖွဲ့အစည်းများ
(၂၀၀၉ ခုနှစ်၊ နိုဝင်္ဘာလ ၈ ရက်နေ့ မှ ၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၁ ရက်အထိ )
စဉ်
ရက်စွဲ
မူလအဖွဲ့အစည်းအမည်
ပြောင်းလဲသည့်တပ်ဖွဲ့အမှတ်နှင့်ဒေသ

၁။
၂၀၀၉ နိုဝင်ဘာ ၈
ကချင်ပြည်နယ်၊ အထူးဒေသ(၁) (NDAK)
အမှတ်(၁၀၀၁) နယ်ခြားစောင့်တပ် (ဂန့်ဂွင်း)
အမှတ်(၁၀၀၂) နယ်ခြားစောင့်တပ်(လုပီ)
အမှတ်(၁၀၀၃) နယ်ခြားစောင့်တပ် (စင်ကြိုင်)
၂။
၂၀၀၉ နိုဝင်ဘာ ၈
ကယားပြည်နယ်၊ အထူးဒေသ(၂) (ကလလတ)
အမှတ်(၁၀၀၄) နယ်ခြားစောင့်တပ်(စွပ်ပိုင်)
အမှတ်(၁၀၀၅) နယ်ခြားစောင့်တပ် (ပန်တိန်း)
၃။
၂၀၀၉ ဒီဇင်ဘာ ၎
ရှမ်းပြည်နယ်(မြောက်ပိုင်း)အထူးဒေ(၁) 
(ကိုးကန့်အဖွဲ့ )
အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်
 စီအောဒေသ /လောက်ကိုင်ခရိုင်
၎။
၂၀၁၀ မတ် ၃၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း) 
ပြည်သူ့စစ် (ဌာနေ) အဖွဲ့ အစည်းများ

အမှတ် (၁၀၀၇) နယ်ခြားစောင့်တပ်
၁။ မိုင်းတုန်မြို့နယ်/ပုံပါကျင်မြို
အမှတ် (၁၀၀၈) နယ်ခြားစောင့်တပ်
၂။ မိုင်းယောင်းမြို့နယ်/မိုင်းယုမြို့
၂၀၁၀ ဧပြီ  ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့တွင်
ပြည်သူ့စစ်(ဌာနေအဖွဲ့အစည်းများ )
နော်ခမ်းဘိန်းဂိုဏ်းခွဲထွက်များ
/ဒေသခံရှမ်းကာကွယ်ရေးပြည်သူ့ စစ်/
ခွန်ဆာကာကွယ်ရေးလက်ကျန်အဖွဲ့များနှင့်
တာချီလိတ်အနီး က ပြည်သူ့စစ်အဖွဲ့များဖြစ်သည်။
အမှတ် (၁၀၀၉) နယ်ခြားစောင့်တပ်
တာချီလိတ်
၂၀၁၀ မေလ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)
အမှတ် (၁၀၁၀) နယ်ခြားစောင့်တပ် (မက်မန်း)

၂၀၁၀ သြဂုတ် ၁၈
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊
မြိုင်ကြီးငူဒေသ၊
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားအစည်းအရုံး  (ဒီကေဘီအေ)
သတင်းတွင်ဖေါ်ပြခြင်း မရှိ

၂၀၁၀ သြဂုတ် ၂၀
ကရင်ပြည်နယ်/လှိုင်းဘွဲ့မြို့နယ်/ 
ပိုင်ကျုံမြို့/ ထန်းတပင်ကျေးရွာ
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားအစည်းအရုံး  (ဒီကေဘီအေ)
အမှတ် (၁၀၁၅) နယ်ခြားစောင့်တပ်
အမှတ် (၁၀၁၆) နယ်ခြားစောင့်တပ်

၂၀၁၀ သြဂုတ် ၂၀
ကရင်ပြည်နယ်/မြဝတီမြို့နယ်/ မဲပလဲ့ဒေသ
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားအစည်းအရုံး  (ဒီကေဘီအေ)
သတင်းတွင်ဖေါ်ပြခြင်းမရှိ

၂၀၁၀ သြဂုတ် ၂၁
ကရင်ပြည်နယ်/ကော့ကရိတ်မြို့နယ်/ 
ထီးဟူးသံကျေးရွာ
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားအစည်းအရုံး  (ဒီကေဘီအေ)
အမှတ် (၁၀၂၁) နယ်ခြားစောင့်တပ်


၂၀၁၀ သြဂုတ် ၂၁
ကရင်ပြည်နယ်/မြဝတီမြို့နယ်/ အတွင်း
ကွင်းကလေးဒေသ
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားအစည်းအရုံး  (ဒီကေဘီအေ)
အမှတ် (၁၀၂၂)  နယ်ခြားစောင့်တပ်

၂၀၁၀ သြဂုတ် ၂၁
ကရင်ပြည်နယ်/ကြာအင်းဆိပ်ကြီးမြို့နယ်/
ကျိုက်ဒုံမြို့နယ်/ ကျိုက်ဒုံ ဒေသ
ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ဟောင်သရော အထူးဒေသ)
အမှတ် (၁၀၂၃) နယ်ခြားစောင့်တပ်





0 comments:

Post a Comment

Template by:

Free Blog Templates