http://www.naytthit.net
                  
ခမရ  ၃၄၆ တပ်ဖွဲ့ဝင်တွေ လိုက်ပါပို့ဆောင်တဲ့ ရိက္ခာပို့ ကားကို ဒီကနေ့ ညနေ  ၄  နာရီခွဲလောက်မှာ ကေအန်ယူနဲ့ ဒီကေ ဘီအေ တပ်ဖွဲ့တွေက ဝေါ်လေဒေသ  ကနဲလေးအနီးမှာ  စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး  နအဖ ရိက္ခာပို့ကားတစီး ကားလမ်းဘေးချောက်ထဲ  ထိုးကျသွားပါတယ်။ နအဖ ဘက်က  တပ်ကြပ်ကြီး တဦးအပါအဝင် လေးယောက် အပြင်းအထန်  ဒဏ်ရာရခဲ့တယ်လို့  သိရှိရပါတယ်။
ဒီကနေ့မနကပိုင်း ၇ နာရီးလောက်ကလည်း ကနဲ့လေးမှာပဲ တိုက်ပွဲတပွဲဖြစ်ခဲ့ပါသေးတယ်။ ဒီပွဲမှာတော့ နအဖ ဘက်က ၂ ယောက် သေဆုံးခဲ့ပါတယ်။
ဝေါ်လေ ၁၉၉ ကုန်းမှာတော့ ခမရ ၃၁၀ က ဆေးအရာခံဗိုလ်တယောက် မိုင်းနင်းပြီး သေဆုံးသွားတယ်လို့ သိရှိရပါ တယ်။
ဝေါ်လေဘက်က တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီကေဘီအေ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင် က…
“ဝေါ်လေဘက်ကတော့  နေတိုင်းနီးပါးလောက်ကို ပြောက်ကျားတိုက်ပွဲတွေက  ဖြစ်နေတာ။ နအဖ ဘက်ကလည်း  အဲဒီဘက်က တပ်တွေအတွက် ရိက္ခာနဲ့  ချူကလီမှာမြို့တည်ဘို့အတွက် လိုအပ်တဲ့  ပစ္စည်းတွေကို နအဖ က ပို့ဆောင်  နေပါတယ်” လို့ ပြောပြသွားပါတယ်။




0 comments:
Post a Comment