လူတကာတွေပြုံးပျော်နေတဲ့   ချစ်သူများနေ့ တဲ့  
       
ဆုံးရှုံးမှုရဲ့ အလိုမကျမှုတွေကြောင့်       
အကြိမ်ကြိမ် " တောက်" ခေါက်နေမိတဲ့ ကျနော်       
နှလုံးသားခံပြင်းချက်ထဲက စာစုတွေနဲ့        
ကဗျာတစ်ပုဒ်ကို ရင်နာနာနဲ့ ရေးဖွဲ့ နေမိ။                       
ဖိနှိုပ်ကျွန်ပြုမှုကိုတွန်းလှန်ခဲ့တဲ့သင်ဟာ      
ငြိမ်းချမ်းခြင်းကိုမြတ်နိုးခဲ့တဲ့သူလဲဖြစ်တယ်                       
ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့သင်ဟာ     
ရေပေါ်ဆီအချောင်သမားတွေကိုရွံရှာမုန်းတီးသူလဲဖြစ်တယ်။                      
စေ့စပ်ဆွေးနွေးခြင်းကိုလိုလားခဲ့တဲ့သင်ဟာ       
လှည့်ဖြားနားချသူတို့ အား ခေါင်းမာခဲ့တဲ့သူလဲဖြစ်တယ်။                        
တန်းတူရေးဝါဒကိုလက်ခံကျင့်သုံးခဲ့တဲ့သင်ဟာ       
မဟာဝါဒကိုဆန့် ကျင်ခဲ့တဲ့သူလဲဖြစ်တယ်။                       
နောက်လိုက်ကောင်းလုပ်နိုင်ခဲ့တဲ့သင်ဟာ     
ခေါင်းဆောင်ကောင်းတို့ ရဲ့ စံကိုပြသခဲ့တဲ့သူလဲဖြစ်တယ်။                     
ပိုးစုန်းကြူးလိုအလင်းမှိန်ခဲ့တဲ့သင်ဟာ     
ကြယ်စင်တစ်ပွင့်လို အလင်းတောက်ပခဲ့တဲ့သူလဲဖြစ်တယ်                     
ချစ်သူတစ်ကမ္ဘာရဲ့အချစ်ကို ညို့ ယူနိုင်ခဲ့တဲ့သင်ဟာ      
မုန်းသူတစ်စုကြောင့်ကြွေကျခဲ့ရတယ်။             
ပျော်ရွင်စရာကောင်းတဲ့ချစ်သူများနေ့ လဲ      
ရင်နာစရာမုန်းသူများနေ့ အဖြစ်ငါလေဖြစ်ခဲ့ရ။     
အသင်ကြွေကျ ချုပ်ငြိမ်းသွားခဲ့ပေမဲ့      
သင့်ရဲ့ဝိညာဉ်တွေ ဒို့ အသွေးအသားမှာ ပုးကပ်စီးဝင်နေဆဲ      
လွတ်လပ်မှုအတွက် တိုက်ပွဲပေါင်း ထောင်သောင်းမကကိုဆင်နွဲဘို့       
သင့်ရဲ့ ရင်ဘတ်မှာ စီးကျပေးဆပ်ခဲ့တဲ့ သွေးစက်နီနီလေးတွေနဲ့       
ဒို့ ရဲ့ အမျိုးသားလွတ်မြောက်ရေးသမိုင်းကိုဆက်ရေးရဦးမယ်။  
      
ချစ်သူများနေ့ တွင် မသမာသူ နအဖ စစ်အစိုးရ၏လက်ကိုင်တုတ်များလက်ချက်ဖြင့်
လုပ်ကြံ ခြင်းခံရပြီးကျဆုံးခဲ့ရသောအာဇာနည် မန်းရှားလားဖန်း(မါန်ယှးလာဖါန်)သို့ 
လွမ်းသူ့ ကဗျာပန်းခွေ
       
                                                                 စ အိုင်ခန့်  (နှင်းခဲမြေ)
ချစ်သူများနေ့ တွင် မသမာသူ နအဖ စစ်အစိုးရ၏လက်ကိုင်တုတ်များလက်ချက်ဖြင့်
လုပ်ကြံ ခြင်းခံရပြီးကျဆုံးခဲ့ရသောအာဇာနည် မန်းရှားလားဖန်း(မါန်ယှးလာဖါန်)သို့ 
လွမ်းသူ့ ကဗျာပန်းခွေ

0 comments:
Post a Comment