Saturday, February 19, 2011

စစ်မှန်သော ဒီမိုကရေစီမရမချင်း ဆက်လက်တိုက်ပွဲဝင်နေဦးမည်ဟု ဗိုလ်မှူးချုပ်စောလားပွယ်ပြောကြား

http://www.ninedeblood.blogspot.com/


ဒီကနေ့ ၁၉-၀၂- ၂၀၁၁ နေ့မှာ ဖလူးမှာ မိုင်းတိုက်ပွဲဆက်လက်ဖြစ်ခဲ့ပြီး
နအဖဘက်က ထိခိုက်ဒဏ်ရာရရှိမှုအသေးစိတ်ကို မသိရှိရသေးကြောင်း၊
အလားတူ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်၊ တံတားကျိုးမှာလည်း တိုက်ပွဲ
ဖြစ်ပွားခဲ့ကြောင်း ညနေ(၇း၄၅)မှာ ဒီကေဘီအေ ဗိုလ်မှူးချုပ်စောလားပွယ်က
ပြောကြားသွားပါတယ်။

ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့က ပြည်သူတွေ ကော့ကရိတ်-မြ၀တီကားလမ်းကို
အသုံးပြုပြီး မသွားလာကြဖို့ ဒီကေဘီအေဘက်က အတိအလင်းကြေငြာအပြီးမှာ
အခုလို ကားလမ်းမပေါ်ကတိုက်ပွဲ ဆက်ဖြစ်နေခဲ့တာပဲဖြစ်တယ်။

KIO နဲ့ နအဖတို့က တိုက်ပွဲတစ်ကြိမ်သာဖြစ်ပွားခဲ့ပြီး နအဖဘက်က
တပ်ဆုတ်သွားခဲ့ပေမဲ့ ကရင်ပြည်နယ်မှာကျတော့ အလုံးအရင်းနဲ့အင်အားသုံး
ထိုးစစ်ဆင်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရမှာ-
ဗိုလ်မှူးချုပ်စောလားပွယ်က ဘြယ်လိုပဲဖြစ်နေဖြစ်နေ စစ်မှန်တဲ့ ဒီမိုကရေစီ
မရမချင်း ပြည်သူဘက်က ရပ်တည်ပြီးတော့ နည်းမျိုးစုံနဲ့တိုက်ပွဲဝင်နေဦးမှာပဲဋ္ဋဋ္ဋ
ဆိုပြီး ပြောကြားသွားပါတယ်။

လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးချုပ် ဆက်လက်ပြောကြားရာမှာ
ြKNU နဲ့ DKBA က နာမည်သာ ကွဲပြားနေတာ ဦးတည်ချက၊် မျှော်မှန်းချက်နဲ့
လုပ်ဆောင်ချက်တွေက အတူတူပဲ။ အားလုံးဟာ အမျိုးသားလှုပ်ရှားမှုအတွက်
ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ မူ(၄)ချက်အတိုင်း လုပ်နေကြတာပဲဋ္ဋဋ္ဋ
ဆိုပြီး ပြောသွားပါတယ်။

နယ်ခြားစောင့်တပ်ကို ပြောင်းသွားတဲ့ ဒီကေဘီအေတွေက ကိုယ့်ကရင်အချင်းချင်း
မတိုက်ချင်ကြဘူး။ အထက်က အမိန့်ကိုလည်း ငြင်းဆန်တာနဲ့ ပတ်သက်ပြီး
၎င်း BGF တွေကို ဘယ်လိုသဘောထားရှိပါသလဲလို့ မေးမြန်းရာမှာတော့-
ြ သူတို့တွေက ကျွန်တော်တို့ မိတ်ဆွေတွေ ညီအစ်ကိုတွေပဲ၊ အလုပ်အတူ
လုပ်လာခဲ့ကြတာ၊ သူတို့ဘယ်လိုဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရမှာနော်ဋ္ဋဋ္ဋ
လို့ ဗိုလ်မှူးချုပ်က ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်၍ ကျွန်တော်က အခုဖြစ်နေတဲ့ တိုက်ပွဲအပေါ် မြိုင်ကြီးငူ
ဆရာတော်အနေနဲ့ စကားမိန့်ကြားတာတို့၊ ၀င်ရောက်ဖြန်ဖြေတာတို့
ရှိပါသလားလို့ မေးမြန်းရာမှာြ အခုဖြစ်နေတဲ့တိုက်ပွဲအပေါ် ဆရာတော်
အနေနဲ့ ၀င်ရောက်မိန့်ကြားတာတွေ ဘာတွေ မရှိပါဘူး။ အရင်တုန်းကတော့
အမျိုးအတွက် သာသနာအတွက် ကာကွယ်လုပ်ဆောင်ဖို့ မိန့်ကြားတာတော့
ရှိပါတယ်ဋ္ဋဋ္ဋ လို့ ပြန်လည်ဖြေကြားသွားပါတယ်။

0 comments:

Post a Comment

Template by:

Free Blog Templates