၂၀၁၁  နှစ်ဆန်းပိုင်းမှာပဲ ဒီအေဘီအေဘက်က မြဝတီ ဘားအံကားလမ်းပေါ်မှာ  တိုက်ခိုက်မှု  ၅ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်၊ ဇန်နဝါရီလ ၁၆  ရက်နေ့၊  ဇန်နဝါရီလ ၃၀ ရက်နေ့၊ ဇန်နဝါရီလ ၃၁ ရက်နေ့နဲ့ ဒီကနေ့ အပါအဝင် မြဝတီ  ဘားအံ  ကားလမ်းပေါ်တိုက်ပွဲပေါင်း ၅ ကြိမ်ထိ ဖြစ်ပွားခဲ့ပါတယ်။  ဒီတိုက်ပွဲတွေမှာ  နအဖ စစ်တပ်ဘက်က ထိခိုက် သေဆုံးတာတွေရှိသလို နအဖ နဲ့  ဖက်စပ်လုပ်နေတဲ့  စီးပွားရေးသမားတွေ၊ ခရီးသွားအရပ်သားတွေအနေနဲ့လည်း ထိ  ခိုက်မှုတွေ  ရှိခဲ့ပါတယ်။
အခုဆိုရင် ဖေဖော်ဝါရီလ ၁၂  ရက်နေ့က စပြီး ဒီကေဘီအေဘက်က မြဝတီ ကော့ကရိတ်  ကုန်သည်လမ်းကို အရပ်သား  ပြည်သူလူထုတွေအနေနဲ့ အသွားအလာတွေမလုပ်ကြဘို့  တားမြစ်လိုက်တယ်လို့  သိရှိရပါတယ်။ 
တားမြစ်ရတဲ့ အကြောင်းရင်းကို ဒီကေဘီအေ  ဗိုလ်မှူးဆန်းအောင် ရှင်းပြတာက …
“ဟုတ်ပါတယ်။  မြဝတီ ကော့ကရိတ်ကားလမ်းကို လူထုအနေနဲ့ အသုံးမပြုကြဘို့  ဒီကေဘီအေ အနေနဲ့  ဖေဖော်ဝါရီလ ၁၂ နေ့ ကတည်းက တားမြစ်ပိတ်ပင်လိုက်တာ  ဖြစ်ပါတယ်။
ပထမ  တချက်အနေနဲ့ ဒီလမ်းကြောင်းဟာ နအဖ စစ်အုပ်စုရဲ့ စီးပွားရေးအရ   အသက်သွေးကြောတွေထဲက တခု ဖြစ်ပါ တယ်။ အဲဒါကြောင့် ကျနော်တို့ အနေနဲ့   ဒီကားလမ်းကို ပိတ်ရခြင်းဖြစ်ပြီး၊
ဒုတိယအကြောင်းကတော့  နအဖ စစ်တပ် စစ်ယာဉ်တန်းတွေဟာ အရပ်သားကားတွေ  အရပ်သားတွေကို ကာဘာယူပြီး  ဒီလမ်းကို အသုံးပြုနေတဲ့ အတွက် ကျနော်တို့ဘက်က  ရန်သူကို စစ်ဆင်တဲ့အခါမှာ  ပြည်သူကို သူတို့က ကာဘာယူထား တဲ့အတွက် စစ်ဆင်ရတာ  အခက်အခဲရှိတဲ့အပြင်  ပြည်သူလူထုပါ ထိခိုက်မှုတွေရှိလာပါတယ်။
ကျနော်တို့ဘက်က  ကိုယ့်ပြည်သူလူထုကို ပစ်မှတ်ထားပြီး ထိခိုက်စေတာမျိုးကို   မရည်ရွယ်ခဲ့ပါဘူး။ ရန်သူဘက်ကသာ လူထုကို ကာဘာယူ စစ်ဆင်ရေးနည်းတွေသုံးနေလို့   အရပ်သားပြည်သူဘက်က ထိခိုက်ခဲ့ရတာဖြစ်ပါတယ်။
နောက်ပိုင်းမှာ  ကျနော်တို့ဘက်က ဒီ့ထက် ကားလမ်းစစ်ဆင်ရေးတွေ  ပိုလုပ်လာမှာဖြစ်ပြီး  လူထုအနေနဲ့ ထိခိုက်မှုမရှိ ရအောင် ခုလို့  ပိတ်ပင်တားမြစ်ရတာ ဖြစ်တယ်” လို့  ရှင်းပြသွားပါတယ်။
ဒီကေဘီအေတပ်ဖွဲ့တွေဟာ  ဒီရက်ပိုင်းတွေအတွင်းမှာ မြို့တွင်းတိုက်ပွဲတွေ  ပိုမိုပြီး  စစ်ဆင်လာတာတွေ့ရပါတယ်။ ဖေဖော် ဝါရီလ ၁၃ ရက်နေ့ကလည်း နအဖ  စစ်အုပ်စုတွေ  ဇိမ်ခံအပန်းဖြေတဲ့ ကော့ကရိတ်ဂေါက်ကွင်းကို ဒီကေဘီအေ  တပ်ဖွဲ့ဝင် တွေဘက်က  ဝင်ရောက်တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။




0 comments:
Post a Comment