Thursday, February 10, 2011

မြဝတီ ဘားအံ ကားလမ်းပေါ်က နေရာ ၃ နေရာမှာ ဒီကေဘီအေ ဝင်တိုက်


http://www.naytthit.net/
 
ကော့ကရိတ်အနီး မြဝတီ ဘားအံကားလမ်းပေါ်က နေရာ ၃ နေရာမှာ ဒီကေဘီအေ ဘက်က  ဒီကနေ့မနက် ၄ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကတော့ တောင်သုံးလုံး၊ တောင်ပြတ်နဲ့ ကြောင်ရှာကုန်း စတဲ့ ကော့ကရိတ်အနီး မြဝတီ ဘားအံ ကားလမ်းပေါ်က နေရာတွေမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နအဖ ဘက်က ၂  ယောက်သေပြီး ၁ ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ အရှင်ဖမ်းမိလာတဲ့ ရဲတွေကိုလည်း ပြန် လွှတ်ပေးလိုက်တယ်လို့လည်း သိရှိရပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတာကြောင်း ဒီကနေ့ ကားတန်းအတက်ရက်ဖြစ်နေတဲ့အတွက် မြဝတီဘက်ကိုလာမယ့် ကုန်သည်ကားတွေဟာ ကော့ကရိတ်မှာပဲ သောင်တယ်နေတယ်လို့ ကုန်သည်တွေက ပြောနေကြပါတယ်။
အခုတိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ နယ်ခြားစောင့်တပ် ၉၀၈၊ ၉၀၁ တပ်ရင်းတွေရှိတဲ့ နေရာဖြစ်ပါတယ်။
၂၀၁၁ နှစ်ဆန်းပိုင်းမှာပဲ ဒီအေဘီအေဘက်က မြဝတီ ဘားအံကားလမ်းပေါ်မှာ တိုက်ခိုက်မှု ၅ ကြိမ် တိုက်ခိုက် ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်၊ ဇန်နဝါရီလ ၁၆ ရက်နေ့၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊ ဇန်နဝါရီလ ၃၁ ရက်နေ့နဲ့ ဒီကနေ့ အပါအဝင် မြဝတီ ဘားအံ ကားလမ်းပေါ်တိုက်ပွဲပေါင်း ၅ ကြိမ်းထိ ဖြစ်ပွားခဲ့ပါတယ်။

မနေ့က ညနေ လေးနာရီခွဲလောက်မှာလည်း မြဝတီမြို့ ချစ်ကြည်ရေးတံတားညာဘက်ခြမ်း ရွှေတံတား တည်းခိုခန်းအနီး က လက်ဖက်ရည်ဆိုင်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီးတ ယောက်နဲ့ အမျိုးသားတ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်။ ဒဏ်ရာရတဲ့အထဲမှာ နယ်ခြားစောင့် တပ်က ဗိုလ်မှူးကြည်လင်နဲ့ တပ်သား ၂ ယောက်၊ ရဲ ၁ ယောက်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုမှာ ဘယ်အဖွဲ့အစည်း လက်ချက်ဆိုတာ ခုထိ မသိရှိရသေးပါဘူး။

0 comments:

Post a Comment

Template by:

Free Blog Templates