http://www.ktimes.org/news/regional/item/9
      ကရင်နီပြည်  အမှတ် ၂ ခရိုင်ရှိ  ဒေသခံရွာသားများမှ မြန်မာစစ်အစိုးရတပ်အား  စက်လှေဖြင့်  ပို့ဆောင်ပေးသော  ရိက္ခာများကို ကရင်နီတပ်မတော်နှင့်   ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်  ပူးပေါင်းတပ်ဖွဲ့တို့မှ   ဖမ်းဆီးသိမ်းယူလိုက်သည်။ ကရင်နီတပ်မတော်မှ  တပ်ရင်း ၁၊  စစ်ဦးစီးတပ်၊ ခရိုင်တပ်တို့ ၃ ဖွဲ့ ပူးပေါင်းထားသော  (ထုတ်နှုတ်အင်းအား) ဟု  ခေါ်သော တပ်ဖွဲ့နှင့် ကေအဲန်ယူ တပ်မဟာ ၅တို့  တပ်ဖွဲ့သည် စစ်အစိုးရတပ်  ရိက္ခာများကို ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၁ ရက်နေ့က  ဖာဆောင်းနှင့် တောင်လပ်ကြား  ပယ်ထာဒေသတွင် ကြားဖြတ်ကာ  ဖမ်းဆီးသိမ်းယူလိုက်ခြင်း ဖြစ်သည်။
 “သူတို့  စစ်သားက မပါဘူး။ သူတို့  ရွာသားနဲ့ ပို့ခိုင်းတယ်။ ပထမ တခေါက်က သူတို့  ပို့တာ ကျော်သွားပြီ။ အခုလည်း  ဒီဒုတိယ တခေါက်မှ မိသွားတာ” ဟု  ကရင်နီတပ်မတော် တပ်ရင်း ၁မှ ထောက်လှမ်းရေး  အရာရှိ စောခဲရိုက ပြောသည်။
ထိုပူးပေါင်းတပ်ဖွဲ့သည် ရွာသားများ စက်လှေ ၉ စီးဖြင့် သယ်ယူလာသော စစ်အစိုးရတပ် ရိက္ခာများ ဖြစ်သည့် ဆန် (၃ ပုံးအိတ်) ၈၀၀၊ ဘိလပ်မြေ အိတ် ၃၅၀၊ ကုလားပဲ အိတ် ၅၀နှင့် ဓါတ်ဆီ (လှောင်စာဆီ) ဂါလံ ၈၀၀ တို့ကို ဖမ်းဆီးသိမ်းယူ လိုက်ပြီး ရွာသားများနှင့် စက်လှေများကို ပြန်လွတ်လိုက်သည်။ ထိုအပြင် ၎င်းတပ်ဖွဲ့မှ ဖမ်းဆီးသိမ်းယူရသော စစ်အစိုးရတပ် ရိက္ခာများကို ၎င်းတို့ ကိုယ်ပေါ်၌ ဆောင်ထားနိုင်သလောက်ဘဲ ယူထားပြီး ကျန်သည့် ရိက္ခာများကို ရေထဲ၌ လွတ်ချလိုက်သည်။
“အဲဒီစက်လှေက လူထုရဲ့ စက်လှေ ဖြစ်တယ်။ အဲဒီတော့ ဒီနအဖတွေက အရှေ့တောင် တိုင်းနဲ့ အရှေ့ပိုင်းတိုင်း သူတို့ အရှေ့တောင်ပိုင်းအတွက် ပို့ပေးတယ်လေ။ အရှေ့တောင်တိုင်းဆိုတာ ဒီကော်သူးလေ နယ်ဖက်ပေါ့နော်။ စော်ထာတို့၊ ထီးထာတို့ အတွက်ပေါ့။ ရိက္ခာ ပို့ပေးတယ်။ ဖာဆောင်းလမ်းကနေ ပို့ပေးတယ်။ ရေလမ်းနဲ့ သံလွင်မြစ်အတိုင်း စုန်ဆင်းကြတယ်လေ” ဟု စောခဲရိုက ဆက်ပြောသည်
ရှမ်းပြည်နယ်တောင်းပိုင်း ဖယ်ခုံမြို့နယ်ရှိ စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (စကခ) ၇မှ တနှစ်သာ ရိက္ခာများကို ကရင်ပြည်နယ် သံတောင်မြို့နယ်သို့ ပို့ဆောင်ရန် ဖြစ်သော်လည်း လမ်းခက်ခဲမှုကြောင့် လွိုင်ကော်ဘက်မှ ပြန်လည်ပို့ဆောင်ခြင်း ဖြစ်သည်။ စော်ထာသည် ကရင်ပြည်နယ်အတွင်းတွင် တည်ရှိပြီး ထီးထာမှာ ကရင်နီပြည်နယ်နှင့် ကရင်နီပြည်နယ်စပ်တွင် တည်ရှိပါသည်။
 ကရင်နီတပ်မတော်များ

0 comments:
Post a Comment