ထိုင်း-မြန်မာ နယ်စပ်နှင့် ကရင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ်ဖွဲ့ဝင်များ၏ တိုက်ပွဲများ အပစ်ရပ်ရေး အတွက် နအဖ ဘက်က ဇန်န၀ါရီ ၇ ရက်တွင် လာရောက် ဆွေးနွေးရန် ရှိကြောင်း DKBA နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) က ပြောသည်။ ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါ်လေ ဒေသ၌ DKBA တပ်မဟာ (၅) မှ တပ်မဟာမှူး ဗိုလ်ချုပ် စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) နှင့် နအဖဘက်က လာရောက် ဆွေးနွေးမည် ဖြစ်သည်ဟု DKBA နှင့် ပူးတွဲ စစ်ရေး လှုပ်ရှားနေသည့် KNLA ဒု တပ်ရင်းမှူး တဦးက ပြောပြသည်။
ငလျင်ဘေးနဲ့ စစ်ဘေးကြားက မြန်မာ
3 days ago
0 comments:
Post a Comment